← Chapters

တစ္ဆေတစ်ရာအလံရသွားခြင်း

Vol. 84 Ch. 1176

တစ္ဆေတစ်ရာအလံရသွားခြင်း

Vol. 84 Ch. 1176

ဒိကျဲ့မှင်တက်သွားသည်။ ရှီမာယူယူက သူ့စိတ်ကို မဖတ်ဘူးလို့ ပြောခဲ့တာမဟုတ်ဘား။

ဒေါ်လေး သတင်းရပြီးနောက်တွင် သူမကို ကယ်ရန်အတွက် အကြံဉာဏ်များ အရင်းအမြစ်များစွာ ထည့်ထားခဲ့သည်။ ကျရှုံးခြင်း သေဆုံး ခြင်းများကို စွန့်စားရလျှင်တောင် သူကြိုးစားကြည့်ချင်သည်။ သို့သော် သူမ မည်သို့သိသည်ကိုတော့ သူ စဉ်းစားမရပေ။

“အဲဒါကိုမစဉ်းစားမိဘူးမလား” ရှီမာယူယူသည် သူ၏ မျက်နှာအမူအရာ ကိုမြင်သောအခါ သူမ ပြောသည်မှာ မှန်သွားသည်ကို သိလိုက်သည်။ သူ့လို လူသည် အများကြီးတွေးပြီး နောက်ဆုတ်မည်မဟုတ်ပေ။

“ဒါပေမဲ့ မင်းအမေကိုဘယ်မှာဖမ်းထားလဲဆိုတာ မင်းမှမသိတာ သူမက ဆိုးဆိုးဝါးဝါး နှိပ်စက်ခံနေရတယ် သူမကို စောစောစီးစီးကယ်မယ်ဆိုရင်…”

“သူမကို ရှင် အရင်ကယ်နိုင်ရမယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဒိဝူအီ ပြောတဲ့ သတင်းအရဆိုရင် တစ္တေလောကမှာ ရှင်က အားကောင်းပြီး ရာထူး ကြီးတယ် ဒါပေမဲ့ တော်ဝင်မျိုးနွယ်နဲ့ ယှဉ်ရင်ရော သူတို့က အမေ့ကို အကျဉ်း ချထားတာ သူတို့နဲ့ ရှင်တိုက်ခိုက်နိုင်လို့လား”

“ငါက သူတို့နဲ့ မယှဉ်နိုင်ရင်တောင် သူမကို အရင်ကယ်ရမှာပဲ” ဒိကျဲ့ သည် ခံစားချက်အပြည့်ဖြင့် ပြောလေသည် “ဒေါ်လေးကို ငရဲချောက်မှာ ဖမ်းထားတယ်ဆိုတာ သိလား အဲနေရာက ဘယ်သူမှမနေနိုင်အောင်လုပ် ထားတာ”

ရှီမာယူယူ စိတ်များ လွင့်သွားလေသည်။ ငရဲချောက်ဟုတ်လား။ သူမ အမေက ငရဲချောက်မှာ အဖမ်းခံထားရတာလား။

သူမ နှလုံးသားသည် စူးရှသော နာကျင်မှုကို စတင်ခံစားရပြီး မျက်ရည် များကျလာသည်။

ငရဲချောက်… ဘယ်တစ္ဆေကမှ အဲနေရာမှာ မနေနိုင်ဘူး။

“ဒါပေမဲ့ အဲလိုဆိုရင်တောင် ကိုယ့်ကိုယ်ကိုယုံကြည်ချက်မရှိရင် မလုပ်နိုင်တဲ့ဟာပဲ” သူမသည် မျက်ရည်များသုတ်လိုက်သော်လည်း အဆက်မပြတ်ကျနေတုန်းပင်။ ထိုသို့ဖြစ်သော်လည်း သူမသည် အာရုံလွှင့် မသွားပေ။

ဒိကျဲ့သည် သူမကို ထိုပုံစံအတိုင်းမြင်သောအခါ မစနောက်တော့ဘဲ သူမအတွက် ရင်နာသွားကာ ရှေ့တစ်လှမ်းတိုးပြီး သူမကိုဖက်ပြီးပြောလိုက် သည် “ငါတို့ဒေါ်လေးကို အရင်ကယ်ကြမယ်”

အားလုံးသည် ဒိကျဲ့ကိုကြည့်လိုက်ကြသည်။ သခင်က လူတွေကို သူနဲ့ မရင်းနှီးခိုင်းဘူးမလား။ သူက တခြားတစ်ယောက်ဖြစ်သွားပြီလား။

တစ်စုံတစ်ယောက် သူအနားကပ်လျှင်ဖြစ်စေ အထူးသဖြင့် မိန်းကလေး များ သူ့ကိုထိရဲလျှင် သူ့အနားမရောက်ခင်ပင် ခေါင်းဖြတ်ခံလိုက်ရမည်။

သို့သော် အခုချိန်တွင်တော့ သူ့ရတနာကိုလုမည့် လူတစ်ယောက်ကို သတ်မည့်အစား သူမ မျက်ရည်ကိုမြင်သည်နှင့် ဖက်ပြီး ချော့နေလေသည်။ ထိုသည်မှာ လုံးဝမကြုံစဖူးပင်ဖြစ်သည်။

သို့သော် ဖြစ်နေသေးသည်။

ရှီမာယူယူသည် သူ့ရင်ခွင်ထဲတွင် မှီထားရင်းနှင့် သူမ အမေ ငရဲချောက် တွင်ကျနေသည်ကို တွေးပြီး ဆိုးဝါးစွာစိတ်ထိခိုက်မိလေသည်။

ငရဲချောက်က ဘယ်လိုနေရာလဲ။ ကျိန်ဆိုမှုကို ဖောက်ဖျက်သူများကို ကောင်းကင်ဘုံမှ အပြစ်ပေးခံရသည့်နေရာဟုပြောလျှင် ဖော်ပြရန်လုံလောက် သည်။

ဖခင်ဖြစ်သူမှာ ပျောက်ဆုံးနေပြီး နောက်ဆုံးတွင် မိခင်၏ တည်နေရာကို သိခဲ့သော်လည်း စိုးရိမ်ရပြန်သည်။

သို့သော် ဒိကျဲ့၏ မာကျောနေကျဖြစ်သောအပြုအမူသည် လူများကို နှစ်သိမ့်မှု ကောင်းကောင်းမလုပ်နိုင်လျှင်တောင် သူ့ပုံစံနှင့် လုံလောက်ပြီဟု ထင်မိသည်။

ခဏအကြာတွင် သူမ စိတ်ငြိမ်သွားကာ သူ့ရင်ခွင်မှပြန်ဆုတ်ပြီး ပြော လိုက်သည် “ကျွန်မ တစ္ဆေတစ်ရာအလံကိုလိုချင်တယ်”

“…”

ဒီကောင်မလေးက လက်မလျော့သေးဘူးပဲ။

“မပေးရင်လုမှာပဲ” ရှီမာယူယူ ဆက်ပြောလေသည်။

“ဒါဆိုရင် ဒေါ်လေးက…”

“ကျွန်မ သူမကိုကယ်မယ် ကျွန်မအရွယ်ရောက်တဲ့အထိ အချိန်တော့ ပေး” ရှီမာယူယူ ဆက်ပြောလေသည်။ “ရှင့်မှာ ယုံကြည်ချက်မရှိရင်  ပြန်သွားတဲ့အချိန်ကျ ကိုယ့်အင်အားစုကိုယ် တည်ထောင်လိုက် ကျွန်မသွား ရင်တော့ ကျွန်မမှာ အားကောင်းတဲ့နောက်ခံရှိတယ် အဲဒါကိုသဘောမတူရင် တော့ အစ်ကိုအနေနဲ့ မသတ်မှတ်တော့ဘဲ အခုပဲတိုက်ခိုက်ရလိမ့်မယ်”

ကြာရှည်စွာ တွေဝေပြီးနောက်ဆုံးတွင် သူ သဘောတူလိုက်သည်။ သူမ သည် ဒေါ်လေး၏ သမီးဖြစ်ကာ သူမနှင့် မတိုက်ခိုက်လိုပေ။ နောက်ဆုံး ရလဒ် က အတူတူဖြစ်နေမှတော့ ဘာလို့ ရှုပ်ထွေးအောင်လုပ်နေမှာလဲ။

သူ တစ္ဆေတစ်ရာအလံတော် ထုတ်ကာ ပြောလိုက်သည် “မင်းကို အချိန် နှစ်တစ်ရာပေးမယ် မင်းအရည်အချင်းမမှီဘူးဆိုရင် ပြန်လာယူမယ်”

သူပြောပြီးသည်နှင့် အံ့ဖွယ်ထိန်းချုပ်မှုကို တစ္ဆေအလံတစ်ရာမှ သိမ်း လိုက်သည်။

“ကောင်းပြီ” ရှီမာယူယူသည် တစ္တေတစ်ရာအလံတော်ကို ယူပြီး ပြောလိုက်သည်။

“အရင်ဆုံး ဘယ်လိုသုံးရမလဲဆိုတာ သင်ပေးမယ်” ဒိကျဲ့ ဆက်ပြော လေသည် “တစ္ဆေတစ်ရာအလံတော်က တစ္ဆေတွေနဲ့ပြည့်နေတာ အဲဒါကြောင့် ထိန်းရတာ ခက်တယ် ဒါပေမဲ့ မင်းရဲ့ စိတ်အခြေအနေက ကောင်းတဲ့ပုံပဲ ပြဿနာမရှိပါဘူး…”

သူမတွင် တစ္ဆေမျိုးနွယ်၏ အငွေ့အသက်ရှိနေရာ ထိန်းချုပ်ရန် ပြဿနာရှိမည်မဟုတ်ပေ။

သူမသည် ဉာဏ်ကောင်းသည် ကျောင်းသားဖြစ်သည်နှင့်အညီ ဒိကျဲ့ ရှင်းပြသည်များကို ချက်ချင်းပင် နားလည်လေသည်။ သူမသည် အံ့ဖွယ် ထိန်းချုပ်မှုကို အစပိုင်းထည့်ပြီးနောက် ချက်ချင်းပြန်ရုတ်လေသည်။

“ရုတ်တရက် မေးခွန်းစဉ်းစားမိတယ်” သူမ ပြောလေသည်။

“ဘာလဲ”

“အမေက ငရဲချောက်မှာဆိုတော့ တစ်ယောက်ယောက်က တမင် ကျိန်ဆိုမှုကို ဖျက်ပြီး ငရဲချောက်ကိုသွားမယ်ဆိုရင် အမေ့ကိုရှာမတွေ့နိုင်ဘူး လား” ရှီမာယူယူ ပြောလိုက်သည်။

“အဲနေရာကို အပြစ်ပေးခံရတဲ့သူက တစ်သက်လုံးထွက်မရဘူး မင်း ဒေါ်လေးကိုကယ်နိုင်ရင်တောင်မှ အဲဒီမှာ တစ်သက်လုံးနေသွားရလိမ့်မယ် ဒါဆိုရင် နောက်ကိုဘာဖြစ်မလဲ” ဒိကျဲ့ ပြောလိုက်သည်။

“အင်း ဟုတ်ပြီ” ကြည့်ရသည်မှာ ထိုသည်မှာ အလုပ်မဖြစ်ပေ။ စီစဉ် ထားသည့်အတိုင်း သွားရုံသာရှိသည်။

“ဆရာ ဆက်သွားကြမလား” တစ္တေသခင် နောက်မှမေးလေသည်။

သူတို့ ထိုနေရာအထိလာရသည့် ရည်ရွယ်ချက်မှာ ရှေးဟောင်း စစ်မြေပြင်မှ တစ္ဆေများကို စုရန်လာခြင်းဖြစ်သည်။ အခု တစ္ဆေတစ်ရာအလံ တော်သည် ရှီမာယူယူဆီသို့ပေးလိုက်သဖြင့် သူတို့ရှေ့ဆက်သွားဖို့ လိုဦး မလား။

“သွားမယ်” ဒိကျဲ့ ပြောလိုက်သည်။

တစ္ဆေတစ်ရာအလံသည် သူ့လက်ထဲတွင် မရှိတော့သော်လည်း တစ္ဆေ တစ်ရာအလံသည် ထိုနေရာတွင်ရှိနေသေးသည်။ ရှေးဟောင်းတစ္ဆေများ လည်းရှိနေသေးသည်။

“ခုနက ရှင်ပြောတဲ့ ရှေးဟောင်း စစ်မြေပြင်က အဲဒါဘာလဲ” ရှီမာယူယူ မေးလိုက်သည်။

ဒိကျဲ့သည် ရှီမာယူယူ၏ ရှုပ်ထွေးနေသော ပုံစံကိုကြည့်ပြီး သူမ အစော ပိုင်းက ပြောခဲ့သည်ကို ယုံသွားသည်။ သူမသည် ထိုနေရာသည် မည်သို့ နေရာဖြစ်သည်ကို မသိဘဲနှင့် တကယ်ပြေးလာခဲ့ခြင်းဖြစ်သည်။

“ဒီနေရာက ရှေးဟောင်း စစ်မြေပြင်ပဲ” ဒိကျဲ့ဆက်ပြောလေသည် “ဘယ်ခေတ်ကလဲဆိုတာတော့မသေချာတော့ဘူး ဒါပေမဲ့ ထာဝရရှင်သန်သူ နယ်မြေကိုလာပြီး ဒီနေရာကိုသိတဲ့လူတွေက အရိပ်အမြွက်ချန်ထားခဲ့တယ် ဒီတစ်ခေါက် ထာဝရရှင်သန်သူနယ်မြေကိုလာရတဲ့ ငါတို့ အဓိကရည်ရွယ် ချက်က အဲဒါပဲ”

“အဲဒါကြောင့် တခြားသူတွေကို ရတနာကိုမရှာတာကိုး” ရှီမာယူယူ ဆက်ပြောလေသည် “လေဟာပြင်ပြောင်းလဲတာကလည်း ဒီရှေးဟောင်း စစ်မြေပြင်ကြောင့် ပြောင်းတာလား”

“အဲဒါတော့ မသေချာဘူး ရှေးဟောင်းစစ်မြေပြင်မှာ ရှေးတစ္ဆေတွေ အများကြီးရှိမယ်ဆိုတာပဲ သိတယ် သူတို့ကို တစ္ဆေတစ်ရာအလံထဲမှာထည့် ထားလိုက်ရင် တစ္ဆေတစ်ရာအလံရဲ့အားက တိုးလာမှာပဲ” ဒိကျဲ့ ပြောလိုက် သည်။

“ရှင်တို့က ရှေးဟောင်း တစ္ဆေတွေကြောင့်လာတာပဲ” ရှီမာယူယူ ဆက် ပြောလေသည် “ဒါပေမဲ့ ရှေးစစ်မြေပြင်ဆိုမှတော့ ရှေးဟောင်းတစ္ဆေတွေက လည်းခေတ်တွေကြာနေပြီပေါ့ သူတို့ရှိသေးလား အားကောင်းလား တစ္ဆေ ဘုရင်နဲ့ တစ္ဆေစစ်သူကြီးတို့အတွက် ပြဿနာမဖြစ်ဘူးလား”

“မသိဘူး စာအုပ်တွေထဲမှာ အဲအကြောင်းကို မှတ်တမ်းတင်မထားဘူး” ဒိကျဲ့ ဆက်ပြောလေသည် “အဲဒါကြောင့် ရှေ့ကအခြေအနေက အရမ်း အန္တရာယ်များတယ် ငါ့ကို တစ္ဆေတစ်ရာအလံပေးထားပါလား ငါတို့ကို ထွက်ပေါက်မှာစောင့်နေ ငါထွက်လာတာနဲ့ မင်းကိုပေးမယ်”

“ဒီမှာအန္တရာယ်များတာသိပါတယ် ကျွန်မကိုပြောဖို့မလိုပါဘူး”

ရှီမာယူယူ ဆက်ပြောလေသည်။ “အခုရင်ဆိုင်နေရတဲ့ ဆုံးရှုံးမှုနဲ့ဆိုရင် အဲဒီကိုရောက်ရင် သုံးယောက်ကနေ ငါးယောက်ပဲကျန်လိမ့်မယ် ကျွန်မကို ခေါ်သွားရင်တော့ အရှုံး တစ်ဝက်လောက် သက်သာလိမ့်မယ်”

“….”

တစ္ဆေမျိုးနွယ်ဝင်များသည် မှင်တက်သွားကြသည်။ ပွင့်လင်းပြီး ဘဝင်မြင့်တဲ့ မိန်းကလေးပါလား။

***

All Chapters