လေးထပ်မြောက်မှ ပစ္စည်း
Vol. 84 Ch. 1168
“ဘာတွေကြည့်နေတာလဲ” ဝူလင်းယူသည် သူမ ကျောပြင်မှ ဆံပင်များ ကို ဆွဲယူပြီး သူ့လက်ချောင်းတွင် ရစ်ပတ်လိုက်သည်။
ရှီမာယူယူ လှည့်ကြည့်ပြီး သူမ ဆံပင်နှင့်အတူ သူ့ကိုပါ ဆွဲခေါ်လိုက် သည် “သွားမယ် ဘာလဲဆိုတာ ညီမလဲမသိဘူး”
ဝူလင်းယူသည် သူမ ဆွဲခေါ်ရာသို့ပါသွားလေသည်။ သူတို့သည် ဝိညာဉ်စေတီအတွင်းမှ မျှော်စင်အသေးတစ်ခုဆီသို့ သွားလိုက်ကြသည်။
ရှီမာယူယူသည် ထိုနေရာသို့ လာခဲသည်။ သူမသည် များသောအားဖြင့် ဝိညာဉ်လေးကို လိုအပ်သည့်အရာများကို ယူဆောင်ခိုင်းပြီး အထူးတလည် လောရောက်လေ့မရှိပေ။
သူမ ထိုနေရာသို့လာသည့်အချိန်တိုင်းတွင် သူမပြောခဲ့သော စကားများ မိုးကြိုးအပစ်ခံရ၍ မည်းနက်သွားသည်များကို မှတ်မိနေတုန်းပင်။
ဝိညာဉ်လေး ပေါ်လာသည်။ “ဒီအကြောင်းကို မေ့သွားပြီတောင် ထင် တာ”
“ငါ အခုတလော အလုပ်များနေတာမလား” ရှီမာယူယူ ပြောလိုက် သည် “လာခိုင်းနေမဲ့အစား ငါ့ကိုပြောလိုက်တာမဟုတ်ဘူး”
“ကြည့်လိုက်ရင်သိလိမ့်မယ်” ဝိညာဉ်လေးသည် သူမကို သိချင်အောင် လုပ်နေပြန်သည်။ “သွားမယ်”
သူသည် ရှီမာယူယူနှင့် ဝူလင်းယူကို ဦးဆောင်ခေါ်သွားသည်။ သူတို့ သည် တစ်ဆင့်ချင်းတက်သွားပြီး တတိယအထပ်နှင့် စတုတ္ထအထပ်ကြား အရောက်တွင် ရပ်လိုက်ကြသည်။
အပေါ်ထပ်တွင် မြူတိမ်ခပ်ပါးပါးပေါ်လာသည်။ ရှီမာယူယူသည် တက်မသွားသဖြင့် တိမ်များသည် ကွဲလွင့်မသွားပေ။
“တက်သွားလိုက်” ဝိညာဉ်လေးသည် သူမကို ပြောလေသည်။
ရှီမာယူယူ ခေါင်းညိတ်ပြီး တက်လိုက်သည်။
ထိုတိမ်တိုက်မြူခိုးများသည် သူမ လေးထပ်မြောက်ရောက်သွားသော် တဖြည်းဖြည်းကွဲသွားလေသည်။ သူမ ရောက်သည်နှင့် တိမ်မြူခိုးများသည် ပျောက်ကွယ်သွားလေသည်။
ဝူလင်းယူ နောက်မှလိုက်သွားသည်။ သူတို့နှစ်ယောက်သည် စတုတ္ထ မြောက်အထပ် ဝင်ပေါက်ရှေ့သို့ရောက်သောအခါ ဝိညာဉ်လေးကို အထူးအဆန်းဖြစ်စေသာ ကိစ္စကို ကြည့်ရန်မစောင့်နိုင်တော့ပေ။
ရှီမာယူယူသည် အသက်ပြင်းပြင်းရှုလိုက်သည်။ သူမ လက်ကိုဆန့် ထုတ်ပြီး ဖြည်းညင်းစွာ တံခါးဖွင့်လိုက်သည်။
ကြမ်းပြင်သည် တခြားကြမ်းပြင်များနှင့်မတူပေ။ ထိုနေရာသည် တောင် ရှုခင်းမဟုတ်သလို သတ္တုတွင်းလည်းမဟုတ်ပေ။ ထိုသည်မှာ မှောင်မိုက် သော အခန်းတစ်ခန်းသာဖြစ်လေသည်။ အလွန် အလွန်ပင် ကြီးမားသော အခန်းပင်ဖြစ်လေသည်။
“မှောင်လိုက်တာ ဖုန်တွေအပြည့်ပဲ” ရှီမာယူယူသည် အရှေ့သို့ လက်ယမ်းလိုက်သည်။
“မင်းကတော့ ဒဏ်ရာရပြီး တုံးသွားတာပဲ” ဝိညာဉ်လေးသည် အထင်သေးစွာ ပြောလိုက်သည်။
သူမသည် မကြာသေးခင်ကမှ ပိုပိုတော်လာပြီး သူ အမြဲတမ်း သူမကို အထင်သေးခဲ့သည်များကိုပင် မေ့နေခဲ့သည်။
“….” သူမ မျက်နှာတွင် အနက်မျဉ်းကြောင်းများ ပြန်ပေါ်လာသည်။ ဒီလူကတော့ သူမကို ထပ်ပြီးပြောပြန်ပြီ။
ထိန်းချုပ်နိုင်တယ်လို့ သူ သူမကို ပြောပြီးပြီမဟုတ်ဘူးလား။ သူမကို အထင်သေးတယ်ဆိုတာထက် သတိပေးလိုက်ရုံတင်ပါ။
သူမ တွေးလိုက်သည်နှင့် အမှောင်ခန်းသည် ချက်ချင်းပင် လင်းသွား လေသည်။ သို့သော် ရုတ်တရက်ပေါ်လာသော မြင်ကွင်းသည် သူမကို မှင်တက်သွားစေသည်။ ဝူလင်းယူပင်လျှင် အံ့သြသွားလေသည်။
ခဏအကြာတွင် ရှီမာယူယူ သတိပြန်ဝင်လာသည်။ သူမသည် အရှေ့မှ သံအပိုင်းအစအပုံလိုက်ကို ကြည့်လိုက်သည်။ သူမ မယုံနိုင်စွာ မေးလိုက် သည်။ “ဒါက လေးထပ်က ပစ္စည်းတွေလား”
“ဟုတ်တယ်” ဝိညာဉ်လေးသည် ခိုင်မာစွာ ပြန်ဖြေလေသည်။
ရှီမာယူယူ၏ နှုတ်ခမ်းသည် တွန့်သွားသည်။ အဲဒါကြောင့် ဒီကောင် လေးက သူမကို ကိုယ်တိုင်လာကြည့်စေချင်တာပဲ။ သူမကို ပြောလိုက်ရင် သူမ ယုံမှာမဟုတ်ဘူးလေ။
ဝိညာဉ်လေးသည် သူမအား အထင်သေးစွာကြည့်ပြီး မျက်လုံးလှန် လိုက်သည်။ “အဲဒါတွေက သံတွေအပုံလိုက်လို့ တကယ်ပဲထင်နေတာလား”
“မဟုတ်ဘူးလား” ရှီမာယူယူသည် စိတ်ရှုပ်ထွေးစွာ လှည့်လိုက်သည်။
ဝိညာဉ်လေးသည် မတတ်သာစွာ မျက်လုံးလှန်လိုက်ပြန်သည်။ “အဲဒါ က ရတနာလေ”
“ရတနာဟုတ်လား” ရှီမာယူယူသည် လက်ပုံသဏ္ဍာန် အပိုင်းတစ် တစ်ခုကိုကောက်ကိုင်လိုက်သည်။ ထိုသည်ကို ရတနာတစ်ပါးဟု သူမ အမှန်တကယ်ပင် မမြင်မိပေ။
“မင်းက တုံးပြီး အပါတယ်လို့ ပြောပါတယ်” ဝိညာဉ်လေးသည် အပြစ်တင်လေသည် “တကယ့်ပစ္စည်းက အထဲမှာ ဒီမှာမဟုတ်ဘူး အနောက် မှာ”
ထိုအချိန်မှပင် ကျိုးပဲ့နေသော သံအပိုင်းအစများဖြင့် ပြည့်နေပြီး ဘောလုံးကွင်းထက် အနည်းငယ်ကျယ်သည့် အခန်းအနောက်ဘက်တွင် တံခါးရှိနေသည်ကို သတိထားမိလိုက်သည်။
“ဘာလို့စောစောစီးစီး မပြောတာလဲ” သူမသည် ဝိညာဉ်လေးအား မျက်လုံးလှန်ပြလိုက်သည်။ ဝူလင်းယူအား လက်တွဲရင်းနှင့် သူမသည် သံ အပုံလိုက်ကို ဖြတ်ကျော်သွားလိုက်သည်။
“အဲဒါတွေအကုန်လုံးက ရတနာတွေပဲ ဒါပေမဲ့ မင်းမှာ အရည်အချင်းမရှိ ရင်တော့ အဲဒါတွေကို သံအစိတ်အပိုင်းတွေလို့ သတ်မှတ်လို့ရတယ်” ဝိညာဉ် လေး ပြောလိုက်သည်။
“တကယ်လား ဒါဆိုရင် အဲဒါတွေကို ရတနာဖြစ်အောင်ပြောင်းလိုက် လေ ကြည့်ရအောင်” ရှီမာယူယူသည် ပြန်ချေပလိုက်သည်။
“ငါ့မှာသာ အဲလိုစွမ်းရည်ရှိမယ်ဆိုရင် ရှေးဟောင်းဝိညာဉ် ဖြစ်နေဦး မလား” ဝိညာဉ်လေးသည် သူမအားစိုက်ကြည့်လေသည်။
ရှီမာယူယူသည် နှုတ်ခမ်းတွန့်ကာ သူ့ကိုလျစ်လျူရှုလိုက်သည်။ ကျိုးပဲ့ နေသော သံအပုံလိုက်သည် ခြေထောက်အောက်တွင် မညီမညာရှိနေသည်။ သူမ ဂရုတစိုက်လျှောက်လေသည်။ အင်း ဒီလိုပဲဖြစ်မှာပေါ့။
သူတို့သည် အတန်ကြာသည်အထိလျှောက်ပြီးနောက်တွင် တစ်ဖက် သို့ရောက်လေသည်။ သံအပုံလိုက်ကို ဖြတ်လျှောက်ပြီးနောက်ဆုံးတွင် တံခါးနှင့်တူသော တစ်စုံတစ်ခုကိုတွေ့လေသည်။
သူတို့သည် သွားလိုက်ကြပြီး ဝူလင်းယူသည် တံခါးဖွင့်လိုက်သည်။ သို့သော် တံခါးသည် မလှုပ်မယှက်ရှိနေသည်။
“ဖွင့်မရဘူး သူမ တစ်ယောက်တည်းပဲဖွင့်ရမှာ” ဝိညာဉ်လေး ပြော လိုက်သည်။
ထိုသည်မှာ သူမ နေရာဖြစ်သဖြင့် သူမတစ်ယောက်သာ လွတ်လွတ် လပ်လပ်သွားလာနိုင်သည်။
ရှီမာယူယူ လျှောက်သွားပြီး ညင်သာစွာ တွန်းလိုက်သည်။ တံခါးပွင့် သွားလသည်။
တံခါးအနောက်တွင် မှောင်မိုက်သောနေရာတစ်ခုရှိသည်။ သူမ၏ ပြီးခဲ့သည့်အတွေ့အကြုံနှင့် ရှီမာယူယူသည် စိတ်ကူးလိုက်ရာ နေ့အချိန် ဖြစ် သွားလေသည်။
“ကျွတ်”
ထိုနေရာမှ ပစ္စည်းများကိုကြည့်ပြီး သူမ အသက်ပြင်းပြင်းရှုမိသည်။ စက်ရုပ်နှင့်တူသော လူများသည် ကွဲအက်သောသတ္တုနှင့်ပေါင်းစပ်ထားပြီး သပ်ရပ်စွာ စီတန်းရပ်နေကြသည်။
“အဲဒါတွေက ယန္တရားတွေလား” သူမသည် မယုံနိုင်စွာဖြင့် ပါးစပ်ကို လက်ဖြင့် ကာလိုက်မိသည်။
“ဟုတ်တယ်” ဝိညာဉ်လေးသည် အတည်ပြုလေသည်။ “အဲဒါတွေက သံအပိုင်းအစတွေလို့ပြောရင် အဲဒါတွေကို ဘယ်လိုသုံးရမလဲဆိုတာ သိမှာ မဟုတ်ဘူးလေ”
“ကောင်းပြီ ဒီတစ်ခေါက်ကို မင်းမှန်တယ်ဆိုတာ ဝန်ခံပါတယ်” ရှီမာယူယူ ရောက်လာပြီး စက်တစ်ခုကိုကိုင်လိုက်သည်။
သည်တိုင်းပြည်မှ လူများ၏အမြင်တွင် ထိုအရာများသည် ယန္တရားဖြစ် သော်လည်း သူမ အရင်ဘဝမှ သာမန်လူများအတွက်တော့ စက်ရုပ်များဖြစ် ကြသည်။ သူတို့အားလုံးသည် အရပ်မြင့်ကြသည်။ ယန္တရား၏ တိုက်ခိုက်နိုင်မှု စွမ်းရည်သည် အဆင့်တူသော ဝိညာဉ်သားရဲထက်ပင်ပိုသန်မာသည်ဟု ပြော ကြသည်။
“တကယ်ကို အံ့သြစရာပဲ တကယ်ပဲ ယန္တရားတွေရှိနေတာပဲ” ရှီမာယူယူ အော်လေသည် “ဒါပေမဲ့ ဒါတွေကို ဘယ်လိုထိန်းချုပ်မှာလဲ”
“ငါက ဘယ်လိုလုပ်သိမှာလဲ” ဝိညာဉ်လေး ပြန်ဖြေလိုက်သည် “ငါ့ အရင်သခင်တွေထဲမှာ ဒါမျိုးလုပ်တဲ့သူမရှိဘူး”
“အစ်ကို သိလား” ရှီမာယူယူ မေးလိုက်သည်။
“ကိုယ် နည်းနည်းလောက်တော့သိတယ် ဒါပေမဲ့ ရင်းနှီးရုံလောက်ပဲရှိ တာ” ဝူလင်းယူ ပြန်ဖြေလေသည်။
သူသည် အရင်က နတ်ဆိုးလောကမသွားခင်က ကြားဖူးသည်။ တစ်ခါ မှတော့ မတွေ့ဖူးပေ။ နတ်ဆိုးလောကသို့သွားပြီးနောက်တွင် ထပ်မတွေ့ တော့ပေ။
“ဘာတွေသိထားလဲ”
“ကိုယ်က စက်အနိမ့်ဆုံးအဆင့်ကို ထိန်းချုပ်နိုင်တယ်” ဝူလင်းယူ ပြန်ဖြေလေသည် “အဆင့်မတူရင် ထိန်းချုပ်တဲ့နည်းလမ်းလည်းမတူဘူးထင် တယ်”
“သြော်” ဝူလင်းယူ တစ်စုံတစ်ရာကိုသိထားလိမ့်မည်ဟု ရှီမာယူယူ ထင် မထားပေ။ “ဒါဆိုရင် အခြေခံကိုပြောပြပါဦး ညီမထွက်သွားရင် ပိုပြီးသိရ အောင် စာအုပ်ရှာလိုက်မယ်”
“ဒါဆိုရင် အဆင့်တွေခွဲရဦးမှာပေါ့” ဝိညာဉ်လေး ပြောလိုက်သည်။
“အဆင့်ခွဲဖို့ ဘာလုပ်ဖို့လိုဦးမှာလဲ သိသာနေတာမဟုတ်ဘူးလား မင်း အလွယ်တကူပြောနိုင်နေတာကို” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“အိုး.. မင်း ပိုပြီးဉာဏ်ကောင်းလာပါလား” ဝိညာဉ်လေး ပြောလိုက် သည်။
“….”
ရှီမာယူယူ သည်းမခံနိုင်တော့ပေ။ သူမသည် သူ့ကို လက်ထဲဆွဲသွင်း ကာ သူ့မျက်နှာကို ကြမ်းတမ်းစွာပွတ်လိုက်သည်။
“ဒီယန္တရားတွေက မြင်ရတာနဲ့ မတူဘူး ဘယ်ဟာ အဆင့်မြင့်လဲ ဘယ်ဟာ အဆင့်နိမ့်လဲဆိုတာ မဖြစ်နိုင်သေးဘူး ဒါပေမဲ့ ငါ နားလည်သေးတယ်”
နေရာတစ်ခုဆီမှ စက်များ၏ ပုံပန်းသွင်ပြင်သည် မတူညီသည်ကို သူမ သတိထားမိသည်။ တချို့မှာ အကြမ်းဖျင်းဖြစ်ကာ တချို့မှာ အဆင့်မြင့်ကြ သည်။ သူတို့သည် ကြည့်လိုက်သည်နှင့်ပင် အဆင့်ခွဲနိုငသည်။
တချို့မှာ အမှန်တကယ်ပင် လူအစစ်နှင့်တူသည်။ သို့သော်မျက်နှာ အမူအရာမရှိပေ။
ရုတ်တရက်ပင် သူမ လက်ရပ်တန့်သွားလေသည်။ သူမ မျက်နှာသည် အံ့သြသွားကာ ဝိညာဉ်လေးကို ဖက်ပြီး စက်များဆီသို့လျှောက်သွားလိုက် သည်။
***