← Chapters

ဒုက္ခဖြစ်စေတဲ့ကိစ္စ

Vol. 140 Ch. 4.1614

ဒုက္ခဖြစ်စေတဲ့ကိစ္စ

Vol. 140 Ch. 4.1614

အိမ်ရှင်က ယဉ်ကျေးသိမ်မွေ့သောကြောင့် သူတို့လည်း မောက်မာစွာ မပြုဝံ့ကြဘဲ ရထားလုံးပေါ်မှ အမြန် ပြေးလာကြသည်။ ခြံတံခါးရှေ့တွင် အဘိုးအိုတစ်ယောက် ပြေးလာနေတာ တွေ့ရ၏။

စုန့်ယန်က ကမန်းကတန်း ရှေ့ကို ပြေးသွားပြီး အဘိုးအိုကို တွဲ​ခေါ်သွားလိုက်သည်။

"အားလုံးပဲ... ဒါက ကျွန်တော့်အဖေ စုန့်ချင်ရှန်းပါ...အဖေ ဒါတွေက ကမ္ဘာ့ကူးတို့လှေထဲက ပါရမီရှင် ခြောက်ယောက်ပါ..."

လုရွှမ်နဲ့ သူ့အဖွဲ့လည်း အပြန်အလှန် နှုတ်ဆက်ကြသည်။

စုန့်ချင်ရှန်းရဲ့ ကျင့်ကြံမှု အဆင့်ကိုတော့ နားမလည်နိုင်ပေ။ လုရွှမ်သည် ဒီလူက သူ့ရောင်ဝါကိူ ထိန်းထားသော်လည်း သူ့ရှေ့မှလူသည် သူမြင်ဖူးသမျှတွင် အစွမ်းထက်ဆုံး ကျင့်ကြံသူ ဖြစ်နိုင်ကြောင်း ခံစားနေရ၏။

သူသည် သတ္တမ၊ အဋ္ဌမ၊ သို့မဟုတ် နတ်ခြေလှမ်း နယ်ပယ်ထက် ပို၍ပင်လျှင် ရောက်ထားနိုင်ကာ နယ်ပယ်ကို လုံးဝ နားမလည်နိုင်ပေ။

ဆံပင်ဖြူပြီး ငယ်ရွယ်နုပျိုသော မျက်နှာရှိ၏။ မျက်လုံးများက တောက်ပြောင်ကာ သီးသန့်အသွင်အပြင်နှင့် ဖော်ရွေမှုအပြည့် ရှိသည်။ သူ့မျက်လုံးများတွင် ထိန်းမနိုင်သိမ်းမနိုင်သော စိတ်လှုပ်ရှားမှုများအပြင် မျှော်လင့်ချက်နှင့် စိုးရိမ်မှု အနည်းငယ်လည်း ရှိနေသည်။

လုရွှမ်လည်း အလားတူ ခံစားခဲ့ရဖူးသည်။ သူသေဆုံးပြီးနောက် စုန့်မိသားစုတစ်ခုလုံး ဘယ်လိုရှင်သန်ရမလဲ ဆိုတာကို သူစိုးရိမ်နေတာ ထင်ရှားပါ၏။

"ဒီကိုလာ... တံခါးဝမှာ ဘာလို့ ရပ်နေကြတာလဲ... အထဲဝင်လာလှည့်..."

စုန့်ချင်ရှန်းက သူ့သားကို ကျေနပ်စွာ ကြည့်နေသည်။ သူ့သားက ဒီလူခြောက်ယောက်ကို ဘယ်လို ခေါ်လာတယ် ဆိုတာလည်း သူသိနေ၏။

လုရွှမ်ရဲ့ မျက်လုံးများကို ကြည့်လိုက်ချိန်၌ စုန့်ချင်ရှန်းရဲ့မျက်ဝန်းတွေက အံ့အားသင့်စရာ အရိပ်အမြွက် ပြနေသော်လည်း လုရွှမ်ရဲ့ နယ်ပယ်ကို လုံးဝ ကျော်လွန်သွားသော ခွန်အားအပေါ် လေးစားမှု အနည်းငယ်လည်း ရှိနေသည်။

လူအုပ်စုကလည်း မနှောင့်နှေးဘဲ အလျင်အမြန် လိုက်လာပြီး အိမ်ထဲသို့ ဝင်သွားကြသည်။

အိမ်ကြီးထဲတွင် အရသာမျိုးစုံနှင့် ဝိုင်ကောင်းများကို ပြင်ဆင်ထားပြီး ချောမောလှပသော အမျိုးသမီးများသည် စားပွဲဝိုင်းတွင် လျှောက်လာကာ ထိုင်ခုံနေရာယူရန် စောင့်နေကြသည်။

"မင်းတို့က အဝေးကလာတဲ့ ဧည့်သည်ပဲ... ခရီးက ပင်ပန်းနေတော့မှာပေါ့ မြန်မြန်ထိုင်ကြပါ"

စုန့်ချင်ရှန်း အမိန့်ပေးလိုက်တော့ လူတိုင်းက သီဆိုကခုန်ကြသည်။

တစ်ဖက်လူရဲ့ ဧည့်ဝတ်ကျေပွန်မှုကို မြင်သောအခါ လုရွှမ်နဲ့ သူ့အဖွဲ့သည်လည်း သူတို့ကို လျစ်လျူမရှုဝံ့ပေ။ သူတို့က ချက်ချင်းထိုင်ပြီး အရသာရှိတဲ့ အစားအစာတွေကို မြည်းစမ်းကြည့်ကြပါတော့သည်။

ဧည့်ခံပွဲသည် အလွန်ကောင်းမွန်ကာ ဂရုတစိုက်နှင့် ထောက်ထားစာနာမှုတို့ကို ပြသပြီး ခမ်းနားစွာ ပြင်ဆင်ခဲ့သည်။ လုရွှမ် ယခင်က မမြင်ဖူးသော အရသာများစွာလည်း ရှိ​ပေ၏။ ဟင်းလျာတွေက ယွမ်စွမ်းအင်တွေနဲ့ ပြည့်နေပြီး အရသာရှိတဲ့ သေရည်ကလည်း လုရွှမ်ကို အံ့အားသင့်စေသည်။

ထိုအချိန်တွင် အိမ်အပြင်ဘက်တွင် ရွှေနှင့်ကျောက်စိမ်းတို့ ပွတ်တိုက်သံကဲ့သို့ အသံတစ်သံ ကြားလိုက်ရသည်။

"အစ်ကိုချင်ရှန်း... ထန်ရှိုးဝမ်က ဂါရဝပြုဖို့ ရောက်လာပါတယ်"

အသံက သံစုံတီးဝိုင်း ဂီတအားလုံးကို ထိုးဖောက်ဝင်ရောက်ပြီး လူတိုင်းရဲ့နားထဲတွင် ပဲ့တင်ထပ်သွားသည်။ အိမ်တံခါးဝတွင် တံခါးနှစ်ချပ်ကို အပြင်ဘက်မှ ရုတ်တရက် တွန်းဖွင့်လိုက်ရာ အဘိုးအိုတစ်ယောက် တုတ်တစ်ချောင်းနဲ့ လှမ်းဝင်လာ၏။

လူအုပ်ကြီးကလည်း သူ့နောက်က ပြေးဝင်လာကြကာ အားလုံးက ထန်မိသားစုဝင်တွေ ဖြစ်ပေသည်။

အဘိုးကြီးဘေးတွင် လူငယ်တန်း​တွေရှိပြီး အဘိုးကြီးနှင့် အနီးစပ်ဆုံးမှာ ထန်လီဖြစ်သည်။ တစ်ဖက်လူတွေက စုန့်မိသားစုမှ အားလုံးကို မောက်မာစွာ ကြည့်​နေ၏။ အထူးသဖြင့် လုရွှမ်ကို မြင်သောအခါ သူ့အား မထီမဲ့မြင် ပြုမှု အရိပ်အမြွက်မျိုး ပေါ်လာသည်။

သူသည် လူမိုက်ဖြစ်သော်လည်း လုရွှမ်၏ စွန့်ပစ်ခြင်းကို ခံရကြောင်း သူသိသည်။ သုံးကြိမ်ဆက်တိုက် လှည့်စားခံခဲ့ရ၏။ ငယ်စဉ်ကလေးဘဝကနေ အရွယ်ရောက်ပြီးတဲ့အထိ ဒီလိုမတရားမှုတွေကို တစ်ခါမှ မခံစားခဲ့ရချေ။

အထူးသဖြင့် သူသည် လူသားတစ်ဦး၏ ကဲ့ရဲ့ခြင်းကို ခံခဲ့ရသောကြောင့် သူ့အမြင်အရတော့ ဒါဟာ လုရွှမ်ရဲ့ တမင်ကြံဆခြင်းသာ ဖြစ်ပေ၏။

စုန့်ချင်ရှန်းက ရုတ်​တရက်​ ထရပ်​ပြီး ထန်ရှိုးဝမ် ​ရှေ့​ကို ပြေးထွက်သွားသည်​။

"ထန်ရှိုးဝမ်... မင်း ဒါ ဘာကိုဆိုလိုတာလဲ... ဧည့်သည်တော်တွေကို ဖျော်ဖြေနေတဲ့ အချိန်မှာ မင်းက ငါတို့ရဲ့ စုန့်မိသားစုကို ဘာလို့ ဒီလိုကြီးကြီးကျယ်ကျယ် ရောက်လာတာလဲ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ"

ထန်ရှိုးဝမ်: "ဂုဏ်ထူးဆောင် ဧည့်သည်ကို ကြိုဆိုဖို့ ငါလည်း ဒီကို ရောက်နေတာပဲလေ... ကမ္ဘာ့ကူးတို့လှေက မင်းရဲ့ စုန့်မိသားစုက တတ်နိုင်သလောက် လက်ခံပေးနိုင်မယ့် အရာမှ မဟုတ်တာ... ဟဲဟဲ ဂုဏ်ထူးဆောင် ဧည့်သည်​တွေကို လေးစားဖို့ ငါ အကြီးအကဲ ယွမ်ရှောက်ကိုတောင် ခေါ်ခဲ့တယ်!"

စုန့်ချင်ရှန်းရဲ့ သူငယ်အိမ်များ ကျုံ့သွားတော့သည်။

"ညမိုးနန်းဆောင်ရဲ့ အကြီးအကဲ?"

ဆိုးသွမ်းသော ရယ်မောသံ ထွက်ပေါ်လာပြီးနောက် အရပ်ရှည်ရှည် ပိန်လှီသော အဘိုးအိုတစ်ယောက် ထွက်လာသည်။

"စုန့်ချင်ရှန်း မတွေ့တာကြာပြီ....ငါတို့က ဒီတံခါးနားမှာပဲ ရပ်နေရမှာလား... မင်းရဲ့စုန့်မိသားစုက ဧည့်သည်တွေကို ဆက်ဆံတဲ့ပုံစံက ဒါမျိုးတော့ မဟုတ်​လောက်ပါဘူး.. မင်း ငါတို့ကို မကြိုဆိုဘူးလား"

စုန့်ချင်ရှန်းရဲ့ မျက်လုံးများက ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသော်လည်း သူ ခေါင်းညိတ်ပြသေးသည်။

“ကျေးဇူးပြုပြီး ကြွပါ”

လူတစ်စုသည် လျင်မြန်စွာ ပြေးဝင်ကာ ခြံဝင်းတစ်ခုလုံးတွင် စုစည်းလိုက်ကြသည်။ စုန့်မိသားစုမှ လူအများအပြား လျင်မြန်စွာ ဆုတ်ခွာသွားကြပြီး အချို့သော အမျိုးသမီးများပင် အမြန် ပုန်းအောင်းနေကြသည်။

လုရွှမ်နဲ့ သူ့အဖွဲ့အပြင် စုန့်ယန်ကသာ စားပွဲမှာထိုင်ပြီး အစားအသောက်ကို နှစ်သက်စွာ စားနေကြဆဲ။ စုန့်ယန် အလွန်စိုးရိမ်နေသော်လည်း လုရွှမ်က လုံးဝ မလှုပ်ရှားသောကြောင့် နာကျင်မှုဝေဒနာဖြင့်သာ အတူလိုက်ပါခဲ့သည်။

ရန်ဖေး စားပွဲအောက်ကနေ လုရွှမ်ကို ညင်သာစွာ ထိလိုက်သော်လည်း အနှီလူသားက အေးအေးဆေးဆေး စားသောက်နေပြီး အရာအားလုံးကို လျစ်လျူရှုထားသည်။

ပုံရိပ်သုံးခု ပြေးဝင်လာလေ၏။ ၎င်းတို့မှာ စုန့်ချင်ရှန်း၊ ထန်ရှိုးဝမ်နဲ့ ယွမ်ရှောက်တို့ပဲ ဖြစ်သည်။

လုရွှမ် နောက်ဆုံးတွင်တော့ သူ့ခေါင်းကို မြှောက်လိုက်ပြီး နတ်ခြေလှမ်းနယ်ပယ် အဆင့် ၆ တွင် အနည်းဆုံးရှိသော သခင်သုံးဦးနှင့် ရင်ဆိုင်ခဲ့သည်။ သူတစ်ပါးကို အားကိုးရလျှင်ပင် ထိန်းထားရမည် ဖြစ်ပြီး သူ့ကိုယ်သူ ဂုဏ်ယူရန် အရင်းအနှီးရှိရမယ်မှန်း လုရွှမ် သိသည်။

ဤလူသုံးယောက်ရှေ့တွင် လုရွှမ် ဘယ်လောက်ပဲ မာနထောင်လွှားနေပါစေ သူ့အတွက်ကောင်းသော အရာကို သူတကယ် မသိစရာ အကြောင်းမရှိ။

"မင်္ဂလာပါ လူကြီးမင်းတို့သုံးယောက်..."

လုရွှမ် ဂါဝရပြုလိုက်သည်။

စုန့်ချင်ရှန်း: "မိတ်ဆွေလေးက ယဉ်ကျေးလွန်းနေတာပါ"

ထန်ရှိုးဝမ်နဲ့ ယွမ်ရှောက်က စကားမပြောကြချေ။ သူတို့သည် လုရွှမ်ကို စေ့စေ့စပ်စပ် ကြည့်​နေကြပြီး မထီမဲ့မြင် အရိပ်အမြွက်မျိုး ပြသနေသည်။

"လီအာ.. ဒီလူက မင်းကို အရှက်ခွဲခဲ့တာလား"

ထန်ရှိုးဝမ်က ရုတ်တရက် အော်လိုက်သည်။ ထန်လီကလည်း ရင်ဘတ်နှင့်ခေါင်းကို မြင့်မြင့်ကိုင်ထားပြီး မေးစေ့ကို ငေါ့ထား၏။

"ဖေဖေ... သူပဲ ဟမ့် ပထမတော့ သူက ကောင်းကင်သိမ်းငှက်ကို ခေါင်းဆောင်နေရာ လုပ်ခိုင်းတယ် ပြီးတော့ ဒီနဂါးလေးကိုလည်း ခေါင်းဆောင်လို လုပ်ခိုင်းပြန်တယ်... နောက်ဆုံးမှ သူ့ကိုယ်ပိုင်လက္ခဏာကို ထုတ်ဖော်ခဲ့တယ်။ ထန်မိသားစုရဲ့ အသက်အကြီးဆုံး သခင်လေး ကျွန်တော့်ကို အလေးအနက် မထားဘူးဆိုတာ အသိသာကြီး!"

ထန်ရှိုးဝမ်က လေးလေးနက်နက် အသံဖြင့်ပြောလေသည်။

"ထန်မိသားစုဆောင်ပုဒ်ရဲ့ အဋ္ဌမမြောက် စည်းမျဉ်းက ဘာလဲ"

ထန်လီရဲ့ မျက်လုံးများက တောက်ပနေတော့သည်။

"တန်မိသားစုကို အရှက်ရအောင် လုပ်ရဲတဲ့ သတ္တိရှိရင် သတ်!"

ဒီစကားတွေပြောပြီးတာနဲ့ စုန့်​​တစ်မိသားစုလုံး နှုတ်ဆိတ်သွားတော့သည်။ ခမ်းနားမှုနှင့် လူသတ်ခြင်း ရောင်ဝါက အရှေ့နှင့်အနောက်ကို တိုက်ခတ်လာသော အေးမြသောလေကဲ့သို့ ဝင်းတစ်ခုလုံးတွင် ရစ်ပတ်ကာ မျက်နှာကို ဓားနှင့်ခုတ်သကဲ့သို့ပင် အေးစက်လာသည်။ နားမလည်နိုင်သော အေးစက်မှုတစ်ခုက လူတိုင်းကို အရိုးထဲအထိ စိမ့်အေးသွားစေ၏။

ထန်လီက လက်နှစ်ဖက်ကို ပွတ်သပ်ရင်း လုရွှမ်ရှေ့မှာ လျှောက်သွားကာ ရယ်မောလိုက်သည်။

"စိတ်မပူပါနဲ့... အနည်းဆုံးတော့ ငါမင်းကို မသတ်ပါဘူး ဒါပေမယ့် မင်းငါ့ကို နှစ်ဆပေးခဲ့တဲ့ အရှက်ကို ငါပြန်ပေးမယ်.. မင်းငါ့ကို သုံးခါအရှက်ခွဲရင် မင်းကို သုံးခါရိုက်မယ်"

"ဟမ့်!"

ရဲ့ရှား ညင်ညင်သာသာ အော်ဟစ်ပြီး ထွက်လာခါနီးနေပြီ။ ထိုစဥ် လုရွှမ် အနောက်မှ မခံမရပ်နိုင်သော ရောင်ဝါများ ထွက်ပေါ်လာခဲ့သည်။ လုရွှမ် ရုတ်တရက် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး နဂါးလေးနဲ့ အခြားလူများကို ကြည့်လိုက်ရာ သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရောင်ဝါများ တဖြည်းဖြည်း လျော့ပါးသွားခဲ့သည်။

ထန်လီ ပထမတော့ အံ့သြသွားသည်။ လုရွှမ် သူ့လူတွေကို တားတာကိုမြင်တော့ သူက ကျယ်လောင်စွာ ထရယ်လေသည်။

"မဆိုးပါဘူး မဆိုးပါဘူး မင်းက ပညာတတ်ပြီး ဦးနှောက်ရှိသားပဲ... ဒါပေမယ့် ဒါနဲ့တင်တော့ ငါ မင်းကို ခွင့်မလွှတ်ဘူး... မင်းက လူသားတစ်ယောက်လေ... ဒီနေရာက မင်းနဲ့ လုံးဝ မထိုက်တန်ဘူး။"

သူစကားပြောနေစဉ် သူ့လက်ကို မြင့်မြင့်တင်လိုက်ပြီး သူ့မျက်လုံးများက တောက်ပစွာဖြင့် လုရွှမ်ကို အစွမ်းကုန် ပါးရိုက်ချလိုက်သည်။

ဝုန်း!

ထို့နောက် ကျယ်လောင်သော ပါးရိုက်သံ ထွက်ပေါ်လာသည်။ တစ်ယောက်ကတော့ တစ်ကိုယ်လုံး နောက်ပြန် လည်ထွက်သွားကာ မြေပြင်ပေါ်ရှိ စားပွဲနှင့် ကုလားထိုင်များကို ဝင်ကျုံးပစ်သည်။ ထို့နောက် ဟိုးအဝေးကြီးကို ပျံသန်းသွားပြီး မြေပြင်မှာ သွေးတွေကတော့ စီးလျက်။

လုရွှမ် ခပ်လှမ်းလှမ်းတွင် မတ်တပ်ရပ်နေချိန် မာနကြီး​နေသော ထန်လီက ပျောက်ကွယ်သွားခဲ့ပြီ။

"ဒီလို အညစ်အကြေးကများ ကမ္ဘာ့ကူးတို့လှေကို စီးချင်နေသေးတယ်...လန့်မသွားအောင် ကိုယ့်ကိုကိုယ် ပြန်ကြည့်စမ်းပါဦး!"

လုရွှမ်ရဲ့ အသံက ကောင်းကင်က ပြုတ်ကျလာတဲ့ အသံ​ကြီးတစ်သံကဲ့သို့ ပြတ်သားပြီး ကျယ်လောင်ကာ ကမ္ဘာကြီးကိုတောင် တုန်လှုပ်သွားစေတော့မယ့် ဘုန်းအာနုဘော်ကို ထပ်လောင်းထည့်ထားသည်။

"ကောင်လေး... မင်းအရမ်း အတင့်ရဲနေတာပဲ... ငါ့သားကိုတောင် ရိုက်ရဲတယ်ပေါ့"

ထန်ရှိုးဝမ်က အေးစက်စွာပြောပြီး လုရွှမ်ကို မှုန်မှိုင်း​နေသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။ လုရွှမ်ရဲ့ မျက်လုံးများကတော့ တောက်ပနေပြီး သူသည် မကြောက်မရွံ့ဖြင့် ထန်ရှိုးဝမ်ကို တည်ငြိမ်စွာ ကြည့်နေလေသည်။

လူနှစ်ယောက်၏ မျက်လုံးများတွင် လျှပ်စီးတွေ ဖြတ်ပြေးနေကာ အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးချိန်အထိ ဘယ်သူမှ မျက်တောင်မခတ်ခဲ့ချေ။

All Chapters