← Chapters

ရှေးဟောင်းစစ်မြေပြင်

Vol. 85 Ch. 1180

ရှေးဟောင်းစစ်မြေပြင်

Vol. 85 Ch. 1180

တစ္ဆေမျိုးနွယ်ဝင်များသည် အလွန်သန်မာကာ ထိုလူများကို စကားပြော ရင်းနှင့်ပင် ရှင်းထုတ်လိုက်လေသည်။ တခြားသူများကဲ့သို့ ပုန်းနေလျှင် အဆင်ပြေမည်။ သို့သော် သူတို့သည် သတ်ချင်သည်ဟု ကျယ်လောင်စွာ ကြွေးကြော်ရဲသည်။ ရှေးဟောင်းတိုက်ပွဲတွင် တစ္ဆေမျိုးနွယ်ဝင်များကို ရန်ရှာ သည်မှာ သေဆုံးမှုကိုတောင်းဆိုနေခြင်းဖြစ်သည်။

“ဆရာ ရှင်းလိုက်ပြီ” ကိုယ်ရံတော်တစ်ယောက်သည် သတင်းပို့မှုနှင့် အတူပြန်လာလေသည်။

“အင်း” ဒိကျဲ့သည် အသာအယာခေါင်းညိတ်ပြီးနောက် ရှီမာယူယူ ဘက်လှည့်ကာ ပြောလိုက်သည် “ငါတို့ လမ်းကို ခပ်သွက်သွက်ဆက်သွားကြ မလား”

“အင်း”

ဒိကျဲ့သည် ခရီးဆက်သွားခင် ကိုယ်ရံတော်များကို အချက်အလက် အချို့ရှာခိုင်းလိုက်သည်။ သို့သော် သည်တစ်ကြိမ်တွင် ဟာစွန်တစ်ယောက် တည်း ဦးဆောင်သွားသည်သာ မဟုတ်ဘဲ ရှီမာလွီဖန်ကပါ ဦးဆောင်လေ သည်။

သူတို့သည် လတစ်ဝက်ကျော်အောင် လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် တောင်များဆီသို့ရောက်လာလေသည်။ သူတို့သည် လေဟာပြင် အတည်ငြိမ်ဆုံးနေရာသို့ သွားလိုက်ကြသည်။

သူတို့လာခဲ့သည့်နေရာသည် အသီးအရွက်များသာ မရှိဟုပြောလျှင် ထိုနေရာသည် မြက်ပင်တောင်မပေါက်သည့် ခြောက်သွေ့သည့်နေရာဖြစ် သည်။

မြေသားသည် မီးမြှိုက်ထားသကဲ့သို့ ပူလောင်နေကာ ကွဲအက်နေ သည်။ ကမ္ဘာကြီးသည် နှစ်ပေါင်း ဆယ်သန်းကြာအောင် ဖြတ်သန်းပြီးနောက် အပြောင်းအလဲများဖြစ်သွားပြီး ထိုနေရာတွင် သက်ရှိတစ်ကောင် တစ်ယောက်မျှ မနေထိုင်တော့ပေ။

သူတို့သည် ကောင်းကင်သို့ပျံသန်းသွားပြီးကြည့်ရာ အရှေ့တွင်ရှိသော နေရာတိုင်းသည် တူညီစွာပင်ရှိနေသည်။ အနက်ရောင်မြေပြင်သည် သမုဒ္ဒရာ မျှကျယ်ဝန်းပြီး ပတ်ပတ်လည်မှ မျှော်လင့်ချက်များကို မျိုချထားသည်။

ရှီမာယူယူသည် မြေပြင်ပေါ်သို့ပြန်လာသည်။ ထိုနေရာရှိ လေဟာပြင် သည် အလွန်တည်ငြိမ်သော်လည်း လေဟာပြင်ရုတ်တရက်ပေါ်မလာဘဲ သူမ ကို အဝေးသို့မပို့ဆောင်နိုင်ဟု မဆိုလိုပေ။ သူမ ထိုနေရာသို့လာရန် နာကျင် ခံစားရပြီး တစ်ခုခုဖြစ်လာလျှင် သူမတွင် ငိုရန်မျက်ရည်ပင်မရှိတော့ပေ။

“ဘယ်လိုလဲ” ဒိကျဲ့နှင့် တခြားသူများသည် သာမန်ကာလျှံကာ မသွား ရဲကြပေ။ သူတို့သည် ထိုနေရာကဲ့သို့နေရာမျိုးအတွက် အသိမရှိကြသဖြင့် အောက်တွင်သာ စောင့်ရန်တတ်နိုင်ကြလေသည်။

“ရှေ့ကနေရာတွေက အကုန်အတူတူပဲ ကျွန်မတို့ ရှေးဟောင်း စစ်မြေပြင်ကို ဆင်းသက်ရမှာကို…” ရှီမာယူယူ ပြောလိုက်သည် “ဘယ်လို တိုက်ပွဲမျိုးကြောင့် နေရာတစ်ခုကို ဒီလိုမျိုးဖြစ်စေတာလဲ”

“ဘယ်သူမှမသိဘူး ရှေးဟောင်းစာအုပ်တွေမှာလည်း ပြောမထားဘူး ဒီနေရာကို လူတွေရောက်လာပြီး သတင်းပြန့်တာကြောင့်သာမဟုတ်ရင် ဒီအကြောင်းကို ဘယ်သူမှသိမှာမဟုတ်ဘူး” ရှီမာလွီဖန် ပြောလိုက်သည်။

ထိုသတင်းများကို နားစွင့်နေသည့် မျိုးနွယ်တစ်ခုအနေနှင့် ရှီမာမျိုးနွယ် သည် ထိုနှစ်များတွင် မရေတွက်နိုင်သော ဖိအားများကိုတွေ့ခဲ့ရသည်။ ထိုနှစ်များတွင် အံ့ဖွယ်နယ်မြေဖွင့်ခြင်းမှ မည်သည့်လက္ခဏာမှမပြ သောကြောင့် ရှီမာမျိုးနွယ်သည် အေးချမ်းစွာနေလာရခြင်းဖြစ်သည်။ မဟုတ်လျှင် သူတို့်သည် ချေမှုန်းခံရမည်မှာ အသေအချာပင်။

ထိုသတင်း ပထမဆုံးထွက်လာသည့်အချိန်က သူတို့မျိုးဆက်မှ မည်သူ တစ်ဦးတစ်ယောက်မှ မသိခဲ့ကြပေ။ သို့သော် ယခုပြန်ကြည့်လျှင် ထိုအချိန်က ဖြစ်ခဲ့သော အဖြစ်အပျက်များသည် သူတို့အတွက် အကျိုးအမြတ်များမရှိပေ။ အထူးသဖြင့် လူများ ထိုအကြောင်းသိသွားချိန်တွင် ထိုနေရာမဖွင့်ခင် နှစ် သောင်းချီလောက်မှစ၍ ရှီမာမျိုးနွယ်သည် အေးအေးချမ်းချမ်းတစ်ရက်မှ မနေရပေ။

ထို့အပြင် သည်အကြောင်းကိုသိခဲ့သည့် သူတို့ဘိုးဘွားများသည် ဘာကြောင့် ထိုအကြောင်းကိုလူတိုင်းကိုသိစေသလဲ တိုင်းပြည်၏ အာရုံစိုက်မှု ကိုခံရအောင်လုပ်သလဲ ဆိုသည်များကို သူတို့နားမလည်ခဲ့ကြပေ။ အချိန်ကြာ လာသည်နှင့်အမျှ သတင်းသည် အာရုံစိုက်မှုကို ယိမ်းယိုင်သွားကာ မျိုးနွယ် ကို ပိုဆိုးစေမည့်အနေအထားသို့ တွန်းပို့လိုက်မည်ဟု သူတို့မမျှော်လင့်ထား ကြပေ။

တခြားသူများသည် ရှီမာမျိုးနွယ်နှင့်ပတ်သတ်သည့် သတင်းများကို ပိုမို ဖြန့်လာရာ အပြင်လောကသည် သူတို့ထက်ပင် သိနေပုံရသည်။

သူတို့ဝင်လာချိန်တွင်လည်း ရှီမာမျိုးနွယ်သည် အန္တရာယ်များမတွေ့ကြုံ ရသော်လည်း ရှေးဟောင်းစစ်မြေပြင်ကို ရှာဖွေရန်အတွက် နောက်ယောင်ခံ လိုက်သူများရှိသည်ကို သိထားကြသည်။

တကယ်တော့ သူတို့သည် ထိုနေရာနှင့်ပတ်သတ်ပြီး စိတ်ဝင်စားမှုမရှိ ပေ။ နှစ်ပေါင်းများစွာကုန်ပြီးနောက်တွင် ကောက်ယူနိုင်သည့် ရတနာမည်မျှ ကျန်ဦးမည်နည်း။ ရှေးဟောင်းပစ္စည်းတွေက ယခုလက်ရှိပစ္စည်းများထက် အမှန်တကယ်ပင် ပိုကောင်းပါသလား။ နှစ်ပေါင်းများစွာကြာပြီးနောက်တွင် ထိုပစ္စည်းများ၏ အသုံးပြုမှုကို သိသည့်လူရှိပါသေးသလား။ ဒီလို အန္တရာယ် များသည့်နေရာတစ်ခုကိုလာရခြင်းအတွက် ဘာအသုံးဝင်သလဲ။

သို့သော် ထိုသို့တွေးလိုက်လျှင် အသုံးမဝင်ပေ။ ရှီမာလွီယွင်၏ တွေးခေါ် ပုံမှာ မျိုးနွယ်ဝင်များကို တားမရပေ။ ကြက်ဖအိုကြီးများအဖွဲ့သည် လာရန်ကို ခေါင်းမာနေသဖြင့် သူ့တွင်ရွေးချယ်မှုမရှိခဲ့ပေ။

ထို့အပြင် ထိုနှစ်များတွင် ရှီမာလွီရွှမ်ကြောင့် သူတို့နှစ်ယောက်သည် မျိုးနွယ်အတွင်း ရာထူးတိုးရန်မဖြစ်နိုင်ခဲ့ကြပေ။ ထို့ကြောင့် သူ့အတွေးများကို ထုတ်ပြောရန်မဖြစ်နိုင်ခဲ့ပေ။ သူ မရွေးချယ်နိုင်ဘဲ အတူလိုက်ရတော့သည်။

“ရှင်တို့လည်း ဒီအကြောင်းကိုမသိဘူးလား” ရှီမာယူယူသည် ဒိကျဲ့ကို မေးလိုက်သည်။

ဒိကျဲ့ ခေါင်းခါလိုက်သည်။ သူတို့သည် အမှန်တကယ်ပင် ထိုအကြောင်း ကိုအာရုံမထားခဲ့ပေ။

“တိုက်ပွဲတစ်ခုက နေရာတစ်ခုကို ကြီးမားစွာပျက်စီးစေတယ် အဲဒါက ဒီတိုက်ပွဲက မော်ကွန်းဝင်တိုက်ပွဲဆိုတာကို သက်သေပြနေတယ် စာထဲမှာ ဖြစ်ဖြစ် ပါးစပ်ရာဇဝင်ဖြစ်ဖြစ် ကျန်ခဲ့ဖို့ဆိုတာမဖြစ်နိုင်ဘူး” ရှီမာယူယူ ပြော လိုက်သည် “ဒီ်ရှေးဟောင်းစစ်မြေပြင်က ရှေးဟောင်းကမ္ဘာဦးနယ်မြေမှာဖြစ် တာမဟုတ်ဘဲ တခြားနေရာမှာဖြစ်လာတာလား”

“တခြားနေရာမှာဖြစ်တယ်ဟုတ်လား မင်းပြောတာက… တိုင်းပြည် အပြင်ဘက်မှာလား” ရှီမာလွီဖန် မေးလိုက်သည်။

“ဖြစ်နိုင်ချေများတယ်လို့ထင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“တိုင်းပြည်အပြင်ဘက်မှာ လေဟာပြင်ရှိတယ်လို့ ဘယ်လိုလုပ်သိတာ လဲ” ရှီမာလွီဖန် မေးလိုက်သည်။

အတွင်းဒေသမှလူများသည် တိုင်းပြည်အပြင်ဘက်မှ လေဟာပြင်များ နှင့် ပိုရင်းနှီးမှုရှိသည်။ ရှီမာယူယူကဲ့သို့ ငယ်ရွယ်ကာ ဘဝအတွေ့အကြုံနည်း သောသူအတွက် သူမ မသိသည်မှာ ပိုဖြစ်နိုင်ချေရှိသည်။

“ချင်ယိ ပြောတာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ချင်ယိ ဟုတ်လား”

“အသက်သစ်ပင်လေ ကျွန်မတို့အောက်ကထွက်လာတဲ့ နေရာပဲ” ရှီမာယူယူ ပြောလိုက်သည်။

ပြီးခဲ့သည့်ရက်များက သူမ ရှီမာလွီဖန်နှင့် စကားပြောချိန်တွင် ရှီမာယီယွင်နှင့် တခြားသူများအဖမ်းခံရသည့်အကြောင်းများနှင့် ထိုဧရိယာကို စစ်ဆေးခဲ့ကြောင်းများကိုပါ ပြောပြခဲ့သည်။

သူမသည် သူ့ကိုဖုံးကွယ်မထားတော့ဘဲ သူမ လုပ်နေသည့်အရာများကို ပါ ပြောပြချင်သဖြင့် ပြောပြခဲ့သည်။ ထိုအခါမှပင် သူမ အဖေအကြောင်းကို ပြောပြမည်ဖြစ်သည်။

ထို့အပြင် သူမ အရည်အချင်းကို သူ သက်ပြင်းချမိသည့်အပြင် သူ့ကို ပျော်ရွှင်မှုကိုပါဖြစ်စေသည်ကလွဲ၍ အသုံးမဝင်ခဲ့ပေ။ ထိုအချိန်အတိုင်းတွင် သူမ ဖခင်အကောင်းမေးသည့်အခါတိုင်းတွင် သူမ မသိသည်ကကောင်းမည် ဟုသာ တိုက်ရိုက်ပြောသည်။ သို့မဟုတ်လျှင် စကားလမ်းကြောင်းပြောင်းကာ ဟိုဟိုဒီဒီပတ်သွားလေသည်။

သည်လိုနှင့် နိဂုံးချုပ်လျှင် တစ်ဖက်တွင် သူမ အရည်အချင်းရှိသည်ကို သူ ပျော်ရွှင်ပြီး တစ်ဖက်တွင်တော့ အသုံးဝင်သည့် သတင်းများမရလိုက်သည် နှင့်ပင် အဆုံးသတ်လေသည်။ သူမသည် စိတ်တိုသဖြင့် အံကြိတ်မိလေ သည်။

သို့သော် သူမသည် သူ့ခေါင်းထဲဝင်ပြီးမကြည့်ပေ။ သူမသည် ဘေးမှ သာစိုက်ကြည့်နေခဲ့သည်။

ရှီမာလွီဖန်သည် ငယ်စဉ်က အလွန်အရှက်မဲ့သောသူသာဖြစ်သည်။ အခု အသက်အရွယ်ကြီးလာချိန်တွင်တောင် အလေ့အကျင့်ရှိခဲ့သဖြင့် သူမ၏ အရှက်မဲ့မှုသည် ပိုများလာခဲ့သည်။ သူမ မည်မျှပင် သူ့ကိုစိုက်ကြည့်စေကာမူ ပြောပြရန်ငြင်းဆန်ခဲ့သည်။

သို့သော် ရှီမာယူယူသည် အလွယ်တကူလက်လျော့တတ်သူမဟုတ် ပေ။ သူတို့နှစ်ယောက်သည် ထိုအတိုင်းပင် ရက်အနည်းငယ် ကုန်ဆုံးသွား လေသည်။ တစ်ယောက်မှာ ဆက်တိုက်မေးနေပြီး ကျန်တစ်ယောက်မှာ တိမ်းရှောင်နေသည်။ သူတို့နှစ်ယောက်သည် ပျော်ရွှင်စွာပင် ဝိုင်းဖွဲ့နေကြ သည်။

“ချင်ယိက ကမ္ဘာကြီးအပြင်ကအကြောင်းကို ဘယ်လိုသိတာလဲ သူက သစ်ပင်မဟုတ်ဘူးလား”

“ဟုတ်တယ် စိတ်ဓာတ်ကျနေတဲ့သစ်ပင်ပေါ့” ရှီမာယူယူ ပြောလိုက် သည် “ဒီနေရာကို ရောက်လာတာက ကျွန်မတို့တင်မဟုတ်ဘူးလို့ သူပြော တယ် တခြားနေရာကလူတွေလည်းရောက်လာကြတယ် ပြီးတော့ ဒီနေရာက ကျွန်မတို့ဝင်တာကို လက်ခံသလို တခြားသူတွေဝင်တာကိုလည်း လက်ခံပေး တယ် အဲဒါကြောင့် ဒီနေရာက ကျွန်မတို့တိုင်းပြည်က ဖွဲ့စည်းထားတာမဟုတ် ဘူး”

“ဖြစ်နိုင်တယ်” ဒိကျဲ့ ပြောလိုက်သည် “တကယ်ပဲ သဘာဝလွန် သတ္တဝါတွေကြားက တိုက်ပွဲဆိုရင် သဲလွန်စတချို့ကျန်ခဲ့မှာပဲ ရှေးတုန်းက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေက အမြဲတမ်းသဲလွန်စကျန်ခဲ့တာပဲ အခုနဲ့မတူဘဲ သတင်းမကျန်ခဲ့တာပဲရှိတယ်”

ရှီမာလွီဖန် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။

“တစ်ခုခုလာနေပြီ” တစ္ဆေသခင်သည် ရုတ်တရက် ပြောလေသည်။

“လေဟာပြင်စီးဆင်းမှု နောက်တစ်ခု ဟုတ်တယ်မလား” ရှီမာလွီဖန်၏ အမူအရာသည် ပြောင်းလဲသွားလေသည်။

အစောပိုင်းက သူရှေးဟောင်း စစ်မြေပြင်နေရာသို့ရောက်ခဲ့ရာ လေဟာပြင်စီးဆင်းမှုသည် သူ့ကိုအဝေးသို့ပိုပခဲ့သည်။ ထပ်ပြီးပို့ပစ်ဦးမှာ လား။

ဘဝကြီးက အဲလောက်မရက်စက်လောက်ပါဘူးမလား။

***

All Chapters