← Chapters

အားလုံး၏ အံ့သြမှု

Vol. 84 Ch. 1164

အားလုံး၏ အံ့သြမှု

Vol. 84 Ch. 1164

အရင်ကဆိုလျှင် သူသည် ရှီမာယူယူကို စိတ်ဝင်စားရုံသာဖြစ်သည်။ အခု သူသည် သူမအား တည့်တည့်ကြည့်လေသည် “ဝိညာဉ်လောကကို စံတင်အဆင့်လောက်မှ နားလည်နိုင်တာလေ အံံ့ဖွယ်အဆင့်မဖြစ်စလောက် လေးက ဘယ်လိုလုပ် နားလည်သွားတာလဲ”

ရှီမာယူယူသည် သူ့ကိုကြည့်လိုက်သည် “သိချင်လား မပြောပြဘူး မွေးစားအဖေ လှုပ်ရှားတော့”

အရင်းခံအဓိပ္ပာယ်ကတော့ အမြန်လှုပ်ရှားရန်ဖြစ်သည်။ ဝိညာဉ်လောကထဲရှိ စံတင်အဆင့် တစ်ယောက်ကို ထောင်ချောက်ဆင်ရန် သူမ စွမ်းအင် ချဲ့ထွင်ရန်လိုအပ်သည်။ ထို့ကြောင့် သူမသည် အချိန်မဆွဲချင် ပေ။

သူမသည် ဝူလာမိုင်ကို ပြောထားပြီးဖြစ်လေသည်။ သူမ အချက်ပြသည် ကိုကြားသည်နှင့် ဆိုလိုရင်းကို သူနားလည်သည်။ သူသည် ဗျိုင်းမျိုးနွယ် အကြီးအကဲများနှင့် တိုက်ခိုက်လေသည်။

အခုချိန်တွင် စကားပြောရမည့်အချိန်မဟုတ်တော့ပေ။ သည်အကြိမ် တွင် သူ့ကိုသတ်ရန်သာ အာရုံစိုက်ထားရမည်။

ရှီမာယူယူသည် မလှုပ်ရှားပေ။ သူမသည် ဝိညာဉ်လောကကို ထိန်းချုပ် ရန်သာလိုသည်။ သို့သော် ထိုဇာတ်ကောင်သည် အားလုံးထက် အရေးကြီး သည်။

တခြားသူ၏ ဝိညာဉ်လောကထဲတွင် သူသည် ကိုယ်ပိုင်ဝိညာဉ်လောက ကိုသုံးမရပေ။ မသိသော ဝိညာဉ်လောကကို သူမ မည်သို့အသုံးပြုမည်ကို သူ သိချင်မိသည်။

မမှန်ပေ။ သူ ထိုအရာကိုမသိလိုက်ပေ။ သူမ၏ လှုပ်ရှားမှုများမှာ ကြီးသည်။ သို့သော် လေဟာပြင်ပိတ်လှောင်မှုအောက်တွင် အကုန်လုံးကို ဖုံးဖိထားခဲ့သည်။

သူမသည် သူ၏တိုက်ခိုက်မှုကိုဖြေရှင်းရန်အတွက်သာ လေဟာပြင် ပိတ်ခြင်းကိုသုံးသည်မဟုတ်ဘဲ သူမ၏ ဝိညာဉ်လောက အသုံးပြုမှုကိုလည်း ဖုံးကွယ်ရန်သုံးခဲ့ခြင်းဖြစ်သည်။

သူ့အတွက်ကတော့… သူမ ဒီလောက်အသက်ငယ်ငယ်နှင့် ဝိညာဉ် လောကကို နားလည်လိမ့်မည်ဟု တစ်ခါမှပင် မတွေးဖူးပေ။ ထို့ကြောင့် သူ လုံးဝသံသယမဝင်ခဲ့ပေ။ လေဟာပြင်ပိတ်ပင်မှုကြောင့် လှိုင်းအတက်အကျ ဖြစ်သည်ဟုသာ သူ မှတ်ယူခဲ့သည်။

သူ၏ သတိလက်လွတ်မှုကြောင့် ကိုယ့်ကိုယ်ကို မလှုပ်သာသော အခြေအနေသို့ တွန်းပို့မိပြီဖြစ်သည်။ ထိုသည်မှာ သူ့စိတ်ထဲတွင် မတွေးဖူး သောအရာဖြစ်သည်။

ထို့အပြင် ဝူလာမိုင်၏ တိုက်ချက်များမှာလည်း အရင်ကလို အားမနည်း တော့ပေ။ သူ၏ တိုက်ချက်တစ်ခုချင်းစီသည် အားကောင်းသည်။ ရှီမာယူယူ ၏ ဖိနှိပ်မှုနှင့် တွဲလိုက်သောအခါ ဖြေရှင်းရန် ခက်ခဲသွားသည်။

ရှီမာယိဖေးနှင့် တခြားသူများ ရောက်လာချိန်တွင် သူတို့သည် ဝိညာဉ် လောကအတွင်းမှ အဖြစ်အပျက်များကိုမြင်ရလေသည်။ ရှီမာယူယူနှင့် ရင်ဇင်းတို့အကြားမှ အပြန်အလှန်ပြောနေသည်များကို ကြားသောအခါ သူတို့ အံ့သြမိကြသည်။

“ငါ နားကြားမှားတာမဟုတ်ဘူးမလား” ရှီမာယိဖေး အော်လိုက်သည်။

ဝိညာဉ်လောကဟုတ်လား။ ရှီမာယူယူက တကယ်ပဲ သူမ၏ ဝိညာဉ် လောကကို နားလည်သွားတာပဲ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

“တကယ်မဖြစ်နိုင်ဘူး ဒါပေမဲ့ သူဆိုရင်ဖြစ်နိုင်တယ်” ရှီမာယိယွင် ပြောလိုက်သည်။

တခြားသူများသည် ဝိညာဉ်သားရဲများဖြစ်ကြကာ ဝိညာဉ်သားရဲများ သည် ဝိညာဉ်လောကကို နားလည်ရန်မဖြစ်နိုင်ပေ။ ရှီမာယူယူနှင့် ရင်ဇင်းတို့ သာ လူသားများဖြစ်ကာ ရင်ဇင်းမဟုတ်လျှင် ရှီမာယူယူတစ်ယောက်သာဖြစ် နိုင်သည်။

“ယူယူက စွမ်းအားကြီးတယ် ယူယူ အကောင်းဆုံးပဲ” ဟိန်းသံလေး သည် ရှီမာယိယွမ်၏ ရင်ခွင်ထဲတွင် လူးလှိမ့်နေသည်။

ထိုအခိုက်တွင် ရှီမာချီချီသည် ရုတ်တရက် အော်လေသည် “ရှီမာယူယူ က မိန်းကလေးလား”

ရှီမာယိယွင်သည်လည်း တုန့်ပြန်မိသည်။ ရင်းနှီးသောမျက်နှာသည် အမှန်တကယ်ပင် မိန်းကလေးဝတ်စုံကိုဝတ်ဆင်ထားသည်။

သူတို့သည် ရှီမာယူယူ၏ ဝိညာဉ်လောကအကြောင်းကို အံ့သြနေရာ လုံးဝသတိမထားမိကြပေ။ သူမကို ထိုပုံစံအတိုင်းမြင်လိုက်ရာ ဟိန်းသံလေး ကိုပင်လွတ်ကျကာ မြေနှင့်ထိမတတ်ဖြစ်သွားသည်။

ဟိန်းသံလေးသည် မြေပေါ်မကျခင် မီတာအနည်းငယ်အလိုတွင် ဟန်ချက်ထိန်းလိုက်သည်။ ထို့နောက်တွင် သူပျံတက်ကာ ရှီမာယိယွင်၏ လက်ထဲသို့ပြန်သွားလေသည်။ “ငါ့ယူယူက မိန်းကလေးဖြစ်တာ ဘာတွေ ထူးဆန်းနေလို့လဲ”

“ရှီမာယူယူလား အသည်းကွဲတောင်ကြားရဲ့ တောင်ကြား ဒုခေါင်းဆောင်လား အဲဒီဂန္တဝင်ကြယ်ပွင့်လား” လူတစ်ယောက်အော်လိုက် သည်။

“ဟုတ်တယ် ဟုတ်တယ် ငါ့ယူယူလေးက အသည်းကွဲတောင်ကြားရဲ့ တောင်ကြားဒုခေါင်းဆောင်ပဲ” ဟိန်းသံလေးသည် အတည်ပြုသူဖြစ်နေသည်။

“မထင်မှတ်ထားဘူး ငါတို့ကိုကယ်တာ သူမဖြစ်နေတယ်…”

“သူမက မိန်းကလေးဖြစ်နေတာက ပိုပြီးမမျှော်လင့်ထားစရာပဲ”

အားလုံးသည် တိတ်သွားကြသည်။ သူတို့ထက်ငယ်သူသည် အားကောင်းလှပြီး သူတို့ကိုပင် ကယ်ခဲ့သည်။ ထိုသည်မှာ သူတို့စိတ်ထဲတွင် လန့်စရာပင်ဖြစ်သည်။

“နည်းနည်းလောက် နောက်ဆုတ်လိုက်တာကောင်းမယ် ငါတို့ကိုပါ သက်ရောက်သွားရင် မကောင်းဘူး” ရှီမာယိယွင် ပြောလိုက်သည်။

သူတို့သည် အဝေးတွင်ရှိသော်လည်း သက်ရောက်မှုဖြစ်ပါက နောက်ကျသွားလျှင် နောင်တရစရာတွေဖြစ်သွားမည်။

သူတို့သည် တစ်ကီလိုနီးပါးနောက်ဆုတ်ကာ အစွန်းရောက်သောအခါ ရပ်လိုက်ကြသည်။ သည်လိုမှသာ် သူတို့သည် အဖြစ်အပျက်များကိုမြင်နိုင်ပြီး တစ်ခုခုဖြစ်လာလျှင်လည်း ထွက်ပြေးနိုင်မည်ဖြစ်သည်။

ထိုနေရာမှတိုက်ပွဲသည် အပြင်မှကြည့်ရှုသူများကို များစွာဆွဲဆောင် လေသည်။ သူတို့သည် အံ့သြမှုကိုခံစားမိကြလေသည်။ ထိုလူများသည် အဝေးမှသာ စောင့်ကြည့်ကြလေသည်။

“အဲလူက စံတင်အဆင့်မဟုတ်ဘူးလား တစ်ယောက်ယောက်ကတော့ တကယ်ပဲ သူနဲ့တိုက်ရဲတယ်”

“အံ့သြလောက်စရာပဲ သူ တကယ်ပဲ စံတင်အဆင့်နဲ့ တိုက်ခိုက်တာပဲ”

“မဟုတ်ဘူး တိုက်ခိုက်နေတာ လူများတယ်”

“ဒီမိန်းကလေးက ဘာလို့အဲလောက် နီးနေတာလဲ သူမ သက်ရောက်ခံ ရမှာမကြောက်ဘူးလား”

“ဟုတ်တယ် လက်ရဲဇက်ရဲနိုင်တဲ့မိန်းကလေးပဲ”

“မင်း ဘာနားလည်လို့လဲ သူမမှာ အံ့ဖွယ်ပညာရှိတာကိုကြည့်လိုက် တိုက်ခိုက်မှုတွေက သူမကို မထိခင်မှာပဲ ပျောက်ပျောက်သွားတယ်”

“ဘယ်လိုအံ့ဖွယ်ပညာမျိုးက စံတင်အဆင့်ကြားက တိုက်ပွဲကိုခံနိုင်ရည် ရှိတာလဲ”

“အံ့ဖွယ်ပညာက ဘယ်အဆင့်ပဲဖြစ်ဖြစ် မင်းတို့ ငါတို့လိုလူတွေ ရနိုင်မဲ့ ဟာမဟုတ်ဘူး”

“ဟုတ်တယ် အဲလိုအံ့ဖွယ်ပညာကို ပိုင်ဆိုင်တာက အင်အားကြီးတွေက ပဲဖြစ်ရမယ်”

“အရင်းအမြစ်ကောင်းတွေများတဲ့ ကံကောင်းတဲ့လူပဲ”

“အဲလိုပဲ”

“….”

အပြင်လူများသည် စကားများကြသည်။ ပညာရှိစံအိမ်တော်မှ ထန်းယွမ် ပေါ်မလာခင်အထိ မှားယွင်းနေသည်ကို သူတို့ရှာမတွေ့ပေ။

“အဲလူတွေက တကယ်ပဲအားကောင်းတာပဲ” ပညာရှိစံအိမ်တော်မှ လူ များ သက်ပြင်းချလေသည်။

“ငါတို့မှာလည်း အဲလိုအားကောင်းတဲ့ အံ့ဖွယ်ပညာရှိရင်ဘယ်လောက် ကောင်းလိုက်မလဲ ဒါဆိုရင် တခြားသူတွေရဲ့ တိုက်ပွဲက ငါတို့ကိုသက်ရောက် စရာမရှိတော့ဘူး”

“မင်းဘာသိလို့လဲ” ထန်းယွမ်သည် တိုက်ပွဲအား တအံ့တသြကြည့်နေ သည် “အဲမိန်းကလေးက သော့ချက်ပဲ”

“စံအိမ်တော်ခွဲသခင် ဘာပြောလိုက်တာလဲ”

“ဝိညာဉ်လောက သူတို့အကုန်လုံးက အဲလူရဲ့ဝိညာဉ်လောကထဲမှာပဲ” ထန်းယွမ်သည် မယုံနိုင်စွာပြောလေသည်။

“မဟုတ်လောက်ပါဘူး စံအိမ်တော်ခွဲသခင် ဝိညာဉ်လောကကို နားလည်တာက စံတင်အဆင့်လောက်မှဖြစ်နိုင်တာ”

“ငါလည်း အဲလိုထင်တာပဲ” ထန်းယွမ် ပြောလိုက်သည် “ဒါပေမဲ့ အဲ ဖန်တီးထားတဲ့ ကမ္ဘာက ငါတို့ကိုလှောင်နေပြီ”

အဆင့်နိမ့်အားများသည် ဝိညာဉ်လောကကိုနားမလည်နိုင်ခြင်း မဟတု်ဘဲ သူတို့အရည်အချင်းသည် နားလည်ရန်နိမ့်နေခြင်းဖြစ်သည်။

“အဲဒါ ရှီမာယူယူ မဟုတ်ဘူးလား” လူတစ်ယောက်သည် သူမကို မှတ်မိလေသည် “အဲဒါက ခရမ်းရောင်ရေနဂါးမျိုးနွယ်က နဂါးဘုရင်ဖြစ်ဟုတ် တဲ့ပုံပဲ ငါ ထာဝရရှင်သန်သူနယ်မြေအပြင်ဘက်မှာရှိတုန်းက တခြားသူတွေ ပြောတာကြားခဲ့တယ်”

“သူတို့အကနု်လုံးက ဝိညာဉ်သားရဲတွေပဲ ဒါဆိုရင် ဒီဝိညာဉ်လောက က ရှီမာယူယူဟာပဲ တကယ်မထင်မှတ်စရာပဲ”

“အံ့သြစရာပဲ သူမ နောက်ခံကိုမပြောနဲ့ဦး သူမ အရည်အချင်းကိုက ငါတို့မှီဖို့လိုသေးတယ်”

လူအများအပြားရောက်လာသည်ကို ရှီမာယူယူသိသည်။ ထိုတိုက်ပွဲ သည် တခြားသူများကို ဆွဲဆောင်နိုင်မည်ဆိုသည်ကို သူမ အစောကပင် သိ ထားသဖြင့် မအံ့သြတော့ပေ။

အချိန်ကြာသွားသည်နှင့်အမျှ သူမ ပိုပိုပြီး စိတ်အားထက်သန်လာ သည်။ ဝိညာဉ်လောကကို ထောက်ပံ့ထားခြင်းသည် အလုပ်ကြမ်းနှင့်တူ သည်။

ဒီလူကို စောစီးစွာမရှင်းနိုင်ပါက တောင့်မခံနိုင်တော့မည်ကို ကြောက်မိ သည်။

သို့သော် ဝူလာမိုင်၏ လှုပ်ရှားမှုကိုကြည့်လိုက်ရာ သူသည် ၃ မိနစ်မှ ၅ မိနစ်အတွင်း နိုင်မည့်ပုံမပေါ်ပေ။

မဟုတ်သေးဘူး ဒီအတိုင်းသာဆက်သွားရင် သူမရဲ့ အားစိုက်ထုတ်မှု တွေက အလကားဖြစ်တော့မယ်။ သူ လွတ်သွားပြီး သူ့ကိုထပ်ဖမ်းရမယ်ဆိုရင် ဟာသတစ်ခုပဲဖြစ်နေလိမ့်မယ်။

***

All Chapters