← Chapters

ဆရာ​ကြီး နှစ်ယောက်

Vol. 140 Ch. 4.1618

ဆရာ​ကြီး နှစ်ယောက်

Vol. 140 Ch. 4.1618

ဖူကျွမ်ချင်းမှာ လုံးဝ စိတ်လှုပ်ရှားနေခဲ့သည်။ လုရွှမ် ဘယ်သူလဲဆိုတာ အားလုံးကောင်းကောင်း သိကြသည်။ အရင်ကတော့ ထန်မိသားစုရဲ့ ဘိုးဘေးတွေကို မပြောနဲ့ သူတို့လို သာမန်လူတွေတောင် အရမ်းသိချင်​နေခဲ့ကြ၏။ လူသားတစ်ဦးသည် နဂါးများ၊ ကောင်းကင်လူသားများ၊ ရဲ့ရှားကို ခေါင်းဆောင်နိုက်တာ သူ့မှာ ဘယ်လိုအရည်အချင်းတွေ ရှိနေလို့လဲ စသဖြင့်။

ကောင်းကင်ခန်းမကျွန်းမှာလည်း လူသားတွေ ရှိပါသည်။ ထိုသို့သော ပတ်ဝန်းကျင်ကောင်းတွင်ပင် လူသားများသည် တခြားမျိုးနွယ်များထက် အရည်အချင်း နည်းနေသေးသည်။

သို့သော် ယခင်က ထန်ရှိုးဝမ်နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းသည် လုရွှမ်ရဲ့ ခွန်အားကို မြင်တွေ့စေခဲ့ပြီး ပို၍ပင် ချီးကျူးစေခဲ့တာက သူ့ရဲ့ရဲစွမ်းသတ္တိပင် ဖြစ်သည်။

ထိုသူရဲကောင်းဆန်ပြီး အထိန်းအကွပ်မဲ့သော စိတ်ထား၊ ကြီးစိုးသော သဘောထားသည် ရုတ်တရက် သေရေးရှင်ရေးကို ဂရုမစိုက်ပေ။ နောက်ပိုင်းတွင် သူပြသခဲ့သည့် မှော်အစွမ်းများက လူတိုင်းကို စွဲလန်းသွားစေခဲ့သည်။ ထိုသို့သောလူကို လိုက်လျှောက်ခြင်းဖြင့် နောက်ခရီးကို ဘေးကင်းစွာ ပြီးမြောက်နိုင်ပေလိမ့်မည်။

တိုက်ပွဲတစ်ခုကနေ နတ်ဘုရား ဖြစ်မယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။

အဲဒီလိုကိစ္စ ရှိမယ်ဆိုရင် အဲဒီလူက လုရွှမ်ပါပဲ။

ဖူကျွမ်ချင်းသည် လုရွှမ် ရှိရာသို့ ဦးညွှတ်ပြီး စုန့်ယန်ရဲ့ဆေးကို ပျော်ရွှင်စွာ မျိုချလိုက်ကာ လျှင်မြန်စွာ ခွန်အားပြန်လည် ဖြည့်လိုက်သည်။ ရွှေရောင်အလင်းတန်းများ တောက်ပစွာ လင်းလက်နေသော ပုံသဏ္ဌာန်တစ်ခုနှင့်အတူ အပြင်ဘက်မှ ပြေးဝင်လာပြီး လူတိုင်းရဲ့ မြင်ကွင်းထဲသို့ ရောက်လာသည်။

"အငယ်တန်း ထန်ဝူ ဘိုးဘေးကို နှုတ်ဆက်ပါတယ်... အကြီးအကဲစုန့်နဲ့ အကြီးအကဲ ယွမ်ရှောက်၊ ဒီက ကျင့်ကြံသူ ခြောက်ယောက်ကိုလည်း နှုတ်ဆက်ပါတယ်"

ရွှေရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက် ထွက်လာသည်။ ဓားရှည်ကိုင်ထားတဲ့ ကျင့်ကြံသူအများစုနဲ့ မတူဘဲ သူက ကျောပေါ်မှာ လှံတစ်ချောင်းကို ထမ်းထားသည်။ လှံသည် ငွေဖြူရောင်နှင့် တောက်ပြောင်​နေပြီး အေးစက်သော အအေးဓာတ်များ ကြီးစိုးနေသည်။

လှံထိပ်ဖျားသည် မြေနှင့်ထိလုနီးပါး ဖြစ်​နေသော်လည်း လက်တွေ့တွင်မူ ထိုသို့မဟုတ်ပေ။ သို့သော် သူ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် အပျက်အစီးများ ကျန်ရစ်ခဲ့သည်။ ငွေလှံမှ သဘာဝအတိုင်း ​ပြေးထွက်လာသော လှံစွမ်းအားဖြင့် ဖြတ်တောက်ခံရခြင်းသာ။

ကျိုးသွားသော အမှတ်အသားသည် မြေပြင်၌ တစ်စင်တီမီတာမျှသာ ရှိသော်လည်း စုန့်ယန်၊ ဖူကျွမ်ချင်းတို့ အကြားင ယခင်တိုက်ပွဲ၌ မြေပြင်ပေါ်တွင် ခြေရာလက်ရာ မကျန်ရစ်ခဲ့ပေ။

ဤနတ်လက်နက် လှံသည် ထူးထူးခြားခြား ဖြစ်ပြီး ထန်ဝူ ကိုယ်တိုင်ကလည်း ထူးထူးခြားခြား အစွမ်းသတ္တိရှိတာကို တွေ့မြင်နိုင်သည်။

"ထန်ဝူ မင်း တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီလား...ဟား ဟား မင်းက အချိန်မီရောက်လာတာပဲ"

ထန်ရှိုးဝမ်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ ထန်ဝူ နာမည်ကို အနီးနားရှိ လူများကြားသောအခါ ရုတ်တရတ် တုန်လှုပ်သွားကာ အလွန်စိတ်လှုပ်ရှားသွားကြသည်။

စုန့်ယန်လည်း လုရွှမ်နဲ့ အခြားသူများထံ ပြန်သွားပြီး အမြန် ရှင်းပြလိုက်သည်။ ကောင်းကင်ခန်းမကျွန်း တစ်ခုလုံးရှိ လူငယ်များကို အဆင့်သတ်မှတ်ထားတာလည်း ရှိပြီး အကြောင်းအရာကို သိချင်သူများနှင့် ထိပ်တန်း သခင်ဆယ်ဦးစာရင်းကို ပြုစုထားသူများ ရှိပါသည်။

စုန့်ယန်ဟာ ထိုစာရင်းတွင် ပါဝင်ရလောက်အောင် ကံကောင်းသော်လည်း အဆင့် တစ်ဆယ်သာ ရှိသည်။

သို့သော်လည်း ထန်ဝူက တတိယအဆင့်ဖြစ်သည်။ ဒီစာရင်းက လွန်ခဲ့တဲ့ ငါးနှစ်ကပါ။ လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း ထန်ဝူဟာ တံခါးပိတ်ကျင့်ကြံသွားကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ ဒီအချိန်မှာ သူထွက်လာလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့။

သူ့ခွန်အားသည် မျှော်စင်နယ်ပယ် အဆင့်၈ အထိ တိုးတက်လာခဲ့ပြီး ၎င်းမှာ လွန်ခဲ့သောငါးနှစ်ကနှင့် နှိုင်းယှဉ်ပါက အနည်းငယ်သာ တိုးတက်လာခဲ့သည်။ သို့သော် စုန့်ယန် ထန်ဝူကို တစ်ကြိမ် စိန်ခေါ်ဖူးသော်လည်း ရှုံးနိမ့်ခဲ့သည်။

"အို ဒါဆို အဲဒီဆယ်ယောက်က ဘယ်သူတွေလဲ"

လုရွှမ် မပြောဘဲတောင် ကျန်တဲ့သူများ အားလုံးကလည်း သိချင်လာကြသည်။

"နဂါးပုန်းစာရင်းကို တစ်နှစ်မှာ တစ်ကြိမ် ထုတ်ပြန်တယ်... နောက်ဆုံး ဆယ်ယောက်မှာ ကျွန်တော့်အစ်မ စုန့်ယင်၊ ညမိုးနန်းဆောင်က ဖြောင်းယင် ထန်မိသားစုက ထန်ဝူ...သူတို့က ထိပ်တန်း သုံးယောက်... အဲဒီနောက်ကတော့ အဓိက အင်အားစု သုံးခု မဟုတ်တဲ့ တခြားသေးငယ်တဲ့ အဖွဲ့ထဲက ထူးချွန်သူတွေပါ..."

"ကျွန်တော်တို့ အဓိက မိသားစုသုံးစုက တပည့်ခြောက်ယောက်ရှိတယ် တခြားအင်အားကတော့ လေးဦးပဲ ရှိပါတယ်... ဒါပေမဲ့ လွန်ခဲ့တဲ့ငါးနှစ်အတွင်း ကျွန်တော်တို့ရဲ့ ခြေရာခံမှုအရ အများစုက နတ်ခြေလှမ်းနယ်ပယ်ထဲကို ဝင်ရောက်သွားကြပြီ....မဝင်ရသေးတဲ့ သူတွေကတော့ သာမန်အင်အားထဲက ထန်ဝူနဲ့ ဝမ်မုန့်ပဲ!"

လုရွှမ်သည် ၎င်းတို့၏ ကူးတို့ပေါ်တွင် ထိုင်ခုံသုံးနေရာ ကျန်နေသေးကြောင်း ပြန်စဥ်းစားမိသည်။ စုန့်ယန် အရမ်းစိတ်ပျက်သွားတာ မဆန်းပါဘူး။ သာမန်အဆင့်အရဆို စုန့်ယန်၊ ထန်ဝူနဲ့ ဝမ်မုန့်တို့က ထိုင်ခုံနေရာ ရနိုင်ချေများသည်။ သူ့မိသားစုမှာ ကြိုးဆွဲချ ရှုံးနိမ့်ရလိမ့်မယ်လို့ သူ မမျှော်လင့်ထားလောက်ချေ။

"သခင်လေးလုရွှမ်... ဟိုမှာ သန်မာတဲ့လူကိုကြည့်... အဲဒါဝမ်မုန့်ပဲ.. သခင်လေး လှေပေါ်က ဆင်းလာတော့ သူ့ညီ ဝမ်ပြောင်ကို အနိုင်ကျင့်လိုက်တယ်လို့ ကြားလိုက်တယ်"

"ညီ? ညီက နတ်ခြေလှမ်းနယ်ပယ် ရောက်နေပြီ သူက မျှော်စင်နယ်ပယ်မှာပဲ ရှိနေ​သေးတယ်"

လုရွှမ် လှည့်ကြည့်လိုက်တော့ ဝမ်မုန့်လို့ ခေါ်တဲ့လူကလည်း လှမ်းကြည့်နေတာကို တွေ့လိုက်ရတယ်။ မျက်ခုံးမွှေးများကြားမှ ဒေါင်လိုက်မျက်လုံးက အငွေ့အသက် တစ်ခုဖြင့် လွှမ်းခြုံထားသည်။ သူ့ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် အုပ်ကာ ဒေါသမထွက်ဘဲ ကြည့်နေသည်။

ထန်ဝူ ခဏလောက်အထိ စိန်ခေါ်​နေပေမယ့် ဘယ်သူမှ ထွက်မလာပေ။ အရင်က စစ်တိုက်ဖို့ အဆင်သင့်ဖြစ်နေကြတဲ့ လူတွေကတောင် အခု ထန်ဝူကို ဒုက္ခမပေးချင်ဘဲ ငြင်းဆန်ဖို့ လက်ထောင်ပြလာသည်။

"ဟာဟား ဒါဆို ငါ ထန်ဝူ နေရာယူလိုက်မယ်"

ထန်ဝူက ပြုံးပြီး ထန်ရှိုးဝမ်ထံ ပြန်ပြေးသွားသည်။

"မင်္ဂလာပါ ဒုတိယဦးလေး"

ထန်ရှိုးဝမ်ရဲ့ မျက်နှာကလည်း ပွင့်လာသည်။

"ကောင်းတယ် အရမ်းကောင်းတယ် အရမ်းကောင်းတယ် ဟားဟားဟား"

သူက စကားပြောနေစဉ် ဒေါသအပြည့်ဖြင့် စုန့်ချင်ရှန်းနဲ့ ယွမ်ရှောက်တို့ နှစ်ယောက်ကို တစ်ချက် ကြည့်လိုက်​သေးသည်။

စုန့်ယန်က ရှုံးသွားပြီ။ ညမိုးနန်းဆောင်မှာက မျှော်စင်နယ်ပယ်ကို ကူးပြောင်းနေသော အခြေအနေတစ်ခုသာ ရှိသည်။ ယခုတစ်ကြိမ်တွင် ထန်မိသားစုက ကြီးမားသော အသာစီးကို ရသွားခဲ့သည်။

စုန့်ချင်ရှန်းသည် ထန်ရှိုးဝမ် မျက်နှာပေါ်က ညစ်ညမ်းသောအကြည့်ကို မမြင်သလို ပေါ့ပေါ့တန်တန်သာ ဟစ်အော်လိုက်သည်။ သို့သော် ယွမ်ရှောက်ကတော့ ရယ်မောပြီး မုတ်ဆိတ်မွေးများကို ပွတ်သပ်နေကာ နားမလည်နိုင်စွာ ကြည့်နေကာ သူ့တွင် မည်သည့်အရန်အစီအစဉ် ရှိနေသလဲ မသိနိုင်ပေ။

"ဒါဆိုရင် ငါ ဝမ်မုန့်လည်း ရာထူးတက်ရမလား?"

ဝမ်မုန့်က မာန်မာနကြီးစွာဖြင့် ဆိုရင်း သူ့လက်ထဲတွင် ပုဆိန်ကြီးကို ဇောက်ထိုး ကိုင်ဆွဲလာကာ ခြေလှမ်းကျဲ​ကြီးများဖြင့် ထွက်လာခဲ့သည်။

သူသည် အလွန်အရပ်ရှည်၏။ သာမန်လူထက် ခန္ဓာကိုယ်တစ်ဝက်ခန့်ပင် အရပ်ရှည်သည်။ ပုခုံး ကျယ်ပြီး အဆီကျကာ သူ့ပုံသဏ္ဌာန်သည် ယခင်ကထက် ထက်ဝက်ကျော်တောင် ကျယ်လာသည်။ လမ်းလျှောက်လာတဲ့အခါ လေသံက သဘာဝအတိုင်း တောင်ငယ်လေးတစ်ခု ရွေ့လျားလာနေသလိုပါပဲ။

သူ့လက်ထဲက ပုဆိန်က ပိုလို့တောင် အစွမ်းထက်သေး၏။ ၎င်းက သူ့အရပ်ထက် အများကြီး ပိုရှည်နေကာ ပုဆိန်ထိပ်ဖူးသည် အရွယ်အစား ငါးပေနီးပါးရှိလေပြီး အပြင်ဘက်ကို အကွေးတစ်ခုအသွင် ပုံဖော်ထားသည်။

၎င်းလက်နက်သည် ငွေရောင် တောက်ပနေသော်လည်း သွေး၏အရိပ်အမြွက် ရှိပြီး လူ့သွေးများစွာကို သောက်သုံးခဲ့ကြောင်း ထင်ရှား​ပေသည်။

သူ ထွက်လာသည်နှင့် တပြိုင်နက် သူ့ပတ်ဝန်းကျင်မှ လူများ တစ်ယောက်ပြီး တစ်ယောက် ဆုတ်သွားကြသည်။ ဝမ်မုန့်ရဲ့ ဂုဏ်သတင်းကလည်း လူသိများ၏။ သူ၏ ခွန်အားသည် ထန်ဝူထက် နိမ့်သော်လည်း ပြင်းထန်သော စစ်သည်တော်အဖြစ် သူ၏ ဂုဏ်သတင်းမှာ ထန်ဝူပြီးလျှင် ဒုတိယဖြစ်သည်။

အထူးသဖြင့် သူ၏ သွေးသောက်နဂါးပုဆိန်ပင်။ သူတိုက်ပွဲဝင်တိုင်း သွေးများများသောက်ရမယ်၊ မဟုတ်ရင် ပေါက်ကွဲထွက်လာတဲ့ လူသတ် အငွေ့အသက်တွေက တခြားသူတွေရဲ့စိတ်ကိုပါ ထိခိုက်စေနိုင်၏။

ရန်ပွဲတိုင်းတွင် ဝမ်မုန့် အခြားသူများကို အမြဲသတ်ရသည့် အကြောင်းရင်းမှာ ပုဆိန်၏ တုံ့ပြန်မှုမှ သူ့ကိုယ်သူ မနာကျင်စေရန် တားဆီးရခြင်း ဖြစ်သည်ဟု ကောလဟာလများ​တောင် ရှိခဲ့သေးသည်။

ထန်ဝူအ​စောက အရှေ့မှာ မတ်တပ်ရပ်လိုက်တဲ့အခါတုန်းကဆို လူတွေက ဝမ်မုန့် ပေါ်လွင်လာဖို့ကို မျှော်လင့်နေကြသည်။

"ဘယ်သူ ငါနဲ့ ရန်တိုက်ရဲလဲ..."

ဝမ်မုန့်က အော်လိုက်ပြီး သူ့ပုဆိန်ကြီးကို မြှောက်​ပြလိုက်သည်။ သူက လှည့်ပတ်ကာ တပ်မှူးတစ်ယောက်လို မျက်လုံးကြီးကြီးနဲ့ လူတိုင်းကို စိုက်ကြည့်နေ၏။

ဤဘက်တွင်တော့ ရန်ဖေးက မျက်မှောင်ကြုတ်လိုက်သည်။

"အစ်ကိုကြီး... ဒီလိုသာဖြစ်သွားရင် ဒီလူနှစ်ယောက်ကို ဘယ်သူကမှ တွန်းလှန်နိုင်မှာ မဟုတ်ဘူး... ညီမ ကျွမ်ချင်း တော်တော်ဒုက္ခရောက်သွားလိမ့်မယ်"

လုရွှမ် ခေါင်းညိတ်လိုက်သည်။ ပြဿနာကို သူလည်း သဘာဝကျကျ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။

ကူးတို့ပေါ်တွင် ထိုင်ခုံအလွတ် သုံးလုံးရှိသော်လည်း ၎င်းတို့သုံးဦးအတွက် သီးသန့်ထားခြင်း မရှိပေ။ တိုက်ပွဲဝင်နည်းကိုသာ သိသော မဆင်မခြင်သူများထက် အချင်းချင်း ပေါင်းစည်းပြီး ကူညီနိုင်သည့် ပါရမီရှင်များနှင့် အရည်အချင်း ရှိများသူများသာ လိုအပ်ပါသည်။

ရဲစွမ်းသတ္တိနဲ့ ပတ်သက်လာရင် ရဲ့ရှားက ဒီကောင်ထက် အများကြီး ပိုသန်မာ၏။

ဒါပေါ့။ ဘယ်သူမှ မတ်တပ်မရပ်ချေ။

ဝမ်မုန့် ကျယ်လောင်စွာ ရယ်မောပြီး ဆင်းသွားတော့မယ့် အချိန်၌ အသံတစ်သံက သူ့ကို တားဆီးလိုက်သည်။

"နေပါဦး!!"

All Chapters