← Chapters

ကောင်းကင်ခန်းမကျွန်း

Vol. 140 Ch. 4.1611

ကောင်းကင်ခန်းမကျွန်း

Vol. 140 Ch. 4.1611

လုရွှမ် :"အဲဒီတော့ ဒီလှေက အစကနေ အဆုံးထိ နဂါးကျွန်းကို သွားနေတာ မဟုတ်ဘူးမလား"

လျိုရှန်း ပေါ့ပေါ့ပါးပါးလေး ပြုံး​ပြလိုက်သည်။

"ဟုတ်တယ်.... ဟုတ်လည်း မဟုတ်ဘူး... ရှင် မသွားချင်ဘူးဆိုရင် ထုံးစံအတိုင်း ရှင့်ကို ဘယ်သူမှ သွားခိုင်းမှာ မဟုတ်ဘူး... ရှင သွားချင်ရင်တော့ ကျွန်မတို့က အဲဒီမှာပဲ ရပ်မှာပါ..."

"သေချာတာပေါ့ ဆုံးဖြတ်ချက်မချခင် ရှင့်ကိုမေးချင်တာ ရှိတယ် ရှင် အဆင်သင့်ဖြစ်ပြီလား ဒီလိုကြီးကျယ်ခမ်းနားတဲ့ အဖြစ်အပျက် တစ်ခုကနေ ကြည့်ရင် ရှင်တို့လူသားတွေက ဝေးလံခေါင်သီတဲ့ထောင့်မှာ နေထိုင်ကြတယ်...ဒါကြောင့် အဲဒါကို လူသားတွေက သတိမပြုမိကြပေမယ့် တခြားလူတွေ အထူးသဖြင့် နဂါးမျိုးရိုးကတော့..."

ထိုအချိန်တွင် လျိုရှန်းသည် အရေးမကြီးကြောင်း ထောက်ပြရန် သူ့ပုခုံးကို တွန့်ပြ​နေသော နဂါးလေးကို တစ်ချက်ကြည့်လိုက်သည်။

"နဂါးမျိုးနွယ်တွေရဲ့ အနာဂတ်အကြောင်း သိထားတဲ့အရာတွေက ကောင်းကင်လူသား မျိုးနွယ်အကြောင်း ကျွန်မတို့ သိထားတာထက် အများကြီး နည်းမှာ သေချာပါတယ် ပြီးတော့ နဂါးမျိုးနွယ်ရဲ့ လက်ရှိထိန်းသိမ်းမှု စွမ်းအားက ကျွန်မတို့ရဲ့ ကောင်းကင်လူသား မျိုးနွယ်ထက်တောင် ကြီးမားတယ်... နဂါးမျိုးနွယ်က ကောင်းကင်ဘုံကနေ ဆင်းသက်ခြင်းစတဲ့ အမျိုးမျိုးသော ခန့်မှန်းလို့မရနိုင်တဲ့ အခြေအနေတွေကို ဖော်ပြတာမျိုး မရှိ​ကြဘူး..."

"ကျွန်မ ရှင့်ရဲ့ရွေးချယ်မှုကို လွှမ်းမိုးနေတာ မဟုတ်ဘူး... ရှင့်အတွက် အရာရာကို ခွဲခြမ်းစိတ်ဖြာနေတာပဲ"

လျိုရှန်းက ပေါ့ပေါ့ပါးပါး ပြုံးပြီးနောက် ပါးစပ်ကို ပိတ်ထားလိုက်သည်။ ရန်ဖေး စိုးရိမ်တကြီးနဲ့ လုရွှမ်ကို ကြည့်နေ၏။ သူမမျက်နှာမှာ စိုးရိမ်စိတ်အနည်းငယ် ပေါ်လွင်နေပြီး သူမအသံကလည်း ခါးသီးတဲ့အသံနဲ့ ဆိုလာသည်။

"အစ်ကိုလုရွှမ် ရှင် သွားမှာတော့ မဟုတ်ဘူးမလား"

လုရွှမ် လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး။

"ဟုတ်တယ် ငါသွားမယ်... ရှန်းရှန်း နဂါးကျွန်းကို ဘေးကင်းကင်း ပြန်ရောက်လာတာကို မတွေ့ရရင် ငါ စိတ်မကောင်းဖြစ်မိလိမ့်မယ်"

"လုရွှမ် ငါ မင်းနဲ့လိုက်ခဲ့မယ်"

ရဲ့ရှားက ရုတ်​တရက်​​ အရင်ဆုံး ထအော်​လိုက်​သည်​။

ကောင်းကင်သိမ်းငှက်ကလည်း တခစ်ခစ်ရယ်ပြီး "ငါလည်း လိုက်မယ်"

နဂါးလေးက သူ့ပခုံးကို ပခုံးတွန့်ပြလိုက်ပြီး ဆို၏။

"ဘာရယ်​နေ​ကြတာလဲ... မင်းရဲ့သခင်အနေနဲ့ ငါမင်းကို တစ်ယောက်တည်း ဘယ်လိုလုပ် သွားခွင့်ပြုရမှာလဲ"

လုရွှမ်လည်း ပြုံးပြီး ထိုလူသုံးယောက်နဲ့ လက်သီးချင်း ထိုးလိုက်သည်။

"ဒီလိုဆိုရင် လူပိုသယ်ရလိမ့်မယ်... အားလုံးထိုင်ကြ ကျွန်မတို့က ဒီရှေးဟောင်းလမ်းကြောင်းကို စတင်ပြီး တိုက်ပွဲကြီးကို စပြီးပြီမို့ ကျွန်မတို့ ဒီလမ်းကိုပဲ ဆက်သွားရတော့မှာပဲ"

ကျန်လမ်းကြောင်းအတွက် လုရွှမ်သည် သံလိုက်အိမ်မြှောင်ကို လှမ်းကြည့်သော်လည်း ဦးတည်ရာကတော့ လုံးဝ စိတ်ရှုပ်သွားခဲ့သည်။ အများစုမှာ အဖြူရောင် မြူခိုးများကြားသာ မောင်းနှင်​နေကြပြီး ဦးတည်ရာကို ရှင်းရှင်းလင်းလင်း မပြောနိုင်ပေ။ ဒီလိုနေရာမျိုးရှိတယ်ဆိုတာ သူ သိပင် မသိခဲ့။

လျိုရှန်း: "လျှို့ဝှက်နေရာတွေကို သွားဖို့က ကံကြမ္မာရဲ့ သားတော်အတွက် စမ်းသပ်မှုတစ်ခုပဲ ဒါပေမယ့် ကံကြမ္မာရဲ့သားတော်အတွက် ကောင်းချီးတစ်ခုလည်း ဟုတ်တယ်... ရှင်ဒါကို သည်းမခံနိုင်ရင် ကိုယ့်ကိုကိုယ် ဖျက်ဆီးပစ်မလား ဒါမှမဟုတ် ထိုးနှက်မှုကို ခံနိုင်ရည်ရှိပြီး အဖွဲ့ကို ထူထောင်နိုင်ပါ့မလား ဆက်ရွေးချယ်ရလိမ့်မယ်"

"လျှို့ဝှက်နေရာလား?"

လျိုရှန်း: "ခေတ်ကြီးတစ်ခုက စတင်နေပြီလေ... ကမ္ဘာကြီးကလည်း စည်းလုံးလာရမယ် အညစ်အကြေးတွေ ပေါ်လာရင် ကောင်းကင်က သတ်ပစ်လိမ့်မယ်! ငရဲကျွန်း ပြီးရင် ကောင်းကင်ခန်းမကျွန်းပဲ"

ကောင်းကင်ခန်းမကျွန်း?

လေပြင်းတွေတိုက်ပြီး ဒီရေက တက်လိုက်ကျလိုက် ဖြစ်လာသည်။ သုံးလအကြာတွင် ၎င်းတို့၏ ကူးတို့လှေလေးသည် သမုဒ္ဒရာကိုဖြတ်၍ ကျွန်းတစ်ကျွန်းသို့ ရောက်ရှိလာခဲ့သည်။

"လူတွေအများကြီးပဲ!"

ကောင်းကင်သိမ်းငှက်က အလွန်လျင်မြန်ပြီး သူ့မျက်လုံးများက အံ့သြဖွယ်ကောင်းလေသည်။ လုရွှမ် သတိမထားမိခင်မှာ ကောင်းကင်သိမ်းငှက်က အဲဒါ​နေရာကို လှမ်းမြင်နေရပြီ။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း လူတိုင်းသည် ကူးတို့ပေါ်တွင် လေ့ကျင့်ခဲ့ကြပြီး ငရဲကျွန်းပေါ်က အကျပ်အတည်းကို ပြန်သုံးသပ်ခဲ့ကြသည်။ သူတို့ရဲ့ ကျင့်ကြံမှုတွေကလည်း အလွန်တိုးတက်လာပြီး အဆင့်သစ်တစ်ခုကို ရောက်ရှိသွားပါပြီ။

လုရွှမ်က အမြတ်ဆုံးပါပဲ။ သူ၏လေ့ကျင့်မှုသည် အခက်ခဲဆုံး ဖြစ်သော်လည်း သေးငယ်သောဘုံနှစ်ခုကို မြှင့်တင်ပြီး မျှော်စင်နယ်ပယ် တတိယအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

နတ်ခန္ဓာက ပို၍ ဆန်းကြယ်လာသည်။ နေလုံးကြီး နီရဲလာသောအခါတွင် အနက်ရောင်အစက်အပြောက်အချို့ ပေါ်လာပြီး တကယ့်နေမင်းကြီးကဲ့သို့ တဖြည်းဖြည်း မြင်လာရသည်။ လုရွှမ်ဆီက အကြံဉာဏ်တွေကလည်း လူတိုင်းအား အကျိုးကျေးဇူးများစွာ ခံစား​စေခဲ့သည်။

လူခြောက်ယောက် ပြေးသွားကာ သင်္ဘောကျင်းကို ကြည့်ကြသည်။ တစ်ဖက်ဘက်ကမ်းမှာ လူအုပ်ကြီးနီးပါး လူအရေအတွက်က ရှိနေသလို၊ သူတို့က အချိန်အတော်ကြာအောင် စောင့်နေရသလိုပါပဲ။

"ကောင်းချီးတစ်ခုဆိုရင် ဘေးဥပဒ် မဖြစ်လာဘူး... ဘေးဥပဒ် ဖြစ်လာရင်တော့ ရှောင်လွှဲလို့ မရဘူး ဒါကြောင့် အေးအေးဆေးဆေး ရင်ဆိုင်မှရမယ်..."

ရုတ်တရက် ညနေပိုင်း ဗုံတစ်လုံး သို့မဟုတ် နံနက်ခေါင်းလောင်းသံကဲ့သို့ အဝေးမှ ခေါင်းလောင်းသံသည် လူတိုင်းရဲ့ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေခဲ့လေသည်။ အားလုံး စိတ်ကို သန့်စင်ကာ ငြိမ်သက်သွားအောင် လုပ်ဆောင်လိုက်ရသည်။

သင်္ဘောကျင်းကို ရောက်တဲ့အခါ သတ္တဝါအမျိုးမျိုးရဲ့ ဆွေးနွေးမှုတွေကို ကြားလိုက်ရလေ၏။

"ဒါတကယ်ပဲ ကမ္ဘာ့ကူးတို့ လာပြန်ပြီလား... ကမ္ဘာ့ခေါင်းလောင်း မမြည်တာ သုံးလလောက်ရှိပြီ ကမ္ဘာ့ကူးတို့လှေ တကယ်ရောက်လာတာ ဖြစ်မယ်..."

"ကူးတို့လှေပေါ်က သတ္တဝါတွေကို ကြည့်လိုက်... သူတို့တွေက ကောလာဟလတွေအတိုင်း ပါရမီရှင်တွေရဲ့ သားတော်အစစ်တွေပဲ ဖြစ်နိုင်တယ်"

"ဟမ် အဲဒါမျိုးတော့ မဟုတ်​လောက်ဘူး ကမ္ဘာမြေကျမ်းက လူတိုင်းက ရွှေရှာဖို့ ဒီကူးတို့ဆိပ်ကို မတက်နိုင်ကြဘူးတဲ့... သူတို့လုပ်ရင်တောင် နောက်ပိုင်း ဖယ်ထုတ်ခံရမှာပဲ... နောက်ပြီး အခု သူတို့မှာ လူခြောက်ယောက်ပဲ ရှိတော့တယ်လေ... မင်းနဲ့ငါ့မှာ အခွင့်အလမ်းတွေ အများကြီး ရှိသေးတယ်"

လုရွှမ်တို့ ခြောက်ယောက်အုပ်စုက လူတိုင်းကို ကြည့်​နေ​ကြပြီး ကောင်းကင်ခန်းမကျွန်းက လူတိုင်းကလည်း လုရွှမ်ကို ကြည့်လိုက်ကြသည်။ ခဏကြာတဲ့အထိ ဘယ်သူမှ စကားမပြောကြ။ သူတို့အားလုံး တစ်ယောက်ကို တစ်ယောက်ကြည့်နေကြပြီး အငွေ့အသက်က အနည်းငယ် စိတ်ပျက်စရာ ကောင်းလာသည်။

"လူသားနှစ်ယောက် ရှိတယ်ဟ... ဒါက ငါတို့အခွင့်အရေးပဲ ထွက်သွားစမ်း"

လှံတစ်စင်း ပြေးထွက်လာသလို ကြမ်းတမ်းသော အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် လူအုပ်စုများကို နှစ်ဖက်စလုံးသို့ တွန်းထုတ်ကာ အရပ်ရှည်ရှည် အမျိုးသားတစ်ဦး ထွက်လာ၏။

သူသည် လူနှင့်တူသော်လည်း သူ့မျက်ခုံးမှစတင်ကာ နှာတံထိပ်ကို ဖြတ်ကာ ဗဟိုဝင်ရိုးတစ်ခုရှိသည်။ ဘယ်ဘက်ခြမ်းက အနီရောင်ဖြစ်ပြီး ညာဘက်ခြမ်းကတော့ အပြာရောင်ဖြစ်ပါသည်။ ကြည့်ရတာ အရမ်းထူးဆန်းပြီး ပိုကြောက်စရာလည်း ကောင်းသည်။

"ဟားဟား...ငါလာပြီ..."

အရောင်နှစ်ရောင်ရှိသော အမျိုးသားသည် ကြီးမားသော ခြေလှမ်းကိုလှမ်းကာ ကူးတို့လှေပေါ် လှမ်းတက်လိုက်သည်။

"ဟမ့် အဲ့လောက် မလွယ်ဘူး.. ဆင်းလာခဲ့စမ်း"

အသံသည် တိတ်ဆိတ်ငြိမ်သက်စွာ ထွက်ပေါ်လာ၏။ ခြေရာလက်ရာကို မမြင်နိုင်သော်လည်း အသံက မိုးခြိမ်းသံကြီးလို ကျယ်လောင်နေသည်။ နှစ်ရောင်စပ်လူက သူ့ခြေထောက်တွေ လုံးထွေးနေသလိုမျိုး ရပ်တန့်သွားသည်။ သူ့ခန္ဓာကိုယ်ရဲ့ တုန်လှုပ်မှုကို မထိန်းချုပ်နိုင်ဘဲ ရှေ့ကို တိုက်ရိုက် လဲကျသွားတော့သည်။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အရောင်နှစ်ရောင်ရှိ အမျိုးသား၏ ခန္ဓာကိုယ်သည် သင်္ဘောကျင်းပေါ်၌ ကြီးကြီးမားမား အရာကြီး ပြုတ်ကျသွားသလိုမျိုး ဖုန်မှုန့်များ လွင့်စင်လာသည်။

"အရူး.... ဘယ်သူက ငါ့ကို စနောက်ရဲတာလဲ?" နှစ်ရောင်စပ်လူက အော်ပြီး လူတိုင်းကို အော်ငေါက်ဖို့ ပြင်သည်။

"ဆင်း!" အသံကတော့ အရင်အတိုင်းပါပဲ။

"အား!"

အရောင်နှစ်ရောင်ရှိသော အမျိုးသားသည် သာမာန်လူတစ်ယောက် ခံစားနေရသလိုပင် အော်ဟစ်ပြီး လက်ကိုဝှေ့ယမ်းကာ ပင်လယ်ထဲသို့ ထိုးကျသွားခဲ့သည်။

သင်္ဘောကျင်းပေါ်ရှိလူတိုင်း ရယ်မောလိုက်ကြသည်။

သို့သော် လုရွှမ်တို့ အခြားခြောက်ယောက်တို့သည် လေးနက်သော အမူအရာများ ရှိပြီး မည်သူတစ်ဦး တစ်ယောက်ကမှ ရယ်စရာကောင်းသော ခံစားချက်မျိုး မရရှိခဲ့ပေ။

နတ်ခြေလှမ်းနယ်ပယ် ပထမအဆင့်သို့ ရောက်ရှိခဲ့သော အရောင်နှစ်ရောင် လူသားရဲ့ ကျင့်ကြံမှုကတော့ ဘာမှမဟုတ်ခဲ့ချေ။ သူတို့အားလုံးသည် နတ်ခြေလှမ်းနယ်ပယ် ပထမအဆင့်ကို စိန်ခေါ်ရန် ခွန်အားရှိသည်။ အခုတော့ သူတို့ရဲ့ ခွန်အားတွေ အရမ်းတိုးတက်လာတော့ ဒုတိယအဆင့်ကို ရောက်ရင်တောင်မှ ထိပ်တိုက်ရင်ဆိုင်ဝံ့ကြ၏။

ဒါပေမယ့် သူတို့ အံ့အားသင့်သွားတာက အရောင်နှစ်ရောင်ရှိတဲ့ အမျိုးသားကို ဘယ်သူက ကြံစည်ထားတယ်ဆိုတာ မသိခဲ့ကြသလို ဘာကိုသုံးလဲ ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိခဲ့ကြချေ။

"ခံစားမိလား... ဒီကျွန်းပေါ်က ဝိညာဉ်စွမ်းအင်က တခြားနေရာတွေမှာ ခံစားရတာနဲ့ အတူတူပါပဲ ဒါပေမယ့် နည်းနည်းတော့ ကွာခြားတယ်"

ရန်ဖေး အရင် ပြောလိုက်သည်။ လူငါးယောက်လုံး စိတ်ရှုပ်သွားသည်။ ဤနေရာနှင့် အခြားနေရာများကြား ခြားနားမှုကို သူတို့ မခံစားရပါ။

"သူတို့ရဲ့သက်တမ်း!"

"သက်တမ်း?"

လုရွှမ် နှင့် သူ၏အပေါင်းအဖော်များ အားလုံး အံ့သြပြီး သံသယဝင်လာသည်။ ကောင်းကင်ခန်းမကျွန်းက ဤလူများရဲ့ သက်တမ်းနဲ့ ပတ်သက်ပြီး ပြဿနာရှိလား။

ရန်ဖေးက တုံ့ပြန်ပြီးသား။ ဒါက ကောင်းကင်ကမ္ဘာနဲ့ မြေကမ္ဘာရဲ့ ခြားနားချက် ဖြစ်သင့်လား။ မြေကမ္ဘာက လူတွေက အဲဒါကို သတိမထားမိကြတာ သာမာန်ပါပဲ။

"သူတို့ရဲ့ သက်တမ်းက အရမ်းတိုတယ်... ရှင်တို့ထက်တောင် တိုတယ်!"

All Chapters