← Chapters

လေဟာပြင်ခေါက်ခြင်း

Vol. 84 Ch. 1172

လေဟာပြင်ခေါက်ခြင်း

Vol. 84 Ch. 1172

သူ ရည်ညွှန်းသော သူတို့ ဆိုသည်မှာ မည်သူ့ကိုဆိုလိုသည်ကို ရှီမာယူယူ နားလည်သည်။ ထိုသူများမှာ တိမ်ပင်လယ်မြို့တော်တွင်ရှိစဉ်က ပညာရှိစံအိမ်တော်သခင်ကို စားလိုက်သူဖြစ်သည်။ “ညီမ မဖြေရှင်းနိုင်တဲ့ဟာ ရှိရင် သေချာပေါက် အစ်ကို့ကိုထွက်လာခိုင်းမှာပါ” ရှီမာယူယူ ပြောလိုက် သည်။

အမှန်သာ ထိုအချိန်ရောက်ပါက သေရေးရှင်ရေးကိစ္စပင်ဖြစ်လိမ့်မည်။

သူမသည် ဝိညာဉ်စေတီမှ ထွက်ခဲ့လိုက်သည်။ အပြင်တွင် တစ်ရက် ကုန်ဆုံးသွားခဲ့လေပြီ။

ရှောင်ချီသည် သူမ ကို အာရုံခံမိပြီး ပြေးလာသည် “ယူယူ ရှောင်ချီတို့ ဘယ်တော့သွားကြမလဲ”

ရှီမာယူယူသည် ဝိညာဉ်အတားအဆီးကို ဖွင့်ကာ သူမကို ဝင်ခိုင်းလိုက် သည် “နှစ်ရက်ပဲ မဝင်ခင်ကို ယိယွမ်နဲ့ တခြားသူတွေကို ထွက်သွားခိုင်းရမယ်”

“ကောင်းပြီ ယိယွမ်အကြောင်းပြောရင်းနဲ့ ယူယူ့ကိုလာမေးသေးတယ် ဆိုတော့ သူမက ယူယူ့ကိုပြောစရာရှိတဲ့ပုံပဲ” ရှောင်ချီ ပြောလိုက်သည် “ယူယူ ထွက်လာတာနဲ့ သူမကိုပြောဖို့ပြောထားတယ်”

ယိယွမ်သည် အရင်နှင့်မတူတော့သည်ကို ရှီမာယူယူ ခံစားမိသည်။ “ငါ သူမကို သွားတွေ့လိုက်မယ်”

သူမသည် ရှီမာယိယွမ်ရှိနေသည့်နေရာကို အလွယ်တကူသိထားသည်။ သူမသည် ပြီးခဲ့သည့်တစ်ခေါက်က တောင်ထိပ်တွင် ငေးငိုင်စွာရှိနေသည်။

သူမသည် ယိယွမ်အနောက်သို့ လျှပ်တပြက်သွားလိုက်သည်။

နောက်တွင် ရုတ်တရက်လူပေါ်လာသည်နှင့် ရှီမာယိယွမ်သည် နောက် ပြန်ဆုတ်လိုက်သည်။ သူမသည် ချက်ချင်းပင် မတ်တတ်ရပ်လိုက်သည်။ ရှီမာယူယူကိုမြင်သည်နှင့် သူမ စိတ်သက်သာရာရသွားလေသည်။ သူမ ပြုံး လိုက်သည် “မင်းပဲ အဆင်ပြေလား”

“ငါ ပြန်ကောင်းလာပါပြီ” ရှီမာယူယူသည် သူမကို နှိုးထစေလိုက်သည်။ သူမ သာမန်ကာလျှံကာပင်ထိုင်လုကိသည်။ ထို့နောက်တွင် သူမဘေးကို ပုတ်ပြီး ပြောလိုက်သည် “ထိုင်လေ”

ရှီမာယိယွမ် ထိုင်ချလိုက်သည်။ “ဒီကိစ္စအတွက် တကယ်ပဲ မင်းကို ကျေးဇူးတင်ချင်ပါတယ်”

“မင်းကိုကယ်တာ ငါတစ်ယောက်တည်းမဟုတ်ဘူးလေ မွေးစားအဖေ ယိဖေး ရှင်းရှုံနဲ့ တခြားသူတွေလည်း လာကယ်တာပဲ” ရှီမာယူယူ အမှန်ပြင် ပေးလိုက်သည် “ပြီးတော့ အဓိကက ဖိဖေးတို့နဲ့တွေ့လိုက်တာပဲ မဟုတ်ရင် မင်း အဖမ်းခံရတာတောင် သိမှာမုတ်ဘူး ဒါနဲ့ ချီချီရော ဘယ်လိုနေလဲ”

“ချီချီက အောက်မှာ ကစားနေတယ်” ရှီမာယိယွင် ပြန်ဖြေလိုက်သည် “သူမ အဆင်ပြေပါတယ် သူမက ဘာမှမဖြစ်ဘူး အရင်အတိုင်းပဲ”

“မင်းက အရင်နဲ့မတူတော့ဘူးလား” ရှီမာယူယူ မေးလိုက်သည်။

ရှီမာယိယွမ် သူမကိုကြည့်လိုက်သည်။

“ငါ မမြင်ဘူးလို့မထင်နဲ့ မင်းမျက်လုံးတွေက အရင်လိုမဟုတ်တော့ဘူး” ရှီမာယူယူ ပြောလိုက်သည် “မင်း အရင်တုန်းကနူးညံ့တယ် ဒါပေမဲ့ အခုက နည်းနည်း ခံနိုင်ရည်ရှိပြီး ဒေါသစွက်တယ်”

ရှီမာယိယွင်သည် မှင်တက်သွားသည်။ သူမ ခါးသက်စွာပြုံးလိုက်သည် “ကိစ္စတချို့တွေ့ကြုံပြီးရင်တော့ ပြောင်းလဲကြမှာပဲလေ”

“မင်း စော်ကားခံရပြီးပြီလား” ရှီမာယူယူသည် တည့်တိုးပင်မေးလေ သည်။

“မခံရဘူး ဒါပေမဲ့ ခံရလုနီးပါးပဲ” ရှီမာယိယွမ် ပြောလိုက်သည်။ “နောက်ဆုံးအချိန်မှာ သူထွက်သွားတာလေ”

“အဲတော့ မင်းပြောင်းလဲသွားတာက စော်ကားခံရတာကြောင့် မဟုတ် ဘူးပေါ့” ရှီမာယူယူ စကားဖြတ်ပြောလေသည် “ဒါဆိုရင် မင်း အားနည်းနေလို့ သန်မာချင်လို့လား”

ရှီမာယိယွင်သည် သူမကို ကြည့်လေသည်။ သူမ ခံစားချက်ကို ရှီမာယူယူ နားလည်လိမ့်မည်ဟု ထင်မထားပေ။

“အံ့သြဖို့မလိုပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ငါက အဲခံစားချက်ကို နားလည်တယ် ငါက သေးငယ်တဲ့ခံစားချက် အရမ်းသန်မာချင်တဲ့ခံစားချက်”

“အဲဒါကြောင့် မင်းဒီလောက်အများကြီးတိုးတက်လာတာပဲ” ရှီမာယိယွင် သည် သူမကို အနည်းငယ်အားကျမိသည်။ သူတို့နောက်ဆုံးတွေ့ခဲ့တာ ဘယ်လောက်ကြာပြီလဲ။ သူတို့တွင်တော့ တိုးတက်မှုအများအပြားမရှိ သော်ငြား ပြီးခဲ့တဲ့နှစ်များတွင် ကိစ္စများစွာလုပ်ခဲ့သည်ကို ရှောင်ချီဆီမှ ပြန်ကြားရပြီး မည်မျှတိုးတက်ခဲ့သည်ကိုလည်း မျက်မြင်တွေ့ခဲ့ရသည်။

သို့သော် သူမသည် ယူယူ့အတွက် စိတ်မကောင်းဖြစ်မိသည်။ သူမ မိဘ များ၏ နေရာမှာ မသိနိုင်ပေ။ သူမသည် ကိုယ့်အားကိုယ်ကိုးအား အလုပ် များစွာလုပ်နေကြသည်။

ပြောရင်းနှင့် မိသားစုအတွင်းတွင် ကလေးဘဝကတည်းက ကြီးပြင်းလာ သူများသည် သူမနှင့်ယှဉ်ပြီး ရှက်မိကြသည်။

ရှီမာယူယူ ပခုံးတွန့်ကာ သူမ ပြောဆိုချက်ကို သဘောတူသည့်အနေ နှင့် ပခုံးတွန့်လိုက်သည်။

ဖိအားသာမရှိလျှင် သူမ ဒီလောက်မြန်မြန်တိုးတက်မည်မဟုတ်ပေ။

ရှည်လျားသော လမ်းတစ်လျှောက်တွင် ပင်ပန်းသည်ဟု သူမ ခံစားခဲ့ရ သည်။ တတ်နိုင်လျှင် သူမ မလုပ်ချင်ဘဲ ဖြည်းဖြည်းသာ လှုပ်ရှားချင်သည်။

သို့သော် ရှီမာယိယွင်၏ ရှုပ်ထွေးသောအကြည့်ကိုကြည့်ပြီး ပြောလိုက် သည် “လူတိုင်းကတော့ သူတို့လမ်းနဲ့သူတို့ရှိတာပဲလေ ငါ့လိုဖြစ်တာလည်း ကောင်းတာချည်းတော့မဟုတ်ဘူး အခုကတော့ အဲလောက်ဆိုးချင်မှလည်း ဆိုးမှာတော့”

“ဦးလေးလွီရွှမ်နဲ့ တခြားသူတွေသာသိရင် ဘယ်လောက်များ စိတ် မကောင်းဖြစ်မလဲ” ရှီမာယိယွင် သက်ပြင်းချလေသည် “မင်းရဲ့ ပေါက်ရောက် မှုတွေက မိဘတွေကို ဂုဏ်ယူစရာဖြစ်ပေမဲ့ ငါတို့ ဦးလေးလွီရွှမ်တို့ိကို နားလည်သလောက်ဆိုရင် သေချာပေါက် စိတ်မကောင်းဖြစ်ကြမှာပဲ”

“မင်း ငါ့အမေကိုတွေ့ဖူးလား” ရှီမာယူယူ မေးလိုက်သည်။

ရှီမာယိယွင် ခေါင်းခါလိုက်သည်။ “အစတုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါတို့မသိကြဘူး အပြင်မှာဖြစ်တဲ့ ကြီးကြီးမားမားပွဲကိုပဲသိလိုက်တယ် အဲဒါက ဦးလေးလွီရွှမ်နဲ့ ငါတို့်တစ်ခါမှမမြင်ဖူးတဲ့ မင်းအမေနဲ့ပတ်သတ်နေတယ် ဦးလေးလွီရွှမ် ပြန်လာတော့ သူက မင်းကိုချီထားတယ် ပြီးတာနဲ့သိပ်မကြာဘူး မင်းက မိသားစုကနေပျောက်သွားတယ် မင်းအသတ်ခံလိုက်ရပြီလို့ထင်လိုက် တာ မင်းကိုယိလင်းတိုင်းပြည်ခေါ်သွားမယ်လို့ မထင်ထားဘူးပဲ”

“မင်း ငါ့အမေကိုမတွေ့ဖူးဘူး….” ရှီမာယူယူ ပြောလိုက်သည်။ သူမ အမူအရာကိုကြည့်ရာ သူမသည် အမေနှင့် တစ်ခါမှမတွေ့ဖူးပေ။

“အဲကိစ္စက မိသားစုနဲ့ မပတ်သတ်ဘူး အနည်းဆုံးတော့ မင်းအမေက မိသားစုအိမ်တော်ကို တစ်ခါမှမလာခဲ့ဖူးဘူး ဒါပေမဲ့ နောက်ပိုင်းငါပြန်ကြားတာ တော့ လူအများကြီးက မိသားစုကိုလာလည်ပြီး ဘိုးဘွားတွေကိုတောင် ထွက်လာအောင်လုပ်လိုက်တယ်တဲ့” ရှီမာယိယွင် ပြန်ဖြေလေသည်။

အဖြေမှာ အရင်ကကြားခဲ့သည်များနှင့် မကွာခြားလှပေ။ ထိုမျိုးဆက်မှ လူများတွင် အသုံးဝင်သည့် သတင်းရှိသည့်ပုံမပေါ်ပေ။

“ငါက သူတို့အတွက် ဂုဏ်ယူစရာဖြစ်ဖို့မျှော်လင့်ပါတယ် ဒါပေမဲ့ အရင်ဆုံးလုပ်ရမှာက သူတို့ကိုရှာဖို့ပဲ” ရှီမာယူယူ ပြောလိုက်သည်။ “ငါ ခဏ အပြင်ထွက်သွားမယ် ပြီးတာနဲ့ ကိစ္စတချို့လုပ်ဖို့ရှိတယ် အခု ရင်ဇင်းလည်း သေသွားပြီ အဲတော့ အပြင်ထွက်လည်း မင်းတို့အတွက် အန္တရာယ်မရှိတော့ ဘူး”

ရှီမာယိယွင်သည် သူမ သူတို့ကိုထွက်သွားစေချင်သည်ကို နားလည် သည်။

“မင်း ဦးလေးလွီဖန်တို့အဖွဲ့သွားတဲ့ဆီကိုသွားမလို့လား” ရှီမာယိယွင် မေးလိုက်သည်။

“ဟုတ်တယ်” ရှီမာယူယူ မငြင်းပေ။ “သူတို့က မင်းတို့ကို ချန်ထားတဲ့ တာအဲဒါကြောင့် ငါ မင်းတို့ကိုခေါ်မသွားရဲဘူး”

“အဲဒီမှာ အန္တရာယ်များတယ်”

ရှီမာယူယူ သွေးမိစ္ဆာမြို့တော်ရှိရာသို့ မေ့ငေါ့လိုက်သည်။ “ငါ တစ်ယောက်တည်းမဟုတ်ဘူးလေ”

ရှီမာယိယွင်သည် မြို့ကိုကြည့်ပြီး ထိုလူများကို ပြောနေသည်ဟု သဘောပေါက်လိုက်သည်။ ပြီးခဲ့သည့်ရက်များတွင် သူတို့သည် မြို့ကို လှည့်ပတ်သွားခဲ့ကြသည်။ သူတို့သည် ရက်စက်ကြမ်းကြုတ်ပြီး နတ်ဆိုး အကြည့်များရှိကြသည်။ သူတို့ကို ဖိနှိပ်ရန် သူမအတွက် ခက်ခဲပေမည်။

“ကောင်းပြီ ဒါဆိုရင် မင်းဂရုစိုက်ပါ” ရှီမာယိယွင် သတိပေးလိုက်သည်။

သူမ နောက်လိုက်မည်ဟု မပြောပေ။ သူတို့သွားမရဟု ဦးလေးလွီဖန်တို့ ပြောခဲ့သဖြင့် တခြားနေရာကိုသာ အခွင့်အလမ်းသွားရှာရတော့မည်။

ရှီမာယိယွင်နှင့် စကားပြောပြီးနောက်တွင် တခြားလူများကို လျင်မြန်စွာ ပင် သွားရှာလိုက်သည်။

ရှီမာယူယူသည် သူတို့ကိုလောကအသေးမှထုတ်လိုက်သည်။ ထို့နောက်တွင် အိမ်မက်လေး ရှောင်ချီနှင့် ချင်ယိတို့သည် ရင်ဇင်း၏ မှတ်ဉာဏ်အတိုင်း သွားလေသည်။

“ဒါပဲ” အိမ်မက်လေးသည် လူအရပ်ထက်မြင့်သော မြက်ပင်များရှိရာသို့ ခေါ်သွားလေသည်။

သူတို့သည် လေပေါ်တွင် ရပ်နေကြသည်။ ရှောင်ချီလှည့်ပတ်ကြည့် လိုက်၏ ။ “ဒီမှာ ထူးခြားတာမရှိဘူး နင် သေချာရဲ့လား”

“ဒီမှာပဲ” အိမ်မက်လေးသည် အတိအကျပင်ပြောလေသည် “ဒီနေရာမှာ လူတွေအများကြီးပျောက်သွားတာကို သူတွေ့ခဲ့တာ”

ရှီမာယူယူသည် ဟာစွန်ကိုခေါ်ထုတ်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့် ခိုင်းလိုက်သည်။

ဟာစွန်သည် အချိန်တစ်ခုကြာအောင် စစ်ဆေးပြီးနောက် အိမ်မက်လေး ညွှန်ပြသည့်နေရာကိုပင် ညွှန်ပြလေသည်။ “ဒီနေရာမှာလေဟာပြင် ခေါက်ရာ ရှိတယ်”

“လေဟာပြင်ခေါက်ရာဟုတ်လား အဲဒါဘာလဲ ကောင်းကင်နီလို ဖန်တီးထားတဲ့ လေဟာပြင်လား” ရှောင်ချီသည် သိချင်စိတ်ဖြင့်မေးလေ သည်။

***

All Chapters