← Chapters

ထန်နဲ့စုန့်ကြားက စစ်ပွဲ

Vol. 140 Ch. 4.1613

ထန်နဲ့စုန့်ကြားက စစ်ပွဲ

Vol. 140 Ch. 4.1613

လူခြောက်ယောက် လှေကားမှ ဆင်းပြီး စားသောက်ဆိုင်မှ ထွက်လာခဲ့ကြသည်။ ရထားလုံးများနှင့် မြင်းများကိုတော့ တံခါးအပြင်ဘက်တွင် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ နေရာတိုင်းတွင် ကျင့်ကြံသူများက စောင့်ကြပ်ထားသောကြောင့် အလွန်ခမ်းနားပြီး ကြီးကျယ်တဲ့ အငွေအသက်တွေ ဖုံးလွှမ်းနေသည်။

ထန်လီရဲ့ မျက်နှာက မည်းမှောင်လာ၏။ အကြောင်းမှာ လူအုပ်ထဲမှ နောက်ထပ် လူငယ်တစ်ဦးက ရယ်မောကာ ထွက်လာနေတာ သူ မြင်လိုက်ရတာကြောင့်ပင်။

သူ့ရဲ့ မျက်ခုံးတွေက သူရဲကောင်းစိတ်ဓာတ် အပြည့်နဲ့။ ထန်လီနဲ့ ယှဉ်လိုက်ရင် ထန်လီက ချောမောပေမယ့် ဒီလူငယ်လေးကတော့ လူတွေကို မြင်မြင်ချင်း စိတ်ချမ်းသာစေပြီး သူရဲကောင်းဆန်စေသည်။

"အစ်ကိုထန်... မင်းနဲ့ထပ်တွေ့ရတာ ဝမ်းသာပါတယ် မင်း ဒီလောက်မြန်မြန် ခြေတစ်လှမ်း စောသွားမယ်လို့ မမျှော်လင့်ထားဘူး... လူကြီးမင်းတို့ ကျွန်တော့်နာမည်က စုန့်ယန်ပါ...အားလုံးကို တွေ့ရတာဝမ်းသာပါတယ်"

သူတို့နှစ်ယောက်က ဆက်ဆံရေး ကောင်းကောင်း မရှိ​ကြဘူးဆိုတာ သိသာပါ၏။

ထန်လီ: "စုန့်ယန်.. မင်းဒီလိုစောင့်ဖို့ လူတွေအများကြီးကို ဘာလို့ခေါ်လာတာလဲ... သခင်လေး နတ်နဂါးက ထန်မိသားစုကို စကားစမြည်ပြောဖို့ လာမယ်လို့ ကတိပေးထားတယ်.. မင်းကလည်း ဧည့်သည်ခြောက်ယောက်ကို ဖိတ်ချင်တာလား နောက်နေ့ဆိုရင်ရော ဘယ်လိုလဲ?"

"​နောက်တစ်ရက်?" စုန့်ယန် ရယ်မောလိုက်သည်။

"ကမ္ဘာ့ကူးတို့လှေက ကောင်းကင်ခန်းမကျွန်းမှာ တစ်ရက်ပဲ တည်းခိုရမှာလေ.. နောက်တစ်ရက်က ဘယ်နေ့လဲ?"

ထန်လီက တခစ်ခစ်ရယ်ပြီး :"ဒါက တကယ်ကို ကံမကောင်းလိုက်တာ"

"ဒီလိုဆိုရင်ရော ဘယ်လိုလဲ?"

စုန့်ယန်က လုရွှမ်ဘက်ကို လှည့်ပြုံးပြလိုက်လေသည်။

"ကောင်းကင်ခန်းမကျွန်းမှာ အဓိက မိသားစုနှစ်စုက ငါတို့ စုန့်မိသားစုနဲ့ သူတို့ရဲ့ ထန်မိသားစုပါ... သခင်လေးတွေနဲ့ နတ်သမီးတို့ အဖွဲ့နှစ်ဖွဲ့ခွဲပြီး စူးစမ်းကြရင်ရော?"

"ဒီလူကို ဘယ်လိုခေါ်ရမှန်း မသိပေမယ့် မင်းကို ပြန်တွေ့တော့ ဘာကြောင့်လဲမသိဘူး... ရင်းနှီးနေသလို ခံစားရတယ်"

လုရွှမ်ရဲ့ မျက်လုံးများ တောက်ပလာသည်။ မိမိတို့အဖွဲ့ရဲ့ ခေါင်းဆောင် အစစ်အမှန်က ဘယ်သူလဲဆိုတာကို ထိုသူ ရှာဖွေတွေ့ရှိခဲ့တာက အဲဒီလူရဲ့မျက်လုံးတွေက အတော်လေး ကောင်းနေတယ် ဆိုတာ ရှင်းပါ၏။

ကောင်းကင်ခန်းမကျွန်းတွင်တော့ သာမန်လူများပင် ကူးတို့လှေ အကြောင်း သိကြသောကြောင့် အဓိက မိသားစုနှစ်စုက ၎င်းအကြောင်းကို ပိုသိပြီး ခွဲခြမ်းစိတ်ဖြာမှုတွေ ပိုလုပ်သင့်လေသည်။

အဓိက မိသားစုနှစ်စုက ကမ္ဘာ့ကူးတို့လှေပေါ်က ကိုယ်စားလှယ် အားလုံးကို ဖိတ်ခေါ်ချင်နေ၏။

"ထန်လီ... ဒီတောင်းဆိုချက်က လွန်လွန်ကဲကဲ မဟုတ်ဘူး ဟုတ်တယ်မလား?"

တန်လီသည် သူနှင့်အတူ နောက်ထပ်လူများများ မခေါ်လာရတဲ့အတွက် တိတ်တဆိတ်နောင်တရကာ အော်ဟစ်လိုက်​လေသည်။ မူလရည်ရွယ်ချက်မှာ ရိုးသားမှုကို ပြသရန်ဖြစ်၏။ လူများစွာကို ခေါ်လာတာက ခြိမ်းခြောက်တာပဲ မဟုတ်ပါလား။ ရလဒ်ကတော့ ဒီလို ခါးသီးတဲ့ အကျိုးဆက်တွေ ဖြစ်လာလေသည်။

"ဟမ့် ဒါလည်း သခင်နဂါးလေး သဘောတူလား မနှစ်သက်ဘူးလား ဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်..."

နဂါးလေး: "ဒါက အရမ်းခက်ခဲတယ်... ကျွန်တော်တို့ ခြောက်ယောက်က ကောင်းကင်ခန်းမကျွန်းကို ရောက်ဖို့ မရေမတွက်နိုင်တဲ့ အခက်အခဲတွေကို ဖြတ်သန်းခဲ့ရတာ.. အတူတူ စားပြီး လှေပေါ်မှာ အိပ်ကြရတယ် ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"တကယ်တော့ စစ်မီးတောက်​ကြားမှာ မွေးမြူထားတဲ့ ဒီလို ချစ်ကြည်ရင်းနှီးမှုမျိုးက ကြည်နူးစရာ အကောင်းဆုံးပါပဲ.. ဒါကို ကျွန်တော် ကောင်းကောင်းနားလည်ပါတယ်။ ဒီကိစ္စမှာ သခင်လေး... မင်းက ငါတို့ရဲ့ စုန့်မိသားစုဆီ သွားသင့်တယ်"

ထန်လီရဲ့ မျက်လုံးများက သရော်​နေကာ လှောင်ပြောင်သည့် အရိပ်အမြွက်သံလေးဖြင့် ပြောလိုက်သည်။

"သခင်နဂါးလေး.. ဒီစုန့်ယန်က ကျွန့်တော်တို့ ထန်မိသားစုရဲ့ ရန်သူဖြစ်နေလို့ အခု ခင်ဗျားကိုတောင် အလေးအနက်မထားဘူး... ဒီလိုမျိုး မိသားစု အရေးကိစ္စကို မေ့ထားလိုက်ကြရအောင် ဟုတ်ပြီလား?"

နဂါးလေးက ရယ်မောလိုက်တော့ ကောင်းကင်သိမ်းငှက်ကလည်း ရယ်မောလိုက်လေ၏။ စုန့်ယန်ကတော့ ထန်လီကို သရော်လှောင်ပြောင်သော မျက်လုံးများဖြင့် ကြည့်ကာ ပို၍ပင် ပျော်ရွှင်စွာ ရယ်မော​နေခဲ့သည်။

"ဘာရီတာလဲ?"

ထန်လီ၏ မျက်နှာတွင် မကျေနပ်မှုများဖြင့် ပြည့်နှက်နေပြီး ဒေါသကို အတင်း မျိုသိပ်ထားသည်။ သူသည် ထန်မိသားစု၏ အကြီးဆုံးသား ဖြစ်သည်။ ဤကျွန်းတွင် စုန့်ယန်မှလွဲ၍ ရွယ်တူချင်းများက သူ့ကို ဤကဲ့သို့ မရယ်ဝံ့ကြပေ။

လုရွှမ်က တစ်ချက် ဦးညွှတ်ပြီး ဆိုလိုက်သည်။

"သခင်လေးစုန့်ယန် မင်းက အမြင်ကောင်းသားပဲ... နဂါးလေး စုန့်မိသားစုဆီ သွားရအောင်"

နဂါးလေးက ခေါင်းညိတ်ပြပြီး လုရွှမ်ထံ လျှောက်သွားခဲ့ကာ ထန်လီကို အာရုံစိုက်ဖို့တော့ ပျင်းသွားခဲ့သည်။ စုန့်ယန်က ထန်လီကို အထင်အမြင်သေးစွာဖြင့် ကြည့်ကာ လုရွှမ်တို့ကိုတော့ စိတ်အားထက်သန်စွာ ဖိတ်ကြားခဲ့သည်။

"သခင်လေး... ကျေးဇူးပြုပြီး ကြွပါ!"

လုရွှမ်နဲ့ သူ့အဖွဲ့သည် စုန့်မိသားစု၏ ရထားလုံးပေါ် တက်ပြီး အမြန်ပြေးသွားတဲ့အထိ ထန်လီ စောင့်ကြည့်ခဲ့သည်။

"ဘာဖြစ်နေတာလဲ အဲဒါ နဂါးလေ...သူတို့က လူသားတွေကို အနှိမ့်ချဆုံး မဟုတ်ဘူးလား ဘယ်လိုလုပ် လူသားကို လေးစားနိုင်ရတာလဲ"

သူ့ပတ်ဝန်းကျင်က လူတွေကတော့ ဝမ်းနည်းစွာ ခေါင်းငုံ့သွားကြပြီး စကားမပြောရဲကြချေ။

စားသောက်ဆိုင်က စားပွဲထိုးသည် ဒေါသတကြီး ထန်လီကို မျက်နှာချင်းဆိုင် တွေ့နေရမှာ စိုးရိမ်သဖြင့် တံခါးနောက်တွင် ဂရုတစိုက် ပုန်းနေခဲ့သည်။

စုန့်ယန်က လူများနှင့် ဆက်ဆံရာတွင် အလွန်ကောင်းမွန်သည်။ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ပြီးတဲ့အခါ လူခြောက်ယောက်ကို အခြားရထားတွဲမှာ ထိုင်ခိုင်းဖို့ စီစဉ်ပေးလိုက်သည်။

"အစ်ကိုကြီးလု.. ထန်မိသားစုကို ဘာလို့ အရှက်ရ​အောင် လုပ်ချင်ရတာလဲ အဲဒီမိသားစုက ကျွန်မတို့အားလုံးကို မုန်းသွားမယ်ထင်တယ်"

ရန်ဖေး အနည်းငယ် စိုးရိမ်သွားသည်။ ကောင်းကင်ခန်းမကျွန်းရှိ အဓိကမိသားစုနှစ်စု၊ ထန်မိသားစုနှင့် စုန့်မိသားစုတို့သည် ညီညီညာညာ လိုက်ဖက်ညီလှသည်။ သူ့အမြင်အရတော့ သူတို့နှစ်ယောက်ကို စော်ကားတာက မကောင်းချေ။

"ငါ ထန်မိသားစုကို စော်ကားဖို့ မကြိုးစားခဲ့ပါဘူး... ဒါပေမယ့် ငါတို့က သူတို့ကို စော်ကားရမှာပဲမို့လို့ ပူးပေါင်းဆောင်ရွက်ဖို့ ပိုကောင်းတဲ့ မိသားစုကို ရွေးချယ်လိုက်တာ..."

"လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တနဲ့ ကိုယ်ရည်ကိုယ်သွေးကို ငါတို့ ဘယ်လိုဆုံးဖြတ်မလဲ သူတို့ရဲ့ အပြုအမူတွေကို ကြည့်ရင် ဟန်ဆောင်နိုင်ပြီး သူတို့ရဲ့ စကားလုံးတွေကို ကြည့်ရင်အားဖြင့် ပြောင်းလဲနိုင်တယ်... ဒါပေမယ့် ပြောင်းလဲလို့မရတဲ့ အရာတစ်ခုတော့ ရှိတယ် သူတို့ကိုယ်တိုင်ကသာ ပြောင်းလဲနိုင်ပေမယ့် တခြားသူတွေတော့ မဟုတ်ဘူး အဲဒါက သူတို့ဆီမှာ ကျင့်ကြံမယ့် မျိုးဆက်သစ်တွေပဲ"

လျိုရှန်းက တခစ်ခစ် ရယ်လိုက်ပြီး :"ထန်လီနဲ့ ယှဉ်ရင် သခင်လေးစုန့်ယန်က ပိုထက်မြက်တယ် အထူးသဖြင့် သူက ငါတို့ထဲက ခေါင်းဆောင်က လုရွှမ်ဆိုတာကို မြင်လိုက်ရတယ်လေ...ငါတောင် အရမ်းအံ့သြသွားတာ"

ရဲ့ရှား: "ဟုတ်လား လုရွှမ် မင်း ဘာမှ မဖော်ပြဘူးမလား"

လုရွှမ်: "ငါက ဘယ်လို ဖော်ထုတ်ရမှာလဲ... သခင်လေး စုန့်ယန်က အရမ်းထက်မြက်ပြီး တွေးခေါ်ဝံ့တဲ့ လုပ်ရပ်ကြောင့်ပါ... သခင်လေး ကျန်တဲ့ ရှင်းပြချက်က ခင်ဗျားအတွက်ပဲ"

စုန့်ယန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"အဲဒါဆိုရင် ကံတရားပါပဲဗျာ... သခင်လေးလုရွှမ်နဲ့ သခင်မလေး ရန်ဖေးရဲ့ အထောက်အထားတွေက သတင်းပျံ့နေတာပါ... ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် လူသားတွေက တခြားသတ္တဝါအားလုံးရဲ့ ရန်သူလို့ ပြောလို့ရပေမယ့် ခင်ဗျားတို့ နှစ်ယောက်ကတော့ ငြိမ်း​ငြိမ်းချမ်းချမ်း နေထိုင်နေကြတာ... အထူးသဖြင့် ခင်ဗျားတို့ နှစ်ယောက်က တခြားသတ္တဝါတွေနဲ့ ယှဉ်ရင် အနိမ့်ဆုံးအဆင့်မှာ ရှိနေတယ်..."

"လမ်းတစ်လျှောက်မှာ အန္တရာယ်တွေ အများကြီးရှိပေမယ့် မင်းတို့နှစ်ယောက်က အန္တရာယ်ကင်းတယ်... ခင်ဗျားဆို အရမ်းအစွမ်းထက်တယ် ဒါပေမယ့် ဒီဘက်ကလေးယောက်အတွက် ယှဉ်လို့မဖြစ်ဘူး... နောက်ဆုံးတော့ ကမ္ဘာ့ကူးတို့လှေမှာ ခုံကိုးခုံပဲရှိတယ်၊ နှစ်ယောက်ကို ဘယ်သူမှ မပေးချင်ကြဘူးလေ... သခင်လေးလုရွှမ်နဲ့ သခင်မလေး ရန်ဖေးကို တောင်းပန်ပါတယ်..."

လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဒါက အမှန်ပဲကို... အဖြစ်မှန်ကို ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်"

ရန်ဖေးကတော့ တစ်ချက် အော်ဟစ်လိုက်သည်။ သူမမှာ ဒီလိုမျိုး ခွဲခြားဆက်ဆံမှုတွေ အတွေ့အကြုံ လုံလုံလောက်လောက် ရှိခဲ့ပါ၏။

"ဒါနဲ့ အရင်က စည်းလုံးညီညွတ်မှုနဲ့ သေခြင်းတရားတွေကို အတူတကွ မျှဝေခံစားရင်း လူသားနှစ်ယောက်က တကယ့်ခေါင်းဆောင်ကောင်းတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကျွန်တော် ရဲရဲတင်းတင်း ခန့်မှန်းခဲ့တယ်... ပြီးတော့ သူတို့ကို နှိုင်းယှဥ်ကြည့်တဲ့အခါ အထူးသဖြင့် ကျွန်​တော့်မျက်လုံးတွေက သခင်လေးလုရွှမ်က အာရုံစူးစိုက်မှု အရမ်းခံသင့်နေမှန်း သဘောပေါက်သွားတယ်... ကျွန်တော်က မျှော်စင်နယ်ပယ် ပြီးပြည့်စုံတဲ့ကာလကို ရောက်နေပြီဆိုပေမယ့် သခင်လေးရဲ့ ပြိုင်ဘက်ဖြစ်ဖို့တော့ အလှမ်းဝေးနေပါသေးတယ်..."

လုရွှမ်ကတော့ ဤမြှောက်ပင့်မှုကိုပင် ရယ်မောခဲ့သည်။

ဖန်ယွမ်မြင်းသည် အလွန်လျင်မြန်ပြီး မှန်မှန်ကန်ကန် ရွေ့လျားသွားသော်လည်း အသက်ရှုလိုက်တိုင်း မိုင်ရာနှင့်ချီ ဝေးနေပြီဖြစ်သည်။ မကြာမီ ရထားကြီးသည် ကြီးမားသော အိမ်ကြီးရှေ့တွင် ရပ်သွားခဲ့သည်။

အစောကတည်းက ဒီသတင်းကို ရရှိခဲ့တယ်ဆိုတာ ထင်ရှားပါ၏။ လူများစွာသည် အိမ်အပြင်ဘက်တွင် စောင့်ဆိုင်းနေကြပြီး ရွှင်မြူးသော အသံကို အဝေးမှပင် ကြားနေရသည်။

"ကမ္ဘာ့ကူးတို့လှေက ပါရမီရှင်တွေ ကျုပ်တို့ရဲ့ ကောင်းကင်ခန်းမကျွန်းကို လာရောက်တဲ့အတွက် ဂုဏ်ယူမိပါတယ်... ကျွန်တော် စုန့်ချင်ရှန်း အတွက်လည်း ဂုဏ်ယူစရာပါပဲ.. ကြိုဆိုပါတယ် ကြိုဆိုပါတယ် ဟားဟား ဟား"

သူ့အသံက ကြည်လင်ပြီး ကြင်နာတတ်တဲ့ အငွေ့အသက်တွေ ပါသည်။ သူနဲ့ မဆုံဖူးသေးပေမယ့် သူ့အသံကို ကြားရုံနဲ့တင် လူကို သဘောကျသွားစေ၏။

All Chapters