← Chapters

နောက်ထပ် ဉာဏ်အလင်းပွင့်ခြင်း

Vol. 84 Ch. 1173

နောက်ထပ် ဉာဏ်အလင်းပွင့်ခြင်း

Vol. 84 Ch. 1173

“ဟုတ်သားပဲ လေဟာပြင်ခေါက်တယ်ဆိုတာဘာလဲ တစ်ခါမှမကြားဖူး ပါဘူး” အိမ်မက်လေး ပြောလိုက်သည်။

“လေဟာပြင်ခေါက်တာက လေဟာပြင်ပိတ်တာမဟုတ်ဘူး ကောင်းကင်နီနဲ့ မတူဘူး” ဟာစွန်ရှင်းပြလေသည်။ “လေဟာပြင်ခေါက်တာ က အပြင်လောကနဲ့ ဆက်စပ်နေတယ် ဒါပေမဲ့ ဒီလေဟာပြင်က အပြင် လောကနဲ့မတူဘူး စက္ကူခေါက်လိုက်သလိုပဲ အဲဒါကြောင့် နာမည်ကလည်း အဲလိုခေါ်တာပေါ့ ငါတို့မမြင်ရလို့ ရှေ့ဆက်သွားမယ်ဆိုရင် အခုနေရာကနေ မီတာသန်းချီအဝေးကိုရောက်သွားလိမ့်မယ်”

ရှီမာယူယူ ထိုအကြောင်းကိုသိသည်။ သည်နေရာတွင် လေဟာပြင် ခေါက်ရာရှိလိမ့်မည်ဟု သူမ ထင်မထားပေ။ ထို့ကြောင့်ပင် ဒိကျဲ့တို့အဖွဲ့၏ ရောင်ဝါ ရုတ်တရက်ပျောက်ကွယ်သွားခြင်းဖြစ်သည်။ သူတို့သည် ရုတ်တရက်ကြီး အလွန်ဝေးကွာသောနေရာသို့ ရောက်သွားသောကြောင့်ပင်။ ပစ္စည်းများမှာ အသုံးမဝင်တော့ပေ။

ရှီမာလွီဖန်တို့သည်လည်း ထိုနည်း၎င်းဖြစ်လိမ့်မည်။

“လေဟာပြင် အပြောင်းအလဲကိုလုပ်နိုင်တယ်ဆိုရင် ဒီမှာ တစ်ခုခုရှိတာ ဒါမှမဟုတ် တစ်ခုခုဖြစ်နိုင်တယ်ဆိုတာကို ညွှန်ပြနေတာပဲ” ဟာစွန်သည် ရှီမာယူယူကို သတိပေးလိုက်သည်။

မည်သည့်အရာပင်ဖြစ်စေကာမူ အန္တရာယ်မသေးသည်ကို ပြသနေ သည်။

ရှီမာယူယူ နားလည်သည့်သဘောဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင် ဝင်ရအောင်”

ဝင်သွားပြီးနောက်တွင် အကုန်လုံးတကွဲတပြားမဖြစ်စေရန် သူမသည် အားလုံးကို နေရာထဲထည့်ထားလိုက်သည်။ သူမ ဝင်သွားပြီးနောက်တွင် သူတို့ကိုခေါ်ထုတ်ရန် စီစဉ်ထားသည်။

သူမသည် အနီရောင်ကြိုးတစ်ကြိုးကိုထုတ်ပြီး မြက်ပင်များကို ချည်ခဲ့ လိုက်သည်။ သူမ အရှေ့လျှောက်သွားရာတွင် ခြေလှမ်းတစ်လှမ်းချင်းစီကို ဂရုတစိုက်လှမ်းလေသည်။ ထိုနေရာတွင် မည်သည့်အရာရှိသည်ကို မသိနိုင် ပေ။ လေဟာပြင်လည်း ရုတ်တရက်ကွဲသွားနိုင်သည်။

ဝင်သွားချိန်တွင် ရှောင်ချီသည် သူမ ခန္ဓာကိုယ်မှ ဖိအားများရုတ်တရက် ပျောက်ကွယ်သွားသည်ကို ခံစားရသည်။ ထိုသည်မှာ သူမ လေဟာပြင်သို့ ဝင်သွားသည်ကို ညွှန်ပြလေသည်။

သူမ နောက်ပြန်လှည့်ကြည့်ရာ အနီကြိုးသည် သူမနှင့် မီတာတစ်ရာ နီးပါးအဝေးတွင် လေနှင့်အတူယိမ်းနွဲ့နေသည်ကို မြင်လိုက်ရသည်။

သူမ ခြေလှမ်းအနည်းငယ် ထပ်လှမ်းလိုက်သည်။ သူမ ခေါင်းလှည့် ကြည့်ရာ အနီရောင်ကြိုးပျောက်သွားလေပြီ။ ထို့အကြောင်းအရင်းကြောင့်ပင် ရင်ဇင်းမြင်လိုက်ရသော လူများသည် ပျောက်ကွယ်သွားခြင်းဖြစ်သည်။

သူမ စက္ကူလိပ်ထုတ်ပြီး စစ်ဆေးလိုက်သည်။ ရှီမာယိယွင်တို့ အဖွဲ့၏ ရောင်ဝါကို မခံစားရသည်မှာ သူတို့သည် အနည်းဆုံးကီလိုမီတာ သောင်းချီ ကွာဝေးနေပြီဟု ဆိုလိုခြင်းဖြစ်သည်။ အကြောင်းမှာ ထိုစက္ကူလိပ်၏ ကြည့်နိုင်သော အရှည်ဆုံးအကွာအဝေးမှာ ကီလိုမီတာ ရာဂဏန်းလောက် သာဖြစ်သည်။

သူမကြည့်လိုက်ရာ ထူးခြားမှုတစ်စုံတစ်ရာမရှိပေ။ ထို့ကြောင့် ထိုစက္ကူ လိပ်သည် သည်နေရာတွင် သက်ရောက်မှုမရှိပေ။

သူမ စက္ကူလိပ်ကိုသိမ်းပြီး ဒိဝူအီသူမကို ပေးသော မြေအောက် ရှေးဟောင်းပစ္စည်းကိုထုတ်လိုက်သည်။ ညွှန်ပြချက်သည် တဖြည်းဖြည်း ရွေ့လျားသွားပြီး နေရာတစ်ခုတွင် ရပ်သွားလေသည်။

“မင်းက တကယ်ပဲဒီမှာပဲ” သူမသည် မြေအောက်ရှေးဟောင်းပစ္စည်းကို သိမ်းပြီး ညွှန်ပြထားသော ဦးတည်ဘက်သို့ ပျံသန်းသွားလိုက်သည်။

သို့သော် ပျံသန်းသည်မှာလည်း လမ်းလျှောက်ရသည်နှင့် မကွာလှပေ။ ပုန်းကွယ်နေသော ထောင်ချောက်များနေရာတိုင်းတွင်ရှိသောကြောင့် သူမ ဂရုစိုက်ရသည်။

အတန်ကြာလျှောက်ပြီးနောက်တွင် သူမသည် များပြားသော အံ့ဖွယ် အာရုံပမာဏကို အသုံးပြုထားရသည်။ ထို့ကြောင့် သူမသည် ဟာစွန်ကို ဆင့်ခေါ်လိုက်သည်။

ဟာစွန်သည် ထွက်လာချိန်တွင် လူသားအသွင်ပြောင်းထားသည်။ အခြေအနေကို စစ်ဆေးပြီးနောက်တွင် ရှီမာယူယူ စီးရန် ငှက်အသွင်ပြန် ပြောင်းလိုက်သည်။

“ဒီမှာ လေဟာပြင်လွဲနေတာတွေ အများကြီးရှိတယ် မတော်တဆဝင် သွားမိရင် ထွက်လာနိုင်တော့မှာမဟုတ်ဘူး” ဟာစွန် ပြောလိုက်သည်။

“သိတယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

ထိုနေရာတွင် လွဲမှားနေသည်များ များစွာရှိသဖြင့် သူမ ဂရုတိုက် လျှောက်ရသည်။ ဒါပေမဲ့ ဒိကျဲ့တို့က ဒီလိုအန္တရာယ်များတဲ့နေရာကိုဘာလို့ လာကြတာလဲ။

ဟာစွန်သည် လောဟာပြင်အမျိုးအစား ဝိညာဉ်သားရဲဟု ခေါ်ထိုက် သည်။ သူသည် လေဟာပြင်ကို ပင်ကိုယ်အသိစိတ်ဖြင့် ကောင်းစွာ နားလည် ထားသည်။ သူ့ခန္ဓာကိုယ်အရွယ်အစားကို ထိန်းညှိပြီးနောက်တွင် လျင်မြန် သော အရှိန်ဖြင့် ပျံသန်းသွားလေသည်။

နှစ်ရက်ကြာအောင် ပျံသန်းပြီးနောက်တွင် ရှီမာယူယူသည် မြေအောက် ရှေးဟောင်းပစ္စည်းထုတ်ကြည့်ရာ ညွှန်ပြချက်သည် မြန်ဆန်စွာလည်လာကို တွေ့လိုက်ရသ်ည။

ဆိုလိုသည်မှာ သူမသည် ဒိကျဲ့တို့အဖွဲ့နှင့် နီးကပ်လာသည်။

ရက်အနည်းငယ်ပျံသန်းပြီးနောက်တွင် ရှီမာယူယူသည် ဟာစွန်၏ အံ့ဖွယ်အာရုံ ပြန်အားဖြည့်ရန်အတွက် အနားယူခိုင်းလိုက်သည်။

ဟာစွန် လူသားပုံစံပြောင်းပြီးနောက်တွင် ရှီမာယူယူသည် ဆေးအနည်း ငယ်တိုက်လိုက်သည်။

“နေရာကလည်းကြီးလိုက်တာ” ဟာစွန် မှတ်ချက်ပေးလေသည်။ “ခြေ တစ်လှမ်းက မိုင်တစ်ထောင်ခရီးထွက်တယ်လို့ ချဲ့ကားပြောတာလည်း မလွန်ပါဘူး”

“ထာဝရရှင်သန်သူနယ်မြေမှာ ဘာလို့ဒီလိုနေရာရှိနေတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ဒီလောက်လူတွေအများကြီးဝင်လာတာကို သူတို့တစ်ခုခုသိထားမှာပဲ သူတို့ကိုတွေ့ရင် တစ်ယောက်ယောက်ကိုမေးကြည့်တာပေါ့” ဟာစွန် ပြန်ဖြေ လိုက်သည်။

“အင်း အဲလိုပဲလုပ်ရမှာပဲ” ရှီမာယူယူ သဘောတူလိုက်သည်။ “ဒိကျဲ့ကို စောစောရှာတွေ့ရင် သူ့ကိုမေးကြည့်တာပေါ့”

အစတွင် သူမသည် ဒိဝူအီကိုခေါ်ထုတ်ပြီး မြေအောက်ရှေးဟောင်း ပစ္စည်းထုတ်ပြီး မည်မျှဝေးကြောင်းမေးရန်ဖြစ်သည်။ သို့သော် ထိုနေရာ၏ လေဟာပြင်သည် မတည်ငြိမ်သည်ကို ရုတ်တရက်သိလိုက်ရသည်။ ရှည်လျားသော အကွာအဝေးကြောင့် သို့မဟုတ် ခဏလေးနှင့် ရောက်လာ၍ လားမသိပေ။ ထိုသို့ဆိုလျှင် သူတို့ မည်မျှဝေးကြောင်း အကဲဖြတ်နိုင် လျှင်တောင် မည်သည့်အချိန်တွင်ရောက်မည်ဆိုသည်ကို မသိနိုင်ပေ။

သူတို့သည် ကြားထဲတွင် တစ်ရက်အနားယူရန် တောင် တစ်တောင်သို့ သွားလိုက်သည်။ အေးဆေးတည်ငြိမ်စွာနားမည့်နေရာလိုချင်သည့်အတွက် နေရာကြီးတစ်ခုကိုရှာရန်လိုသည်။ မဟုတ်လျှင် လေဟာပြင် ချွတ်ယွင်းချက် ဖြစ်ရန်လွယ်သည်။

သူတို့သည် ဂူကိုဖောက်ခွဲပြီး ရှင်းလိုက်သည်။ သူမသည် ဟာစွန်ကို အနားယူခိုင်းလိုက်သည်။ ထို့နောက်တွင် ရှောင်ချီနှင့် တခြားသူများကို ဝိညာဉ်စေတီမှ ခေါ်ထုတ်လိုက်သည်။ ထို့နောက်တွင် ဂူဝင်ပေါက်တွင် ထိုင်ကာ အကဲခတ်ကြလေသည်။

လေဟာပြင်သည် မျက်လှည့်ဆန်သော တည်ရှိမှုပင်ဖြစ်သည်။ လူများ နေထိုင်ရန်ဖြစ်နိုင်သည်။ ကျယ်ဝန်းကာ ဝေးကွာပြီး ပိတ်နေသော်လည်း အဆုံးမရှိသော တိုင်းပြည်အဖြစ် ချဲ့ထွင်နိုင်သည်။

ဤသည်မှာ လေဟာပြင်၏ ကွဲပြားမှုအပြင် အန္တရာယ်တို့ကို နက်နက် ရှိုင်းရှိုင်း တွေ့ကြုံခံစားရသည်မှာ ပထမဆုံးအကြိြမ်ဖစ်သည်။ သူမ မျက်လုံး များ မှိတ်ကာ ပတ်ပတ်လည်မှ ချွတ်ယွင်းချက်နှင့် လေဟာပြင်ခေါက်သည်ကို ခံစားလိုက်သည်။ မသိလိုက်ခင်မှာပင် သူမ ဝိညာဉ်လောကကို ဖွင့်လိုက်မိ သည်။

ရှောင်ချီနှင့် တခြားသူများသည် တောင်ခြေရင်းသို့ လျှောက်သွားကြ သည်။ သူတို့အပေါ်တွင် တစ်စုံတစ်ရာရှိသည်ဟု ခံစားရသည်။ သူတို့ ရောက်သွားချိန်တွင် ပတ်ဝန်းကျင်မှ ရောင်ဝါပြောင်းသွားလေသည်။

“ဟင် ဒီလေဟာပြင်က ပြောင်းသွားတာလား” ရှောင်ချီ အော်လိုက် သည်။

“အင်း ငါတို့က သူမ ဝိညာဉ်လောကထဲရောက်သွားလို့ လေဟာပြင် ပြောင်းသွားတာမဟုတ်ဘူးလား” ချင်ယိ ရှင်းပြလေသည်။

“ယူယူရဲ့ ဝိညာဉ်လောကလား ငါတို့တစ်ခါမှမရောက်ဖူးသေးဘူး” ရှောင်ချီ မှတ်ချက်ပေးလေသည်။ “ယူယူရဲ့ လောကမှာဆိုရင် ဘေးကင်း တယ်မလား”

“ဒီကလေဟာပြင်က အပြင်က လေဟာပြင်ခေါက်ရာနဲ့ ဆက်သွယ်မှု မရှိဘူး”

တစ်မျိုးပြောရလျှင် ချွတ်ယွင်းချက်မရှိ ခေါက်ရာမရှိ လေဟာပြင် ဖိနှိပ်မှု မရှိပေ။ သူတို့သည် ပြေးလွှားသွားနိုင်သည်။

“တကယ်လား ယူယူ့ဝိညာဉ်လောကက ဘယ်လိုလဲဆိုတာ သွားကြည့် မယ်”

ရှောင်ချီသည် တက်ကြွစွာဖြင့် ပြေးသွားလေသည်။ သူမ တစ်ခါမှ မရောက်ဖူးသဖြင့် အရာအားလုံးကို သိချင်နေသည်။

အိမ်မက်လေးတို့အတွက်လည်း ထိုအတိုင်းပင်ဖြစ်သည်။ ပန်လေးနှင့် အတူ မိန်းကလေးသုံးယောက်သည် ဟိုဟိုဒီဒီသွားကြလေသည်။ သူတို့သည် ပျော်ရွှင်နေကြသည်။

ချင်ယိသည် သူတို့နှင့် လိုက်မသွားပေ။ သူသည် တောင်အလယ်တွင် မျက်လုံးမှိတ်ကာ တရားထိုင်နေသော လူကိုသာကြည့်နေသည်။ သူသည် သူမ၏ အရည်အချင်းအတွက် စိတ်ထဲမှ သက်ပြင်းချမိသည်။

“ဝိညာဉ်လောကကို နားလည်တာ မကြာသေးတာကို ဘယ်လိုလုပ် လုပ်လိုက်တာလဲ”

သူသည် ဆယ်စုနှစ်ပေါင်းများစွာ တခြားသူ၏ မှတ်ဉာဏ်များမှတစ်ဆင့် ပါရမီရှင်များစွာကိုတွေ့ခဲ့ရသော်လည်း  ထိုမျှလောက် အရည်အချင်းရှိသော သူကို မတွေ့ဖူးပေ။

ရှီမာယူယူ၏ ဝိညာဉ်လောကသည် အရင်ကထက် တည်ငြိမ်လာသည် ကို သူခံစားမိသည်။ ပိုလည်းချဲ့ကားနိုင်လာသည်။ အကယ်၍ သူမ ယခုအချိန် တွင် ရင်ဇင်းကို ရင်ဆိုင်ရပါက မိနစ်အနည်းငယ် ကြာအောင် တောင့်ခံနိုင် မည်။

ရှီမာယူယူက လေဟာပြင် သဘာဝကိုစမ်းသပ်ပြီး အဆုံးမဲ့ စကြာဝဠာ ကို မြင်တာကို သူသိမယ်ဆိုရင် ဘယ်လိုအမူအရာဖြစ်သွားမလဲ။

***

All Chapters