နိုးထသည့် မတူညီသောနည်းလမ်း
Vol. 84 Ch. 1167
တောင်ထိပ်မှ လူများသည် တိတ်ဆိတ်သွားကြလေသည်။
ထိုနှစ်များတွင်ကဖြစ်ခဲ့သော ကိစ္စများကို သူတို့မိသားစုသည် လျှိုု့ဝှက်အချက်အဖြစ် ထိန်းထားရုံသာမကဘဲ တခြားသောအင်အားကြီးများ မှပင် မည်သည့်သတင်းမှ မထွက်ခဲ့ပေ။
သည်လိုတိုင်းပြည်တစ်ခုတွင် ကိစ္စတစ်ခုကို အသေးစိတ်အထိ ဖုံးဖိရန် မဖြစ်နိုင်ပေ။
သို့သော် ထိုကိစ္စသည် ခြွင်းချက်ဖြစ်သည်။
ထိုစဉ်ကအဖြစ်ကို မည်သူမှမသိပေ။ ထိုစဉ်က လူများသည် မည်သို့ ကိစ္စမျိုးတွေ့ကြုံခဲ့သည်ကို သိထားသည့်သူ တစ်ဦးတစ်ယောက်မှ ရှိမနေပေ။
မမှန်ပေ… သူတို့မသိခြင်းမဟုတ်ဘဲ သိထားသည့်သူများသည် နှုတ်ပိတ်နေရန် ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် နောက်ပိုင်းလူများ သည် ထိုကိစ္စကိုသိချင်ရုံကလွဲပြီးဘာမှမရှိတော့ပေ။
“ဟူး အခုဦးလေးလွီရွှမ်က ဘယ်ရောက်နေလဲမသိဘူး ဦးလေးလွီဖန်နဲ့ တခြားသူတွေက သူ့ကိုရှာနေတာနှစ်တွေကြာနေပြီကို ဘယ်မှာလဲဆိုတာ မသိရသေးဘူး သူ တစ်ခုခုဖြစ်….” ရှီမာချီချီ ခန့်မှန်းလေသည်။
“မဟုတ်လောက်ပါဘူး” ရှီမာရှင်းရှုံ ပြောလိုက်သည် “ဦးလေးလွီရွှမ်ရဲ့ အသက်ကျောက်စိမ်းက မိသားစုမှာရှိသေးတယ် အပ်ကြောင်းပြည့်နေရုံပဲရှိ သေးတယ် မကွဲသေးဘူး ဆိုလိုတာက ဦးလေးလွီရွှမ် မသေဘူး”
“ဒီလောက်နှစ်တွေအများကြီးကြာပြီးတဲ့နောက်ကို အဲတုန်းကဖြစ်ခဲ့တဲ့ အဖြစ်က အခုထိ အထိမခံနိုင်ဖြစ်နေတာက….”
ရှီမာယူယူ မျက်လုံးများပွင့်လာသည်။ သူမ မျက်လုံးများသည် စိုးရိမ်မှု ဖြင့်ပြည့်နေလေပြီ။
သူမသည် ကုသန်ရစတင်မည်အပြုတွင် ရုတ်တရက် သူမ မိဘများ အကြောင်းပြောနေသည်ကို ကြားလိုက်ရာ သူတို့သိထားသည်ကို သူမ သိချင်သောကြောင့် ဆက်နားထောင်နေလိုက်သည်။
သို့သော် မိသားစု၏ တိုက်ရိုက်အမွေခံသွေးသားအနေနှင့် သူတို့ပင် လျှင်အဖြစ်အပျက်ကိုမသိကြကာ လွီဖန်တို့အဖွဲ့ကိုသာမေးရမည့်ပုံပင်။
အရင်က သူမ အားသည် နည်းလွန်းသည်ဟု ပြောခဲ့သည်။ သို့သော် လမ်းခွဲပြီးချိန်မှစပြီး သူမ များစွာတိုးတက်ခဲ့ကာ ဝိညာဉ်လောကကိုပါ နားလည်ခဲ့သည်။ သူတို့ သူမကို ပြောပြသင့်ပြီမဟုတ်ဘူးလား။
အခု သူတို့သည် နေရာတစ်ခုကိုဝင်သွားသည်။ သူမ သူတို့ကိုသွားရှာ သင့်သည်။
သူတို့သည် သူမကို ထိုစဉ်ကအဖြစ်အပျက်ကိုပြောပြနိုင်မည်ဟု သေချာ နေသည်။
သို့သော် သူမ အသန့်ရှင်းဆုံးရေကိုရှာတွေ့သည်နှင့် သူမ ဖခင် အကြောင်းကိုပြောပြမည်ဟု ရင်ဇင်းပြောပြခဲ့သည်မဟုတ်ပါလား။ သူမ ဖခင် သတင်းကို သူပြောပြနိုင်လျှင် သူ့ကိုရှာရန်မလိုတော့ပေ။
သို့သော် အသန့်ရှင်းဆုံးရေ…
မည်သည့်ရေမျိုးသည် အသန့်ရှင်းဆုံးဖြစ်သည်ကို သူမ မသိပေ။
သို့သော် မည်မျှပင်ဖြစ်စေကာမူ သူမ ကြိုးစားကြည့်ရမည်။ သူတို့သည် ရှီမာလွီရွှမ်ကို ရှာနေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း မည်သည့်သတင်းမှမကြားခဲ့ပေ။ အခု ထိုသည်မှာ သဲလွန်စဖြစ်နိုင်သည်။
တောင်ပေါ်မှလူများသည် ရှီမာမိသားစုမှ တခြားကိစ္စများကိုပြောနေကြ ရာ သူမသည် အသိစိတ်ကိုပြန်ရုတ်သိမ်းလိုက်ပြီး သူမ ဒဏ်ရာကို စတင် ကုစားတော့သည်။
သူတို့သည် လောကအသေးတွင် သုံးရက်ကြာမျှ နေထိုင်ကြသည်။ အပြင်ဘက်တွင် ရင်ဇင်းကိုသတ်လိုက်သည့် ဇာတ်လမ်းသည် နေရာတစ်ခု လုံး ပျံ့နှံ့သွားသည်။
အကြွင်းအကျန်တွင်ရှိနေခဲ့သောသူများသည် ထိုကြောင်းအားကြား သောအခါ အသက်သစ်ပင်အောက်တွင် သူမ သဘောတရား၏ ဉာဏ် အလင်းရခဲ့သည့်အကြောင်းကို ပြန်ပြောကြလေသည်။ ထိုလူများသည် ထို အကြောင်းအရာနှစ်ခုကိုပေါင်းပြီး ရှီမာယူယူသည် သဘောတရားကို နားလည်သွားသည်သာမက ဝိညာဉ်လောကကိုပါ နားလည်သွားကြောင်း သိလိုက်ရသည်။
ထိုသည်မှာ အလွန်အားကောင်းသော တည်ရှိမှုပင်ဖြစ်လေသည်။
အရည်အချင်းရှိသူသည် ရိုးရှင်းသော ထူးချွန်သည့် တိုက်ခိုက်ရေး သမားပင်ဖြစ်လေသည်။
ရှီမာယူယူ လောကအသေးတွင် ကုသနေစဉ်တွင် အပြင်မှလူများသည် သူမကို လေးစားမှုများတိုးလာလေသည်။
သူမ ဒဏ်ရာများကိုကုသရုံတင်သာမကဘဲ သူမ ကိုယ်တွင်းမှ ယုံကြည်မှုကို မကြီးထွားလာစေရန် ထိန်းချုပ်ရသေးသည်။
သူမသည် ရုတ်တရက် ထိုအရာကို ဝန်ထုတ်ဝန်ပိုးလိုခံစားလာသည်။ ထိုသည်မှာ မည်မျှ ပြဿနာဖြစ်သည်ကို မပြောနိုင်ပေ။
ကံကောင်းစွာပင် ဝူလင်းယူသည် သူမ လက်ရှိအခြေအနေကို သိပြီး ယုံကြည်မှုစွမ်းအားကို အကောင်းဆုံးထိန်းချုပ်နိုင်မည့်နည်းလမ်းကို သင်ပေး ခဲ့သည်။ ထို့ကြောင့် အရင်ကလောက်ပြင်းထန်မည်မဟုတ်ပေ။
ယနေ့တွင် သူမသည် အားပြန်ပြည့်လာပြီဟု ခံစားရသည်။ လက်ရှိတွင် သူမ ဘေးတွင် မည်သူမှရှိမနေပေ။ သူမသည် ဝိညာဉ်အတားအဆီး ဖန်တီး ပြီး ဝိညာဉ်စေတီအတွင်းဝင်လိုက်သည်။
သူမသည် ထိုနေရာတွင် အတင်းနေခိုင်းပြီး နားလန်ထူခိုင်းထားရသော ဝူလင်းယူအား သွားရှာလေသည်။ သူသည် ထိုအခိုက်တွင် ပျင်းနေချိန်ဖြစ် သည်။
ဝူလင်းယူသည် အခုချိန်တွင် စိတ်ဓာတ်ကျနေချိန်ဖြစ်သည်။ သူသည် ဝိညာဉ်စေတီသို့ အကြိမ်ပေါင်းများစွာ ဝင်ခဲ့ထွက်ခဲ့သည်။ ထိုစဉ်က သူ သည် သူမထက် သန်မာကာ စာချုပ်ဆက်ဆံရေးလည်းဖြစ်သဖြင့် လွတ်လပ် စွာ ဝင်နိုင်ထွက်နိုင်သည်။
ဒါပေမဲ့ အခုကရော…
အခု ဒီမှာနေရုံအပြင် ဘာမှမလုပ်နိုင်ဘူးလေ။
သူ ဝိညာဉ်ဖြစ်စဉ်ကလောက် မကောင်းတော့ပေ။
ရှီမာယူယူ ဝင်လာသည်ကိုမြင်သောအခါ ဝမ်းနည်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။ “ဘာလို့လာတာလဲ”
“အစ်ကို ပျင်းလွန်းလို့ ပွင့်ဖတ်တွေခြွေနေတယ်ကြားလို့ လာကြည့်တာ ပေါ့” ရှီမာယူယူသည် လျှောက်လာရာ သူ့နောက်မှီထိုင်ခုံဘေးတွင် ပွင့်ဖတ် အကြွေများကိုမြင်လိုက်ရလေသည်။ သူမသည် ဆွံ့အသွားသည်။
ဒီလူက ရှေးတုန်းက မိန်းကလေးတွေ ပျင်းရင်လုပ်သလို ပွင့်ဖတ်တွေ ခြွေထားတာပဲ။
ဒီလောက်ဆို လုံလောက်ပြီ။
ဝူလင်းယူ လက်ထဲတွင် ပန်းပွင့်တစ်ဝက်ကျန်နေသေးသည်။ သူသည် ပွင့်ဖတ်ကို ဆက်ခြွေလိုက်သည်။
“မင်း ငါ့ကိုထွက်ခွင့်ပေးရင် မင်းပန်းတွေကို မဖျက်ဆီးတော့ဘူး ဘယ်လိုလဲ” ဝူလင်းယူ အကြံပြုလိုက်သည်။
“မဟုတ်ဘူး” ရှီမာယူယူသည် သူ့ဘေးတွင်ထိုင်ပြီးပြောလိုက်သည် “အစ်ကို ဒီမှာပဲနေဦး အရင်ကဆိုရင် အပြင်မထွက်လည်း ကိစ္စမရှိဘူး ဒါပေမဲ့ အခုက မတူတော့ဘူး ညီမ ဒဲ့ကျိနဲ့ တခြားသူကိုသွားရှာမယ် အဲဒီမှာ ဦးလေးလွီဖန်က အပြင်မှာ ဂျူနီယာတွေကိုထားခဲ့တယ် အစ်ကိုဒီမှာပဲ ဆက် နေသင့်တယ် မဟုတ်ရင် ညီမစကားကိုနားမထောင်ချင်တာလား”
“ဟူး…” ဝူလင်းယူသည် လက်ထဲမှ ပန်းကိုဆက်ခြွေနေသည်။ ချစ်စရာလည်းမကောင်းဘူး….
သူ၏ ဂုဏ်ယူရလောက်သော နတ်ဆိုးဘုရင်ရာထူး ပညာရှိစံအိမ်တော် ၏ မြင့်မြတ်သောသားတော်ရာထူးများကိုတွေးလိုက်ချိန်တွင် မိန်းကလေးများ သည် သူ့စကားများကို စိတ်လှုပ်ရှားကြမည်ဖြစ်သည်။ အခု သူကတော့ ဒီမှာပဲ စောဒကတက်နေရတယ်။
ရှီမာယူယူသည် သူ၏ ပုံစံကိုကြည့်လိုက်သည်။ သူမ အားရပါးရပြုံးကာ သူ့ဘေးတွင် လဲလျောင်းလိုက်ပြီး ပါးပြင်ကိုဆိတ်ကာ မွှေးမွှေးပေးလိုက်သည်။
ကောင်းပြီ သူ့ပန်းတိုင်ရောက်လာပြီ။ ဝူလင်းယူသည် ပန်းကို လွှင့်ပစ် လိုက်သည်။ သူသည် သူမခေါင်းကို လက်ဖြင့် အုပ်စီးလိုက်သည်။ သူသည် နက်ရှိုင်းပြီး ရှည်လျားသော အနမ်းပေးလိုက်သည်။
ခဏအကြာတွင် သူတို့နှစ်ယောက်ခွာလိုက်ကြသည်။ ရှီမာယူယူသည် သူ၏ ပါးနပ်သောပုံစံကိုကြည့်လိုက်သည်။ “အစ်ကိုက အခြေအနေကောင်း သေးတာမဟုတ်ဘူး အားကလည်းပြန်မပြည့်သေးဘူး မတော်လို့ တစ်ခုခု ဖြစ်သွားပြီး ညီမကိုထားသွားရင်ဘယ်လိုလုပ်မလဲ”
“တစ္ဆေလောကကိုသွားပြီး ကိုယ့်ကိုရှာလောက်တယ်” ဝူလင်းယူ ပြော လုကိသည်။
သူ့ပါးပြင်ကိုပွတ်သပ်နေသော သူမလက်သည် ရုတ်တရက် ရိုက်လိုက် သည်။
ဒီလူက အရိုက်ခံချင်နေတာပဲ။
ရှီမာယူယူသည် သူ့ပခုံးပေါ် ခေါင်းတင်ပြီး အိပ်ပျော်သွားလေသည်။
ဝူလင်းယူသည် သူမ အသက်ရှုသံကိုနားထောင်နေသည်။ သူမ အိပ်ပျော်သွားသည်ကို သူသိသည်။ သူ ခေါင်းလှည့်ပြီး သူမ နဖူးပြင်အား အနမ်းခြွှေလိုက်သည်။ သူ့မျက်လုံးများ မှောင်မိုက်သွားသည်။
သူ ပျင်းနေချိန်တွင် သူမ ဘေးတွင်နေချင်ရုံသာဖြစ်သည်။ ထိုသို့ ထပ်ဖြစ်လျှင် သူ သည်နေရာတွင်မနေဘဲ ထွက်ကာကြည့်မည်။
ရှီမာယူယူသည် လတ်တလောတွင် ပင်ပန်းပြီး နာကျင်မှုကိုခံစားရလေ သည်။ သူ၏ ရနံ့မှာ သူမကို စိတ်သက်သာရာရစေသည်။ သူမသည် သူ့ဘေး တွင် တစ်နာရီကျော်ကြာအောင် အိပ်ပျော်လေသည်။
“နိုးပြီလား” ဆွဲဆောင်မှုရှိသော အသံ ထွက်ပေါ်လာသည်။
ရှီမာယူယူ၏ မျက်လုံးမှာ မဖွင့်နိုင်သေးပေ။ သူမ ခေါင်းမော့ပြီး စကားမပြောပေ။ သူ့ကို နမ်းပြီးနှုတ်ဆက်လိုက်သည်။
ထိုအနမ်းသည် သူမကို မျက်လုံးဝါးသွားစေသည်။ သူမ ရှိနေသည့် နေရာကိုပင် မေ့သွားလေသည်။
“အခု နိုးပြီလား” ဝူလင်းယူသည် ပြုံးပြီး သူမကိုကြည့်လေသည်။
“နိုးခါနီးပြီ” ရှီမာယူယူသည် ဆိုးသွမ်းသောအပြုံးပြုံးလိုက်သည်။ သူမ သည် သူ့လည်ပင်းကိုသိုင်းဖက်ကာ သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။
ရှည်လျားပြီး စိုစွတ်သော အနမ်းများခြွေပြီးနောက်တွင် ရှီမာယူယူသည် ကျေနပ်စွာလွှတ်ပေးလိုက်သည်။ “အခုတော့ နိုးပြီ”
“မင်းကို နှိုးဖို့အတွက် ကိုယ် စတေးလိုက်ရတာပေါ့” ဝူလင်းယူ ပြောလေ သည်။
ရှီမာယူယူပြုံးပြီး တစ်ခုခုကို သတိသွားရသည်။ သူမ ထလိုက်သည် “လာခဲ့ ညီမ အစ်ကို့ကို တစ်နေရာခေါ်သွားပေးမယ်”
***