← Chapters

မျက်နှာအလွန်အကျွံပျက်ရခြင်း

Vol. 84 Ch. 1171

မျက်နှာအလွန်အကျွံပျက်ရခြင်း

Vol. 84 Ch. 1171

နောက်ဆုံးတွင် ဆရာတပည့်ဆက်ဆံရေးသည် တရားဝင် မတည်ထောင်လိုက်ရပေ။ သို့သော် သူတို့တွေ့ရသည့် အချိန်နည်းနည်းလေး သည် သူ့ကိုကျေနပ်စေသည်။ သူ သူမနှင့် ကုန်ဆုံးရသည့် မိနစ်တိုင်း စက္ကန့် တိုင်းသည် တန်ဖိုးရှိသည်။ သူတို့အဖွဲ့သည် အထဲတွင် ရက်ပေါင်းများစွာနေ လေသည်။ ဝိညာဉ်လေးသည် ရှီမာယူယူနှင့် ဝူလင်းယူတို့ ယန္တရားစာအုပ်များ ကိုလေ့လာရန် ထားသွားလေသည်။

“လာခဲ့ စမ်းကြည့်ရအောင်” ရှီမာယူယူ ပြောလိုက်သည်။

သူမသည် ဝူလင်းယူကို ယန္တရားတစ်ခုရှေ့သို့ဆွဲခေါ်သွားသည်။ သူတို့ နှစ်ယောက်သည် ထိန်းချုပ်ရန် အဆင့်နိမ့်ယန္တရား တစ်ခုစီရှာတွေ့သွားကြ သည်။

ဝူလင်းယူအတွက် လွယ်လွန်းသည်။ ထို့နောက်တွင် သူသည် လက်ပိုက်ပြီး သူမကိုကြည့်နေလိုက်သည်။

“ဘာလို့အဲလောက်မြန်ရတာလဲ” ရှီမာယူယူသည် သူ့အား စိတ်အားငယ်စွာကြည့်လေသည်။

ဝူလင်းယူပြုံးလိုက်သည် “ကိုယ့်အရည်အချင်းက ကောင်းတယ်လေ မတတ်နိုင်ဘူး”

“….”

သူမ သူ့ကိုတစ်ချက်စောင်းကြည့်လိုက်သည်။ သူ့ကို လျစ်လျူရှုရှုင်း နှင့်ပင် အလုပ်ဆက်လုပ်နေလိုက်သည်။

သူက လက်နက်ပညာတတ်နေလို့ပဲ မဟုတ်ဘူးလား။ ပြောရင်းနဲ့ သူ့ အရည်အချင်းက တခြားသူတွေကို အနိုင်ကျင့်တဲ့နေရာမှာ တော်တာပဲ။

ခဏအကြာတွင် သူမ အောင်မြင်သွားသည်။ ယန္တရားသည် စတင် လှုပ်ရှားလာသည်။

“မဆိုးဘူး” သူမ အားရပါးရပြုံးလိုက်သည်။

“အဆင့်နိမ့်ယန္တရားက အသုံးမဝင်ဘူး တိုက်ခိုက်တဲ့သက်ရောက်နှုန်းက လည်း နိမ့်ပြီးတော့ လှုပ်ရှားမှုကလည်း တောင့်တင်းတယ်” ဝူလင်းယူ မှတ်ချက်ပေးလေသည် “ဒါပေမဲ့ မင်းတစ်ယောက်တည်းရှိနေရင်တော့ အကောင်းဆုံးလုပ်နိုင်ပါတယ်”

ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ ဒီလူကြီးက သူမ နည်းနည်း လောက်ပဲလုပ်နိုင်တာကို လာရန်စနေတာပဲ။

လက်နက်ပညာရှင်… သူမ သေချာပေါက် လက်နက်သခင်ဖြစ်ရမယ်။

သူမသည် ဒိကျဲ့နှင့် ရှီမာလွီဖန်တို့အဖွဲ့ကို သွားရှာရန် တွေးလိုက်သည်။ သူမသည် ထိုနေရာ၏ အခြေအနေကို မသိသောကြောင့် အရေးပေါ် အခြေ အနေအတွက် ယန္တရားတချို့ယူဆောင်သွားလိုက်သည်။

“မဆိုးဘူးပဲ အလယ်အလတ်အဆင့်နဲ့ အဆင့်မြင့်ယန္တရား အရေအတွက်က မတိမ်းမယိမ်းပဲ” ရှီမာယူယူ မှတ်ချက်ပေးလိုက်သည်။

“အဆင့်နိမ့်ယန္တရားတွေက အနည်းဆုံး သောင်းချီရှိတယ် အလယ် အလတ်အဆင့်တွေက နည်းတယ် အဆင့်မြင့်ယန္တရားတွေက အဲမိန်းကလေး ပိုင်တဲ့ဟာတွေဖြစ်လောက်တယ်” ဝူလင်းယူ ထပ်ပေါင်းပြောလေသည်။

အဆင့်နိမ့်ယန္တရားအများအပြားရှိပြီး အလယ်အလတ်နှင့် အဆင့်မြင့် ယန္တရားနည်းနေသည်မှာ မဖြစ်နိုင်ပေ။

“ထပ်ရှိနိုင်သေးတယ်” ရှီမာယူယူသည် သူမ၏ အံ့ဖွယအာရုံကိုလွှတ် လုကိသည်။ ယန္တရားများနောက်တွင် တံခါးတစ်ချပ်ကိုတွေ့လေသည် “တံခါး ရှိနေတယ် အထဲမှာ ရှိနိုင်သေးတယ် သွားကြည့်ရအောင်”

ဝူလင်းယူ ခေါင်းညိတ်လိုက်သည်။ သူမ လက်ကိုတွဲပြီး လျှောက်သွား လိုက်သည်။ သူတို့သည် တံခါးသုံးချပ်ကိုတွေ့လေသည်။

သည်တစ်ကြိမ်တွင် သူ တံခါးမဖွင့်တော့ပေ။ ထိုအစား သူမလက်ကို လွှတ်ပြီး လမ်းဖယ်ပေးလိုက်သည်။

ရှီမာယူယူသည် အလယ်တွင်ရှိသော တံခါးအရှေ့တွင်ရပ်လိုက်သည်။ သူမ ညင်သာစွာ တွန်းလိုက်သည်။ သို့သော် တံခါးသည် ရွေ့မသွားပေ။ သူမ မည်မျှပင် အားထည့်စေကာမူ တံခါးသည် တုပ်တုပ်မလှုပ်ပေ။

“ဟင်း” ရှီမာယူယူသည် ခြေလှမ်းနှစ်လှန်းပြန်ဆုတ်လိုက်သည်။ “ဒီတံခါးကိုဖွင့်မရဘူး”

ဝူလင်းယူသည် ပတ်ပတ်လည်အား အကဲခတ်ကြည့်သော်လည်း မည်သည့် ယန္တရားမှရှိမနေပေ။

“နောက် တံခါးနှစ်ခုကို စမ်းကြည့်ဦးမယ်”

ရှီမာယူယူသည် ဘယ်ဘက်တံခါးသို့လာပြီး အားဖြင့်တွန်းလိုက်သည်။ မလှုပ်မယှက်ပင်…

သူမ ဖွင့်လို့ရတဲ့ တံခါးမဟုတ်ဘူးလား။

သူမ အကြိမ်အနည်းငယ်ကြိုးစားကြည့်သည်။ ရလဒ်မှာအတူတူပင်။ ထို့ကြောင့် သူမ လက်လျော့ကာ ညာဘက်တံခါးသို့သွားလိုက်သည်။

ထင်ထားသည့်အတိုင်း ရလဒ်မှာ အတူတူပင်။ ထို့ကြောင့် သည်တစ် ကြိမ်တွင် အားအပြည့်သုံးလိုက်သည်။

ထိုတံခါးသည် အနည်းငယ်ထိလိုက်သည်နှင့်ပင် ပွင့်သွားလေသည်။ သူမ အားအပြည့်ထည့်လိုက်ခြင်းကြောင့် အတွင်းသို့ယိုင်လဲသွားလေသည်။

“ဘုန်း ဘုန်း”

နောက်တွင် အသံတစ်သံထွက်လာသည်။ ဝူလင်းယူလာပြီး မီးတောက် တစ်လုံးစုလိုက်သည်။ ယန္တရားများအပေါ်တွင်လဲနေသော လူတစ်ယောက်ကို တွေ့လိုက်သည်။ သူမ ရှေ့တွင်တော့ ယန္တရားအပုံလိုက်ကိုတွေ့ရလေသည်။

“…” ရှီမာယူယူသည် မျက်နှာကိုဖုံးပြီး ရေရွတ်လိုက်သည် “ဒီမှာဘာရှိ လဲမသိဘူး အံ့ဖွယ်အာရုံသုံးလို့မရဘူး”

အမှောင်ထုကြောင့် သူမ အံ့ဖွယ်အာရုံကိုသုံးမရပေ။ သက်ရောက်မှု ပြင်းထန်သောကြောင့် သူမကိုယ်သူမ မထိန်းနိုင်ဘဲ ယန္တရားကို နင်းခြေလိုက် သည်။

ထိုနေရာရှိ ယန္တရားများသည် သပ်ရပ်စွာ စီထားသည်။ သူမ လဲကျသွား ချိန်တွင် ယန္တရားများသည် တစ်ခုချင်းစီလဲပြိုလေသည်။

နှစ်တွေကြာမှ ဒီလိုဖြစ်မယ်လို့ တကယ်ထင်မထားဘူး… အထူးသဖြင့် သူ့ရှေ့မှာလေ

ဝူလင်းယူသည် ဘာကိုမှမတွေးပေ။ သို့သော် သူမကို ထိုပုံစံအတိုင်း မြင်လိုက်ရသောအခါ သဲ့သဲ့ရယ်လေသည်။

“ဘာလဲ ကြမ်းပြင်ကြီးကအဲလောက်ကောင်းတာလား မှောက်နေဖို့ပဲ စီစဉ်ထားတာလား”

ရှီမာယူယူသည် ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက်နေနေသည်။ သူမ မျက်နှာမပျက်ရသည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်သည်။

ဝူလင်းယူ လျှောက်လာပြီး သူမကို ထူမည်ပြုသည် “ဘာတွေ ရှက်နေ တာလဲ မြန်မြန်ထ”

သို့သော် ရှီမာယူယူသည် ကြမ်းပေါ်တွင်နေကာ ယန္တရားများကို ငေးငိုင် စွာကြည့်နေသည်။

ဝူလင်းယူသည် သူမ ရှက်နေသည်ဟု ထင်ပြီးလျှောက်လာသည်။ သူမ သည် ယန္တရားကို ငေးငိုင်ပြီးကြည့်နေမည်ဟု ထင်မထားပေ။

“ဒီယန္တရားတွေက ကိုယ့်ထက်ကြည့်ရတာ ပိုကောင်းနေတာလား”

ရှီမာယူယူသည် ထပြီး အော်လေသည် “ကြည့်လိုက် ဒါတွေအားလုံး မှာရှိကြတယ်”

ဝူလင်းယူသည် သူမညွှန်ပြသော ကြာပန်းနက်ကိုကြည့်လိုက်သည်။ ဖြူစင်သော ကြာပန်းနှင့်မတူပဲ ဆွဲဆောင်မှုရှိသော အလှတရားရှိလေသည်။

“ဒါက ဘာတွေထူးဆန်းနေတာလဲ” ဝူလင်းယူ ပြောလိုက်သည် “ခုန ကလည်း တခြားယန္တရားပေါ်မှာတွေ့ပြီးပြီမဟုတ်ဘူးလား”

“အလယ်ကိုကြည့်လိုက် ဒီမှာရွှေရောင်အစက်ကလေးရှိတယ် အပြင်က တစ်ခုကမရှိဘူး” ရှီမာယူယူ ညွှန်ပြလေသည်။

ဝူလင်းယူ ထပ်ကြည့်လိုက်သည် “တကယ်ပဲရှိတာပဲ”

“ဒီယန္တရားတွေအကုန်ရှိကြတယ်” ရှီမာယူယူ ပြောလိုက်သည် “အခု အနီးကပ်ကြည့်မှာပဲ စာလုံးနဲ့တူသလိုပဲ”

သူမသည် မှန်ဘီလူးထုတ်ကာ ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်။ ဘေးဘက်ရှိ ပစ္စည်းများကို အလင်းယိုင်ကာ ရွှေရောင်များတောက်နေလေ သည်။

“တကယ်ပဲ စာလုံးပဲ လင်း…” ရှီမာယူယူ ပြောလိုက်သည် “ဒါကို စာအုပ် နောက်ဆုံးမှာတွေ့လိုက်တယ် သူက အဲမိန်းကလေးကို လေးလေးနက်နက် ချစ်ပေမဲ့ သူ့အချစ်ကနှိမ့်ကျတယ်တဲ့ အဲလိုဆိုရင်တောင် သူမ နှလုံးသားထဲမှာ သူနေရာသေးသေးလေးဖြစ်ဖြစ်ရဖို့ မျှော်လင့်ပါတယ်ဆိုပြီး ရေးထားတယ်”

ဝူလင်းယူသည် သူမ၏ ဝမ်းနည်းမှုကိုခံစားမိလေသည်။ သူ သူမကို ဆွဲပြီး ရင်ခွင်ထဲသွင်းလိုက်သည်။ “ဒါဆိုရင် ကိုယ်က သူနဲ့ယှဉ်ရင် ကံကောင်း တယ်လို့ပြောလို့ရတာပေါ့ ကိုယ်ကလည်း ကြာပန်းနက်မျိုးနွယ်က မိန်းကလေးကိုချစ်မိတယ် ဒါပေမဲ့ မင်းအချစ်ကို ကိုယ်ရတယ်လေ”

“အဲဒါကြောင့် ညီမကို ကောင်းပေးရမယ် ညီမက အစ်ကို ကံကောင်း အောင်လုပ်ပေးရမယ် နားလည်လား”

“ဟုတ်ပါပြီ”

“ဒါဆိုရင် ညီမပြောစကားကိုနားထောင်ရမယ်”

“ကောင်းပါပြီ”

“အစ်ကို အားပြန်ပြည့်တဲ့အထိ ဒီမှာပဲနေရမယ်”

“…အင်း…”

ရှီမာယူယူသည် ပြုံးကာ သူ့ခါးကို လက်ဖြင့်သိုင်းဖက်ပြီး ရင်ခွင်ပေါ်သို့ ခေါင်းမှီလိုက်သည်။ သူမသည် သူ့နှလုံးခုန်သံကိုကြားရလေသည်။

“ဒီကယန္တရားတွေက အကုန်အလယ်အလတ်အဆင့်ပဲ” ရှီမာယူယူ ပြောလိုက်သည် “ညီမအံ့ဖွယ်အာရုံကို တစ်ခုခုက ဖိနှိပ်ထားလို့ သုံးမရဘူး”

“သွားရှာကြတာပေါ့”

သူတို့နှစ်ယောက်သည် အချိန်တစ်ခုကြာသည်အထိ ရှာလေသည်။ သူတို့သည် အံ့ဖွယ်အာရုံကိုသုံးမရပေ။ ထိုမျှလောက်ကြီးမားသော နေရာကို ရှာရမည်မှာ အချိန်ကြသည်။

နှစ်ယောက်သား နေ့တစ်ဝက်ကြာအောင်ရှာရသည်။ နောက်ဆုံးတွင် သူတို့အံ့ဖွယ်အာရုံကိုဖိနှိပ်ထားသော တရားခံ သံတုံးကို ထောင့်တွင် တွေ့လိုက်ရသည်။

“ဒီဝိညာဉ်လက်နက်က မကြီးတဲ့ပုံပဲ ဒါကို ညီမတို့ အံ့ဖွယ်အာရုံကို ဖိနှိပ် နိုင်တယ်” ရှီမာယူယူ ပြောလိုက်သည်။ “မြေကြီးပေါ်ကို သာမန်ကာလျှံကာ ပစ်ထားတာ အရင်သခင်က ဘယ်လောက်တောင် အားကောင်းလို့ပါလိမ့်”

“ဖြစ်နိုင်တာက ကိုယ်တို့တွေးနိုင်တာထက် အများကြီးကျော်လွန်နေမှာ ပေါ့” ဝူလင်းယူ ပြောလိုက်သည်။

“ညီမတို့ ဒီလိုရတနာကို ဆက်ရှာရမယ် နောက်ကိုအသုံးဝင်နိုင်တယ်” သူမသည် ထိုပစ္စည်းကို မှော်ဝင်လက်စွပ်ထဲထည့်လိုက်သည်။ သူမ အံ့ဖွယ် အာရုံကိုဖိနှိပ်ထားမှုသည် ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။

“ကောင်းပြီ ထွက်ရအောင်”

သူမသည် ထိုနေရာတွင် ကြာရှည်အောင်နေခဲ့ပြီးပြီ။ တံခါးနှစ်ခုမှာ ဖွင့်မရမှတော့ သူမ လေ့လာပြီးသည့်အချိန်ထိစောင့်ရဦးမည်။

“ဘယ်သွားသွား တစ်ခုခုဆိုရင် ကိုယ့်ကို ထွက်လာခိုင်းပေး သူတို့က ကိုယ့်ဘေးမှာရှိတယ်ဆိုတာ မမေ့နဲ့” ဝူလင်းယူ ဆုံးမလေသည်။

***

All Chapters