← Chapters

ရှာတွေ့ခြင်း

Vol. 84 Ch. 1174

ရှာတွေ့ခြင်း

Vol. 84 Ch. 1174

ရှီမာယူယူ မျက်စိဖွင့်လိုက်ချိန်တွင် နှစ်ရက်ကျော်လွန်သွားပြီဖြစ်၏ ။ သူမသည် ဝိညာဉ်လောကဖွံ့ဖြိုးသွားသည်ကို သိလိုက်ရသည်။ သူမ မျက်နှာ ပြုံးသွားလေသည်။

သူမ ဝိညာဉ်လောကကို ပြန်သိမ်းလိုက်ရာ သူမ နိုးထာလာသည်ကို အထဲမှလူများသိလိုက်ရသည်။

“ယူယူ နိုးလာပြီလား” ရှောင်ချီတို့အဖွဲ့သည် သူမအား ဝမ်းပန်းတသာ ကြည့်လေသည်။

“အင်း” ရှီမာယူယူ ထလိုက်သည်။

“ယူယူ အရမ်းတော်တယ် သိပ်လည်းမကြာသေးဘဲနဲ့ ဉာဏ်အလင်း နောက်တစ်ဆင့်ကိုရသွားပြီ” ရှောင်ချီ အော်လေသည်။

ရှီမာယူယူ ပြုံးလိုက်သည်။ “အဲဒါကလည်း ဒီကလေဟာပြင်က အပြင် ကနဲ့ မတူလို့ပါ”

“ဘာပဲဖြစ်ဖြစ်လေ ဝိညာဉ်လောကက အရမ်းအားကောင်းတယ်” ထိုနေရာတွင် ချင်ယိသည် ချီးကျူးခဲသောလူဖြစ်သည်။

ဟာစွန်ထွက်လာသည် “ခရီးဆက်ကြမလား”

“အင်း တစ္ဆေတစ်ရာအောင်လံကို စောစောရထားတာကောင်းမယ် ပြီးတော့ ငါ သူ့ကိုမေးစရာရှိသေးတယ်”

သူမ မိခင်အကြောင်းဖြစ်သည်။

ဟာစွန်သည် ခန္ဓာကိုယ်ကျုံ့ရသည့်အတွက် ရှောင်ချီတို့သည် ဝိညာဉ် စေတီသို့ပြန်ရလေသည်။

ရှီမာယူယူသည် ဒိကျဲ့တို့အဖွဲ့ တည်နေရာကိုကြည့်ရန် မြေအောက် ရှေးဟောင်းပစ္စည်းထုတ်လိုက်သည်။ ထို့နောက်တွင် သူမသည် ဟာစွန်ကို ခေါ်ပြီး ထိုနေရာသို့သွားလေသည်။

သို့သော် သူမ သွားလေလေ ပိုပြီးလေဟာပြင် ပုံပျက်လေဖြစ်သည်။ ဒိကျဲ့တို့အဖွဲ့သည် သူမ ဦးတည်လာနေသောဘက်တွင် ရှိကာ ထို့နောက် တွင် မိုင် ရာဂဏန်းမျှဝေးသော ဦးတည်ဘက်တွင် ရှိနေပြန်သည်။

သူတို့သည် အစအနမရှိသည့်ပုံပင်။

ဦးတည်ချက်ရော အကွာအဝေးပါမသိနိုင်သဖြင့် သူမသည် သည် အတိုင်း ရှေ့ဆက်မသွားနိုင်တော့ပေ။ သူမသည် လေဟာပြင်ထဲတွင် ပုံမှန် လမ်းလျှောက်ရာ တစ်လအကြာတွင် သူတို့ကိုတွေ့လေသည်။

“လူတစ်ယောက် ရည်ရွယ်ချက်ရှိရှိ စိုက်ထားတဲ့ပန်းတွေက ပွင့်မလာ ချိန်မှာ မိုးမခပင်ကပဲဖြစ်ထွန်းလာတယ် ရှေးလူကြီးတွေက ငါ့ကိုမလိမ်ဘူးပဲ” သူမ သက်ပြင်းချလိုက်သည်။

သူမသည် သူမ ခြေရာကို မဖုံးကွယ်ပေ။ သူတို့ကိုရှာမတွေ့ခင်တွင် သူတို့သည် သူမကို တွေ့သွားလေသည်။ တစ်နည်းပြောရလျှင် သူတို့သည် သူမကို ထိုနေရာတွင် စောင့်နေသည်မှာ ကြာပြီဖြစ်သည်။

“ဘာလာလုပ်တာလဲ ဒါဘယ်နေရာလဲဆိုတာသိလား ဒီအထိပြေးလာ နေတယ် မင်းက သေချင်တာလား မဟုတ်ရင် အသက်မရှင်ချင်တော့တာ လား” ဒိုကျဲ့သည် သူမနားကိုလာရင်း ငေါက်ငမ်းလေသည်။

ရှီမာယူယူ သူ့ကိုကြည့်လိုက်သည်။ သေချင်နေတာလားနဲ့ အသက်မရှင် ချင်တော့ဘူးလားဆိုတဲ့ ကြားမှာဘာကွာတာလဲ။

“ဒါ ဘယ်နေရာလဲဆိုတာတော့ မသိဘူး ကျွန်မလည်း မသေချင်ဘူး အသက်ရှင်ချင်တယ် ကျွန်မလည်း ဒီနေရာကိုမလာချင်ဘူး ကျွန်မ…”

“မသိဘဲနဲ့ လာသေးတယ် ဒါဘယ်နေရာလဲဆိုတာတောင် မသိဘူး ဒါဆိုရင် ဒီကိုဘာအတွက်လာတာလဲ” ဒိကျဲ့သည် သူမ စကားဆုံးသည်အထိ မစောင့်ဘဲ အေးစက်စွာ အပြစ်တင်လေသည်။

ဒီနေရာက ဘယ်လောက်အန္တရာယ်များလဲဆိုတာ သူမ မသိဘူးလား။ ဒီကိုလာတဲ့လူတစ်ဝက်လောက်က သေသွားကြတာချည်းပဲ။

သူမ ဒီကိုတစ်ယောက်တည်းလာတာ သူ လန့်လိုသေတော့မယ်။

ဒိကျဲ့၏ အပေါင်းအပါများသည် သူတို့သခင် မည်မျှဒေါသထွက်နေ သည်ကိုမြင်သောအခါ ကြည့်ကြလေသည်။ သူတို့သည် သူမကို မကူညီပေး နိုင်ကြပေ။

“ကျွန်မကို စိုးရိမ်နေတာလား” ရှီမာယူယူသည် သူ ငေါက်ငမ်းနေသည် ကိုမြင်လိုက်ရသည်။ သူ့မျက်လုံးများသည် စိုးရိမ်မှု ကြောက်ရွံ့မှုများပြည့်နေ သည်။ သူမ မှန်းထားသည်များမှာ ပိုသေချာသွားသည်။

“သေချာတာပေါ့ ငါ…” ဒိကျဲ့သည် စကားဆုံးအောင်မပြောပေ။ ဒီကောင်မလေး သိသွားတာဖြစ်မယ်။ အခု သူမက သူ့ကို ယုံကြည်ချက်ရှိရှိ ပြောရဲနေပြီ။

ရှီမာယူယူသည် သူ၏ အေးစက်သောမျက်နှာကိုကြည့်လေသည်။ “ဒီလို ဖြစ်နေတယ်ဆိုရင် ကျွန်မကို စိုးရိမ်နေတာဖြစ်ရမယ် ဒါပေမဲ့ အရင်တုန်းက ကျွန်မကိုသတ်ချင်နေတာမဟုတ်ဘူးလား”

“ငါ…” ဒိကျဲ့သည် ဆွံ့အသွားပြန်သည်။ သူသည် သူမ၏ ကြည်လင် သော မျက်လုံးများကိုကြည့်လိုက်သည်။ “မင်း သိပြီးပြီလား”

“ဘာကိုသိရမှာလဲ”

“မင်း မသိဘူး…”

“ရှင်က ကျွန်မဝမ်းကွဲဆိုတာလား”

“…..”

ဒိကျဲ့၏ မျက်နှာသည် မည်းနက်သွြးသည်။ သူမက သူ့ကိုလာကစား နေတာလား။ သူသည် ထိုရင်းနှီးသောမျက်နှာကိုမြင်သောအခါ ဒေါသထွက် ပြီး ငေါက်ငမ်းရန်ပြင်လိုက်သည်။ သူ ပြန်မျိုချလိုက်ရသည်။

သူ့နောက်မှလူများသည် ပတ်ဝန်းကျင် ဖိအားကျသွားပြီးနောက် ပျောက်သွားသည်ကို ခံစားမိလေသည်။ အားလုံးသည် အသက်ပြန်ရှုနိုင်သွား သည်။

သူ ဒေါသထွက်တော့မည်ပြုပြီးမှ ပြန်မျိုသိပ်လိုက်သည်ကို ရှီမာယူယူ မြင်လိုက်ရသည်။ သူသည် ထိုမျှလောက် စိတ်တိုစရာမကောင်းသည်ကို တွေ့လိုက်ရသည်။

ဒိကျဲ့သည် အသက်ပြင်းပြင်းနှစ်ကြိမ်မျှရှုပြီးနောက် မေးလေသည် “ငါက မင်းဝမ်းကွဲဆိုတာ ဘယ်တုန်းကသိတာလဲ”

“လွန်ခဲ့တဲ့လတွေကပဲ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။ “ဒါပေမဲ့ မသေချာဘူး အခုတော့ သေချာသွားပြီ”

“မင်း ဘယ်လိုလုပ် သိတာလဲ”

“ကျွန်မယွိဒူကိုသတ်ခဲ့တယ် ပြီးတာနဲ့ ဒိဝူအီကိုဖမ်းခဲ့တယ် သူ ကျွန်မကို ပြောပြတာပဲ” ရှီမာယူယူ ပြန်ဖြေလေသည်။

“ဒိဝူအီဟုတ်လား ယွိဒူနောက်လိုက်တဲ့ ဒိဝူမိသားစုကလား”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင် မင်းက ငါ့ကိုဘာလို့ရှာတာလဲ မိသားစုအသိအမှတ်ပြုဖို့လား” ဒိကျဲ့သည် သူမကို ပေါ့ပေါ့ပါးပါးကြည့်ရာ သူသည် သူမကို အတူမလိုက်စေ ချင်သည်ဟု ခံစားရလေသည်။

အကြောင်းမှာ သူသွားမည့်နေရာသည် အန္တရာယ်များလွန်းသည်။ ထိုနေရာရှိ လေဟာပြင်သည် အန္တရာယ်များသည်။

သူ ထိုသို့ပြောလိုက်လျှင် သူမ လက်လျော့သွားမည်ဟု ထင်ထား သည်။ သို့သော် သူမသည် သူ့ကိုမျက်စိလှန်ပြလေသည်။

“ရှင် အသိအမှတ်ပြုတာကို ကျွန်မက စိတ်ဝင်စားမယ်ထင်နေလား အဲလိုဆိုရင် ယွိဒူဟော်က ကျွန်မဦးလေးဖြစ်မှာပေါ့”

“….”

သူမက ယွိဒူလိုလူမျိုးကိုသုံးတာလား။ အသုံးမဝင်တဲ့ အမှိုက်ကောင်က သူနဲ့တူမလား။

ဒိကျဲ့သည် အသက်ကွာသည့် သူ၏ ညီမဝမ်းကွဲကြောင့် စိတ်ဆိုးရ တော့မည်။ သို့သော် သူမ ပုံစံသည် သူ၏ အဒေါ်နှင့်တူနေသည်ကို ကြည့်ပြီး သူမကို ဒေါသမထွက်ရက်ပေ။

“ဒါဆိုရင် ဘာလုပ်တာလဲ ငါ့ကိုဘာလို့ရှာတာလဲ”

ရှီမာယူယူသည် သူ့ပုံစံကိုကြည့်ပြီး ကျေနပ်သွားသည်။ သူသည် ဒေါသ ကိုအကြိမ်ကြိမ် မျိုချထားရသည်။ ကြည့်ရသည်မှာ ဒိဝူအီ ပြောသည်မှာ မှန်သည့်ပုံပင်။ သူမ မိခင်၏နေရာကိုမသိရသော်လည်း သူသည် သူတို့၏ ဆက်ဆံရေးကို မှတ်မိဆဲပင်။

သူမ၏ ရည်ရွယ်ချက်ကို သူမ မဖုံးထားချင်ပေ။ သူမ ပြောလိုက်သည် “တစ်ခုက ကျွန်မအမေက ယွိခဲ့လော့ဆိုတာ သေချာအောင်ရမယ် ပြီၤးတော့ နောက်တစ်ခုက မေးစရာရှိလို့”

ဒိကျဲ့လည်း သူမကို အတည်ပြုချင်နေသည်။ “မင်းရဲ့ တစ္ဆေမျိုးနွယ် ရောင်ဝါကို ထုတ်ပြ”

ရှီမာယူယူ ထုတ်လွှတ်လိုက်သော်လည်း စက္ကန့်ပိုင်းမျှသာ ထုတ်လွှတ် လိုက်သည်။ အချိန်ကြာရှည်စွာ ထုတ်မိလျှင် တစ္ဆေမျိုးနွယ်ရောင်ဝါကိုမထိန်း နိုင်မည်ကို သူမ စိုးရိမ်သည်။

အချိန်မှာ တိုတောင်းသော်လည်း ဒိကျဲ့သည် စိတ်ထဲတွင် သေချာသွား သည်။

“မင်းက ငါ့အဒေါ်သမီးပဲ သူမနဲ့ ရောင်ဝါတူတယ် တခြားသူတွေ တုပဖို့ ဆိုတာ မဖြစ်နိုင်ဘူး”

ပထမပြဿနာမှာ ဖြေရှင်းပြီးသွားလေသည်။

“လုံလောက်ပြီ…” ရှီမာယူယူသည် နောက်ဆုံးတွင် အတည်ပြုလိုက်ရ သည်။ နှစ်ပေါင်းများစွာကြာပြီးနောက်တွင် သူမ မိခင်၏ နာမည်ကိုသိသွား လေပြီ။

“တခြားမေးစရာရှိရင် တစ်ခါတည်းမေးလေ” ဒိကျဲ့ ပြောလေသည် “ဒါပေမဲ့ မင်းမေးခွန်းကိုဖြေပေးပြီးရင်တော့ ဒီကနေထွက်သွားတော့”

ရှီမာယူယူ မျက်ခုံးများပင့်လိုက်သည်။ “ကျွန်မကို ခြိမ်းခြောက်နေတာ လား”

“အဲလိုလည်းတွေးလို့ရတယ်” ဒိကျဲ့သည်လည်း မငြင်းပေ။

ရှီမာယူယူ ပြုံးလိုက်သည်။ “ကျွန်မအမေနဲ့ ကျွန်မက အကျင့်တူတယ် လို့ ဆရာက တစ်ခါပြောဖူးတယ် သူမသာဆိုရင် အလျော့ပေးမယ်ထင်လား”

ဒါက… တကယ်ပြောဖို့ခက်တာပဲ

“ဒီမှာ တကယ်အန္တရာယ်များတယ် မင်းမှာအံ့ဖွယ်အဆင့် အားရှိပဲရှိ တယ် ဒီမှာ ဘယ်လောက်အန္တရာယ်များလဲဆိုတာ သိရဲ့လား” ဒိကျဲ့သည် ခေါင်းကိုပွတ်လိုက်သည်။ “မင်းအတွက်ကောင်းဖို့ ထွက်သွားခိုင်းတာ”

“ဒီမှာအန္တရာယ်များတယ်ဆိုတာသိတယ် ဒါပေမဲ့ ရှင့်ကိုဒီလိုပုံစံကြည့်ရ တာက ကျွန်မဒီမှာဝင်ပါခွင့်ပေးတာ မကောင်းဘူးထင်တယ်” ရှီမာယူယူသည် ယုံကြည်ချက်အပြည့်ဖြင့်ပြောလေသည်။

သူတို့ဆုံးရှုံးမှုသည် ကြီးမားသည်ဟု ပြောမရပေ။ သို့သော် သူမတော့ ဒဏ်ရာရရန်မဖြစ်ပေ။

သူတို့သည် ဆွံ့အသွားကြသည်။

“ကောင်းပြီ အခု ကျွန်မမေးခွန်းကိုဖြေတော့” ရှီမာယူယူ ပြောလိုက် သည်။

ခြိမ်းခြောက်သည် မခြောက်သည်က အရေးမပါတော့ပေ။ ဒိကျဲ့သည် အကူအညီမဲ့စွာ ခံစားရလေသည်။

“ဘာသိချင်တာလဲ”

***

All Chapters