ဒိကျဲ့၏ တည်နေရာ
Vol. 84 Ch. 1166
မှတ်ဉာဏ်ထဲကဟာကို ပြန်ကြည့်နိုင်တာလား။ ရှီမာရှင်းရှုံနှင့် တခြား သူများသည် သူမ မြင်ခဲ့သည့်အရာကို သိချင်သဖြင့် အိမ်မက်လေးကိုကြည့် လိုက်ကြသည်။
“ယူယူ အရင်ထိုင်လိုက်ဦး ပြီးမှပြောပြမယ်” အိမ်မက်လေးသည် ရှီမာယူယူကို ခုံတွင်ထိုင်ရန်ကူညီပေးပြီး ပြောလိုက်သည် “အဲဒီရင်ဇင်းက အရင်ကဒီလိုမဟုတ်ဘူး သူက ယင်ကို သိမ်းပြီး ယန်ကိုအားဖြည့်တဲ့ပညာရပ် ရခဲ့တယ် သူက အကုန်လုံးကို တိုက်ကွက်တစ်ချက်တည်းနဲ့ သတ်နိုင်တယ် လို့ ငါတို့မှန်းခဲ့ကြတယ်လေ ပြီးတော့ ဒီနှစ်မှာ သူက ပညာကိုကျွမ်းကျင်လာ ပြီး မိန်းကလေးတွေကို ရှာလာတော့တယ်”
“တကယ့်ကို နတ်ဆိုးပညာပဲ”
“အင်း အဲလူက အရင်ကတည်းက လူကောင်းမဟုတ်ဘူး သူက လက်ရှိအဆင့်မှာ ရပ်နေတာ အတော်ကြာပြီ သေကလည်းသေတော့မယ် အဲ ပညာကိုရတာနဲ့ သူ့အသက်ဆက်နိုင်မယ်လေ” အိမ်မက်လေး ဆက်ပြောပြန် သည် “အိမ်မက်လေးတို့သာ သူ့ကိုမသတ်ရင် သူက အဆင့်တက်ဖို့ နောက်ထပ် မိန်းကလေးကိုးထောင်ကိုစုဦးမယ်”
“သူ မသေဘူးဆိုရင် မိန်းကလေးကိုးထောင်ကိုသတ်ဦးမှာပေါ့” ရှီမာချီချီ အော်လိုက်သည်။
သူတို့သည် ထိုကိုးထောင်ထဲမှ တစ်ယောက်ဖြစ်လုနီးပါးဖြစ်ခဲ့သည်ကို စဉ်းစားမိလျှင် သူတို့နှစ်ယောက်လုံး ကြောက်လန့်ကာ ကျေးဇူးတင်မိကြ သည်။
“သိပြီ” ရှီမာယူယူ ပြောလိုက်သည် “ကောင်းပြီ မင်းတို့ အခု ရှီမာမိသားစုကို သွားရှာမလား မဟုတ်ရင် ဒီမှာပဲနေမလား”
“အဲလူတွေကို မရှာချင်ပါဘူး” ရှီမာချီချီသည် ရှီမာဖေးအာနှင့် ထိုလူများ သူတို့ကိုရှာရန်လက်လျော့ခဲ့သည်ကို သိပြီးဖြစ်လေသည်။
သူမပြောသည်မှာ အကျိုးအကြောင်းသင့်သော်လည်း ထိုကိစ္စများသည် သူတို့ကြောင့်ဖြစ်လာခြင်းပင်။ သို့သော် နောက်တွင် သူတို့ကိုစွန့်ပစ်ရာ သူတို့ နှင့် သွားမပူးပေါင်းချင်တော့ပေ။
ရှီမာယူယူသည် တုံ့ဆိုင်းမနေပေ။ သို့သော် ရှီမာဖေးအာသည် လူကောင်းမဟုတ်ပေ။
“ဒါဆိုရင် မင်းတို့နားဖို့ နေရာသွားရှာလိုက်တော့ ငါ အရင်ပြန်ကုသ လိုက်ဦးမယ်” ရှီမာယူယူ ပြောလိုက်သည် “ရေကန်ကလွဲပြီးရင် ဘယ်နေရာ မဆိုသွားလို့ရတယ်”
“ဟုတ်ပြီး ဟိုဘက်လည်းသွားလည်ရအောင်”
ရှီမာရှင်းရှုံတို့ လေးယောက်အဖွဲ့သည် ထွက်သွားကြလေသည်။ ရှီမာယူယူသည် အိမ်မက်လေးကိုကြည့်ပြီးမေးလိုက်သည် “သူ့မှတ်ဉာဏ်ထဲ မှာ ဘာတွေတွေ့သေးလဲ။”
အိမ်မက်လေး ထိုလူ၏ မှတ်ဉာဏ်အကြောင်းပြောရာတွင် မည်သူမှ သတိမထားမိသော်လည်း သူမ တန့်သွားသည်ကို ရှီမာယူယူ ခံစားမိသည်။ သူမ ပြောမရသည့် အရာတစ်ခုခုရှိနေနိုင်သည်။
“ယူယူ သူ့မှတ်ဉာဏ်ထဲမှာ ဒိကျဲ့နဲ့ တခြားသတွေက နေရာတစ်ခုကို ဝင်သွားပြီး ပျောက်သွားတာကိုတွေ့လိုက်တယ်” အိမ်မက်လေး ပြောလိုက် သည်။
ရှီမာယူယူ လန့်သွားကာ မေးလိုက်သည် “သူ သေချာလား”
အိမ်မက်လေး ခေါင်းညိတ်ကာ ပြောလိုက်သည် “အဲဒီရင်ဇင်းက အဲနေရာနဲ့ ရင်းနှီးတယ် ပြီးတော့ အဲဒီမှာလေဟာပြင် အတက်အကျပြင်းတာ ကို ခံစားမိတယ် ဒါနဲ့ ရှီမာမိသားစုကလူတွေလည်း အဲနေရာကိုဝင်သွားတာကို တွေ့လိုက်တယ်”
“ဦးလေးလျူဖန်နဲ့ တခြားသူတွေလား”
“ဟုတ်တယ် တစ်ခါက ရင်ဇင်း လမ်းဖြတ်သွားရင်း မိန်းကလေး နှစ်ယောက် ဖမ်းမိတယ် သူက အထဲကိုကြည့်လိုက်တော့ သူတို့ကိုတွေ့တယ် သူတို့တင်မဟုတ်ဘူး ဒီပြီးခဲ့တဲ့ လတွေမှာ လူတော်တော်များများ ဝင်ခဲ့ကြ တယ် သူတို့အားကလည်းမနိမ့်ကြဘူး ဒါပေမဲ့ တစ်ယောက်မှ ထွက်မလာဘူး သူက မိန်းကလေးတွေကို ရှာနေတဲ့အတွက်ကြောင့်သာမဟုတ်ရင် သူလည်း ဝင်သွားမှာပဲ” အိမ်မက်လေး ပြောလိုက်သည်။
“ဒါဆိုရင် အဲမှာဘာရှိလဲဆိုတာ သူသိလား” ရှီမာယူယူ မေးလိုက်သည်။
အိမ်မက်လေးသည် ခေါင်းရမ်းပြီး ပြောလိုက်သည် “သူ မသိဘူး”
ရှီမာယူယူသည် ခုံပေါ်တွင်မှီကာ လက်ပိုက်ထားပြီး အတွေးထဲနစ်မြော နေသည်။
“ယူယူ ရှောင်ချီတို့ ဘယ်သွားကြမလဲ” ရှောင်ချီ မေးလိုက်သည်။
“အဲလောက်လူအများကြီး အဲနေရာကိုသွားတယ်ဆိုတော့ အဲမှာ တစ်ခုခုတော့ရှိမှာပဲ ဒါပေမဲ့ သူတို့က မျိုးဆက်ငယ်တွေအကုန်လုံးကိုထား သွားတာ အဲဒါက အန္တရာယ်များတယ်လို့ဆိုလိုတာပဲ” ရှီမာယူယူ ပြောလိုက် သည်။ “ဒါပေမဲ့ ဒိကျဲ့နဲ့ တခြားသူတွေ အဲမှာဘယ်လောက်ကြာအောင်နေနေ လဲမသိဘူး သူတို့ ထာဝရရှင်သန်သူနယ်မြေပိတ်တဲ့အထိ နေမယ်ဆိုရင် တော့ ဒုက္ခရောက်မှာပဲ”
“ဒါဆိုရင် ဝင်သွားကြတာပေါ့ ရှောင်ချီက ကာကွယ်ပေးနိုင်ပါတယ်” ရှောင်ချီ ပြောလိုက်သည်။
သည်တစ်ကြိမ်တွင် ဝူလာမိုင်လျှောက်လာပြီး ပြောလေသည် “ထာဝရ ရှင်သန်သူနယ်မြေမှာ ဖုံးကွယ်ထားတဲ့နေရာတစ်ခုရှိတယ်လို့ ငါ့ဘိုးဘွားတွေ ပြောတာကြားဖူးတယ် အဲဒီမှာ အခွင့်အလမ်းအကြီးကြီးရှိပြီး အန္တရာယ်လည်း များတယ် တော်ရုံသွားရှုပ်လို့ရတာမဟုတ်ဘူး”
“အခွင့်အရေးများရင် ဟုတ်ပါပြီ အန္တရာယ်များရင်တော့ ပိုအားကောင်း တဲ့သူလိုလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည် “အဲဒါကြောင့် ဦးလေးလွီဖန် က မျိုးဆက်ငယ်တွေကို ထားသွားတာကိုး အခွင့်အလမ်းရော အန္တရာယ်ရော ရှိနေတော့ သူတို့အားကလည်း နိမ့်နေရင် အကုန်လုံးကိုဆွဲချသလိုဖြစ်မှာပဲ”
“ဟုတ်တယ် အခွင့်အလမ်းက လူတွေကိုတိုက်ခိုက်စေတယ် အန္တရာယ် များတာတော့ ပြောစရာကိုမလိုတော့ဘူး”
“ဘာပဲဖြစ်ဖြစ် ဝင်သွားပြီးကြည့်ကြတာပေါ့” ရှီမာယူယူသည် ဝူလာမိုင် ပြောလိုက်သောစကားကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
ကောင်းမွန်သော အခွင့်အလမ်းရှိလျှင် သူမ မျှဝေယူရမည်လေ။
“ဝါး ကောင်းပြီလေ ယူယူ အားပြည့်ရင် သွားကြမယ်” ရှောင်ချီ ပြောလိုက်သည်။
သူမ ထိုသို့ပြောလိုက်ချိန်တွင် ရှီမာယူယူပြုံးမိသည်။ သူတို့ကို သွားကစားခိုင်းလိုက်ပြီး အားပြည့်ရန်အတွက် စတင် တရားထိုင်တော့သည်။
တစ်ဖက်တွင် ရှီမာယိယွင်နှင့် တခြားသူများသည် တောင်ငယ်တစ်ခု သို့လာရာ သွေးမိစ္ဆာမြို့တော်မှလူများ နေထိုင်နေသည်ကို တွေ့ရလေသည်။
“ယူယူ့မှာ ဒီလိုနေရာရှိမယ်လို့ ထင်မထားဘူး” ရှီမာယိယွင်သည် အောက်မှ နေထိုင်သူများကိုကြည့်ပြီး သက်ပြင်းချမိလေသည်။
“ဟုတ်တယ်” ရှီမာရှင်းရှုံ ပြောလိုက်သည် “သွေးမိစ္ဆာမြို့အကြောင်းကို လည်းကြားဖူးတယ် အဲတုန်းက သွေးမိစ္ဆာမြို့တော်ကလူတွေ ရုတ်တရက် ပျောက်သွားတဲ့အကြောင်း ဆွေးနွေးကြသေးတယ်လေ ဒီကိုရောက်လာမယ် လို့ထင်မထားဘူးပဲ”
“ဟူး” ရှီမာချီချီသည် သက်ပြင်းချလိုက်သည်။ “ယူယူက မိန်းကလေး ဖြစ်မယ်လို့တောင်ထင်မထားဘူး ငါလည်း မိန်းကလေးပဲ ဒါပေမဲ့ ငါတို့ရဲ့ ကွာခြားချက်ကတော့ ကြီးတယ် တကယ့်ကို လန့်စရာပဲ”
“ဒါပေမဲ့ ညီမလေးကလည်း မဆိုးပါဘူး” ရှီမာယိယွင်သည် ပြုံးပြီးပြော လိုက်သည်။
“ဒီကိစ္စတွေအကုန်လုံးက သူမကျေးဇူးကြောင့်ပါ ငါတို့သာ သူမကို မတွေ့ခဲ့ရင် ငါတို့နှစ်ယောက်က မင်းတို့ကိုကယ်ဖို့ နည်းလမ်းစဉ်းစားမရတော့ ဘူး” ရှီမာယိဖေး ပြောလိုက်သည်။
အထူးသဖြင့် ထိုမျှလောက် အချိန်တိုအတွင်းတွင် ဖြစ်လေသည်။
ရှီမာယိယွင်၏ မျက်နှာမှ အပြုံးမှာ ဖျော့တော့သွားလေသည်။ သည် အဖြစ်အပျက်သည် သူမအားကို တိုးလိုသည့် စိတ်အားကို ထက်သန်စေ သည်။ သူမ သန်မာလာလျှင် အနိုင်ကျင့်ခံရတော့မည်မဟုတ်ပေ။
“ဒါနဲ့ လောကအသေးအကြောင်းကို တခြားသူတွေကိုမပြောကြနဲ့ ဘာလို့ဆို ဘယ်သူ့ကိုမှမပြောတော့ဘူးလို့ ငါတို့ကျိန်ဆိုထားတယ် မဟုတ်ရင် ငါတို့ ငရဲရောက်သွားလိမ့်မယ်” ရှီမာယိဖေး တိုက်တွန်းလေသည်။
“မစိုးရိမ်နဲ့ ညီမတို့မပြောပါဘူး” ရှီမာချီချီ ပြောလိုက်သည် “သူမက ညီတို့ကိုကယ်တယ်ဆိုတဲ့ အချက်နဲ့တင် အဲလိုမလုပ်ပါဘူး”
“ဟုတ်တယ်” ရှီမာယိယွမ်လည်း ခေါင်းညိတ်လိုက်သည်။
အားဖြည့်ရင်း တရားထိုင်နေသည့် ရှီမာယူယူသည် သူတို့စကားများကို ကြားကာ စိတ်ချပြီး အားဖြည့်သည့်လုပ်ငန်းစဉ်ကို ဆက်လုပ်လေသည်။
သူမသည် သူတို့ကိုယုံသော်လည်း သူတို့ပြောသည်ကို ကိုယ်တိုင်ကြား မှပင် စိတ်ချရမည်ဖြစ်သည်။
သို့သော် တောင်ပေါ်မှလူများသည် ထိုမျှအကွာအဝေးမှ သူတို့ပြော သောစကားကို ရှီမာယူယူကြားမည်ကို သိမထားကြပေ။ အကြောင်းမျာ တခြားသူများလည်း လောကအသေးရှိကြသော်လည်း လောကအသေးနှင့် ပေါင်းစည်းထားခြင်းမရှိပေ။
သူတို့သည် ရှီမာယူယူနှင့်ပတ်သတ်ပြီး သက်ပြင်းချမိတုန်းပင်။
“ဟူး ယူယူက အဲလောက်အားကောင်းတာ သူမသာ မိသားစုကိုပြန်လာ ချင်ရင် အဲလူတွေက သေချာပေါက်ငြင်းမှာမဟုတ်ဘူး” ရှီမာချီချီ ပြောလိုက် သည်။
“သေချာပေါက်ပဲ” ရှီမာရှှုင်းရှုံ ပြောလိုက်သည် “အစပိုင်းတုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ မသိပေမဲ့ အရမ်းကိုဂယက်ထသွားတာပဲ အဲတုန်းက အစည်းအဝေးမှာ လူတွေအများကြီးပါခဲ့တယ် ပြီးတော့ အိမ်တော်မှာ အဲလို ကိစ္စတွေဖြစ်သွားတာပဲ ဘိုးဘွားတွေတောင် အလန့်တကြားဖြစ်သွားကြတယ်”
“ဟုတ်တယ်” ရှီမာယိယွင် သဘောတူလေသည်။ “သူတို့ ဆန့်ကျင်တာ မဟုတ်ရင်လည်း သူတို့မှာ ဓလေ့ထုံးတမ်းတွေရှိနေရင် ယူယူက အားကောင်း နေတယ်ဆိုရင်တောင် သူမ ပြန်လာနိုင်ဖို့မသေချာဘူး”
***