← Chapters

အထူးတလှယ်ပြင်ဆင်ထားသော လက်ဆောင်

Vol. 84 Ch. 1170

အထူးတလှယ်ပြင်ဆင်ထားသော လက်ဆောင်

Vol. 84 Ch. 1170

ဝူလင်းယူ၏ လက်နက်ပညာမှာ မြင့်သည်ကို ရှီမာယူယူသိသည်။ သူ အလေးအနက်ထားပြောနေသဖြင့် ထိုစာအုပ်မှာ အမှန်တကယ်ပင် အားကောင်းပေမည်။

သို့သော် ထိုစာအုပ်များသည် တောင်ထိုက်အဆင့်ရှိသည့် လက်နက် စာအုပ်များဖြစ်သည်။ ဆိုလိုသည်မှာ ထိုလူ၏ အဆင့်သည် မနိမ့်ပေ။ ယခု ကဲသို့ ထိုးထွင်းမြင်နိုင်သော စွမ်းရည်ရှိသည်မှာ အံ့သြစရာမဟုတ်တော့ပေ။

ဝူလင်းယူ ဆက်ဖတ်ကြည့်သည်။ သံသယအရိပ်အယောင်ရှိသော သူ၏ မျက်လုံးများသည် ပြန်ပြီးကြည်လင်လာသည်။

“ဒါတွေက မင်းနဲ့ဆို သင့်တော်တယ်” သူသည် သူမ ဖတ်ရန်အတွက် စာအုပ်ကိုကမ်းပေးလေသည်။

“ဟင်” ရှီမာယူယူသည်နားမလည်စွာကြည့်လိုက်သည်။

“ဒီ လက်ရေးမူတွေက အခြေခံအဆင့်ကနေ အဆင့်မြင့်အထိပဲ” ဝူလင်းယူ ပြောလေသည် “ဒါက အစပိုင်းလူတွေအတွက်အဆင်ပြေတယ်”

“အဲလောက်ကောင်းတာလား”

“တကယ်ပဲ အံ့သြလောက်စရာပဲ” ဝူလင်းယူ ပြောလိုက်သည် “ပုံမှန် လက်ရေးမူကြီးတွေမှာ အခြေခံဒြပ်စင်တွေမရှိပေမဲ့ ဒီမှာရှိနေတယ်”

“တကယ်ပဲ ထူးဆန်းတာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“တကယ်ပဲ သာမန်လူဆိုရင် ထူးဆန်းတာကို ရှင်းပြဖို့ခက်မှာပဲ ဒါပေမဲ့ ဒီပစ္စည်းတွေကို ပေါင်းလိုက်ရင်….” ဝူလင်းယူသည် သူမကိုကြည့်လိုက်သည် “ဒါက မင်းလိုလူအတွက် အထူးတလည်ချန်ထားပေးခဲ့တာပဲ”

သူမသာ ရှာမတွေ့ဘဲ တခြားသူရှာတွေ့ပါက ထိုလူအတွက် ချန်ထား ခဲ့တာလား။

“ဒီလိုစွမ်းအားကြီးက ဘယ်သူ့မှာရှိတာလဲ ဘာလို့ဒါတွေကို ဘာလို့ ထားခဲ့တာလဲ” ရှီမာယူယူသည် သံသယဖြင့်မေးလေသည်။

ဝူလင်းယူ ပခုံးတွန့်လိုက်သည်။ သူမ မသိလျှင် သူ့လို နတ်ဆိုးဘုရင်က ဘယ်လိုလုပ်သိမှာလဲ။

“ဒါက…” ဝူလင်းယူသည် လက်ထဲမှစာအုပ်အောက်ခြေကိုလှန်ကြည့်ပြီး ရုတ်တရက် တိုးညင်းစွာအော်လိုက်သည်။

“ဒီစာအုပ်က မင်းတစ်ယောက်တည်း ဖွင့်ဖို့အတွက်များဖြစ်နေမလားပဲ” ဝူလင်းယူသည် မေးခွန်းထုတ်ရင်း ရှီမာယူယူကို စာအုပ်ကမ်းပေးလိုက်သည်။

ရှီမာယူယူသည် လက်ထဲမှ စာအုပ်နှင့် ဝူလင်းယူလက်ထဲမှ စာအုပ်ကို လဲယူလိုက်သည်။ ထိုစာအုပ်အထဲတွင် စာမျက်နှာအမည်းများရှိနေသည်ကို မြင်လိုက်ရသည်။ “စာလုံးမဲ့ကောင်းကင်စာအုပ်လား”

“အရှေ့ကိုကြည့်လိုက်” ဝူလင်းယူ ညွှန်ပြလေသည်။

ရှီမာယူယူ စာအုပ်ကို လှန်လှောကြည့်လိုက်ရာ စာအုပ်ပေါ်တွင် စာလုံးကြီး သုံးလုံးရှိသည်ကိုတွေ့လိုက်ရသည်။ ယန္တရားပညာစာအုပ်….

“ဒီစာအုပ်က ယန္တရားတွေကို ထိန်းချုပ်ဖို့အတွက်လုပ်ထားတဲ့စာအုပ် လား” သူမ တအံ့တသြပြောလေသည်။ “ဘာလို့ဘာစာမှမရှိတာလဲ ဒါကို ဘယ်လိုဖတ်ရမှာလဲ”

“ပထမဆုံးစာမျက်နှာကိုကြည့်လိုက်” ဝူလင်းယူ ပြောလိုက်သည်။

ရှီမာယူယူသည် ပထမဆုံးစာမျက်နှာကိုလှန်လိုက်သည်။ သူပြောထား သည်မှာ ထိုသေတ္တာကိုဖွင့်နိုင်လျှင် အသင်၏သွေးသားသည် စာအုပ်ထဲမှ လျှို့ဝှက်နည်းပညာနှင့် ထိုက်တန်သည်ဟူ၍ပင်။

“လာပြန်ပြီလား သွေးသား ဒီလူက ညီမရဲ့ ဘိုးဘေးများဖြစ်မလား မဟုတ်ရင် သူလည်း ကြာပန်းနက်သွေးသားဆက်ခံသူလား” ရှီမာယူယူ မေး လိုက်သည်။

မဟုတ်လရင် သွေးနှင့်ဘယ်လိုလုပ် ဖွင့်နိုင်မှာလဲ။

“မဖြစ်နိုင်တောတော့မဟုတ်ဘူး” ဝူလင်းယူ ပြောလိုက်သည် “စမ်းကြည့်လိုက်”

ရှီမာယူယူသည် အရင်ဒဏ်ရာကိုပဲ ကိုက်လိုက်သည်။ သူမသည် စာအုပ်ပေါ်သို့ သွေးချလိုက်ပြန်သည်။

လက်မှုပညာစာရွက်သည် သွေးကိုစုပ်ယူသွားလေသည်။ စာအုပ်ပေါ် တွင် အနက်ရောင်စာလုံးများ တဖြည်းဖြည်းပေါ်လာသည်။

“တကယ်အလုပ်ဖြစ်တယ်”

“ကြည့်ရတာ ဒီစာအုပ်က တကယ်ပဲ မင်းသွေးကိုလိုနေတာထင်တယ်” ဝူလင်းယူ ပြောလိုက်သည်။

ရှီမာယူယူသည် စာအုပ်ကိုလှန်လှောကြည့်ရာ နောက်ဆုံးစာမျက်နှာမှ စာလုံးများသည် မတူသည်ကိုမြင်လိုက်ရာ တန့်သွားလေသည်။

“ဒီမှာ ကျန်နေတာတစ်ခုရှိတယ်” ရှီမာူယူသည် ဗန်းစကားတချို့ကို အကြမ်းဖျင်းဖတ်လိုက်ရာ သဲလွန်စများကို မြင်လိုက်ရသည်။

သူမ စာမျက်နှာတချို့ကို အဆုံးထိဖတ်ပြီး သက်ပြင်ချလိုက်သ်ည။

“ဘာပြောထားလဲ” ဝူလင်းယူ မေးလိုက်သည်။

“ကြာပန်းနက်မျိုးနွယ်က မိန်းကလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း” ရှီမာယူယူ ပြန်ဖြေလိုက်သည်။ “အဲတုန်းက ကမ္ဘာကြီးလဲပြိုခဲ့တာပဲ ကံမကောင်းစွာနဲ့ပဲ အဆုံးသတ်မကောင်းခဲ့ဘူး”

ကြည့်ရသည်မှာ သူမသိသည့် ကြာပန်းနက်မျိုးနွယ် နှစ်ယောက်၏ အချစ်ဇာတ်လမ်းမှာ အဆုံးသတ်မသွားပေ။

ထိုအကြောင်းအား တွေးမိရာ သူမသည် ဝူလင်းယူကိုကြည့်လိုက်သည်။

ဝူလင်းယူသည် သူမ ပခုံးကိုကိုင်ကာ ပြောလေသည် “အဲဒါ တခြားသူ တွေရဲ့ ဇာတ်လမ်းပဲ ကိုယ်တို့က သူတို့နဲ့မတူဘူး မစိုးရိမ်နဲ့”

“အင်း” ရှီမာယူယူသည် အမှန်တကယ်ပင် စိတ်ထဲမထားချင်ပေ။ တခြားသူများဖြစ်ခဲ့သည့် အဖြစ်အပျက်သည် သူမတွင်ဖြစ်လိမ့်မည်ဟု သူမ မတွေးထင်ပေ။ “ဒါနဲ့ ဒီမိန်းကလေးက ယူယူလို့ခေါ်တယ် အနည်းဆုံးတော့ ဒီလူက သူမကို အဲလိုခေါ်တာပဲ”

ဝူလင်းယူ မျက်ခုံးများပင့်တက်သွားသည်။ ယူယူလို့ပဲခေါ်တာလား။

အဇူရာဧကရာဇ်ဘုရင်ကြီးရဲ့ ချစ်သူကလည်း ယူယူလို့ခေါ်တယ်။ ဒီမိန်းကလေးကလည်း ယူယူလို့ခေါ်တယ်။ ဒါက တိုက်ဆိုင်တာပဲလား။

“အရမ်းကို တိုက်ဆိုင်လွန်းတယ် ကြာပန်းနက်မျိုးနွယ်ကလူတွေက ယူယူလို့ခေါ်ရတာကို ကြိုက်ကြတာလားမသိဘူး”

“ဘယ်သူသိမလဲ” ရှီမာယူယူ ပြောလိုက်သည်။ “ဒါပေမဲ့ ဒါကိုကြည့် လိုက် ဒီစာအုပ်နဲ့ဆိုရင် ဒီယန္တရားတွေကို ထိန်းချုပ်နည်းသင်လို့ရပြီ”

“အဲလောက်မလွယ်ဘူးဆိုတာ သေချာတယ်” ဝူလင်းယူ ပြောလိုက် သည်။ “မင်းအတွက်ဆိုရင်တော့ အဲလိုမဖြစ်ပါဘူး”

“ဘာလို့လဲ”

“သူဒီမှာ လက်နက်ပညာစာအုပ်တွေဘာလို့ထည့်ထားတယ်လို့ ထင်လဲ” ဝူလင်းယူ သူမကို သတိပေးလေသည်။

“အာ…” ရှီမာယူယူ သူမ နဖူးသူမရိုက်လိုက်သည် “ယန္တရားတွေကို ထိန်းချုပ်မဲ့သူတွေက လက်နက်သခင်ဖြစ်ဖို့လိုတာလား”

“မင်းဖြစ်လာရင် သိရလိမ့်မယ်” ဝူလင်းယူ ပြောလိုက်သည်။

“ရတယ်လေ…”

ရှီမာယူယူသည် စာအုပ်ကိုနောက်တစ်ကြိမ်လှန်လိုက်သည်။ သည်တစ် ကြိမ်တွင် သူမသည် စာကြောင်းအနည်းငယ်သာရှိသော စာရွက်ကို ရောက် သွားလေသည်။

သူမ ကြည့်ပြီး စာလုံးများကိုဖတ်လိုက်သည်။ သူမသည် ရုတ်တရက် ဆွံ့အသွားရသည်။

“ယန္တရားအဆင့်နိမ့်တွေကလွဲပြီး တခြားဟာတွေကို ထိန်းချုပ်ဖို့ လက်နက်ပညာရှင်ဖြစ်ဖို့လိုတယ် ဒါဘာကြီးလဲ”

ဝူလင်းယူသည် သူမအားကြည့်ပြီး သဘောကျသောအပြုံးပြုံးလိုက် သည်။

သူမသည် လက်နက်ပညာရှင်မှလွဲပြီး အဂ္ဂိရတ်ပညာရှင်၊ တည်ဆောက် မှုသခင် ထိန်းကျောင်းမှုသခင်နှင့် ဝိညာဉ်သခင်ဖြစ်သည်။ အခု ထိုရတနာများ သည် လက်နက်ပညာရှင်အသုံးပြုခြင်းဖြစ်သဖြင့် သူမ ဒေါသမထွက်လျှင် မထူးဆန်းတော့ပေ။

“မမေ့နဲ့နော် မင်း လင်းလုံကိုကူညီပေးမယ်လို့ ပြောထားတာ ဒီနှစ်တွေ မှာ မင်းလက်နက်ပညာ စတောင်မသင်ရသေးဘူး” ဝိညာဉ်လေး သတိပေး လေသည်။

ရှီမာယူယူ သူမ ခေါင်းကိုပွတ်လိုက်သည် “ငါ ဖြစ်နိုင်ရင် မြန်မြန်သင် လိုက်ပါမယ်”

ပြီးခဲ့သည့်နှစ်များတွင် သူမ အမှန်တကယ်ပင် အလုပ်များနေခဲ့သည်။ လက်နက်ပညာသင်ရန် အချိန်မရှိခဲ့ပေ။

သို့သော် ယခုအချိန်တွင် အခန်းထဲမှ ယန္တရားများ အပြင်ဘက်တွင် အသုံးပြုထားသော သံအပုံလိုက်များရှိရာ သူမ သင်ယူသင့်နေပြီဖြစ်သည်။

“မစိုးရိမ်ပါနဲ့ ပြုံးနေ လေ့လာဖို့ အချိန်တွေအများကြီးရှိသေးတယ် ကိုယ့်ကိုယ်ကို တွန်းအားမပေးနဲ့” ဝူလင်းယူ ပြောလိုက်သည်။

“သိပါတယ်” ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။

“အဆင့်နိမ့်ယန္တရားက ဘာလို့လက်နက်ပညာရှင်ရဲ့ ထိန်းချုပ်စရာမလို တာလဲ” ဝိညာဉ်လေး မေးလိုက်သည်။

“ဘာလို့ဆို အဆင့်အနိမ့်ဆုံး ယန္တရားရဲ့ ထိန်းချုပ်ပုံက အရမ်းရိုးရှင်း တယ် အဲဒါတွေကိုထိန်းချုပ်ချင်ရင် ဝိညာဉ်စွမ်းအင်ထည့်လိုက်ရုံပဲ ဒါပေမဲ့ အဲဒါက ရိုးရှင်းလွန်းတယ် မင်း ဒီကိစ္စကိုသေချာလေ့လာပြီးတဲ့အထိစောင့် လိုက်”

ထာဝရရှင်သန်မှုနယ်မြေပွင့်သည်မှာ အချိန်ကန့်သက်ချက်ရှိသဖြင့် မိနစ်တိုင်းသည် တန်ဖိုးရှိသည်။

ထို့ကြောင့်ပင် လက်နက်ပညာသင်ယူရန် သူမ ထွက်သွားသည်အထိ စောင့်ရမည်။

“ဒီစာအုပ်တွေနဲ့ဆိုရင် လက်နက်ပညာသင်ဖို့ကလွယ်သွားမှာပဲ” ဝူလင်းယူ ပြောလိုက်သည်။

“အစ်ကိုက လက်နက်ပညာရှင်မဟုတ်ဘူးလား ညီမကိုသင်ပေး” ရှီမာယူယူ ပြောလိုက်သည် “နားမလည်တာတစ်ခုခုရှိရင် ညီမ မေးမယ်လေ”

“ကောင်းပါပြီဗျာ” ဝူလင်းယူ ခေါင်းညိတ်လိုက်သည် “ဒါပေမဲ့ ကိုယ်က မင်းကို လက်နက်ပညာသင်ပေးမှာဆိုတော့ ကိုယ်ကဆရာဖြစ်သွားပြီလား”

ရှီမာယူယူသည် သူ့ကိုတစ်ချက်ကြည့်ပြီး တိုးညင်းစွာဖြေလေသည် “ဘယ်လိုထင်လို့လဲ”

“ဒီကမ်းလှမ်းချက်ကမဆိုးပါဘူး”

“…သွားလိုက်တော့…”

***

All Chapters