← Chapters

ရှင့်ပစ္စည်းကိုလုချင်တယ်

Vol. 84 Ch. 1175

ရှင့်ပစ္စည်းကိုလုချင်တယ်

Vol. 84 Ch. 1175

ရှီမာယူယူသည် ဒိကျဲ့ကိုစိုက်ကြည့်လိုက်သည်။ ထိုအကြည့်သည် နိမိတ်မကောင်းမှုကိုခံစားရလေသည်။ ထင်ထားတဲ့အတိုင်းပင်…

“ကျွန်မ အမေ ဘယ်မှာလဲ” သူမ မေးလိုက်သည်။

“ငါလည်းမသိဘူး” ဒိကျဲ့ ဆက်ပြောလေသည် “ဒေါ်လေး ဘယ်ရောက် နေလဲဆိုတာ ဘယ်သူ့မှမသိဘူး မင်းသိချင်ရင် ပြန်ပြီးတော့ မင်းအဘိုး တစ္ဆေဘုရင်ကိုသွားမေးလိုက်လေ”

“ကျွန်မ ယုံမယ်လို့ထင်လား” ရှီမာယူယူသည် သူ ငြင်းမည်ကို သိထား သောကြောင့် မယုံပေ။

“ဘာလို့ မယုံတာလဲ” ဒိကျဲ့ ဆက်ပြောလေသည် “မယုံဘူးဆိုရင် တစ္ဆေ လောကမှာ လှည့်ပတ်မေးလို့ရတယ် အမှောင်မင်းသမီးယွိခဲ့လော့နေရာကို သိတဲ့လူရှိလားလို့”

ရှီမာယူယူ မပြောဘဲ သူ့ကိုသာစိုက်ကြည့်လေသည်။

သို့သော် သူသည် ယွိခဲ့လော့၏ တည်နေရာကို ထုတ်ဖော်ရန် ရည်ရွယ်ချက်မရှိပေ။ နှစ်ယောက်လုံးသည် နောက်ဆုတ်ရင် တင်းခံနေကြ သည်။

“အခု ကျွန်မက တစ္ဆေလောကကိုသွားလို့မရဘူးလို့ ပြောဖို့ကြိုးစားနေ တာလား” ခဏအကြာတွင် သူမသည် တိုးညင်းစွာမေးလိုက်သည်။

“မင်းက တစ္ဆေလောကကလူမှမဟုတ်တာ တစ္ဆေလောကအကြောင်းကို အဲလောက် စုံစမ်းဖို့မလိုပါဘူး” ဒိကျဲ့သည် ညှာတာမှုမရှိစွာမေးလိုက်သည်။

“ဟုတ်လား ကျွန်မထာဝရရှင်သန်သူနယ်မြေကထွက်လို့ ကိုယ့်ကိုယ် သတ်သေလိုက်မယ်ဆိုရင် ကျွန်တော့် ဝိညာဉ်က တစ္ဆေလောကကိုသွားမှာပဲ ဒါဆိုရင် တစ္ဆေလောကရောက်မသွားဘူးလား” ရှီမာယူယူ ခြိမ်းခြောက်လိုက် သည်။

“မင်း…”

ဒိကျဲ့သည် ထပ်ပြီးဒေါသထွက်ရပြန်သည်။ သူမ၏ လေးနက်သော အကြည့်ကိုမြင်သောအခါ ပြန်ရောက်သည်နှင့် သတ်သေပြီး တစ္ဆေလောက သို့သွားမည်ကို စိုးရိမ်မိသည်။ အကြောင်းမှာ ဒေါ်လေးအတွက်ကြောင့်သာ ဖြစ်မည်။

“ပြောမှာလား မပြောဘူးလား”

“ပြောမယ် မင်းအမေ ဘယ်မှာရှိလဲဆိုတာ ငါသိတယ် ဒါပေမဲ့ အဲဒါက ဘာအရေးကြီးလို့လဲ မင်း လူသားလောကမှာရှိနေချိန်တော့ တစ္ဆေလောကကို သွားလို့မရဘူး မင်းဝိညာဉ်သွားမယ်ဆိုရင် မှတ်ဉာဏ်မရှိ ဝိညာဉ်စွမ်းအင်မရှိ တဲ့ ဝိညာဉ်သာသာပဲရောက်သွားမှာပဲ အဲလိုဆိုရင် မင်းအမေကို ကယ်တာ ထက် တခြားသူတွေစားတာခံလိုက်ရမှာပဲ” ဒိကျဲ့ပြောလေသည်။

“ကျွန်မ မသွားနိုင်ဘူးဆိုတာ ရှင်သိမှတော့ အဲတုန်းက ဘာတွေဖြစ်ခဲ့ တာလဲ အမေဘယ်မှာရှိလဲဆိုတာကို ဘာလို့မပြောနိုင်ရတာလဲ” ရှီမာယူယူ ပြောလိုက်သည်။

“အဲတုန်းက ဘာဖြစ်တာလဲတော့ ငါမသိဘူး ငါက တစ္ဆေမြို့တော်မှာ ရှိမနေဘူး” ဒိကျဲ့ ဆက်ပြောလေသည် “ငါ သတင်းရပြီး အလောတကြီး ပြန်လာတော့ ဒေါ်လေးကို ဘယ်ခေါ်သွားမှန်းမသိလိုက်ဘူး သူမက ငါ့ကို ဒုတိယအသက်ကျောက်စိမ်းတောင်ပေးမသွားဘူး သူမ အသက်ရှင်သေးရဲ့ လားဆိုတာတောင် မသိရဘူး”

“ရှင့်မှာ အမေ့ရဲ့ အသက်ကျောက်စိမ်းရှိတာလား”

“မရှိဘူး သူမ အသက်ကျောက်စိမ်းက နန်းတော်မှာ ကျောက်စိမ်းနက် ကမင်းအမေ လူသားလောကမှာတုန်းက ငါ့ကိုပေးခဲ့တာ အဲဒါက အသက် ကျောက်စိမ်းလောက်မမှန်ပေမဲ့ သူမ အသက်ရှင်နေတယ်ဆိုတာတော့ သိနိုင် တယ် ပြီးတော့…”

“ပြီးတော့ ဘာဖြစ်လဲ”

“အဲဒီဟာက သူမ ဦးတည်ဘက်ကိုပြနိုင်တယ်” ဒိကျဲ့ ပြောလိုက်သည် “လွန်ခဲ့တဲ့ ၂ နှစ်အတွင်းကို ငါ ပြဿနာအမျာကြီးရှာခဲ့လို့ တစ္ဆေမျိုးနွယ်က သိသွားတယ်”

“တစ္ဆေမျိုးနွယ်ဟုတ်လား ယွိဒူအမေရဲ့ မျိုးနွယ်လား” ရှီမာယူယူ မေးလိုက်သည်။

“အင်း”

“အဲဒါကြောင့် ဒိဝူအီက ရှင့်အမေရှိတဲ့နေရာကိုသိပြီး ရှင်ဘာလုပ်နေတာ လဲဆိုတာရောသိတာ” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်းပြီ ငါမင်း မေးခွန်းကိုဖြေပြီးပြီ အခုပြန်တော့မလား”

“ပြန်ချင်တယ်လို့ ဘယ်တုန်းကပြောမိလို့လဲ” ရှီမာယူယူ ဆက်ပြောလေ သည်။ “ကျွန်မ ဒီမှာနေရင် ပိုပြီးလုံခြုံမယ်လို့ပဲပြောတာ ပြန်မယ်လို့မပြောပါ ဘူး”

“မင်း….”

“ကျွန်မ မေးစရာတစ်ခုရှိသေးတယ်” သူ သူမကို မည်မျှဒေါသထွက်နေ သည်ကို ရှီမာယူယူ ဂရုမစိုက်ဘဲ ပြောလိုက်သည် “ကျွန်မ ရှင့်ဆီက လိုချင် တာရှိတယ်”

“ဘာလဲ”

“တစ္ဆေတစ်ရာအလံ” ရှီမာယူယူ ပြောလိုက်သည်။

“မရဘူး” ဒိကျဲ့သည် တွေဝေခြင်းမရှိဘဲ ငြင်းလိုက်သည်။

သူသည် သူမ လိုချင်သည့်တခြားအရာများကို ပေးနိုင်သည်။ သို့သော် တစ္ဆေတစ်ရာအလံကိုမပေးနိုင်ပေ။ ထိုပစ္စည်းသည် ဒေါ်လေးကို ကယ်ရန် အတွက် သုံးရမည်ဖြစ်သည်။

“ကျွန်မကိုပေးလိုက်တာ ကောင်းမယ် မဟုတ်ရင် လုယူရလိမ့်မယ်” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်မ သေချာပေါက် ရမှဖြစ်မယ် မဟုတ်ရင် ရှင့်နောက် ဒီလောက်ကြီးလိုက်နေမှာလည်းမဟုတ်သလို ဒီနေရာ ထိလာမှာမဟုတ်ဘူး”

“….”

ဓားပြ… လူဆိုးကြီး…

“မပေးဘူး” ဒိကျဲ့သည် နောက်မဆုတ်ပေ။ “တစ္ဆေတစ်ရာအလံက ဘယ်အတွက်လဲဆိုတာ သိလား”

“အဲဒါနဲ့ အမေ့ကိုကယ်ချင်လို့ဆိုတာ ဒိဝူအီ ပြောတယ်” ရှီမာယူယူ ပြော လိုက်သည်။

“သိနေတာကို ဘာလို့လုချင်သေးတာလဲ” အနီရောင်တောင်ထိပ်တွင် ရှိစဉ်က တစ္ဆေတစ်ရာအလံ၏ စွမ်းအားကို သူမ မြင်လိုက်သောကြောင့် လိုချင်သည်ဟု ဒိကျဲ့ထင်မိသည်။ သို့သော် သူမသည် အကြောင်းအရင်းကို သိထားလိမ့်မည်ဟု သူ မထင်ထားပေ။

“လူသားလောကက ဂမ္ဘီရပညာရှင် ရင်လင်းကိုသိလား” ရှီမာယူယူ မေး လိုက်သည်။

“သိတယ်” ဒိကျဲ့ ပြောလေသည်။ ထိုဂမ္ဘီရပညာရှင်၏ ဂုဏ်သတင်း သည် တစ္ဆေလောကကပညာရှင်ထက်ပင် ပိုကျော်ကြားကာ တော်ဝင်မျိုးနွယ် နှင့် အဆက်အနွယ်ရှိသည့်လူတစ်ယောက်အနေနှင့် ရင်လင်းကို သူ သိသည်။

“ထာဝရရှင်သန်သူနယ်မြေကိုမဝင်ခင်ကို တစ္ဆေတစ်ရာအလံကို ရအောင်ယူရမယ်လို့ သူပြောခဲ့တယ် အဲဒါက ကျွန်မလက်ထဲမှာရှိမှဖြစ်မယ်လို့ လည်းပြောခဲ့တယ်” ရှီမာယူယူ ပြောလိုက်သည်။

အခု ဂမ္ဘီရပညာရှင်ပါ ပါလာပြီလား။

“ငါက မပေးဘူးလို့ခေါင်းမာရင်ရော” ရင်လင်း ဘာကြောင့် ပြောသည် ကိုတော့ သူမသေချာပေ။ သို့သော် သူ လက်မလျော့ချင်ပေ။

“ရှင့်ကိုပြောပြီးပြီလေ ကျွန်မကိုပေးမယ်ဆိုရင် ရှင်က ကျွန်မရဲ့ ဝမ်းကွဲ ပဲ မပေးဘူးဆိုရင်လုမှာပဲ အဲအချိန်ကျရင် နှစ်ယောက်ထဲက တစ်ယောက် သေတာ မဟုတ်ရင် နှစ်ယောက်လုံးသေမှာပဲ အဲဒါကိုတော့ ကျွန်မ မထိန်းချုပ် နိုင်ဘူး”

“ငါက မင်းရဲ့ ဝမ်းကွဲအစ်ကိုပဲ အမြဲတမ်းမင်းရဲ့ဝမ်းကွဲအမြဲဖြစ်နေမှာ” ဒိကျဲ့ အော်လိုက်သည် “ငါက မင်းရဲ့ ဆွေမျိုးပဲ”

“ယွိဒူူက ကျွန်မရဲ့ ဦးလေးပဲလေ” ရှီမာယူယူ ငြင်းဆန်လိုက်သည်။

သူမ၏ ဦးလေးဖြစ်သော်ငြား သူ့ကိုသတ်ခဲ့သည်။ ထို့ကြောင့် သူတို့ ဆွေမျိုးဖြစ်သည်မဖြစ်သည်ကို မပြောနှင့်… သူမသည် တစ္ဆေမျိုးနွယ်ကို မရင်းနှီးသေးပေ။

“…..”

ရှီမာယူယူသည် သူတို့၏ သခင်ကို ဒေါသထွက်အောင်လုပ်နိုင်သည်ကို ဒိကျဲ့၏ အစောင့်များ သိလိုက်ရသည်။ သူတို့်သည် စကားများများမပြောကြ သော်လည်း အချိန်တိုင်းတွင် သူ့ကို စိတ်ဆိုးစေသည်။

ရှီမာယူယူသည် သူ့ကိုကြည့်ပြီး အဖြေကိုစောင့်နေလိုက်သည်။

“ယူယူ ငါတကယ်မပေးနိုင်ဘူး” ဒိကျဲ့ မျက်လုံးမှိတ်လိုက်သည်။ “မင်း အမေကိုကယ်ဖို့ ငါဒါကိုတကယ်လိုတယ် ငါ ဒီလောက်အများကြီးကျော်ဖြတ် ပြီးမှ အမှန်တရားနဲ့ နီးလာတာ ဒီအချိန်ရောက်မှ ငါ့ကိုလက်လျော့ခိုင်းလို့မရ ဘူး မင်းတကယ်လိုချင်ရင် မင်းအမေကိုကယ်ပြီးရင်ပေးမယ်”

သူနှင့် သူမမိခင်အကြားတွင် မည်သည့်အဖြစ်အပျက်ရှိခဲ့ပြီး သူ ဘာကြောင့် ခေါင်းမာနေသည်ကို ရှီမာယူယူ မသိတော့ပေ။ သို့သော် သူမ မိခင်ဒုက္ခရောက်နေချိန်တွင် သူမကို ကြိုးစားပြီးကယ်ချင်သည့်သူရှိသည့် အတွက်ပျော်မိသည်။

“ကျွန်မအမေကို ကယ်နိုင်မယ်ဆိုတာ ယုံကြည်ချက်ရှိလား” သူမ အသံ သည် အရင်ကလောက် မမာတော့ဘဲ တိုးသွားသော်လည်း လက်လျော့လိုက် သည်ဟု မဆိုလိုပေ။

“ဒီကတစ္ဆေတွေကိုသတ်နိုင်တယ်ဆိုရင် ၅၀ရာခိုင်နှုန်း အခွင့်အရေးရှိ တယ်” ဒိကျဲ့ ပြောလိုက်သည်။

“၅၀ရာခိုင်နှုန်းဟုတ်လား ဆိုလိုတာက နောက်တစ်ဝက်မရှိဘူးပေါ့” ရှီမာယူယူ ပြောလိုက်သည်။

ဒိကျဲ့ ခေါင်းညိတ်လိုက်သည်။ “အခွင့်အရေးသောင်းချီမှာ တစ်ခု လောက်ပဲရရင်တောင်မှ ငါ ဒေါ်လေးကိုကယ်ထုတ်ဦးမှာပဲ”

“အခွင့်အရေးက တစ်ဝက်တောင်မရှိတာကို ကျွန်မအမေ လွတ်မြောက် ဖို့ကို ဖျက်ချင်နေတာလား” သူတို့သာရင်းနှီးပါက သူ့ ခေါင်းထဲတွင် မည်သည့် အတွေးများရှိသည်ကို ဖွင့်ပြီးကြည့်လိုက်ချင်သည်။

“လွတ်မြောက်လမ်းကို ဖျက်တယ်ဟုတ်လား” ဒိကျဲ့သည် သူမ၏ ကလေးဆန်မှုကြောင့် မှင်တက်သွားကာ ပြောလိုက်သည် “ဒေါ်လေးရဲ့ လွတ်မြောက်လမ်းကို ငါက ဘယ်လိုဖျက်လို့လဲ”

“ဘယ်လိုလုပ် မဖြစ်ရမှာလဲ” ရှီမာယူယူ သူ့အား စိုက်ကြည့်လိုက်သည်။ “အခွင့်အရေးတစ်ဝက်နဲ့ သူမကို အခုကယ်မယ်ဆိုရင် သူမကို ကယ်လို့ ရချင် ရမယ် ခဏအကြာမှဆိုရင် အခွင့်အရေး ၈၀ရာခိုင်နှုန်းရှိမယ်ဆိုရင်ရော အမေ့ကိုတော့ ကယ်နိုင်မယ်ဆိုရင်တောင် ရှင့်ဒေါသကြောင့်အောင်မြင်မှာ မဟုတ်ဘူး ရှင်သေသွားပြီးတော့ ရှင့်လက်ထဲက လုပ်ပိုင်ခွင့်မရှိတော့ရင် အမေက ဘယ်သူ့ကို မှီခိုရမှာလဲ”

***

All Chapters