ပညာရှိစံအိမ်တော် စံအိမ်တော်ဒုသခင် လှုပ်ရှားခြင်း
Vol. 84 Ch. 1165
“ဘုန်း….” ဝူလာမိုင်နှင့် ရင်ဇင်းတို့သည် လက်ဖဝါးချင်း ပြင်းထန်စွာ ရိုက်နှက်ပြီးနောက် ပြင်းထန်သောဆောင့်မိကြလေသည်။ ထို့နောက်တွင် မျိုးနွယ်အကြီးအကဲများ မှောက်လဲလုနီးပါးဖြစ်သွားသည်။ ရှီမာယူယူ၏ ဝိညာဉ်လောကသည် လှုပ်ခတ်သွားသည်။
“အား…” ရှီမာယူယူတွင်ပင် သက်ရောက်မှုဖြစ်လေသည်။ သူမသည် ဒဏ်ရာတချို့ရကာ နှုတ်ခမ်းထောင့်မှ သွေးစီးကျလာသည်။
ထန်းယွမ်သည် သူမ ပုံစံကိုမြင်လိုက်သည် “အခြေအနေက နည်းနည်း ဆိုးတယ် ရင်ဇင်းရဲ့အားက မထင်မှတ်ထားလောက်အောင် သန်မာတာပဲ”
“သူ့အဆင့်က အဲလောက်မမြင့်တာကို တိုက်ပွဲစွမ်းရည်က ဘာလို့ အဲလောက် သန်မာရတာလဲ” တစ်ယောက်က ပြောလိုက်သည်။
“သူ ကျင့်ကြံတဲ့ပညာနဲ့ ဆက်စပ်လောက်တယ် သူက နတ်ဆိုးပညာ ဖြစ်တဲ့ မိန်းကလေးတွေကို စတေးပြီးသူတို့ရဲ့ အဆီအနှစ်တွေစုပ်ယူပြီး ကျင့်ကြံတာပဲ ဒီလိုပညာက အရမ်းကိုဆိုးဝါးတယ် ဒါပေမဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို သာမန်လူတွေထက် သာလွန်စေတယ်” ထန်းယွမ် ရှင်းပြလေ သည်။
“သူတို့ ကွာခြားချက်ကလည်း အဲလောက်မဟုတ်ပါဘူး” တစ်ယောက် သည် နားမလည်သေးပေ။
“အဲကောင်မလေးရဲ့ ဝိညာဉ်လောကမှာမို့လို့ သူတို့က လက်ရည်တူနေ တယ်လို့မြင်ရတာ တစ်ဖက်မှာ သူမက ရင်ဇင်းရဲ့ အားကိုဖိနှိပ်ထားပြီး တခြား တစ်ဖက်မှာ ခရမ်းရောင်ရေနဂါးဘုရင်ကို စွမ်းအားတွေပေးနေတာ ဒီလို အခြေအနေမှာတောင် တစ်ဖက်ကလူကို ဆွဲချဖို့ကမဖြစ်နိုင်သေးဘူး အဲဒါက ရင်ဇင်းဘယ်လောက် သန်မာလဲဆိုတာ ပြတာပဲ” ထန်းယွမ် ရှင်းပြလေသည်။
“မကောင်းတော့ဘူး သူတို့ရှုံးတော့မဲ့ပုံပဲ” တစ်ယောက်က အော်လိုက် လေသည်။
ပြိုင်ဘက်၏ အားသည် သူထင်ထားသည်ထက် မြင့်လိမ့်မည်ဟု ဝူလာမိုင် ထင်မထားပေ။ သူတို့နှစ်ယောက်သည် ကြာရှည်စွာတိုက်ခိုက်ပြီး သော်လည်း အနိုင်ရရှိခြင်းမရှိပေ။
ရှီမာယူယူ မထောက်ပံ့နိုင်တော့သည်ကိုလည်း သူ အာရုံခံမိပြီးဖြစ် သည်။ ဝိညာဉ်လောက ပြိုပျက်သွားသည်နှင့် ပြိုင်ဘက်သည် သေချာပေါက် ထွက်ပြေးသွားမည်ဖြစ်သည်။
အမြစ်မနှုတ်ဘဲ မြက်ရှင်းရသည်မှာ သေချာပေါက် ကိုယ့်ဒုက္ခကိုယ်ရှာ ခြင်းဖြစ်သည်။
အဝေးမှကြည့်နေသူများသည် ထိုနိယာမကိုနားလည်ထားကြသည်။ သို့သော် သူတို့သည် ဘာမှမတတ်နိုင်ပေ။ ထိုလူ၏ အားသည် မြင့်လွန်းနေ သည်။
“ငါရပ်ပြီးကြည့်မနေနိုင်တော့ဘူး” ထန်းယွမ် သက်ပြင်းချလိုက်သည်။ သူ ခုန်လွှားကာ ပျံသွားပြီး ရှီမာယူယူ၏ ဝိညာဉ်လောကအပြင်ဘက်သို့ ဆင်းသက်သည် “မိတ်ဆွေလေး ကျုပ်ကို ဝင်ခွင့်ပေး”
သူမသည် ပညာရှိစံအိမ်တော်မှလူများကို အကောင်းမြင်ထားခြင်းမရှိ သဖြင့် ထန်းယွမ်ရောက်လာချိန်တွင် ချက်ချင်းဝင်ခွင့်မပေးပေ။
သူက ရင်ဇင်းကိုကယ်ဖို့လာတာလား။ ဝံပုလွေကိုဘာလို့အခန်းထဲ ဝင်ခွင့်ပေးရမှာလဲ။
“ယူယူ နန်းတော်ခွဲသခင်ကို ယုံကြည့်လိုက်ပါလို့ မင်းရဲ့ စီနီယာအစ်ကို ပြောတယ်” ဝိညာဉ်လေးသည် ဝူလင်းယူ၏ သဘောထားကို ပြောပြလေ သည်။
ဝူလင်းယူ ကြားဖြတ်ပြောလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ သူက သူ့ကိုယုံမှတော့ သူမလည်း ယုံပေးရမှာပေါ့။
သူမသည် ဝိညာဉ်လောကကို အနည်းငယ်ဖွင့်ကာ ဝင်ခိုင်းလိုက်သည်။
ထန်းယွမ်သည် စကားပြောရန်အချိန်မဖြုန်းနိုင်ပေ။ သူသည် ရင်ဇင်းဆီ သို့ တိုက်ရိုက်ပင် သွားတော့သည်။
သူသည် စကားပြောရသည်ထက် တိုက်ရိုက်ပင် လှုပ်ရှားတတ်သူဖြစ် သည်။
ဝူလာမိုင်တစ်ယောက်တည်းဆိုလျှင် ရင်ဇင်းနှင့် စွမ်းရည် မတိမ်းမရိမ်း ဖြစ်နေသည်။ အခု နောက်ထပ် စံတင်အဆင့် ရောက်လာသည်။ သူ့ အဆင့် သည် သူ့ထက်နိမ့်သော်လည်း အခုချိန်တွင် ချိန်ခွင်လျှာကို ချိုးဖျက်နိုင်သည့် အရေးကြီးသောအချက်ဖြစ်လာသည်။
ဟန်ချက်တိမ်းသွားသည်နှင့် လှည့်ရန်လွယ်ကူသွားသည်။ ခဏအကြာ တွင် နှစ်ယောက်သား လက်ချင်းချိတ်ကာ တစ်ဖက်ကိုအနိုင်ယူလိုက်လေ သည်။
ရင်ဇင်း တိုက်ပွဲစွမ်းရည်ကို ဆုံးရှုံးလိုက်သည်နှင့် ရှီမာယူယူ၏ ဝိညာဉ် လောကသည် လုံးဝပြိုကွဲသွားလေသည်။ သူမသည် အားမရှိတော့ကာ လဲကျသွားလေသည်။
“ယူူယူ”
အားလုံးသည် သူမကို ကူညီချင်သော်လည်း အကွာအဝေးမှာ ဝေးကွာလွန်းကြသည်။ သူတို့သည် အချိန်မှီမရောက်နိုင်ကြပေ။
ရှီမာယူယူသည် မြေကြီး၏ မာကြောမှုကိုမခံစားလိုက်ရပေ။ သူမ မျက်လုံးဖွင့်ကြည့်လိုက်ရာ ထန်းယွမ်၏ ပြုံးနေသော မြေခွေးမျက်လုံးများကို တွေ့လိုက်ရလေသည်။
“မိတ်ဆွေလေးယူယူ မင်းပုံစံက အရင်ကနဲ့စာရင် ပြောင်းလဲသွားတာပဲ” ထန်းယွမ် မှတ်ချက်ပေးလေသည်။
“ငါလာပြီ” ဝူလာမိုင်သည် ပြေးလာကာ သူတို့နှစ်ယောက်ကို ပြောလိုက် သည်။
အရာအားလုံးကို သိနေသော မျက်လုံးတစ်စုံသည် ရှီမာယူယူကို သူ့ဆီ မှ မသိမသာကာကွယ်ပေးလိုက်လေသည်။
ထိုအချိန်တွင် ရင်ဇင်းကို ဆွဲဆောင်နိုင်ရန် သူမသည် သူမနှင့်ပုံစံတူ သော အသွင်အပြင်ကိုပြောင်းထားခဲ့သည်။ သို့သော် လူအများအပြားသူမကို မှတ်မိလိမ့်မည်ဟု ထင်မထားပေ။
အခုချိန်တွင် သူမ သရုပ်မှန်ပေါ်ပေါက်သွားသဖြင့် ဖုံးကွယ်ရန်မလို တော့ပေ။ သူမသည် ရှောင်ချီနှင့် အိမ်မက်လေးကို ဆင့်ခေါ်လိုက်ရာ အားလုံး ရှေ့တွင်ပေါ်လာသည်။
သူတို့ ထွက်လာသည်နှင့် သူမကို တွဲပြီး ထန်းယွမ်ကို တွန်းလိုက်ကြ လေသည်။
“ယူယူ အဆင်ပြေရဲ့လား” ရှောင်ချီ မေးလိုက်သည်။
ရှီမာယူယူသည် ရှောင်ချီအပေါ်တွင် မှီကာ “ငါ အဆင်ပြေတယ် အိမ်မက်လေး သွားတော့….”
အိမ်မက်လေးသည် ရှီမာယူယူ ဆိုလိုသည်ကို နားလည်သည်။ သူမ သည် ရင်ဇင်းဘေးသို့သွားကာ တစ်ဖက်လူ၏ စိတ်ထဲသို့ အံ့ဖွယ်အာရုံကို ထည့်လိုက်သည်။ ခဏအကြာတွင် သူမ ပြန်လာပြီး ရှီမာယူယူအား ခေါင်းညိတ်ပြလေသည်။
“သူ့ကိုသတ်လိုက်” လူတစ်ယောက်သည် အနောက်မှအော်လေသည်။
“ဟတု်တယ် အဲကောင်ကိုသတ်လိုက် အဲလိုဆိုရင် နောက်ကို မိန်းကလေးတွေကို မနှောင့်ယှက်ရဲတော့ဘူး”
ရှီမာယိဖေးသည် သူ့အဖွဲ့နှင့်အတူ ပျံလာသည်။
“ယူယူ ဘယ်လိုနေလဲ” ရှီမာချီချီနှင့် ရှီမာယိယွင်တို့သည် ရှီမာယူယူ ဘေးသို့လာကာ စိုးရိမ်တကြီးမေးလေသည်။
“အဆင်ပြေတယ် ဘာမှကြီးကြီးကျယ်ကျယ်မဖြစ်ဘူး မင်းတို့ နှစ်ယောက်ရော” ရှီမာယူယူ မေးလိုက်သည်။
သူမသည် သူတို့ကိုကယ်ရန် ထိုအရာအားလုံးကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သူတို့တွင် တစ်ခုခုဖြစ်သွားပါက သူမ အားထုတ်မှုသည် အလဟသဖြစ်သွား မည်။
“ငါ…” ရှီမာယိယွင် စတင်ပြောလေသည် “မင်းကြောင့်သာမဟုတ်ရင် ငါတော့ ဖျက်ဆီးခံလိုက်ရတော့မှာ ဒီလူကို ရှင်းပစ်ဖို့ ငါ့ကိုအပ်ထားနိုင်မလား”
ရှီမာယိယွင် အဝတ်များစုတ်ပြဲနေသည်ကို ရှီမာယူယူမမြင်မိပေ။ သို့သော် သူမ ဒေါသထွက်နေသည်ကိုကြည့်ပြီး ခန့်မှန်းနိုင်သည်။
မည်သို့ပင်ဖြစ်စေကာမူ အိမ်မက်လေးသည် သူမ လိုချင်သည့်အရာကို ရပြီးဖြစ်လေသည်။ ထို့ကြောင့် ရင်ဇင်း သေသည် ရှင်သည်မှာ သူမနှင့် မသက်ဆိုင်တော့ပေ။
“ဂရုစိုက်နော် သူ ရုတ်တရက် ပြန်တိုက်ခိုက်နိုင်တယ်”
“ငါ သိပါတယ်…”
ရှီမာယိယွင်သည် ထွက်သွားကာ ရှီမာချီချီသည် နောက်မှလိုက်သွား လေသည်။
ရှီမာယူယူသည် ခုံပေါ်တွင်ထိုင်လိုက်သည်။ သူမသည် ရှီမာယိယွမ် ပျံသွားပြီး ဓားရှညထုတ်ကာ ပြင်းထန်စွာ စိုက်ကျသွားသည်ကို ကြည့်နေခဲ့ သည်။
နောက်ဆုံးထွက်သက်သာ ကျန်တော့သော ရင်ဇင်းကို သူမသည် နှလုံးတည့်တည့်သို့ ထိုးစိုက်လိုက်လေသည်။ သူ၏ အသက်မှာ တဖြည်းဖြည်း ပျောက်သွားလေသည်။ သူ၏ ဂရုမစိုက်မှုနှင့် မထင်မှတ်မှုများကြောင့် အသက်ကို ထိုအတိုင်းပင် ဆုံးရှုံးခံလိုက်ရလေသည်။
ရှီမာယိယွမ် ရင်ဇင်းကိုသတ်လိုက်သည်ကို မိန်းကလေးများမြင် သောအခါ ထိုရက်များ၏ ကြောက်ရွံ့မှုကိုပြန်တွေးမိကြလေသည်။ သူတို့ လည်း ဓားရှည်များဖြင့် တက်သွားကြလေသည်။
ဆွေမျိုးများ မိတ်ဆွေများဆုံးရှုံးခဲ့သူများလည်း ဒေါသထွက်ကြကာ အရှေ့သို့သွားပြီး မုန်းတီးစွာဖြင့် တစ်ချက်စီထိုးကြလေသည်။
ရှီမာယူယူသည် လူအုပ်၏ အနောက်တွင် ထိုင်နေသည်။ ထိုလူများ စိတ်ကြိုက်ထိုးစိုက်ပြီးနောက်တွင် တစ်စစီဖြစ်နေသော အလောင်းကိုမြင် လိုက်ရလေသည်။
“သူ့ကို လုံးဝအစဖျောက်လိုက်” ရှီမာယူယူသည် အိမ်မက်လေးကို ပြောလိုက်သည်။
အိမ်မက်လေး ခေါင်းညိတ်လိုက်သည်။ သူမ လာကာ အနက်ရောင် မီးတောက်ကို အလောင်းဆီသို့ပစ်လိုက်သည်။ မကြာခင်တွင် အလောင်း သည် ပြာအဖြစ်ပြောင်းသွားလေသည်။
လပေါင်းများစွာ အားလုံး ကြောက်ခဲ့ရသော ရင်ဇင်းကို ရှင်းပြီးသွားလေ ပြီ။ မိန်းကလေးများသည် ကြောက်ရန်မလိုတော့ဘဲ မထွက်လာရဲစရာမရှိ တော့ပေ။
ရှီမာယူယူသည် ဆေးတစ်လုံးသောက်ပြီး သူမကိုယ်သူမ ကုသလိုက် သည်။ သူမသည် ဝူလာမိုင်၏ အဖွဲ့နှင့်အတူ ထွက်သွားလိုက်သည်။
အားလုံး ရင်ဇင်းကိုအာရုံစိုက်နေမှုကြောင့် သူမကို ကျေးဇူးမတင်ခင် တွင် သူတို့မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားလေသည်။
သူမ ထွက်သွားချိန်တွင် ထန်းယွမ်သည် သူမ ကျောပြင်ကို သတိထား မိကာ သူ၏ နှုတ်ခမ်းထောင့်သည် ရုတ်တရက် ပြုံးသွားလေသည်။
“သူမဆီက ဆက်သွယ်မှုတစ်ခုခုကို ခံစားမိနေတယ် အဲဒါက ကောင်းလား မကောင်းလားတော့မသိပေမဲ့ တကယ်ပဲ… သိချင်စိတ်ဖြစ်စေ တယ်”
ရှီမာယူယူသည် သူမ အနောက်မှ စူးစမ်းသောအကြည့်ကို ခံစားမိ သည်။ သူမ ထွက်သွားသည်ကို သူမြင်သော်လည်း မတားပေ။
သူက ပညာရှိစံအိမ်တော်ရဲ့ စံအိမ်တော်ခွဲသခင်ပဲ။ သူက စံအိမ်တော်ရဲ့ အငယ်ဆုံး စံတင်အဆင့်ကျွမ်းကျင်သူပဲ။ သူက သူမကို ဘာလို့ကူညီလိုက် တာလဲ။
သူတို့သည် တစ်ယောက်မှမရှိသော နေရာတစ်ခုကိုတွေ့လိုက်ကြ သည်။ ရှီမာယူယူသည် တံခါးအသေးထုတ်ပြီး အားလုံးကို လောကအသေး သို့ထည့်လိုက်သည်။
“အိမ်မက်လေး သူ့မှတ်ဉာဏ်ထဲ ကဘာတွေ့လိုက်လဲ” ရှီမာယူယူ သည် ဝင်ပြီးနောက် မေးလေသည်။
***