← Chapters

လက်စားချေဖို့လိုအပ်နေသူ

Vol. 85 Ch. 1179

လက်စားချေဖို့လိုအပ်နေသူ

Vol. 85 Ch. 1179

လူသားမျိုးနွယ်နှင့် တစ္ဆေမျိုးနွယ် အလင်းနှင့် အမှောင် နှစ်ခုလုံးသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေကြသည်။ ရှီမာယူယူသည် နှစ်ယောက်ကြားမှ တင်းမာမှုကို မြင်လိုက်ရသဖြင့် ပြောလိုက်သည် “မိတ်ဆက်ပေးရဦးမယ် ဦးလေးလွီဖန် ဒါက ကျွန်မ ဝမ်းကွဲဒိကျဲ့ ဒါက အဖေဘက်က ဦးလေး ရှီမာလွီဖန်ပါ”

“မင်းအမေရဲ့ မိသားစုလား” ရှီမာလွီဖန်သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

သူသည် မိခင်ဘက်မှဖြစ်ကြောင်းကို မပြောသောကြောင့် ဒိကျဲ့သည် ကြည့်လိုက်သည်။ အကြောင်းမှာ တစ်ဖက်လူသည် သူ့ဒေါ်လေးနှင့် ပတ်သတ် ဆက်နွယ်ခွင့်မရှိပေ။

ရှီမာယူယူသည် သူတို့နှစ်ယောက်ကြားတွင်ရပ်ကာ စကားဖြတ်ပြော လိုက်သည် “ဦးလေးလွီဖန် ဒီမှာ တစ်ယောက်တည်းဘာလုပ်နေတာလဲ တခြားသူတွေရော”

ရှီမာလွီဖန် သက်ပြင်းချကာ ပြောလိုက်သည် “သူတို့ ဘယ်မှာလဲဆိုတာ ငါလဲ မသိဘူး ငါက လေဟာပြင်ရိုက်ခတ်မှုကြားကနေ ဒီကိုရောက်လာတာပဲ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုတောင် စိတ်မကပ်သေးဘူး သူတို့နဲ့တွေ့တာ ပဲ သူတို့က ငါ့ကိုဖမ်းချင်နေမှတော့ အဖမ်းခံလိုက်ရတာပေါ့”

“ဦးလေးက အဖမ်းခံရဖို့လွယ်တဲ့လူလား” ရှီမာယူယူ သူ့ကိုကြည့်လိုက် သည်။

“မဟုတ်ဘူးပေါ့ ဒါပေမဲ့ တစ်ယောက်တည်းဆိုရင် အကုန်လုပ်လို့မရဘူး လေ သူတို့နဲ့ဆိုတော့ ဘာမှလုပ်စရာမလိုပဲနဲ့ ညွှန်ပြလိုက်ယုံပဲ လေဟာပြင် ထောင်ချောက်ရှောင်တာတွေ လူသတ်တာတွေက ငါလုပ်စရာမလိုတော့ဘူး”

“အဲတော့ ရှင်းရှင်းပြောရရင် ဦးလေးက ပျင်းတာပဲ” ရှီမာယူယူ ပြော လိုက်သည်။

“တချို့အရာတွေက ပြောစရာမလိုအောင် သိရမယ်လေ မဟုတ်ရင် အဓိပ္ပာယ်မရှိတော့ဘူး” ရှီမာလွီဖန် ပြောလေသည။်

“သူတို့က ဦးလေးကိုဘာလို့ဖမ်းချင်တာလဲ” ရှီမာယူယူသည် သိချင်နေ မိသည်။

ပုံမှန်ဆိုလျှင် ထိုသို့အခြေအနေကြုံရသည့်လူတစ်ယောက်ကို တစ်ဖက် လူမှ သတ်ပစ်မည်ဖြစ်သည်။ သူတို့ ဖမ်းလာမည်မဟုတ်ပေ။

“မသိဘူးလား” ရှီမာလွီဖန်သည် သူမအား ရှုပ်ထွေးစွာဖြင့် ကြည့်လိုက် သည်။

“ဘာကိုသိရမှာလဲ” ရှီမာယူယူသည် မေးခွန်းပြန်မေးလေသည်။

ဘာလို့ဒီမေးခွန်းကို လာမေးနေတာလဲ။ သူမ ဘာမှမသိဘူးလား။

“ကြည့်ရတာ တကယ်မသိဘူးထင်တယ်” ရှီမာလွီဖန်သည် သူမ တုန့်ပြန်ပုံကို သတိထားမိချိန်တွင် ပြောလေသည်။

ရှီမာယူယူသည် နှဖူးတွင် အနက်လိုင်းများပေါ်လာသည်ဟု ခံစားရ သည်။ အဲဒီစကားလုံးတွေ… သူမက တကယ်ပဲ ပညာမဲ့ပြီး အတွေ့အကြုံ မရှိဘူးလို့ပြောလိုက်တာလား။

သို့သော် အမှန်တကယ်ပင် သူမ အတွေ့အကြုံနည်းသည်။

“ကျွန်မ တကယ်မသိဘူး ပုန်းလျှိုးကွယ်လျှိုးမလုပ်ပါနဲ့တော့”

“ဒါဆိုရင် ဒါဘယ်လိုနေရာလဲဆိုတာ သိလား” ရှီမာလွီဖန် မေးလိုက် သည်။

ထိုနေရာသည် မည်သည့်သို့နေရာဖြစ်သည်ကို သူမ မသိလျှင် ရှင်းပြ ရန် ပျင်းလွန်းသည်။

“သိတာပေါ့ ဒါပေမဲ့ အဲဒါက ဦးလေးကို သူတို့ဖမ်းတာနဲ့ ပတ်သတ်လို့ လား”

“ဒီနေရာက ရှေးဟောင်းစစ်မြေပြင်ဆိုတာ မင်းသိတယ် ဒါပေမဲ့ ရှီမာ မျိုးနွယ်ရဲ့ ဘိုးဘွားတွေက ဒီကိုလာပြီးပြန်မသွားခင်ကို ဒီနေရာကိုဖြတ်သွား တယ်ဆိုတာကို မသိဘူး” ရှီမာလွီဖန် ပြောလိုက်သည်။ ရှီမာယူယူ နှုတ်ခမ်း တွန့်လိုက်သည်ကို သူ မြင်သောအခါ ပြောလိုက်သည် “သြော် ဘယ်သိမလဲ ဒါပေမဲ့ တခြားသူတွေတော့သိတယ် ဒီသတင်းကဘယ်လိုလုပ် ထွက်သွားလဲ တော့ငါလည်းမသိဘူး”

ရှီမာယူယူ ဆွံ့အသွားသည်။ သူမ ရှီမာမျိုးနွယ်ကို နားလည်တာလည်း မဟုတ်ဘဲနှင့် သူတို့ ၁၈ဆက်လောက်ဝေးနေတဲ့ ဘိုးဘေးတွေရဲ့ ဇာတ်လမ်း ကို  ဘယ်လိုလုပ်သိမှာလဲ။

“ဇာတ်လမ်းက အဲလိုနဲ့ ပျံ့သွားတယ် ပြီးတော့ ငါတို့မျိုးနွယ်ကလူတိုင်း က ဒီကအဖြစ်အပျက်ကိုသိကြတယ် ငါတို့်မျိုးနွယ်က ရှေးဟောင်းစစ်မြေပြင် က အံ့ဖွယ်လက်နက်ယူခဲ့တယ်လို့တောင် ကောလဟလထွက်နေတယ် အဲဒါကြောင့် ငါ့ကို လမ်းပြခိုင်းပြီး နေရာမှန်ကိုညွှန်ပြခိုင်းတာလေ”

“အဲတော့ ဦးလေး တကယ်ပဲသိတာလား” ရှီမာယူယူ မေးလိုက်သည်။

သူသိတယ်ဆိုရင် ဒီလောက်လမ်းအရှည်ကြီး လျှောက်ဖို့မလိုဘဲ တိုက်ရိုက်သွားလိုက်မှာပေါ့။

“ငါက ဘယ်လိုလုပ်သိမှာလဲ” ရှီမာလွီဖန် ပြောလိုက်သည်။ “သိတယ် ဆိုရင် လဲကျပြီးသွားတာနဲ့ ချက်ချင်းပြန်နိုင်မှာပေါ့”

“လဲကျသွားပြီးတော့ ချက်ချင်းပြန်နိုင်မယ်ဆိုတာ ဘာကိုပြောတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ငါတို့က ရှေးဟောင်းစစ်မြေပြင်ကိုရောက်ပြီးသားပဲ ဒါပေမဲ့ အဲဒီက လေဟာပြင်ကမတည်ငြိမ်ဘူး ချောက်တွင်းတွေများလွန်းတယ် လေဟာပြင် စီးဆင်းမှုတောင်ရှိတယ် ငါက လေဟာပြင်စီးဆင်းမှုထဲရောက်သွားပြီး ဒီကို ရောက်လာာတပဲ” ရှီမာလွီဖန် ပြောလိုက်သည်။

“ဒါဆိုရင် ဦးလေးကံကောင်းတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။ “ရှားပါးတဲ့ လေဟာပြင်စီးဆင်းမှုကိုတောင် တွေ့တယ်ဆိုတော့”

“လေဟာပြင် စီးဆင်းမှုက ဘာလဲ” ဒိကျဲ့ မေးလိုက်သည်။

“ဆူနာမီတို့ ဟာရီကိန်းတို့လို မုန်တိုင်းပဲ ဒါက လေဟာပြင်လှုပ်ရှားမှု ကြီးတာပဲရှိတာ” ရှီမာယူယူ ရှင်းပြလေသည် “ဒီဟာက လေဟာပြင်ကွဲတာ ထက်စာရင်ကောင်းသေးတယ် ကျသွားပေမဲ့ မသေနိုင်ဘူး ဒါပေမဲ့ မကောင်း တဲ့အချက်က တခြားနေရာကိုပို့ပစ်တာပဲ ဦးလေးလွီဖန်လိုလူအတွက်က ဝင်ပေါက်ကို ကန်ထုတ်မပစ်တာကပဲ သူ့အတွက်ကောင်းတယ်လို့ ပြောရ မယ်”

လေဟာပြင်စီးဆင်းမှု၏ စည်းမျဉ်းကို ပြင်ဆင်ရန်ပုံသေမရှိပေ။ သူတို့ သည် ပတ်ဝန်းကျင်နှင့် မရင်းနှီးသဖြင့် တခြားနေရာကို အပို့ခံလိုက်ရရင် တောင် မည်သည့်နေရာကိုရောက်သွားသည်ကို ဘယ်သူမှမသိကြပေ။

“အဲဒါကြောင့် သီးလေးကလည်း ရှေးဟောင်းစစ်မြေပြင်ကဘယ်မှာလဲ ဆိုတာ မသိဘူးပေါ့” ရှီမာယူယူ သက်ပြင်းချလိုက်သည်။

“မသိဘူးလို့ ဘယ်သူပြောလဲ” ရှီမာလွီဖန် ပြောလေသည် “သိချင်ရင် တော့ နည်းလမ်းအများကြီးရှိတယ် သူတို့ကိုပြောပြဖို့ပျင်းတာပဲရှိတာ”

“ဒါဆိုရင် ဘာအစီအစဉ်ရှိလဲ” ရှီမာယူယူ မေးလိုက်သည်။

“ငါတို့ ရှီမာမျိုးနွယ်က အင်အားသေးတာမှမဟုတ်တာ ဒီဟာကိုဖြေရှင်း ဖို့ ကိုယ်ပိုင်နည်းလမ်းရှိတယ်လေ” ရှီမာလွီဖန် ပြောလိုက်သည် “အစတုန်းက တော့ အဲကြက်ဖအိုကြီးတွေရှိလို့ ငါ ပြန်ဖို့မလောဘူး ဒါပေမဲ့ မင်းသွားချင် တယ်ဆိုရင် ခေါ်သွားပေးလို့ရတယ်”

“အဲဒါက အဖမ်းခံရတဲ့အကြောင်းအရင်းဖြစ်ရမယ်” ရှီမာယူယူ ပြော လိုက်သည်။ “ဒီအတိုင်းပြန်မသွားချင်တာနဲ့ ဆက်ပြီးပတ်နေတာထင်တယ်”

“အဲဒီကြက်ဖအိုကြီးတွေ… သူတို့ကို မကြိုက်တာတော့မဟုတ်ဘူး လွီယွင်က သူတို့ကိုတွေ့ရင် ဘာမှမဖြစ်သလို ဟန်ဆောင်နိုင်ပေမဲ့ ငါကတော့ မရဘူး အဲဒါကြောင့် ဒီမှာပဲစောင့်ဖို့ ဆုံးဖြတ်လိုက်တယ်” ရှီမာလွီဖန် ပြောလေ သည်။

“ဘာလို့လဲ”

“သူတို့က မင်းအဖေကို စွန့်ပစ်ခဲ့တယ်လေ” ရှီမာလွီဖန် ပြောလိုက်သည် “သူတို့အကျိုးရှိဖို့အတွက်နဲ့ မင်းအဖေကို စွန့်ပစ်ထားခဲ့ကြတာ”

“တကယ်ပဲ သည်းမခံနိုင်စရာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဦးလေး လွီယွင်ရဲ့ အကျင့်အတိုင်း လိုက်ပြီးသည်းခံဖို့မလိုဘူး”

“ငါတို့်က မင်းရဲ့အကြီးတွေပဲ အဲလိုမပြောပါနဲ့” ရှီမာလွီဖန် ပြောလိုက် သည်။

“ကျွန်မက အရှိကိုအရှိအတိုင်း ပြောလိုက်တာပါ” ရှီမာယူယူ ပခုံးတွန့် လိုက်သည်။ “ဦးလေးမပြန်ျင်ဘူးဆိုရင် ဘယ်လိုသွားရမလဲဆိုတာပဲ ပြောပြ လိုက် ဒါဆိုရင် သွားစရာမလိုတော့ဘူး”

“မရဘူး” ရှီမာယွီဖန် ပြောလိုက်သည် “ရှီမာလွီယွင်နဲ့ တခြားသူတွေကို အာရုံခံဖို့ မင်းမှာနည်းလမ်းူမရှိဘူး နည်းလမ်းသိရင်တောင် ရှာလို့ရမှာမဟုတ် ဘူး”

“ဒါဆိုရင် ဦးလေးသေချာပေါက် သွားရမှာပေါ့”

“သေချာတာပေါ့”

“ဒါဆိုရင် လမ်းပြပါ” ရှီမာယူယူ အောင့်အီးမနေတော့ဘဲ ပြောလိုက် သည်။

“ငါ့ကိုတောင်းဆို” ရှီမာလွီဖန်သည် သူမကို စနောက်လေသည်။

ရှီမာယူယူသည် သူ့ကိုပေါ့ပါးစွာကြည့်ပြီး သဲ့သဲ့ပြုံးလိုက်သည် “ကျွန်မ ဦးလေးလွီယွင်နဲ့တွေ့ရင် အကုန်ပြောပြလိုက်ပါမယ်”

“… မင်းက တော်တော်ဆိုးတာပဲ” ရှီမာလွီဖန်သည် သူမ မျက်မှာမှ အပြုံးကိုမြင်သောအခါ ရှင်းပြလေသည် “မင်းအဖေက ပွင့်လင်းပြီး ဖြောင့်မတ် တဲ့သူပဲ ဘယ်လိုလုပ် ဒီလိုသမီးမျိုးမွေးလာတာလဲ”

“မျိုးရိုးဗီဇပြောင်းလဲတာလေ သိလား”

“မျိုးရိုးဗီဇပြောင်းလဲတယ် ဟုတ်လား အဲဒါဘာလဲ”

“အဲတော့မသိဘူးပေါ့ မျိုးရိုးဗီဇပြောင်းလဲတာက… ကျွန်မပြောပြလည်း သီးလေးသိမှာမဟုတ်ဘူး” ရှီမာယူယူ ပြုံးပြီးပြောပြလေသည်။

“….”

လက်စားချေတတ်တဲ့ကောင်လေးပဲ။

ဒိကျဲ့သည် ရှီမာလွီဖန် ခံစားနေပုံကို ငြိမ်းချမ်းစွာကြည့်နေလေသည်။ သူမနှင့် ညှိနှိုင်းမရသည်မှာ သူတစ်ယောက်တည်းဟုတ်သည့်ပုံမပေါ်ပေ။ အဲတစ်ယောက်လည်းအတူတူပဲလား။

ဒါပေမဲ့ သူလည်းသိချင်သေးတယ်လေ။ မျိုးရိုးဗီဇပြောင်းတယ်ဆိုတာ ဘာလဲ။

***

All Chapters