ငတုံးအဖွဲ့နှင့်တွေ့ခြင်း
Vol. 85 Ch. 1178
ရှီမာယူယူသည် အပြုံးကို စိတ်ရင်းနှင့် ပြုံးပြရန်ကြိုးစားသော်လည်း တစ်ဖက်မှ မယုံကြပေ။ သူတို့သည် အနောက်မှ တစ္ဆေမျိုးနွယ်အဖွဲ့ကိုမြင် သောအခါ သံသယဖြင့်ကြည့်လေသည် “လူသားတစ်ယောက်က တစ္ဆေ မျိုးနွယ်တွေနဲ့ တွဲသွားတွဲလာလုပ်နေတယ် မင်းက တကယ့်လူသားမျိုးနွယ် အတွက် သစ္စာဖောက်ပဲ”
“ဟုတ်တယ် တခြားမျိုးနွယ်နဲ့ ပေါင်းတာက လူသားမျိုးနွယ်အတွက် အကြီးဆုံးအပြစ်ပဲ”
“မင်းလိမ်လိမ်မာမာနဲ့ ကိုယ့်အပြစ်ကိုယ်ဝန်ခံပြီး နောက်ပြန်လှည့်မယ် ဆိုရင် မင်းပျော်ပျော်ရွှင်ရွှင်နေရအောင်လုပ်ပေးမယ်”
“ဟုတ်တယ်”
“ဟုတ်တယ်”
“…”
ရှီမာယူယူသည် သူတို့ကိုကြည့်လိုက်သည်။ တစ်ဖက်နှင့်တစ်ဖက် မီးတောက်နှင့်ပစ်နေကြသူများသည် ချက်ချင်းပင် အုပ်စုဖွဲ့ကာ သူမကို တိုက်ခိုက်နေကြပြန်သည်။
ဒါပေမဲ့ သူတို့ပြောတဲ့စကားက ငတုံးတွေပဲ ပြောတာမဟုတ်ဘူးလား။ သူမက တစ္ဆေမျိုးနွယ်နဲ့ အတူတူရှိနေလို့ သူမဘာသာလက်လျော့ပြီး အပြစ်ခံ ရမှာလား။ သူတို့ တွေးခေါ်ပုံတွေးခေါ်နည်းက ပြဿနာရှိနေတာလား မဟုတ်ရင် ဒီအတိုင်းပဲ တုံးအကြတာလား။ အကုန်လုံးကို ငတုံးတွေလို့ထင် နေကြတာလား။
သို့သော် တခြားသူများသည် ထိုတောင်းဆိုချုက်ကို ငြင်းဆိုမရသော တောင်းဆိုချက်ဟု မြင်ကြသည်။ လူသားတစ်ယောက်အနေနှင့် သူမ အမှန် တကယ်ပဲ တခြားမျိုးနွယ်များနှင့် လျှို့ဝှက်လုပ်ဆောင်နေခြင်းဖြစ်သည်။ ထိုသည်မှာ တိုင်းပြည်တစ်ခုလုံး လက်မခံနိုင်သည့်အရာပင်ဖြစ်သည်။ တခြား မျိုးနွယ်နှင့် လျှို့ဝှက်လုပ်ဆောင်နေသူများသည် သေရန်သာထိုက်တန်လေ သည်။
သည်လိုနှင့် သူတို့၏မာနကြီးသော သဘောထားများသည် တခြားသူ ၏ ဘဝကိုဂရုမစိုက်သည်ဟု ရောင်ပြန်ဟပ်နေသည်။ သူတို့၏ စိတ်ထဲတွင် တခြားမျိုးနွယ်နှင့် လျှို့ဝှက်ကြံစည်ပါက ခွင့်လွှတ်ပေးသည်က ကြင်နာလွန်း နေပြီဟုထင်နေကြသည်။
“ဟီးဟီး…” ရှီမာယူယူသည် ပေါ့ပါးစွာရယ်မောလိုက်သည် “ဒီကောင်မလေးက အားနည်းပေမဲ့ အသက်ကလေးကိုတော့ ဂရုစိုက်ပါတယ် အဲဒါကြောင့် ကိုယ့်ကိုယ်ကို အပြစ်ဝန်ခံဖို့ အစီအစဉ်မရှိဘူး”
“ဟင်း မင်းက တခြားမျိုးနွယ်နဲ့ ပေါင်းပြီးလျှို့ဝှက်ကြံစည်သေးတယ် မင်းမျက်နှာကို ဒီကမ္ဘာမှာပြဖို့ မာနရောရှိသေးရဲ့လား”
“ဘာမာနလဲ အဲဒါကစားလို့ရလို့လား” ရှီမာယူယူ မေးလိုက်သည် “အသက်ကိုဂရုမစိုက်တဲ့လူအတွက် မာနကို ဂရုစိုက်ရမှာလား”
“အရှက်မရှိတဲ့လူငယ်ပဲ ဘယ်လိုလုပ် အဲအတိုင်းစဉ်းစသားရတာလဲ မင်းက ကိုယ့်ကိုယ်ကို ဝန်မခံချင်ဘူးဆိုရင် ငါတို့်တိုက်ခိုက်တာကို အပြစ်မတင်နဲ့”
ပြောပြီးနောက်တွင် ထိုလူများသည် တိုက်ခိုက်ချင်ကြသည်။ သူတို့ သည် တရားမျှတမှုကို ယူပေးချင်နေသည်။
ထိုလူများ စတင်လှုပ်ရှားသည်နှင့် သူတို့ မည်မျှ သန်မာသည်ကို သူမ ပြောနိုင်လေသည်။ သူတို့အားလုံးသည် ဧကရာဇ်အဆင့်ကျွမ်းကျင်သူများဖြစ် ကြပြီး တချိုကမှာ စံတင်အဆင့်ကို ခြေတစ်လှမ်းအလိုဖြစ်သည်။ သူတို့သည် အမှန်တကယ်ပင် အားမနည်းပေ။
“လူကြီးမင်းတို့ အတွေးလွန်နေပြီထင်တယ် ကျွန်မအသက်က ကျွန်မ ကိုယ်တိုင်ကလွဲရင် ဘယ်သူမှယူလို့မရဘူး” ရှီမာယူယူ ပြောလိုက်သည် “လူကြီးမင်းတို့က မျိုးနွယ်မတူညီလို့ စောဒကတက်ရင်တောင်မှ အလုပ်ဖြစ် မှာမဟုတ်ဘူး”
“ရက်စက်တဲ့ကောင်မလေး သေစမ်း”
အကြီးအကဲတစ်ယောက်သည် ပြောရင်းနှင့် ရှီမာယူယူကို တိုက်ခိုက် လေသည်။
ရှီမာလွီဖန်သည် ရှီမာယူယူ ဖြစ်ပျက်နေသည်ကိုမြင်သောအခါ ချက်ချင်းပင် ဝိညာဉ်စွမ်းအင် ပြန်ရုတ်လိုက်လေသည်။ သူမ ထိုနေရာတွင်ရှိ နေသည်ကို အံ့သြသွားသော်လည်း အနည်းဆုံးတော့ သူ့ကို ကယ်နိုင်ခဲ့သည် လေ။
ထို့ကြောင့်ပင် သူသည် ထိုနေရာတွင် နှုတ်ဆိတ်နေခဲ့သည်။
သို့သော် သူ ကြာရှည်စွာ နှုတ်ပိတ်မနေနိုင်တော့ပေ။ သူတို့က သူမကို တကယ်ပဲ ဆန့်ကျင်ရဲတာပဲ သူတို့သေချင်နေကြတာလား။
သူတစ်ယောက်တည်းမဟုတ်ပေ။ သူတို့အနောက်တွင်ရပ်နေသော ဒိကျဲ့သည် တစ်ပြိုင်နက်ပင် ထိုလူနှင့် တိုက်ခိုက်လေသည်။ သူတို့နှစ်ယောက်၏ ထပ်တူကျသော လှုပ်ရှားမှုများတွင် ထိုအဘိုးအိုသည် သဲလွန်စမကျန်ဘဲ ချက်ချင်းပင် သေဆုံးသွားလေသည်။
ဒိကျဲ့ဝင်ပါမည်ဟု သူမ အစောကတည်းကပင် ခန့်မှန်းထားသည်။ ချုပ်တည်းထားသော ရှီမာလွီဖန်ပါဝင်လာသည်ကိုတော့ သူမ မှန်းမထား သည့်အရာပင်ဖြစ်သည်။
“ဦးလေးလွီဖန် ဦးလေးက သူတို့ထိန်းချုပ်ခံရတာမဟုတ်ဘူးပေါ့” ရှီမာယူယူ ပြောလိုက်သည်။
ရှီမာလွီဖန်သည် ပျံလာပြီး သူမဘေးတွင်ဆင်းသက်ကာ ပြောလိုက် သည် “မင်း ဒီကိုဘာလာလုပ်တာလဲ”
“ဦးလေးတို့အားလုံး ဒီမှာရောက်နေတယ်ပြောလို့လာတာလေ” ရှီမာယူယူ ပြောလိုက်သည်။ “ဦးလေးက သူတို့ထိန်းချုပ်တာခံနေရတာ မဟုတ်ဘူးလား ဒီလိုမျိုးလှုပ်ရှားလို့ရတာလား”
“ငါ ဝင်မပါတာ မဟုတ်ဘူး မင်းက ငါ့ထက်စောလှုပ်ရှားသွားတာ” ရှီမာလွီဖန် ပြောလိုက်သည်။ “ကိုယ့်ကိုယ်ကို ဘာလို့ဒုက္ခအရောက်ခံမလဲ”
“ဒါဆိုရင် အလဟသ စိုးရိမ်မိတာပဲ” ရှီမာယူယူ ပြေလာိုက်သည်။
“မင်း ငါ့ကိုဂရုစိုက်တယ်ဆိုတာ သိရတာကိုက တခြားဟာတွေထက် ပျော်ဖို့ကောင်းနေပြီ ဘယ်လိုလုပ် အလဟသ ဖြစ်မှာလဲ” ရှီမာလွီဖန် ပြော လိုက်သည်။
“….”
ရှီမာယူယူသည် သူ့အတွေးကို ဂရုမစိုက်တော့ပေ။
“ရှီမာလွီဖန် မင်းက ထိန်းချုပ်ခံနေရတာမဟုတ်ဘူးပေါ့ မင်းက တစ်လျှောက်လုံး ဟန်ဆောင်နေခဲ့တာပဲ”
ရှီမာလွီဖန်သည် ရှီမာယူယူရှေ့တွင်ရပ်ကာ ထိုလူများကို မျက်နှာချင်း ဆိုင်ပြီး ပြောလိုက်သည် “မင်းတို့ ထိန်းချုပ်မှုအောက် ငါရောက်နေတယ်လို့ ဘယ်တုန်းက ပြောဖူးလို့လဲ မင်းတို့်က မင်းတို့ရဲ့သနားစရာကောင်းတဲ့ အဆိပ် ကိုသုံးပြီး ငါ့ကိုအဆိပ်ခတ်ချင်တာလား မင်းတို့က ရိုးစင်းလွန်းတာပဲ”
“ဒါဆိုရင် ဘာလို့အဆိပ်မိသလို ဟန်ဆောင်နေတာလဲ”
“မဟုတ်ရင် လမ်းတစ်လျှောက်လုံး ငါ့ကို ဘာမှမလုပ်ဘဲ ခေါ်သွားမလား” ရှီမာလွီဖန် မေးလိုက်သည်။
သူတို့ ရှီမာယူယူကို တိုက်ခိုက်ရန် ကြိုးစားခြင်းကြောင့်သာမဟုတ်လျှင် သူသည် ထုတ်ဖော်ပြမည်မဟုတ်ပေ။
“ကောင်းလိုက်တာ ရှီမာလွီဖန် မင်းကို သရုပ်ဆောင်လိုှ့ ထင်ကြတော့ မှာပဲ”
“ကြင်နာလွန်းနေပြီ” ရှီမာလွီဖန် ပြောလိုက်သည်။ သူသည် သူတို့ မျက်နှာများမှာ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်ကိုမြင်ပြီးပြောလိုက်သည် “အဲလိုကြည့်ဖို့မလိုပါဘူး မင်းတို့ ငါ့ကိုဖမ်းမိသွားပြီး မင်းတို့ရတနာရှာတာကို လမ်းပြစေချင်တာ အဲဒါကြောင့် ငါနာခံခဲ့တယ် ဒါပေမဲ့ ဘာလို့ မင်းတို့ကနစ်နာ သလိုလုပ်နေတာလဲ”
“မင်း တမင်လုပ်တာပဲ” လူအိုကြီးတစ်ယောက် အော်လေသည် “မင်းက ငါတို့အံ့ဖွယ်လက်နက်အတွက်တိုက်ခိုက်အောင် တမင်ခေါ်လာတာပဲ”
“မင်းတို့က အိမ်ကထွက်လာတော့ ဦးနှောက်ကိုအိမ်မှာထားခဲ့တာဖြစ် မယ် ဟုတ်လား” ရှီမာလွီဖန် ပြောလိုက်သည် “ဒီနေရာမှာ အံ့ဖွယ်လက်နက်ရှိ တယ်ဆိုတာတောင်မသိဘူး မင်းတို့ရန်သူဒီမှာရှိနေတယ်ဆိုတာလည်းမသိ ဘူး အဲတော့ ဘယ်လိုလုပ် ငါကဒီကိုခေါ်လာရမှာလဲ တုံးတဲ့လူတွေက စကား ကိုမပြောသင့်တာ အဲလိုဆိုရင် မင်းတို့ဉာဏ်ရည်ကိုမထုတ်ပြရတော့ဘူးလေ”
“ကျွတ်”
ရှီမာယူယူသည် ရယ်ချင်စိတ်ကိုအောင့်ထားရသည်။ ဦးလေးလွီဖန် သည် တည်ငြိမ်အေးဆေးသည်ဟု ထင်ရသော်လည်း သူ့အကျင့်မှာ ဦးလေး လွီဖန်နှင့် သက်တူရွယ်တူလူများနှင့် ကွာခြားလေသည်။
ရှီမာလွီဖန်၏ ပြတ်သားသောစကားများကြောင့် ထိုလူသည် ဒေါသ ထွက်ကာ မျက်နှာတွင် ဒေါသများ ပွက်ပွက်ထနေသည်။ အရင်မောက်မာခဲ့ သည့် ပုံစံသည် ထိုပုံစံတွင်ပျောက်ကွယ်သွားလေသည်။
“ငါ့ကိုဘာလို့လာကြည့်နေတာလဲ” ရှီမာလွီဖန် ပြောလိုက်သည် “ငါပြော တာမှားလို့လား”
“မိတ်ဆွေတို့ ဆက်မတိုက်ကြနဲ့တော့ ဒီမျိုးမတူတဲ့ဟာတွေကို အရင်ရှင်းရအောင်” ရှီမာလွီဖန် ငေါက်ငမ်းခံလိုက်ရသောလူသည် မျက်နှာချင်းဆိုင်မှလူကိုကြည့်ပြီးပြောလေသည်။
တစ်ဖက်မှလူများသည် တွေဝေပြီးနောက် ပြောလေသည် “ကောင်းပြီ လေ”
ထိုသည်မှာ ရန်သူတူလျှင် မိတ်ဆွေဖြစ်သွားသောကြောင့် စည်းမျဉ်း မရှိတော့ပေ။ သူတို့သည် တစ်စက္ကန့်အတွင်း ရန်သူဖြစ်ကာ တစ်ခဏအတွင်း တွင် မိတ်ဆွေဖြစ်သွားကြသည်။
ဒိကျဲ့သည် ထိုလူများနှင့်ပတ်သတ်ပြီး မည်သည့်ခံစားချက်မှမရှိကာ သူတို့ စကားပြောနေသည်ကိုလည်း စောင့်ရန်စိတ်မရှည်ပေ။ သူလက် ဝှေ့ယမ်းလိုက်သည်နှင့် တစ္ဆေမျိုးနွယ်ဝင်များသည် နောက်မှထွက်ကာ လှုပ်ရှားလေသည်။
လူသားတွေက ပြဿနာများလိုက်တာ။ စိတ်အနှောင့်အယှက်တစ်ခုခု တွေ့တာတောင် စိတ်ပြေနပြေလုပ်နေသေးတယ်။ ဒီအတိုင်းပဲ တိုက်ရိုက် လှုပ်ရှားလိုက်ရင်ရပြီမလား။
ရှီမာယူယူသည် ထိုလူများ လှုပ်ရှားသည်ကို ကြည့်နေသည်။ သူတို့ တစ်ယောက်ချင်းစီ အားကောင်းသည်ကို သူမ သိလိုက်ရသည်။ အနည်းဆုံး တော့ သူတို့သည် ထိုကိုယ်ရံတော်များထက် အားကောင်းလေသည်။ သူတို့ သည် တော်ဝင်ကိုယ်ရံတော်များထက် အားကောင်းသည်။ ဆိုလိုသည်မှာ သူတို့အားကို အထင်သေးရန်မလိုသည်ကို ပြနေသည်။
ရှီမာလွီဖန်သည် ထိုလူများဝင်ပါလာသည်ကိုကြည့်ပြီး ကူညီရန် ရည်ရွယ်ချက်မရှိပေ။ သူသည် ရှီမာယူယူကို ဆွဲပြီးပြောလိုက်သည် “မင်းက တကယ်ပဲ မိန်းကလေးအဝတ်အစားနဲ့ ကြည့်ကောင်းတာပဲ မင်းမိဘတွေနဲ့ မတူတာတော့ နှမြောဖို့ကောင်းတယ်”
ဒိကျဲ့သည် သူ၏ ညီမလေးကို သူမဦးလေးဟုပြောသော်လည်း သူစိမ်း ယောက်ျားလေးမှ ကိုင်လိုက်သည်ကိုမြင်သောအခါ ခွင့်မပြုနိုင်ပေ။ သူရှေ့တိုး ကာ ရှီမာယူယူကို ပြန်ဆွဲလိုက်သည်။
“မင်းက ဘယ်သူလဲ” ရှီမာလွီဖန်သည် ဒိကျဲ့အား မည်းနက်သော အမူအရာဖြင့် ကြည့်သေလည။်
သူ့တူမကို ဆွဲရဲတယ်ဟုတ်လား။ ဘာကောင်လဲ…
“မင်းကရော ဘယ်သူလဲ” ဒိကျဲ့သည် အေးစက်သောအကြည့်ဖြင့်ပြန် ကြည့်ကာ ထိုဦးလေးအစုတ်အပြတ်နှင့် ပတ်သတ်ပြီး ခံစားချက်မကောင်းပေ။
***