ရက်စက်သောလူ
Vol. 140 Ch. 4.1615
ထန်ရှိုးဝမ်က ရုတ်တရက် လှောင်ပြောင်ပြီး နှုတ်ခမ်းပေါ်တွင် မထီမဲ့မြင် အရိပ်အမြွက် ရယ်မောလေသည်။
"အငယ်တန်းလေး... မင်းမှာ အရည်အချင်း တချို့ ရှိပေမယ့် မင်းက မာနကြီးလွန်းတယ် မင်း ကျရှုံးတော့မယ်ဆိုတာ မသိဘူးလား"
လုရွှမ် ရယ်ပြီး "အငယ်တန်း? ငါလည်း အနှစ်တစ်ရာကျော် လေ့ကျင့်ခဲ့တာပဲ... မင်းနဲ့ ယှဉ်ရင် ငါကသာ အကြီးအကဲလို့ ခေါ်ထိုက်တယ် အသက်တစ်ရာလောက်မှာ ငါ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားဖူးသေးတယ်... အဲဒါကိုရော ထည့်တွက်မလားတော့ မသိဘူး"
ဝုန်း!
ထန်ရှိုးဝမ်ရဲ့ ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက်များ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို ရိုက်ခတ်ပစ်လိုက်ရာ စားပွဲများနှင့် ကုလားထိုင်များ ချက်ချင်းပင် အပိုင်းပိုင်းကွဲသွားသည်။
"ကောင်လေး... မင်းသေမင်းတာကို ရှာမိနေတ
ပြီ!"
သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများကို နှိုင်းယှဉ်ပြီးနောက် လုရွှမ်ခန္ဓာကိုယ်သည် အနည်းငယ် ပိန်ပါးလွှာသော်လည်း သူသည် တောင်ငယ်လေးတစ်ခုကဲ့သို့ ခိုင်မာပြီး မလှုပ်မယှက် ရပ်နေဆဲ။ လေပြင်းထဲတွင် အဝတ်များ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သော်လည်း လုရွှမ်ကို လုံးဝ မနှောင့်ယှက်နိုင်ခဲ့ပေ။
"ကောင်းပြီ မင်းမှာ သတ္တိရှိသားပဲ... ငါ မင်းကို ပို့ပေးလိုက်မယ်!"
ထန်ရှိုးဝမ်က အော်ဟစ်လိုက်ပြီး လေထဲမှာ သူ ထုတ်လွှတ်ထားတဲ့ စွမ်းအင်များကို လက်ဖဝါးအဖြစ် ပေါင်းစပ်ကာ လွှင့်ပစ်လိုက်သည်။ အလွန်ကြီးမားသော လက်ဖဝါးကြီးတစ်ခု လုရွှမ် ဦးခေါင်းပေါ်သို့ ကျသွားသည်။
အရှိန်က အရမ်းမြန်ပြီး အင်အားက ပိုလို့တောင် ပြင်းထန်သေးသည်။ လေပြင်းက ဘေးပတ်ဝန်းကျင်က လူတွေကို ဖြတ်တိုက်သွားရာ နဂါးလေး၊ ရဲ့ရှားနဲ့ တခြားသူများသည် ဤအရှိန်အဟုန်ကို လုံး၀ ခံနိုင်ရည်မရှိခဲ့ကြသဖြင့် ရှက်ရွံ့စွာ ဆုတ်ခွာသွားကြပြီး ရှေ့ကို ခြေတစ်လှမ်းတောင် မလှမ်းနိုင်ခဲ့ကြ။
လုရွှမ်ရဲ့ ပါးစပ်ထောင့်မှ သွေးခြေရာများ စီးကျလာပြီး အလွန်အမင်း နီရဲတောက်နေသည်။
ခြေထောက်များက အနည်းငယ် တုန်နေသော်လည်း မတ်တပ်ရပ်နေနိုင်ဆဲ။ ခါးက တွန့်ကနဲ အသံထွက်ကာ တောင်ကဲ့သို့ ဖြောင့်တန်းနေ၏။ မျက်လုံးများကလည်း ထန်ရှိုးဝမ်ကို တည့်တည့် ကြည့်နေဆဲဖြစ်သည်။
တကယ်တော့ ခံနိုင်ရည်ရှိရင်တောင် ခုခံဖို့ မဖြစ်နိုင်ချေ။
စုန့်ချင်ရှန်းရဲ့ မျက်နှာသည်လည်း ဒေါသတကြီး ဖြစ်လို့နေသည်။ လုရွှမ်က သူတို့ စုန့်မိသားစု၏ ဂုဏ်ထူးဆောင် ဧည့်သည်တစ်ဦး ဖြစ်သည်။ သူတို့ရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်တော် စုန့်မိသားစုမှာ သေဆုံးသွားခဲ့ရင် ဒါဟာ တကယ့်ကို မျက်နှာပျက်စရာ ဖြစ်သွားလိမ့်မည်။
"ဟေး မင်းဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ ကလေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ မသိကြတာပါ... ကောင်းကောင်း ပညာတတ်ဖို့ လိုတယ် မဟုတ်ရင် သက်ကြီးရွယ်အိုတွေကို လေးစားဖို့ ဘယ်လိုလုပ် သင်ယူနိုင်မှာလဲ"
ယွမ်ရှောက်က ပြုံးပြပြီး သူ့ကို ရပ်တန့်ခိုင်းလိုက်သည်။ မည်းနက်နေသော နှုတ်ခမ်းများအောက်က မီးလောင်နေသော အဝါရောင် သွားများကို ဖော်ထုတ်ပြလာတဲ့အခါ အလွန်မုန်းစရာ ကောင်းနေ၏။
စုန့်ချင်ရှန်းလည်း ဒေါသတကြီး သူ့လက်ကို ရုတ်လိုက်ပြီး ဝမ်းနည်းစွာ မျက်လုံးမှိတ်လိုက်သည်။ လုရွှမ် ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ သူသည် ကောင်းကင်ခန်းမ ကျွန်းရှိ ပါရမီရှင်များ၏ နောက်ကွယ်တွင် ရှိနေဆဲဖြစ်ပြီး ၎င်းတို့၏ နယ်ပယ်တွင် ကြီးမားသော ကွာဟချက်ကိုလည်း ဖော်ပြထားလေသည်။
လုရွှမ် သေချာပေါက် သေတော့မည်။
"ကောင်းပြီ... အနှစ်တစ်ရာပြီးရင် မင်းရဲ့မျိုးနွယ်စု တစ်ခုလုံးကို ငါရှင်းပစ်မယ်!"
လုရွှမ်ရဲ့ အသံသည် ကျယ်လောင်ခြင်း မရှိသော်လည်း စုန့်မိသားစုတစ်ခုလုံးကြား ပဲ့တင်ထပ်ကာ လူတိုင်းရဲ့ နားထဲအထိ ပဲ့တင်ထပ်သွားသည်။ လက်ဖဝါးက လုရွှမ်ရဲ့ နဖူးအနား ရောက်သောအခါ ရပ်တန့်သွားပြီး အနည်းငယ် တုန်လှုပ်သွားသည်။
"ကောင်လေး ဘာပြောလိုက်တယ်?"
လုရွှမ်တစ်ယောက် ထိုကဲ့သို့ အန္တရာယ်မျိုးကြားတွင် ထန်ရှိုးဝမ်ကို ပြန်ခြိမ်းခြောက်ရဲနေတာကြောင့် အားလုံးက သူ့ကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။ ထိုအခိုက် လုရွှမ် ခန္ဓာကိုယ်သည် ရုတ်တရက် သဲလွန်စတစ်ခုမျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားကာ လူတိုင်း၏အကြည့်မှ အဝေးသို့ လွင့်မျောသွားသည်။
ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။
ယွမ်ရှောက်၊ စုန့်ချင်ရှန်းနဲ့ ထန်ရှိုးဝမ်တို့ သခင်သုံးယောက်သည် ၎င်းတို့၏ ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်လိုက်သော်လည်း လုရွှမ်ရဲ့ ခြေရာလက်ရာကို ရှာမတွေ့ပေ။
ကြည်လင်သော ချောင်းဆိုးသံနှင့်အတူ လုရွှမ်က ကောင်းကင်တွင် ပေါ်လာပြီး အမတနတ်တစ်ပါးလို မြေကြီးပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။ သူ ကျောက်စိမ်းပြားထဲ ပြေးဝင်လိုက်ခြင်းပင်။ အခုတော့ ကျောက်စိမ်းပြားထဲမှာ ရွှေကျီးကန်း မရှိတော့ပေမယ့် သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ လုံးလုံးလျားလျား ရှိနေခဲ့ပါသေးသည်။
တွေးရုံနဲ့ ရှောင်ဖို့ အရမ်းလွယ်သည်။
သို့သော် လုရွှမ်လည်း ဤအရာမျိုးက နောက်ဆုံးအခိုက်အတန့် ဖြစ်မှန်း ကောင်းစွာသိသည်။ အကြိမ်များလွန်းပါက အတွင်းနတ်ဆိုးများ တဖြည်းဖြည်း ကြီးထွားလာပြီး ရှေ့ဆက်တိုက်ခိုက်လိုစိတ်များ ဆုံးရှုံးသွားလိမ့်မည် ဖြစ်သည်။
ဒါပေမယ့် ဒီအချိန်မှာ လူတိုင်းကို ထိတ်လန့်စေဖို့အတွက် သုံးလိုက်သည်။
"ကောင်လေး...မင်း ဘယ်လိုပြေးသွားတာလဲ"
ထန်ရှိုးဝမ်က အော်လိုက်သည်။ လုရွှမ်ရဲ့ မျက်လုံးများက အထင်အမြင်သေးမှု အရိပ်အယောင်ကို ဖော်ထုတ်ပြလာ၏။
"မင်း ဘာမှ မသိဘဲ ငါ့ကို အငယ်တန်းလို့ ဘယ်လိုများ ခေါ်ရဲတာလဲ..."
"မင်း!"
ထန်ရှိုးဝမ် ဒေါသအရမ်းထွက်ပြီး ပြန်တိုက်ခိုက်ဖို့ ပြင်လေ၏။ သူက မယုံဘဲ ထပ်စမ်းကြည့်ချင်သည်။ ယွမ်ရှောက်က သူ့ကို တားလိုက်ပုံပါပဲ။ ထန်ရှိုးဝမ် ရင်ဘတ်က လေးလံသွားသော်လည်း ထပ်မံတိုက်ခိုက်ရန် မကြိုးစားတော့ပေ။
ရန်ဖေး အမြန်ပြေးလာပြီး လုရွှမ်လက်ကို အံသြမှုနှင့် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ တခြားလူများစွာလည်း ဝိုင်းဖွဲ့ကာ စိတ်လှုပ်ရှား ပျော်ရွှင်နေကြသည်။
လုရွှမ်လည်း လူငါးယောက်ကို ခေါင်းညိတ်ပြပြီး ထွက်လာခဲ့သည်။
"မင်းရဲ့ ကျင့်ကြံမှု အဆင့်ကို မြင်လို့ မင်းကို အကြီးအကဲလို့ ခေါ်တာ... ဒါဆို မင်းလည်း အကြီးအကဲလို ပြုမူရင် ပိုကောင်းမယ် မဟုတ်ရင် မင်းရဲ့သင်္ချိုင်းမှာ မြက်တွေ ပေါက်လာတဲ့အခါ မင်းအတွက် နံ့သာပေါင်း မီးရှို့မယ့်သူ မရှိတော့ဘဲ နေမယ်"
လုရွှမ် စကားဆုံးသောအခါ ထန်ရှိုးဝမ်ဒေါသကို ဂရုမစိုက်ဘဲ ကောင်းကင်သို့ ပျံသန်းကာ သူ့ပတ်ဝန်းကျင်ရှိ လူများကို ကြည့်လိုက်သည်။
"ကမ္ဘာ့ကူးတို့လှေနဲ့ပတ်သက်တဲ့ သတင်းကို အားလုံးသိကြပြီး ဘယ်လောက် စိတ်လှုပ်ရှားနေကြလဲ ဆိုတာကို သိမယ်ထင်တယ်... ငါလည်း မင်းတို့လိုပဲ မသေချာပေမယ့် ကောင်းကင်ခန်းမကျွန်းကို ဖြတ်လာတယ် ဆိုကတည်းက အဲဒါက တစ်ခုခုကို ဆိုလိုတာပဲ"
"ကျွန်းနာမည်က လှပပြီး ဝိညာဉ်စွမ်းအင်တွေ ပြည့်နှက်နေတယ်... မြေကမ္ဘာ တစ်ခုလုံးနဲ့ ကောင်းကင်ဘုံကိုတောင် မနာလိုဖြစ်နေရတဲ့ နာမ်ပိုင်းဆိုင်ရာ စွမ်းအင်တွေ ပြည့်နှက်နေတယ်... ဒါပေမယ့် ငါဒီကို အခုမှရောက်လာပေမယ့် မင်းတို့ရဲ့ဒုက္ခကိုလည်း သိတယ်"
"ငါတို့က နှစ်ရာချီ ဒါမှမဟုတ် ထောင်နဲ့ချီပြီး လေ့ကျင့်နိုင်ပေမယ့် ကောင်းကင်ခန်းမကျွန်းမှာ မင်းတို့က အနှစ်တစ်ရာပဲရှိတယ်... အချိန်က အဆက်မပြတ် တိုတောင်းနေတယ် မင်းတို့ရဲ့ ကံကြမ္မာကို ဘယ်သူက မပြောင်းလဲချင်တာရှိလဲ"
"ပြောင်းလဲချင်ရင် အလုပ်ကြိုးစားရမယ်... အပြင်ထွက်ပြီး ကမ္ဘာ့ကူးတို့လှေကို စီးရင်းလား... ဘာကိုအားကိုးနေတာလဲ ငါတို့လည်း လမ်းတစ်လျှောက်မှာ လူတချို့ သေခဲ့ရတယ် အရည်အချင်း မပြည့်မီဘူး၊ ခွန်အားမရှိဘူး၊ သူတို့ရဲ့ဆန္ဒက မပြင်းထန်ဘူး... သူတို့ကိုယ်သူတို့ ရက်ရက်စက်စက် သေခိုင်းပစ်တယ်"
"ဒီမှာ မင်းတို့က အာဏာရှိပြီး သြဇာညောင်းပေမယ့် ကမ္ဘာ့ကူးတို့လှေ ရှေ့မှာ မင်းတို့ အရုပ်ဆိုးတစ်ပိုင်းမှလွဲလို့ ဘာမှမဟုတ်သွားဘူး... တစ်ချို့လူတွေက မင်းတို့ကို ဂရုစိုက်ပေမယ့် လှေပေါ်မှာတော့ မင်းတို့ကို ဘယ်သူမှ ဂရုမစိုက်ဘူး... ငါတို့က မင်းတို့ယုံကြည်မှုနဲ့ ထိုက်တန်ရဲ့လား... ယုံကြည်ဖို့ အရည်အချင်း ပြည့်မီလား"
လုရွှမ် လူတိုင်းကို ပူလောင်သောအကြည့်ဖြင့် စိုက်ကြည့်နေပြီး သူ့အသံမှာ မိုးခြိမ်းသံကဲ့သို့ ကြည်လင်နေသည်။
"မင်းတို့ ကူးတို့သင်္ဘောပေါ်တက်ချင်ရင် မင်းရဲ့အရည်အချင်းကို ငါတို့ကိုပြ... မင်း အရည်အချင်းရှိသရွေ့ တက်နိုင်တယ် မဟုတ်ရင် လှေပေါ်တက်လာရင်တောင် ငါ လုရွှမ်က မင်းကို မောင်းထုတ်ပစ်ရလိမ့်မယ်!"
အောက်တွင် တိတ်ဆိတ်နေခဲ့သော လူအုပ်ကြီးသည် ရုတ်တရက် ပြင်းထန်သော တိုက်ခိုက်ရေး စိတ်ဓာတ်ဖြင့် နိုးကြားလာပုံရပြီး အလွန်စိတ်လှုပ်ရှားလာသည်။
အပြင်မထွက်ချင်တဲ့သူတွေ၊ လှေပေါ်တက်၊ ပြင်ပကမ္ဘာကို ကြည့်ပြီး ကောင်းကင်ခန်းမကျွန်း တစ်ခုလုံးကို ကယ်တင်ချင်သူတွေ ရှိပါသေးသည်။ ပိုအရေးကြီးတာက သူတို့ကိုယ်သူတို့ ကယ်တင်ပြီး အသက်ပြန်ရှင်လာနိုင်တဲ့ သူရဲကောင်းတစ်ယောက်အဖြစ် အမှတ်ရနေချင်၏။
"အကြီးအကဲစုန့်...ကျွန်တော်က အာဏာကို ကျော်လွန်နေပါပြီ... ခင်ဗျားရဲ့ စုန့်မိသားစု စံအိမ်ကို ခဏ သုံးလို့ရမလား"
စုန့်ချင်ရှန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး။
"ဒါပေါ့... မင်းဒီမှာ ရွေးချယ်လိုက်တဲ့ သူရဲကောင်းက အနာဂတ်မှာ ကောင်းကင်ခန်းမကျွန်း တစ်ခုလုံးကို စောင့်ရှောက်ပေးမယ့်သူပဲ ငါတို့ရဲ့ စုန့်မိသားစုက ဂုဏ်ယူပါတယ်"
"ကောင်းပြီ... ငါအချိန်မဖြုန်းတော့ဘူး ငါတို့မှာ တစ်ရက်ပဲ အချိန်ရှိတယ်... ကိုယ့်ကိုကိုယ် အရည်အချင်း ရှိတယ်လို့ ထင်တဲ့သူက ရှေ့ကိုတိုးလိုက်ပါ... သက်ကြီးရွယ်အိုတွေ ဖယ်... နတ်ခြေလှမ်းနယ်ပယ် ရောက်သွားတဲ့သူတွေလည်း ဖယ်နေကြပါ!"
ဤစကားကို ကြားပြီးနောက် တော်တော်များများက များစွာ စိတ်ပျက်ခဲ့ကြသော်လည်း မိမိတို့မိသားစု၏ ထက်မြက်သော မျိုးဆက်သစ်ငယ်များကို ခေါ်ရန် တစ်ယောက်ပြီးတစ်ယောက် ကမန်းကတန်း ထွက်ခွာသွားခဲ့ကြသည်။
"အစ်ကိုကြီးလု... အကြံဉာဏ် တောင်းခံချင်ပါတယ်... ကိုစိန်ခေါ်ချင်ရင် စုန့်ယန် ငါနဲ့တိုက်နိုင်တယ် ဒါက စုန့်မိသားစုနဲ့ တခြားဘာမှမဆိုင်ဘူး စစ်မှန်တဲ့ တိုက်ပွဲတစ်ခုပဲ... အောင်နိုင်သူက ဘုရင်ဖြစ်လာမယ် ကူးတို့သင်္ဘောပေါ်တက်ပြီး ကမ္ဘာအနှံ့ ခရီးထွက်နိုင်လိမ့်မယ်"