ကောင်းကင်ခန်းမကျွန်းရဲ့ ချို့ယွင်းမှု
Vol. 140 Ch. 4.1612
သက်တမ်းတိုတယ်?
ဒါက ဘယ်လိုစကားမျိုးလဲ။
ကျွန်းပေါ်က လူများကတော့ ပြဇာတ်ကောင်း တစ်ပုဒ်ကို ကြည့်ရှုနေပုံရသလိုပင်။ လှေပေါ်တက်ဖို့ ဘယ်သူမှ အလျင်စလို မလုပ်ကြဘဲ နှစ်ရောင်စပ်လူကို မခံမရပ်နိုင်ဖြင့် အော်ငေါက်နေသူလည်း ပေါ်မလာချေ။
"ကျွန်မတို့ ကမ်းပေါ်တက်ပြီး စကားပြောရအောင်လေ.."
ရန်ဖေး ပြောလိုက်သည်။ သူမသည် ထိုလူများကို စိုက်ကြည့်ရင်း အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။ လူခြောက်ဦး ကမ်းပေါ်သို့ တက်လာကြကာ ကူးတို့လှေကို သင်္ဘောကျင်းတွင် ချိတ်ဆွဲထားလိုက်သည်။
ကောင်းကင်ခန်းမကျွန်းတွင် ဘယ်သူကမှ သူတို့ကို ဂရုမစိုက်ဘဲ ထွက်ခွာခွင့်တောင် ပေးလိုက်သေး၏။
"သူတို့ ဘာဖြစ်နေကြတာလဲ?"
"မသိဘူး... တစ်ခုခုကို စောင့်နေတာလား ထူးဆန်းလိုက်တာ... ဒါပေမဲ့ ထူးဆန်းတာကို မအံ့သြရင် ထူးဆန်းတာကပဲ သူ့အလိုလို အနိုင်ယူသွားလိမ့်မယ်"
ကောင်းကင်ခန်းမကျွန်းကလည်း သေးငယ်တာတော့ မဟုတ်တာ သေချာလေသည်။ နေရာဒေသက လူများသော ဈေးကဲ့သို့ပင် သဘာဝအတိုင်း အလွန်အသက်ဝင်လှသည်။ လူခြောက်ယောက်က စားသောက်ဆိုင် သေးသေးလေးကိုတွေ့ပြီး သီးသန့်ခန်းတစ်ခန်း တောင်းပြီး ထိုင်လိုက်ကြကာ ချက်ချင်းဆိုသလိုပဲ မေးခွန်းတွေ မေးပါတော့သည်။
"သာမန်လူတစ်ယောက်ရဲ့ သက်တမ်းက အနှစ်တစ်ရာ၊ သန်မာတဲ့ခန္ဓာကိုယ်ရှိတဲ့ သူတွေက အနှစ်တစ်ရာ ကျော်သွားနိုင်တယ်... ကျင့်ကြံသူ နယ်ပယ်ထဲကို ဝင်ပြီးရင် ကျွန်မတို့ရဲ့ သက်တမ်းက သဘာဝအတိုင်း ရှည်လာနိုင်တယ်... ဒါပေမယ့် သတ်မှတ်ထားတဲ့ ကိန်းဂဏန်းတစ်ခုကတော့ ရှိတတ်တယ် ကျွန်မတို့ ကောင်းကင်ကမ္ဘာက ကျင့်ကြံသူတွေက လေ့လာမှုတွေ လုပ်ဖူးတယ်..."
"ဒါ့အပြင် သက်တမ်းက လျော့နေသေးပေမယ့် အနည်းဆုံးတော့ အသက်တစ်ထောင်ကျော် အမြင့်ဆုံးက နှစ် ၃၆၀၀ ပဲ ရှိတယ် ဒါပေမယ့် ဒီကျွန်းပေါ်က လူတွေက ဘယ်လောက်ပဲ မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ သူတို့ရဲ့ ကျင့်ကြံမှု သက်တမ်းက နှစ်တစ်ရာပဲ ရှိတယ်"
အသက်တစ်ရာတည်းလား?
ဒါဆို ကျင့်ကြံနေရတာ ဘာအကြောင်းရင်းထူးတော့မှာလဲ။
လုရွှမ် နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသော သူ၏ယခင်ဘဝအကြောင်းကို တွေးနေသော်လည်း ထိုအချိန်က ကမ္ဘာငယ်လေးက အလွန်ထူးခြားပါသည်။ တိမ်ပင်လယ်နယ်မြေ ပြိုကွဲပြီး ကောင်းကင်ပြင်လောက ပေါ်လာပြီးနောက်တွင် တိမ်ပင်လယ်နယ်မြေ တစ်ခုလုံး ကြီးမားသော ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရပုံရသည်။
ဝိညာဥ်စွမ်းအင်နှင့် နိယာမများကို သိသာထင်ရှားစွာ မြှင့်တင်ထားသော်လည်း သက်တမ်းက အမှန်တကယ်ပင် လျော့နည်းလာသည်။ သူ လေ့ကျင့်တာ အရမ်းမြန်နေတာကြောင့် သတိမထားမိလိုက်ချေ။
ထို့အပြင် နောက်ပိုင်းတွင် သူ တွေ့ခဲ့သော ကျင့်ကြံသူများ၏ ကျင့်ကြံမှု အရှိန်က အလွန်တိုးတက်လာခဲ့ပါသည်။ ယခင်ဘဝတွင် သူသည် အနှစ်တစ်ထောင် ကျင့်ကြံခဲ့၏။ ထိုဘဝကြောင့် ဉာဏ်အလင်းရပြီးနောက် ဤလောကသို့ အလွန်လျင်မြန်စွာ ရောက်ရှိခဲ့သည်။
ကျင့်ကြံမှု အရှိန်ကလည်း ပိုမြန်လာသည်။
တကယ်တော့ ဒါက သူ့ဟာသူ သက်တမ်း လျော့ချခြင်းနဲ့ ကိုက်ညီပေမယ့် လုရွှမ် ဒါကို လျစ်လျူရှုခဲ့သည်။
သူသည် ယခုအခါတွင် ထိပ်တန်းအဆင့် သို့မဟုတ် ၎င်း၏ လက်ရှိအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော်လည်း ခန့်မှန်းချက်အရ အနှစ်တစ်ရာကျော်၊ နှစ်ရာနီးပါး လေ့ကျင့်နေခဲ့သည်။
သူ့အရည်အချင်းနဲ့သူတောင် နှစ်တစ်ရာကျော်လောက် ကြာလိမ့်မည်။ ဤကျွန်းပေါ်ရှိ ကျင့်ကြံသူများသည် သက်တမ်းအားဖြင့် အနှစ်တစ်ရာမျှသာ ရှိသည်။ သူတို့လေ့ကျင့်ဖို့ အချိန်လုံလောက်ပါ့မလား။
တစ်နည်းဆိုရသော် ဤကျွန်းပေါ်ရှိ ဤကျင့်ကြံသူများ၏ အရည်အချင်းများသည် အမှန်တကယ်ပင် အားကောင်းနေပါသလား။
တခြားလူတွေလည်း သူတို့ဘာသာ သဘောပေါက်လာကြသည်။ အားလုံးက မယုံကြည်နိုင်မှုတွေနဲ့ ထိတ်လန့်တုန်လှုပ် သွားကြ၏။ သူတို့ကိုယ်သူတို့ အလွန်ထက်မြက်သည်ဟုလည်း ထင်ခဲ့ကြသည်။ လုရွှမ်ကို ရှုံးလိုက်ရခြင်းအတွက်က ဘာမှမပြောလိုတော့ပေ။
သို့သော် ကျွန်းပေါ်ရှိ လူတချို့က နတ်ခြေလှမ်းနယ်ပယ်ကို ရောက်သွားကြပြီ မဟုတ်ပါလား။ ဒီအရည်အချင်းတွေက ယုံကြည်နိုင်တာထက်တောင် ကျော်လွန်နေပြီ။
လုရွှမ် ချောင်းဆိုးပြီး အားလုံးကို ငြိမ်ငြိမ်နေရန် အချက်ပြကာ စားပွဲထိုးကို ဝင်လာရန် ခေါ်လိုက်သည်။ စားပွဲထိုးသည် အလွန်နုနယ်သော မျက်နှာရှိကာ သူ့နယ်ပယ်က နတ်မီးနယ်ပယ် ပထမအဆင့်သာဖြစ်ပြီး အလွန်နိမ့်ကျကာ လူတိုင်းကို ဦးညွှတ်နေလေသည်။
"ဘာလိုအပ်ပါသလဲ ချစ်ဧည့်သည်တို့"
"ညီလေး... မင်း ငါတို့ကြားက ခြားနားချက်ကို မြင်တယ် ငါတို့ရဲ့ လက္ခဏာတွေကိုလည်း သိပြီးပြီထင်တယ် ဟုတ်တယ်မလား မင်း ငါတို့ကို ပြောစရာရှိမလား မသိဘူး... လျှို့ဝှက်နေစရာ မလိုဘူးနော်... မင်း ငါတို့ကို မပြောနိုင်ရင် ပြောပြစရာ မလိုပါဘူး"
လုရွှမ် ခရမ်းရောင်သလင်းကျောက်ကို ထုတ်ယူပြီး ပေးလိုက်သည်။
အရင်က အပြာရောင် သလင်းကျောက်နဲ့ ငွေရှင်းပေးနေတဲ့ ကျင့်ကြံသူကိူ တွေ့တော့ စားပွဲထိုးက “သခင်ကြီး” လို့ ခေါ်လိုက်ရာ ခရမ်းရောင်သလင်းကျောက်က ဒီမှာ ပိုက်ဆံအများကြီးတန်မယ် ထင်ပါရဲ့။
ဒါပေါ့။ စားပွဲထိုးရဲ့ မျက်လုံးတွေကလည်း တောက်ပလာပြီး သူ့ခန္ဓာကိုယ်ထဲကို သလင်းကျောက်အား ထိုးထည့်လိုက်၏။ ထို့နောက် လူတိုင်းအပေါ် သူ့ရဲ့သဘောထားကလည်း အများကြီး တိုးတက်လာသည်။
"ဟုတ်ပါတယ် လူကြီးမင်းတို့အားလုံး ကမ္ဘာ့ကူးတို့လှေပေါ်က ဆင်းပြီး ကောင်းကင်ခန်းမ ကျွန်းကို ဖြတ်လျှောက်သွားတာ ကျွန်တော်သိပါတယ် သိချင်မလား မသိပေမယ့် ကျွန်တော်သိသမျှကို ပြောပြပါ့မယ်"
"ဒါဆို ကျေးဇူးပြုပြီး ကောင်းကင်ခန်းမကျွန်း အကြောင်း အတိုချုံးပြောပြပါဦး မင်း အလုပ်ကောင်းကောင်း လုပ်ခဲ့ပါတယ်..."
လုရွှမ် ခရမ်းရောင်သလင်းကျောက် တစ်လုံးကို ထုတ်ယူပြီး စားပွဲပေါ် တင်လိုက်သည်။
စားပွဲထိုးရဲ့ မျက်လုံးများက ပြူးကျယ်လာပြီး နှာခေါင်းကို ပွလိုက်သည်။
"ခင်ဗျားတို့ကို ဟာသလုပ်မိလို့ စိတ်မကောင်းပါဘူး ဒါပေမယ့် ကျွန်တော်တို့ကျွန်းမှာ သလင်းကျောက်တွေ မရှိဘူး"
ကောင်းကင်ခန်းမကျွန်းဟာ အလွန်ကြွယ်ဝသော ကျွန်းဖြစ်ပြီး ထူးခြားသော သဘာဝ အခြေအနေများဖြင့် ကောင်းချီးပေး ခံထားရကာ ကောင်းကင်နှင့်မြေကြီး၏ ကျက်သရေကို ခံစားနိုင်သည်။ နာမ်စွမ်းအင်များ စုစည်း၍ အလွန်ကြွယ်ဝသော်လည်း ကံမကောင်းစွာဘဲ လေးမျက်နှာနှင့် ကင်းကွာပြီး ဘုံလေးပါး၏ အကြောင်းတရားနှင့် အကျိုးသက်ရောက်မှုကြောင့် တစ်ကမ္ဘာလုံးနှင့် တဖြည်းဖြည်း အဆက်အသွယ် ပြတ်သွားခဲ့သည်။
အရေးကြီးဆုံးအချက်မှာ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့ သားသမီးများ၏ ပင်ကိုယ်စွမ်းရည်များက ပိုမိုအားကောင်းလာကာ ၎င်းတို့၏ သက်တမ်းသည်လည်း တိုတောင်းလာသည်။ ယခုအခါတွင် အနှစ်တစ်ရာသာ ကျန်တော့သည်။
စားပွဲထိုးက ထွက်သွားပြီး ခြောက်ယောက်လုံး အချင်းချင်း မယုံနိုင်စွာ ကြည့်နေကြသည်။
တကယ်တော့ ဒီလိုနေရာမျိုးတွေ ရှိနေတာက ထူးဆန်းလှသည်။ ဤနေရာရှိ သက်ရှိသတ္တဝါများထဲတွင် လူသားများ၊ နတ်ဆိုးများနှင့် အမျိုးမျိုးသော ကျင့်ကြံသူများဟာ ဤထူးဆန်းသော နေရာကို စုရုံးနေခဲ့ကြသည်။
ဒေါက် ဒေါက် ဒေါက်!
ခဏနေတော့ တံခါးခေါက်သံ နည်းနည်းမြည်လာပြီးတော့ တစ်ယောက်ယောက်က တံခါးရှေ့မှာ လာရပ်လေ၏။
"ငါ့နာမည်က ထန်လီပါ... ပါရမီရှင်တွေ အားလုံးဆီကို လာလည်ပြီး စကားပြောဖို့ ဂုဏ်ရှိပါ့မလားလို့ တွေးနေတာ..."
အားလုံးက လုရွှမ်ကို ကြည့်လိုက်ကြသည်။ လုရွှမ်ရဲ့ အခြေအနေကို နှလုံးသားထဲမှာ အသိအမှတ်ပြုပြီးသားပါ။ လုရွှမ်က အနည်းငယ်ပြုံးပြီး ကောင်းကင်သိမ်းငှက်နဲ့ နဂါးလေးကို တစ်ချက်ကြည့်လိုက်သည်။
နှစ်ယောက်သား အနည်းငယ် အံ့သြသွားကြ၏။ သူတို့နှစ်ယောက်စလုံးဟာ ဉာဏ်ကောင်းတာကြောင့် ရယ်မောလုနီးပါး တုံ့ပြန်ခဲ့ကြသည်။ နဂါလေးက တမင်တကာ ချောင်းဆိုးလိုက်ပြီး။
"ဝင်လာပါ!"
တံခါးကို တွန်းဖွင့်လိုက်သည်နှင့် အဖြူရောင်ဝတ် လူငယ်တစ်ဦးသည် ခေါက်ယပ်တောင်ကို ဝှေ့ယမ်းကာ ဝင်လာခဲ့လေသည်။ သူ့မျက်လုံးများက လူအုပ်ကို ဖြတ်၍ ကောင်းကင်သိမ်းငှက်ပေါ် ရောက်သွားသည်။
"မင်္ဂလာပါ သခင်လေး.. အားလုံးပဲ မင်္ဂလာပါ"
အဖြူရောင်ဝတ်ထားသော လူငယ်လေးသည် အလွန်ချောမောပြီး ထူးထူးခြားခြား ပြေပြစ်သည်။ ကောင်းကင်သိမ်းငှက်က ဘာမှပြန်မပြောဘဲ နဂါးလေးကိုကြည့်လေ၏။ နဂါးလေးက ထပ်မံ ချောင်းဆိုးပြီး အနည်းငယ် စိတ်မကြည်မသာ ဖြစ်နေပုံဖြင့် ဆိုလိုက်သည်။
"သခင်လေးထန်လီ... ဘာကိစ္စရှိလို့လဲ"
ထန်လီလည်း ရင်းနှီးသော အသံကို ကြားသောအခါတွင် ခန္ဓာကိုယ်က တောင့်တင်းလာပြီး နဖူးရှိ သွေးကြောများ တုန်သွားသည်။
သူအစောက လူလွဲသွားတာပဲ!
သူက လက်ဆုပ်ကာ ပြုံးပြလိုက်သည်။
"ခွင့်လွှတ်ပါ သခင်လေးနတ်နဂါးလေး... ကျွန်တော်က သခင်လေးနဲ့ သခင်မလေးတို့ကို ထန်အိမ်တော်ကို လာလည်ဖို့ လာရောက် ဖိတ်ခေါ်တာပါ... ကမ္ဘာ့ကူးတို့လှေ ကိစ္စက အရမ်းအရေးကြီးပါတယ် ထန်မိသားစုက ကောင်းကင်ခန်းမကျွန်းမှာ မျက်နှာသယရှိတယ်... ကျွန်တော့်အဖေက ပွဲခင်းကျင်းထားပြီး အားလုံးကို လာရောက်စကားပြောဖို့ ကြိုဆိုပါတယ်"
နောက်ဆုံးတွင်တော့ သူသည် မိသားစုကြီးတစ်ခု၏ သားဖြစ်သည်။ စိတ်မချမ်းသာပေမယ့် စိတ်နေစိတ်ထားကို အလျင်အမြန် ပြုပြင်ပြောင်းလဲလိုက်သည်။ နံ့သာ အနည်းငယ်သည် သူ့ခန္ဓာကိုယ်မှ လွင့်ပျံလာကာ အသွင်အပြင်နှင့် အခြားလောကမှ ထွက်သက်ဝင်သက်များ တိတ်တဆိတ် ထွက်ပေါ်လာသည်။
နဂါးလေးဟာ စိတ်စွမ်းအင်ဖြင့် လုရွှမ်ရဲ့ စာကို လက်ခံရရှိခဲ့သည်။ အခုက သူ့ကို ခေါင်းဆောင်အဖြစ် လေးစားနေပါပြီ။ ဒီလိုမျိုး မိသားစုဖိတ်စာမျိုးက ရှောင်လွှဲလို့မရချေ။
"ကျွန်တော်က ဒီမှာ အသစ်ဖြစ်ပြီး နေရာနဲ့ သိပ်မရင်းနှီးဘူး...ထန်မိသားစုက ကျွန်တော့်ကို ကူညီပေးနိုင်ရင် ပိုအဆင်ပြေတာပေါ့ ကျေးဇူးအများကြီး တင်ပါတယ်"
တန်လီလည်း သက်ပြင်းတစ်ချက် ချလိုက်သည်။ နဂါးလေး သဘောမတူမှာကို ကြောက်နေခဲ့တာ ဒီလောက်လွယ်မယ်လို့ သူ မမျှော်လင့်ထားခဲ့။
"ကောင်းပြီ သခင်လေး နတ်နဂါးကတော့ တကယ်ကို ရိုးရိုးသားသားပါပဲ... ကျေးဇူးပြုပြီး ကြွပါ..."