လင်းလုံသေတ္တာ
Vol. 84 Ch. 1169
သူမ ဘာဖြစ်သည်ကို ဝူလင်းယူနှင့် ဝိညာဉ်လေးတို့မသိကြပေ။ သူမသည် ရုတ်တရက် စကားမပြောတော့ပေ။ ရှီမာယူယူသည် စက်များထဲမှ တစ်ခုဆီသို့သွားလိုက်သည်။ သူမတွင်ရှိနေသော ပုံစံတူတစ်ခုကို စတွင် ထွင်းထုထားသည်ကို မြင်လိုက်ရာ မှင်တက်သွားလေသည်။
ဝိညာဉ်လေးသည် လှည့်ပတ်ကြည့်ရာ ယန္တရား၏ ညှပ်ရိုးအောက်တွင် ရှီမာယူယူ၏ ကျောပြင်တွင်ရှိသော ကြာပန်းနက်နှင့်တူညီသည့် ပုံသဏ္ဍာန်ရှိ နေသည်ကို တွေ့လိုက်ရသည်။ကြာပန်းနက်သည် အဖြူရောင်ညှပ်ရိုးပေါ် တွင် ဖူးဖွင့်နေရာ များစွာဆွဲဆောင်မှုရှိလေသည်။
“ယူယူ ဒါက မင်းရဲ့ ကျောကပုံနဲ့အတူတူပဲ” ဝိညာဉ်လေးသည် ဝူလင်းယူရှိနေသည်ကို လျစ်လျူရှုကာ ပြောလိုက်သည်။
ဝူလင်းယူ၏ မျက်လုံးမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူက သူမ ကျောပြင်ကိုမြင်ဖူးတာလား။ သူက ရှေးဟောင်းဝိညာဉ်ဆိုရင်တောင် ယောက်ျားလေးလေ။ ယောက်ျားလေးဖြစ်နေသရွေ့တော့ ခွင့်လွှတ်လို့မရ ဘူး။
ရှီမာယူယူသည် ကြာပန်းနက်ကို စစ်ဆေးရင်း ဧကရာဇ်အဇူရာနှင့် ယူယူဟုခေါ်သော မိန်းကလေးတို့၏ ဇာတ်လမ်းကို ပြန်တွေးနေမိသည်။
“ကြာပန်းနက်… ကြာပန်းနက်က ဘယ်လိုလုပ်ဒီမှာရှိနေရတာလဲ…” သူမ ရေရွတ်လိုက်သည်။
ထိုသည်မှာ အဇူရာဧကရာဇ်နှင့် မသက်ဆိုင်နိုင်ပေ။ အကြောင်းမှာ စက်များ၏ သက်တမ်းသည် သူ့ထက်ပင် စောနိုင်သည်။ သို့သော် သေချာ သည်မှာ ထိုလူသည် ကိုးခုမြောက်မြေအောက်ကမ္ဘာ၏ ကြာပန်းနက်နှင့် ဆက်စပ်မှုရှိသည်။ မဟုတ်လျှင် ထိုကြာပန်းနက်သည် သည်နေရာ တွင်ပေါ် လာရန် အကြောင်းမရှိပေ။
သို့သော် မှတ်တမ်းရေးရာ ဒဏ္ဍာရီများမရှိသဖြင့် သူမ၏ ခန့်မှန်းချေမှာ ခန့်မှန်းချေသက်သက်သာဖြစ်သည်။
“ကိုးခုမြောက်မြေအောက်ကမ္ဘာ နတ်ဆိုးကြာပန်း ဒီမှာဘာလို့ရှိနေတာ လဲ” ဝူလင်းယူ သက်ပြင်းချလိုက်သည်။
“စီနီယာအစ်ကို ကိုးခုမြောက်မြေအောက်ကမ္ဘာ နတ်ဆိုးကြာပန်း အကြောင်းကိုသိတာလား” ရှီမာယူယူ မေးလိုက်သည်။
“ကိုယ် ကြားဖူးတယ်” ဝူလင်းယူ ပြန်ဖြေလိုက်သည်။ “ကိုးခုမြောက် မြေအောက်ကမ္ဘာနတ်ဆိုးကြာပန်းက တစ္ဆေလောကထဲက လွှမ်းမိုးမှုရှိတဲ့ မျိုးနွယ်တစ်ခုဆိုတာပဲသိတယ် တခြားဟာတော့မသိဘူး ပြီးတော့ ကိုယ်ရှိတဲ့ အချိန်တုန်းက နည်းနည်းရှိခဲ့တယ် ဒီလောက်နှစ်တွေအများကြီးကြာပြီးတော့ သူတို့အခုဘယ်ရောက်နေကြလဲ မသိဘူး”
“ဒီလူက ဒီအပေါ်မှာ ကြာပန်းနက်ကို ရိုက်နှိပ်ထားခဲ့တယ် ဆိုလိုတာက ဘုံခုနစ်ဆင့်စေတီပိုင်ရှင်က ကြာပန်းနက်ကို မြင်ဖူးပြီး အဲအကြောင်းကို သိနေ တယ်ဆိုတာကို ညွှန်ပြနေတာပဲ” ရှီမာယူယူ အကျိုးအကြောင်း ဆင်ခြင်လိုက် သည်။
ကိုးခုမြောက်မြေအောက် နတ်ဆိုးကြာပန်း သူမနဲ့ ဘယ်လိုပတ်သတ် တာလဲ။ သူမ ကျောပြင်မှာ ဘာလို့အဲပန်းရှိနေတာလဲ။
“ကြာပန်းနက် ဟုတ်တာ မဟုတ်တာ မေ့လိုက်တော့ အခုစဉ်းစားလည်း အသုံးမဝင်တော့ဘူး” ဝိညာဉ်လေးပြောလိုက်သည်။
“ဟုတ်တယ်”
ရှီမာယူယူ ထွက်မသွားခင်တွင် ကြာပန်းနက်ကို ထိလိုက်သည်။ သို့သော် သူမ လက်ချောင်းများသည် ကြာပန်းနက်ကိုထိသည်နှင့် သူမ ကျောပြင်မှ မျဉ်းများသည် ပူတက်လာသည်ကို ခံစားရလေသည်။
စက်ပေါ်မှ ကြာပန်းနက်သည် အသက်ဝင်လာသလိုပင်။ မူလတွင် ပွင့်ဖတ်နှစ်ခုသည် ငုံနေသော်လည်း ရှီမာယူယူ ထိလိုက်သောအခါ ပွင့်သွား ကြလေသည်။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ဝိညာဉ်လေး လေသံဖြင့်ပြောလိုက် သည်။
ရှီမာယူယူသည် ထိုမြင်ကွင်းကြောင့် အံ့သြသွားပြီး မလှုပ်မယှက် ရပ်နေ မိသည်။
“ချွတ်…”
ကြွတ်ဆပ်သောအသံသည် တိတ်ဆိတ်သော ပတ်ဝန်းကျင်တွင် ကျယ်လောင်စွာထွက်လာသည်။ ရှီမာယူယူသည် အောက်သို့ကြည့်လိုက်ရာ ဝမ်းဗိုက်ပေါ်တွင် ယန္တရားတစ်ခုပေါ်လာကာ အခေါင်းပေါက်ဖြစ်သွားလေ သည်။
ရှီမာယူယူ ကိုယ်ကိုင်းကြည့်လိုက်ရာ အထဲတွင် သေတ္တာတစ်ခုတွေ့ လိုက်ရသည်။ သူမ လက်ဆန့်ပြီး သေတ္တာကိုယူလိုက်သည်။
“သေတ္တာပေါ်မှာလည်း ကြာပန်းနက်ရှိနေတယ်” ဝိညာဉ်လေး ညွှန်ပြ လေသည်။ “အထဲမှာဘာရှိလဲ ဖွင့်ကြည့်လိုက်”
ရှီမာယူယူ လှည့်ပတ်ကြည့်ရာ တခြားယန္တရားကိုမတွေ့ရပေ။
“စီနီယာအစ်ကို ကြည့်ပေးပါဦး ညီမဘယ်လိုဖွင့်ရမလဲ” သူမသည် သေတ္တာကို ပေးလိုက်သည်။
ဝူလင်းယူ ယူပြီး စစ်ဆေးကြည့်လိုက်သည်။ “ဒါကလင်းလုံ သေတ္တာပဲ ကိုယ်ဖွင့်မရဘူး”
“လင်းလုံသေတ္တာဟုတ်လား ဒါကဘယ်လိုသေတ္တာလဲ” ရှီမာယူယူ မေး လိုက်သည်။
“လင်းလုံသေတ္တာက တစ်ကမ္ဘာလုံးမှာ အသန်မာဆုံး သေတ္တာပဲ သော့ မရှိရင် ဘယ်သူမှဖွင့်မရဘူး” ဝူလင်းယူ ရှင်းပြလေသည် “စံတင်အဆင့် တောင်မှ ဖိအားပေးပြီး အတင်းဖွင့်မရဘူး”
ဘုံခုနှစ်ဆင့်စေတီကို ပိုင်ဆိုင်ထားသည့် ပိုင်ရှင်တစ်ယောက်အနေနှင့် ယန္တရားကိုသုံးနိုင်သည်မှာ မထူးဆန်းတော့ပေ။
“မိုက်လိုက်တာ ဒီအတိုင်းသေတ္တာမဟုတ်ဘူးပေါ့” ရှီမာယူယူသည် သေတ္တာကိုယူပြီး အပေါ်အောက် လှန်ကြည့်လိုက်သည် “ထူးဆန်းတာ ဘာမှမတွေ့ပါဘူး”
“ဒီသေတ္တာက ပုံမှန်ပဲ ဒါပေမဲ့ သတ္တုက အရမ်းရှားတယ်” ဝူလင်းယူ ပြောလိုက်သည် “အခုမင်းရသွားပြီဆိုတော့ နောက်ထပ်ရတနာရလိုက်တာပဲ”
ရှီမာယူယူသည် မျက်စောင်းထိုးကာ သွားဖြဲပြလေသည်။ “ဒီလောက် သန်မာတဲ့ သေတ္တာကို ဒီမှာဘာလို့လာဖွက်ထားတာလဲ ဘယ်လိုပဲဖြစ်ဖြစ် တခြားသူတွေလည်းမဖွင့်နိုင်ဘူးလေ”
“သေတ္တာကဖွင့်မရပေမဲ့ တစ်ယောက်ရသွားရင် အလုခံရမှာပဲ” ဝူလင်းယူ ခန့်မှန်းလိုက်သည် “တကယ်သာအဲလိုဆိုရင် သူက စွမ်းဆောင် ရည်မပြည့်ဝသေးတဲ့ ထူးခြားတဲ့လူကို ပေးဖို့ တမင်ရည်ရွယ်ထားတာပဲ”
ရှီမာယူယူသည် လန့်သွားသည်။ သူပြောလိုက်သည်မှာ ကြာပန်းနက် မျိုးနွယ်လူများကို ရည်ညွှန်းခြင်းဖြစ်သည်ကို သူမ နားလည်လိုက်သည်။
သူမ ကျောပြင်မှ အပူတက်လာပြီး ယန္တရားကိုယ်ထည်မှ ရုတ်တရက် ပြောင်းလဲသွားသည်ကို စဉ်းစားမိရာတွင် သူ ပြောသလိုဖြစ်မည်ဟု တွေးမိ သည်။
“အထဲမှာ သော့ရှိမလားလို့ကြည့်ဦးမယ်” ဝိညာဉ်လေးသည် ယန္တရား၏ ကိုယ်ထည်အပေါ်မှီကာ ချောင်းကြည့်လိုက်သည် “မရှိဘူး”
“သေချာပေါက် မရှိဘူးပေါ့” ဝူလင်းယူ ပြောလိုက်သည် “ဒီလင်းလုံ သေတ္တာက တခြားသေတ္တာတွေနဲ့မတူတဲ့ ယန္တရားတစ်ခုပဲ သေတ္တာထဲမှာ ယန္တရားအသေးတစ်ခုရှိသေးတယ် မင်း အဖုံးပိတ်ပြီးတဲ့အချိန်တိုင်း ပြန်ဖွင့်ချင် ရင် အထဲကိုတစ်ခုခုထည့်ရတယ် အထဲမှာတစ်ခုခုရှိနေရင်လည်း အဲအထဲက ရှိတဲ့ပစ္စည်းနဲ့ ဆက်စပ်တဲ့တစ်ခုခုကိုသုံးပြီးမှပဲဖွင့်နိုင်မယ်”
“ဒါဆို ဘယ်လိုလုပ်ဖွင့်ရမှာလဲ” ရှီမာယူယူသည် လင်းလုံသေတ္တာကို ကြည့်လိုက်သည်။
ထိုပစ္စည်းများသည် ယန္တရား၏ကိုယ်ထည်၏ အတွင်းတွင် ဖုံးကွယ်ထား ရှိထားသည်။ အလွန်တန်ဖိုးရှိသည့်ပုံပင်။
သို့သော် အခုအချိန်တွင် သူမသည် မျက်နှာပြင်ကိုသာ ကြည့်နိုင်လေ သည်။ ချုပ်တည်းထားရသည့်ခံစားချက်မှာ ပုံမှန်တော့မဟုတ်ပေ။
“ဒါက မင်းနဲ့ ဆက်စပ်မှုရှိမယ်လို့ထင်တယ်” ဝူလင်းယူ ပြောလိုက်သည် “မင်းက ယန္တရားဖွင့်နိုင်တယ် ပြီးတော့ သေတ္တာကလည်း ကြာပန်းနက်နဲ့ ဆက်စပ်နေတယ်”
“အစ်ကိုက ညီမကို ကိုးခုမြောက် မြေအောက်ကမ္ဘာကိုသွားပြီး ကြာပန်းနက်ပေါ် ဒီသေတ္တာကိုတင်စေချင်နေတာလား” ရှီမာယူယူသည် စိတ်ဓာတ်ကျကာ ချောချောမွေ့မွေ့ပင်ပြောလိုက်သည်။
“မင်း တစ်ပွင့်လောက်လိုချင်ရင်တောင် မဖြစ်နိုင်ဘူး” ဝူလင်းယူသည် သူမ ခေါင်းကိုဖွလိုက်သည်။ “ဒါက ကြာပန်းနက်နဲ့ ပတ်သတ်နေတယ်ဆိုမှ တော့ မင်းရဲ့ သွေးသားနဲ့ ဆက်စပ်နေမှာပဲ သွေးစက်ချကြည့်ပါလား”
“အိုး…”
ရှီမာယူယူသည် ထိုအတွက် မျှော်လင့်ချက် အကြီးအမား မထားပေ။ ထို့အပြင် ထိုလူ ရွေးရမည့် ပစ္စည်းများစွာရှိသည်။ သူမ သွေးနှင့်ပတ်သတ် သည်ကိုတော့ ရွေးမည်မဟုတ်ပေ။
ရှီမာယူယူသည် လက်ချောင်းကိုက်ကာ သွေးစက်ချကြည့်လိုက်သည်။ သွေးစီးသွားပြီး ကျယ်လောင်သော ခလုတ်ဖွင့်သံကြားလိုက်ရသည်။
“ပွင့်သွားပြီ”
ရှီမာယူယူသည် သေတ္တာကို အသာအယာဖွင့်ကြည့်လိုက်သည်။ မလှုပ်မယှက်ဖြစ်ခဲ့သော သေတ္တာသည် ပွင့်လာသည်။
သူတို့မြင်ရသည်မှာ သေတ္တာသေးတစ်လုံးသာဖြစ်သော်လည်း အထဲတွင်တော့ အပြင်လောက်မသေးပေ။ အထဲတွင် စာအုပ်များစွာရှိနေ သည်။
ရှီမာယူယူသည် စာအုပ်အနည်းငယ်ထုတ်ကာ လှန်လှောကြည့်လိုက် သည်။ စာအုပ်အားလုံးမှာ လက်နက်ပညာအကြောင်းများဖြစ်သည်။
ဝူလင်းယူ တစ်အုပ်ယူကြည့်ပြီး တအံ့တသြ ပြောလေသည် “ဒီစာအုပ် က…”
“ဒီစာအုပ်ကဘာဖြစ်လို့လဲ”
ဝူလင်းယူသည် နှစ်အုပ်ဆွဲထုတ်ပြီး မှတ်ချက်ပေးလေသည် “ဒီစာအုပ် နှစ်အုပ်က မင်းကို ကိုယ်ရှာပေးတဲ့ တည်ဆောက်မှုစာအုပ်နဲ့ ယှဉ်လို့ရတယ်”
“အဲလောက် မိုက်တာလား” ရှီမာယူယူလေသံဖြင့်ပြောလိုက်သည်။
တည်ဆောက်မှုလောကတွင် ထိုစာအုပ်တွင် မည်မျှ အရေးပါသနည်း။ ဝေကြီးနှင့် ဝေလေးတို့ သူမကို ဆက်ဆံပုံကနေ မြင်တွေ့နိုင်သည်။ ဒီစာအုပ် နှစ်အုပ်က တောင်ထိုက်နှင့် မြောက်ကြယ်တို့ကဲ့သို့ ထူးချွန်သည်လား။
“ဒီစာအုပ်နှစ်အုပ်က လက်ရေးမူပဲ ဒါတွေကို ပညာရှင်ကိုယ်တိုင်က ရေးထားတာပဲ ကိုယ် အဲထဲကတစ်အုပ်ဖတ်ဖူးတယ် တကယ့်ကို ပညာသားပါ တယ်”
***