← Chapters

ရှီမာလွီဖန်အားတွေ့ခြင်း

Vol. 85 Ch. 1177

ရှီမာလွီဖန်အားတွေ့ခြင်း

Vol. 85 Ch. 1177

ဒိကျဲ့သည် သူမအား စစ်ဆေးကြည့်လိုက်သည်။ ဒီမိန်းကလေးက တကယ်ကိုပဲ အရင်ကဒေါ်လေးရဲ့ အကျင့်နဲ့တူတာပဲ။ “မင်းသွားမယ်ဆိုရင် ငါနဲ့လိုက်ရမယ် တခြားလမ်းလွှဲမသွားနဲ့” သူသည် ဒေါ်လေး၏ ယခုလိုပုံစံကို သဘောကျသည်။

ထိုယုံကြည်ချက်ရှိသောပုံစံ အကြည့် ထိုဆင်တူမှုသည် သူမ၏ တောင်းဆိုမှုကို သူ မငြင်းနိုင်အောင်ဖြစ်နေသည်။

“နောက်ကျမှသိလိမ့်မယ် ကျွန်မကိုခေါ်မသွားရင် ဘယ်လောက်ဆုံးရှုံး ရမလဲဆိုတာ” ရှီမာယူယူ ပြောလိုက်သည်။

တစ္ဆေမျိုးနွယ်ဝင်များသည် သူမကို မယုကြည်ကြပေ။ သူမသည် သူတို့ကို ဆွဲမချရန်ကိုသာ မျှော်လင့်ထားကြသည်။

သို့သော် လျင်မြန်စွာပင် သူတို့သိလိုက်ကြသည်။ သူမသည် အလဟသ ကြွားဝါခြင်းမဟုတ်ပေ။ သူမ ရှိနေခြင်းကြောင့် အမှန်တကယ်ပင် လေဟာပြင် အလွှာ ကွာဟမှုများကိုရှောင်ရှားနိုင်ပြီး ဆုံးရှုံးမှုလျော့နည်းလေသည်။

“မင်းက တည်ဆောက်မှုသခင်လား” ဒိကျဲ့သည် နားနေရင်းနှင့် မေး လေသည်။

“အင်း” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

“မင်းက တကယ်ပဲ တည်ဆောက်မှုသခင်ပဲ အဲဒါကြောင့် ငါတို့နောက် ကို ပြဿနာမရှိဘဲလိုက်လာနိုင်တာ ဘာလို့စောစောကမပြောတာလဲ” ဒိကျဲ့ ၏ ကိုယ်ရံတော်က ပြောလေသည်။

ပြီးခဲ့သည့် နှစ်ရက်တွင် အမှောင်မင်းသမီး၏ သမီးသည် ရာထူးများကို မခွဲခြားဘဲ သူမနှင့် စကားပြောနိုင်ပြီး သူမသည်လည်း သူတို့ကို တရင်းတနှီး ပြန်ဖြေလေသည်။

ရှီမာယူယူသည် ပခုံးတွန့်လိုက်သည်။ “ဘယ်သူမှမမေးတာ”

“….”

နှိမ့်ချလိုက်တဲ့ ကလေးပဲ။

ဒိကျဲ့သည် ထိုအချက်ကိုလွတ်သွားသည်။ သူသည် သူမကို ကောင်းကောင်းမသိသည်ကို သိလိုက်ရကာ ပြောလေသည် “တည်ဆောက်မှု ထက် တခြားဘာတွေသိသေးလဲ”

“လက်နက်ပညာကိုတော့မသိဘူး ဒါပေမဲ့ ဒီကထွက်သွားပြီးရင်တော့ အချိန်ယူပြီးလေ့လာရမယ်” ရှီမာယူယူ ပြောလိုက်သည်။

လက်နက်ပညာကိုမသိဘူးဆိုတော့ ကျန်တဲ့ဟာတွေသိတယ်လို့ ပြော လိုက်တာလား။

“မင်းက အဂ္ဂိရတ်ပညာရှင်လား”

“ဟုတ်တယ်”

“သားရဲထိန်းကျောင်းသူလား”

“ဘယ်လိုထိန်းကျောင်းရမလဲဆိုတာ သိပါတယ်”

“ဝိညာဉ်ရှာဖွေသူသခင်လား”

“နည်းနည်းပါးပါးပါ”

“အာ… ဒါဆိုရင် မသိတာဘာရှိသေးလဲ”

“လက်နက်ပညာပါလို့ ပြောပြီးပြီလေ” ရှီမာယူယူသည် ထိုလူ၏ မှတ်ဉာဏ်မှာ မကောင်းလှဟု စဉ်းစားကာ ထိုလူကိုကြည့်လိုက်သည်။

“….”

သူတို့သည် အခုချိန်တွင် သူတို့၏ သခင်စိတ်ကိုနားလည်သွားလေပြီ။

“ငါတို့ သုံးရက်လောက်မရပ်မနားလာပြီးပြီ ရှေ့ဆက်မသွားခင် အရင် နားရအောင်” ဒိကျဲ့ ပြောလိုက်သည်။

“မလိုဘူး ကျွန်မတို့အရင်ကိုလူတွေအများကြီးဝင်ခဲ့ပြီးပြီ ဒီမှာ ရတနာရှိ တယ်ဆိုရင် မျှယူရမှာပေါ့” ရှီမာယူယူသည် တောက်ပသော မျက်လုံးများဖြင့် နှုတ်ခမ်းသပ်လိုက်သည်။

ဒိကျဲ့သည် သူမ ပုံစံကိုကြည့်လိုက်သည်။ စိတ်ထဲတွင်တော့ ဒေါ်လေး သည် ထိုပုံစံမဟုတ်ပါဘဲနှင့် ဒီကောင်မလေး စရိုက်က ဘယ်လိုလဲဟု တွေးနေမိသည်။ ထိုသို့ဆိုလျှင် ဒေါ်လေး ယောက်ျားတွေကို သဘောကျတဲ့ အကြိုက်ကတော်တော်ဆိုးတာပဲ။

သူတို့မသိသည်မှာ ထိုကဲ့သို့အကျင့်စရိုက်သည် မိဘများနှင့်မဆိုင်ဘဲ သူမ၏ မွေးရာပါဖြစ်သည်။

“ဒါပေမဲ့ မင်းကြည့်ရတာပင်ပန်းနေပြီ ထပ်ပြီးမခံနိုင်တော့တဲ့ပုံပဲ” ဒိကျဲ့ ပြောလိုက်သည်။

“ကိစ္စမရှိဘူး ကျွန်မမှာ တွဲဖက်ရှိတယ်” ရှီမာယူယူ ဆက်ပြောလေ သည် “ဟာစွန် မင်းဦးဆောင်တော့”

ဟာစွန်ထွက်လာပြီး ခေါင်းညိတ်ကာ အားလုံးကိုဦးဆောင်သွားလေ သည်။

“သူက မင်းရဲ့စာချုပ်သားရဲလား” ဒိကျဲ့ မေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

“လေဟာပြင်ကို သိလွယ်တယ် လေဟာပြင်ဝိညာဉ်သားရဲဟာစွန်ငှက်ပဲ” တစ္ဆေသခင် ပြောလိုက်သည်။

ရှီမာယူယူသည် တစ္ဆေသခင်အား မသိမသာကြည့်လိုက်သည်။ သူမ ရောက်ချိန်မှစပြီး သူစကားနည်းကာ ရံဖန်ရံခါထိုသို့ပြောမည်ဟု မမျှော်လင့် ထားပေ။

“ဟုတ်တယ် ဟာစွန်က လေဟာပြင်ဝိညာဉ်သားရဲပဲ ဒီစာချုပ်ကြောင့်ပဲ ကျွန်မရဲ့ လေဟာပြင် အာရုံခံနိုင်စွမ်းက တိုးလာတာ အဲဒါကြောင့်ပဲ ကျွန်မ လေဟာပြင် အာရုံနိုင်တာပိုကောင်းလာတယ်”

“အခုခေတ်မှာ လေဟာပြင်ဝိညာဉ်သားရဲက ရှားနေပြီ” တစ္ဆေသခင် သည် ပြောလိုက်သည်။

သူ ထိုအတိုင်းပြောလိုက်သောအခါ ထူးဆန်းသည်ဟု ရှီမာယူယူ ခံစား မိသည်။ သူ ဘာကြောင့် ထိုသို့ပြောသည်ကို သူမ မသိပေ။

နောက်ပိုင်းတွင် ရှီမာယူယူသည် ဟာစွန်ကို ဦးဆောင်ခိုင်းရာ တစ္ဆေ မျိုးနွယ်ဝင် အကျအဆုံးနည်းသွားလေသည်။

သူတို့ မပျံနိုင်သဖြင့် လမ်းလျှောက်ရုံသာတတ်နိုင်လေသည်။ ထို့ကြောင့် ပင် အချိန်ကြာအောင်လျှောက်ရသဖြင့် ရှေးဟောင်းစစ်မြေပြင်ကို မရောက် နိုင်ပေ။

ထိုနေရာ၏ လေဟာပြင်သည် မငြိမ်သဖြင့် သူတို့ခရီးကို ဆိုးဝါးစွာ ထိခိုက်လေသည်။ သို့သော် မတည်ငြိမ်သဖြင့် သူတို့သည် မိုင်ပေါင်းထောင်ချီ လျှောက်ရာ နှေးကွေးသော်လည်း အကွာအဝေးတော်တော်ရောက်လေ သည်။

လအနည်းငယ်ကြာပြီးနောက် နောက်ဆုံးတွင် လူတချို့ကိုမြင်လိုက် သည်။ သို့သော် ထိုလူများကိုတွေ့သည်နှင့် ရှောင်သွားရန်ဆုံးဖြတ်လိုက်ကြ သည်။

ထိုကဲ့သို့ရှေးဟောင်း စစ်မြေပြင်တွင် ထူထဲသော သေဆုံးခြင်းချီရှိသည်။ တစ္ဆေမျိုးနွယ်ဝင်များနှင့် တိုက်ခိုက်သည်မှာ ကောင်းမွန်သော လှုပ်ရှားမှု မဟုတ်ပေ။

“အရှေ့မှာ လူတွေတိုက်ခိုုက်နေကြတယ် ကြည့်ချင်လား” ဟာစွန်မေး လိုက်သည်။

“သူတို့ကိုသိတာလား” ရှီမာယူယူ မေးလိုက်သည်။

သူမသည် ဟာစွန်ကိုနားလည်သည်။ သူ မသိသောလူမဟုတ်လျှင် သူမ ကိုပြောမည်မဟုတ်ပေ။

“လူတစ်ယောက်က ရှီမာလွီဖန်နဲ့ တူနေတယ်” ဟာစွန် ပြောလိုက် သည်။

“ဦးလေးလွီဖန်လား ရှီမာမျိုးနွယ်တွေက ဒီရောက်နေတာလား” ရှီမာယူယူ မေးလိုက်သည်။

သူတို့သာဆိုလျှင် သွားလည်း အကျိုးမရှိပေ။ သူမသည် သူတို့နှင့် မဆက်သွယ်လိုပေ။ တချို့လူများသည် ရှီမာဂေါင်ချီကဲ့သို့ မယုံလွယ်ပေ။

“မသိဘူး ငါနဲ့ ရင်းနှီးနေတဲ့ လူတစ်ယောက်ရှိသေးတယ်” ဟာစွန် ပြောလိုက်သည်။

“ဦးလေးလွီဖန်နဲ့ တခြားသူတွေက ဒီကိုလာတယ်လို့ ယိယွင်ပြောတယ် ဦးလေးလွီယွင်တို့ဒီမှာမရှိဘူးဆိုရင် ဦးလေးလွီဖန်ပဲဖြစ်မယ် သွားကြည့်ကြ တာပေါ့” ရှီမာယူယူသည် ဒိကျဲ့တို့ဘက်လှည့်ကာ ပြောလိုက်သည် “ရှင်တို့…”

“ငါတို့ မင်းနဲ့လိုက်မှာပေါ့” ဒိကျဲ့ ပြောလိုက်သည်။

အန္တရာယ်ရှိနေရင် ဘယ်လိုလုပ်မလဲ။

ဒီနေရာမှာ လေဟာပြင်ခေါက်ရာတွေ ကွဲနေတာတွေ ဒီလောက်များ တာ။ သူ ဘာသာတစ်ယောက်တည်းသွားရင် လေဟာပြင်စုတ်ပြဲမှုကြောင့် သေသွားနိုင်သည်။ သူတို့အတူလိုက်သွားသည်က ပိုကောင်းမည်။

“သွားကြည့်ကြမယ်” ရှီမာယူယူ ပြောလိုက်သည်။

သူတို့သည် ထိုနေရာတွင် မည်သူ့ကိုမှ မတွေ့ရပေ။ သို့သော် ဟာစွန် သည် အနည်းငယ်လှည့်ပတ်ခေါ်သွားပြီးနောက် လူတစ်စုတိုက်ခိုက်နေသည် ကိုတွေ့လိုက်ရသည်။

ထင်ထားသည့်အတိုင်းပင် သူမသည် ရှီမာလွီဖန်ကိုသာ သိကာ ကျန်လူ များကို မသိပေ။ ရှီမာလွိဖန် အေးစက်နေပုံကိုကြည့်ရာ ရှီမာမျိုးနွယ်မှ အဖွဲ့ဝင် များ မကျန်တော့သည့်ပုံပင်။

ဒါပေမဲ့ ဘာလို့ သူတစ်ယောက်တည်းဖြစ်နေရတာလဲ။ သူက ထိန်းချုပ်ခံ နေရတာ သိသာနေတယ်။

သူမသည် နှစ်ဖက်လုံးကို မသိတော့ပေ။ ရှီမာလွီဖန်သည် ဘေးတွင် ဘာမှမလုပ်သောကြောင့် သူမလည်း ထိုအခိုက်တွင် မလှုပ်ရှားဘဲနေလိုက် သည်။

“အဲဒီဝိညာဉ်လက်နက်ကို ငါတို့်အရင်တွေ့တာ မင်းတို့က ငါတို့နောက် မှလာပြီး လုတာ တရားမျှတမှုဘယ်ရှိမလဲ”

“တရားမျှတမှုဟုတ်လား ဒီနေရာမှာ တရားမျှတမှုကိုပြောနေတာလား အရင်ရှာတွေ့တာက ဘာအသုံးကျလို့လဲ နောက်ဆုံးဘယ်သူရမလဲဆိုတာပဲ အရေးကြီးတယ်”

“ဒါဆိုရင် ဘယ်သူလုနိုင်မလဲကြည့်ကြတာပေါ့”

“ဘုန်း”

သူတို့တိုက်ခိုက်မှုသည် ရှီမာလွီဖန်နှင့် နီးလာကာ တိုက်ပွဲအားသည် သူ့ဆီသို့လွှင့်လာကာ သူ့ကို သွားခေါ်မည့်သူမရှိလျှင် အန္တရာယ်ကျသွားနိုင် သည်။

ပြီးနောက်ထိုလူများသည် တိုက်ခိုက်ရာတွင် အလုပ်များနေသဖြင့် သူတို့ကို သတိမထားမိကြပေ။

“ပိတ်မယ်”

ရှီမာယူယူသည် လေဟာပြင်အတက်အကျကိုခံစားပြီး လှိုင်းများသည် သူမဆီမှ အဘက်ဘက်သို့ ထွက်လာနေသည်ကို မြင်လိုက်ရသည်။

ထိုနေရာသို့လာသူများသည် သေချာပေါက် အားကောင်းကာ သူမ လှုပ်ရှားလိုက်သည်နှင့် နှစ်ဖက်လုံးသည် ခံစားမိပြီး ရပ်လိုက်ကာ ဘေးနှစ်ဖက်ခွဲရပ်ပြီး သူတို့ကိုကြည့်လိုက်သည်။

“နှောင့်ယှက်ရတာတောင်းပန်ပါတယ် ကျွန်မ လူတစ်ယောက်ရှာနေ တာရှင်တို့ ဆက်လုပ်ကြပါ” ရှီမာယူယူသည် ပြုံးပြီးပြောလေသည်။

***

All Chapters