သန္ဓေပြောင်း သွေးလင်းနို့
Vol. 85 Ch. 1181
တခြားသူများ၏ မျက်နှာအမူအရာမှာလည်း ပြောင်းသွားကြသည်။ အချိန်ကြာရှည်စွာလျှောက်ပြီးနောက်ဆုံးတွင် ထိုနေရာသို့ရောက်လာခြင်းဖြစ် သည်။ တခြားနေရာသို့အပို့ခံရပြီး အစကနေပြန်စရမှာလား။
“လေဟာပြင်စီးဆင်းမှုမဟုတ်ဘူး ဒီဘက်ကိုပျံလာနေတဲ့ တစ်ခုခုပဲ” တစ္ဆေသခင် ပြောလိုက်သည်။
သူတို့သတင်းကြားသောအခါ အားလုံးသည် အသက်ရှိုက်ထုတ်ပြီး သေချာအာရုံစိုက်ထားကြသည်။
သူတို့သည် ထိုနေရာတွင် မည်သည့်အရာနှင့်မတွေ့ရဘဲ တစ်နှစ်နီးပါး မျှ လှည့်ပတ်သွားလာခဲ့သည်။ အဲဒါကို ဘာလို့အခုမှ ဒီမှာလာတွေ့နေတာလဲ။
ထို့အပြင် သည်လိုနေရာမှာနေသည့် သတ္တဝါဆိုပါက မည်မျှသန်မာ သည်ကို သူတို့သေချာနေသည်။
သူတို့အားနည်းနေလျှင် တော်သေးသည်။ သို့သော် အားနည်းပြီး အရေအတွက်များနေလျှင်လည်း ပြဿနာပင်။
ခဏအကြာတွင် လူတိုင်းသည် လှုပ်ရှားသံများကိုကြားလိုက်ရသည်။ ပျံသန်းလာသော အသံများသည် နီးလာကာ လျင်မြန်စွာပင် ကပ်လာသည်။
“သွေးလင်းနို့တွေ” တစ္ဆေသခင်သည် ဒိကျဲ့ကိုပြောလိုက်သည် “ကိုင်တွယ်ဖို့ ခက်တဲ့အကောင်တွေပဲ”
တစ္ဆေသွေးလင်းနို့များသည် မြေအောက်ကမ္ဘာတွင် ရှင်းရန်ခက်ခဲသည်။ သူတို့သည် သန်မာပြီး အဖွဲ့လိုက်လာကြသည်။ သူတို့ပေါ်လာချိန်တိုင်းတွင် ကြီးမားသောအဖွဲ့နှင့် ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့်ပင် တစ္ဆေလောက တွင် ထိုတစ္ဆေသွေး လင်းနို့များနှင့် မည်သူမှမတွေ့ချင်ကြပေ။
“အကုန်လုံး ပြင်ဆင်ထားကြ” ဒိကျဲ့၏ ကိုယ်ရံတော်များသည် အနောက်မှလူများကို ပြောလိုက်သည်။
တစ္ဆေသခင်သည် တစ္ဆေမျိုးနွယ်များနှင့် မစိမ်းပေ။ ထို့ကြောင့်ပင် ညွှန်ကြားချက်ကို စည်းစနစ်တကျ စောင့်ဆိုင်းနေသောကြောင့် ထိတ်လန့် ခြင်းမရှိခဲ့ပေ။ သူတို့သည် တစ္ဆေလင်းနို့များရောက်လာမည့်အချိန်ကို စောင့်ကာ လူများမလှုပ်ရှားခင်တွင် လုပ်ဆောင်ရန်အသင့်ဖြစ်နေသည်။
ရှီမာယူယူသည် အစောင့်များ ပြင်ဆင်နေသည်ကိုမြင်သောအခါ ပြော လိုက်သည် “အဲတစ္ဆေလင်းနို့တွေက ရှင်းဖို့ ခက်တာလား”
“အင်း အဲဒီသွေးလင်းနို့တွေက ခေါင်းအရွယ်အစားလောက်သာရှိတာ မြန်ပြီးအားကောင်းတယ် သူတို့ရဲ့စိတ်စွမ်းအားတိုက်ခိုက်မှုက အထူးသန်မာ တယ် သူတို့အကုန်ပေါင်းပြီးတိုက်လို့ကတော့ စွမ်းအားတွေ အဆပေါင်း များစွာ တိုးသွားမှာပဲ”
အံ့ဖွယ်ကနဦးအဆင့်ရှိသော တစ္ဆေလင်းနို့မှား ပေါင်းတိုက်ခိုက်ပါက အလယ်အလတ်အဆင့်နှင့် ညီမျှသည်။ အကောင်ရေ ချောင်ချီရှိပါက အဆင့်မြင့်နှင့် ညီမျှသည်။
ထိုမျှကြောက်မက်ဖွယ်သည် တခြားသော တိရစ္ဆာန်အုပ်တွင်မရှိသည့် အရာပင်ဖြစ်သည်။ ထို့အပြင် သူတို့ထွက်ပေါ်လာချိန်တွင် အနည်းဆုံး အကောင်ရေ ထောင်ချီရှိကာ များလျှင် သောင်းချီရှိသည်။ ထို့ကြောင့်ပင် တစ္ဆေမျိုးနွယ်များသည် သူတို့နှင့် မတွေ့ချင်ကြပေ။
ဒိကျဲ့၏ ရှင်းပြချက်ကိုနားထောင်ပြီးနောက် သူတို့သည် ကံကောင်း လွန်းလှသည်ဟု ရှီမာယူယူ ခံစားရသည်။ သူတို့သည် ထိုနေရာသို့ဝင်သည် နှင့် ထိုမျှကြမ်းကြုတ်သော သားရဲနှင့်တွေ့ရသည်။
“စိုးရိမ်ဖို့မလိုပါဘူး ငါတို့ကိုယ်ရံတော်တွေက အားမနည်းဘူး တစ္ဆေ လင်းနို့တွေလာရင်တောင် ပြဿနာမဖြစ်နိုင်ဘူး” ဒိကျဲ့သည် သူမကို နှစ်သိမ့် လေသည်။
သူ့အနောက်မှ ကိုယ်ရံတော်များသည် နှုတ်ခမ်းတွန့်ကြလေသည်။ သူတို့သခင်သည် တစ်စုံတစ်ယော်ကို နှစ်သိမ့်မည့်နေ့ရောက်လာမည်ဟု သူတို့မထင်ထားကြပေ။ မင်းသမီးယွိခဲ့လော့၏ သမီး သူ၏ညီမဝမ်းကွဲဆို သည့် နာမည်ကြောင့်သာမဟုတ်လျှင် သူသည် အချစ်ရေးအချစ်ရာခံစားချက် များဖြစ်လာနိုင်သည်ဟု သူတို့သံသယပင်ဝင်မိသည်။
ရှီမာယူယူ ခေါင်းညိတ်ပြီး ပြောလိုက်သည် “ကျွန်မ စိုးရိမ်လွန်းနေတာပါ ရှင်တို့ မကိုင်တွယ်နိုင်ဘူးဆိုရင် ရှင်ပေးတဲ့ မြေအောက်ကမ္ဘာလက်နက်ရှိ တယ်လေ အဲလိုလောကပစ္စည်းကိုတော့ မဆန့်ကျင်နိုင်လောက်ဘူးမလား”
“အင်း” ဒိကျဲ့ ပြောလိုက်သည် “အဲဒီပစ္စည်းတွေ အကောင်အထည်မရှိ ကြဘူး တစ္ဆေလင်းနို့တွေရဲ့အသံက အထောင်အထည်ရှိတဲ့ တစ္ဆေမျိုးနွယ်ကို ပဲတိုက်ခိုက်နိုင်တာ”
“ဒါဆိုလည်း ကောင်းတာပဲ” ရှီမာယူယူသည် အခုအချိန်တွင် ထိုအရာ ကိုမစိုးရိမ်တော့ပေ။ ကိုယ်ရံတော်များ မဖြေရှင်းနိုင်လျှင် သူမသည် တစ္ဆေ တစ်ရာအလံထုတ်ပြီး တစ္ဆေလင်းနို့များကို တိုက်ခိုက်မည်။
သို့သော် တစ္ဆေလင်းနို့များသည် ပိုနီးလာရာ တစ္ဆေသခင်သည် တစ်စုံတစ်ခုကို ခံစားမိပြီး ပြောလေသည် “ဆရာ တစ်ခုခုလွဲနေပြီ”
“ဘာလွဲတာလဲ”
ဒိကျဲ့သည် တစ္ဆေသခင်အားကြည့်ရင်းနှင့် သူ့အသံမှာပြောင်းသွား လေသည်။ ထိုသည်မှာ ဖြစ်ခဲလှသောအရာဖြစ်သည်။
“အဲဒီသွေးလင်းနို့တွေက တစ္ဆေလောကက အကောင်တွေနဲ့မတူဘူး သူတို့က သန္ဓေပြောင်းထားတာဖြစ်မယ်” တစ္ဆေသခင် ပြောလိုက်သည်။
“သန္ဓေပြောင်းသွေးလင်းနို့” ဒိကျဲ့သည် ပြောလိုက်သည်နှင့် အမူအရာ ပြောင်းသွားလေသည် “သန္ဓေပြောင်းလင်းနို့တွေက ဒီမှာဘာလုပ်တာလဲ ဒီမှာနေလို့မရဘူး ပြန်ဆုတ်မယ်”
သူသည် အခုလေးတင် ယုံကြည်ချက်ရှိနေသေးသော်လည်း ချက်ချင်း ပင် ပြောင်းသွားလေသည်။
သူတို့ သန္ဓေပြောင်းလင်းနို့များကို ဘာကြောင့်ကြောက်သည်ကို ရှီမာယူယူ အစပိုင်းတွင် နားမလည်ပေ။ သို့သော် နောက်တွင် နားလည်သွား သည်။
ဒိကျဲ့အစောပိုင်းကပြောသော သာမန်လင်းနို့များသည် အဝတ်လျှော် ဇလုံအရွယ်အစားရှိသည်။ သို့သော် သူတို့နောက်လိုက်နေသော အကောင် များကို သူမ မြင်လိုက်သည်။ သေစမ်း ဒါက ဘယ်လိုလုပ် အဝတ်လျှော်ဇလုံ ဖြစ်ရမှာလဲ စည်ပိုင်းအရွယ်အစားဆိုတာ သေချာနေတာပဲ ဟုတ်တယ်မလား။
သာမန်သန္ဓေပြောင်းသည်သာဆိုလျှင် တစ္ဆေသခင်၏ အမူအရာ ပျာယာခတ်သွားမည်မဟုတ်ကာ နောက်ဆုတ်ချင်မည်မဟုတ်ပေ။ သူတို့၏ အားသည် အဆမတန်များလိမ့်မည်။ မဟုတ်လျှင် သူတို့အသက်အထွက် ယခုလိုပြေးရသည်မှာ အလွန်ရှက်ဖို့ကောင်းသည်။
သူတို့ဆက်ပြေးချင်သော်လည်း အနောက်တွင် ကြီးမားသော ချောက် ရှိနေသဖြင့် မတတ်သာပေ။ ထိုသွေးလင်းနို့များသည် ထိုနေရာနှင့် ရင်းနှီးလှ သဖြင့် သူတို့သည် အမြန်မပြေးနိုင်ကြပေ။ လင်းနို့များသည် ပျံသည်နှင့် လေဟာပြင် ကွဲအက်မှုကို အလွယ်တကူရှောင်နိုင်ကာ အမြန်ပင် သူတို့ကို လိုက်မှီလေသည်။
အခုချိန်တွင် သူတို့ အရေအတွက်နည်းသည်ကိုပင် မျှော်လင့်နိုင်တော့ မည်။ အကောင်ရေ ရာချီပါက အနိုင်ရရန် မလွယ်ပေ။
“သေစမ်း အကုန်ငရဲသွားကြ”
သွေးလင်းနို့များ နီးလာလေလေ အနက်ရောင်စောင်ခင်းကြီးကို ကြည့်ရ သလိုပင်။ ဘယ်လိုလုပ် တစ်ရာဖြစ်ရမှာလဲ။ သေချာပေါက် အကောင်ရေ သိန်းတစ်ရာလောက်ရှိသလိုပဲ။
“ဘယ်လိုလုပ် သွေးလင်းနို့တွေများရတာလဲ” တစ္ဆေသခင်ပင်လျှင် စိတ်မငြိမ်နိုင်တော့ပေ။
ထိုသည်မှာ သူတို့ကို တစ်စမှမကျန်အောင် သတ်ပစ်နိုင်သည်။
တစ္ဆေသခင် ထိုသို့ပြုမူနေသည်ကို ရှီမာယူယူ မြင်သောအခါ တိုက်ရိုက် တိုက်ရတော့မည့် စစ်ပွဲဆိုသည်ကို သိလိုက်ရသည်။ သူတို့တွင် ကိုယ်ရံတော် ရာဂဏန်းမျှသာရှိ၍ ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိသည်ကိုတော့ ပြောစရာ ပင်မလိုတော့ပေ။ သူတို့တွင် ကိုယ်ရံတော်များစွာရှိလျှင်တောင် သန္ဓေပြောင်း လင်းနို့အရေအတွက်ပေါ်မူတည်လျှင် သူတို့အတွက်အဆုံးသတ်လေပြီ။
“သူတို့ ကပ်လာတာ အရမ်းမြန်တယ် ငါတို့ လုံးဝရှောင်မရဘူး” ဒိကျဲ့၏ ကိုယ်ရံတော်များပင် မျှော်လင့်ချက်မဲ့လာသည်။
ရှီမာယူယူသည် အစပိုင်းတွင် သွေးလင်းနို့များကို ရှင်းရာတွင် တစ္ဆေတစ်ရာအလံထဲမှ တစ္ဆေများကို သုံးမည်ဟု စဉ်းစားထားသော်လည်း ယခုအချိန်တွင် သူမ ထုတ်လိုက်လျှင်တောင် တစ္ဆေများကို ခဏမျှသာ ထိန်း ထားနိုင်မည်။ သူတို့သည် အမှန်တကယ်ပင် အသုံးမဝင်ပေ။
“မင်းက တည်ဆောက်မှုသခင်ပဲ ငါတို့ိကိုစိုးရိမ်ဖို့မလိုဘူး ခဏနေရင် မင်းတည်ဆောက်မှုကိုသုံးပြီး ဒီကနေထွက်သွားတော့”
“ဟုတ်တယ် ငါတို့ မင်းအတွက် အချိန်ဆွဲပေးမယ် အချိန်ဘယ်လောက် ရမယ်ဆိုတာ မသိဘူး လုပ်နိုင်သလောက် မြန်မြန်လုပ်” ထိုသည်မှာ ရှီမာလွီဖန် ဒိကျဲ့နှင့်သဘောထားတိုက်ဆိုင်သည်မှာ ပထမဆုံးအကြိမ်ဖြစ် သည်။ သူတို့သည် သူမကို ကာကွယ်နိုင်ရန် လုပ်နေခြင်းဖြစ်သည်။
သူမသည် တည်ဆောက်မှုသခင်ဆိုသည်ကို သူတို့အားလုံးသိထား သောကြောင့် သူမ ပြဿနာမဖြစ်စေရန် ထွက်သွားခိုင်းသည်။ သို့သော် သူတို့အားလုံးကို သူမ ခေါ်သွားနိုင်မည်မှာတော့ မသေချာပေ။ ကြီးမားသော တည်ဆောက်မှုကို လုပ်ရန် အချိန်လိုသည်ကို သိကြသည်။
လမ်းတစ်လျှောက် သဘောထားဆန့်ကျင်လာသော သူတို့နှစ်ယောက် သည် အခုချိန်တွင် တစ်ဖက်တည်းတွင်ရပ်တည်မည်ဟု ရှီမာယူယူ မထင်မိ ပေ။ သူတို့သည် သူမရှေ့တွင်ရပ်တည်ကာ မျှော်လင့်ချက်မရှိသော အဖြစ်အပျက်ရှေ့တွင် သူမအတွက် လမ်းဖွင့်ပေးသည်။
ထိုသည်မှာလည်း သူမသည် သူတို့ဂရုစိုက်သော မိသားစုတစ်ယောက် ဖြစ်နေသောကြောင့်ပင်။
ရှီမာလွီဖန်နှင့် ဒိကျဲ့သည် သူတို့နှစ်ယောက် ပခုံးချင်းယှဉ်ပြီး တိုက်ခိုက် ရမည့်နေ့ရောက်လာမည်ဟု ထင်မထားပေ။ ပြီးနောက်တွင် တစ်ယောက်နှင့် တစ်ယောက် ကြိုတွေးထားသည့်အတွေး အယူအဆများသည် အနည်းငယ် လျော့သွားသည်။
အစောပိုင်းတွင် ရှီမာလွီဖန်သည် ဒိကျဲ့၏အဒေါ်မှာ သူ့အစ်ကိုအား ဆွဲထုတ်ခဲ့သည်ကို မုန်းတီးပြီး တစ်ဖက်တွင်တော့ သူ၏အဒေါ်ကို ရှီမာလွီဖန် ၏ အစ်ကိုက ဆွဲထုတ်သွားသည်ဟု အပြစ်တင်ခဲ့ကြသည်။ ရှီမာယူယူ ကြောင့်သာမဟုတ်လျှင် သူတို့သည် တိုက်ခိုက်နိုင်သည်။
သို့သော် အခုချိန်တွင်တော့ သူတို့ အတူရပ်တည်ကာ ရှီမာယူယူ သူတို့နောက်လိုက်သည်ကို ခွင့်ပြုပြီး တစ်ယောက်နှင့်တစ်ယောက်လက်ခံ ထားရသည်။
သူတို့ လက်ခံသည်မှာလည်း တစ်ဖက်လူကိုသာဖြစ်ကာ မျိုးနွယ်တစ်ခု လုံးကိုလက်ခံသည်ဟု မဆိုလိုပေ။
“ကြည့်ရတာ မင်းဒီမှာသေရင် တစ္ဆေလောကကိုတောင် ပြန်ရတော့မှာ မဟုတ်ဘူး” ရှီမာလွီဖန် ပြောလိုက်သည်။
“အင်း ဒီမှာတစ်သက်လုံးနေလို့ရတယ်လေ” ဒိကျဲ့ ပေါ့ပါးစွာပြောလေ သည်။ သူသည် သေရမည်ကိုမကြောက်ပေ။ သူကြောက်သည်မှာ တစ်သက်လုံးနောင်တရသွားမည်ကိုပင်။
သူသည် သူ၏ ဒေါ်လေးကို ကယ်ရန်မဖြစ်နိုင်ပေ။ သူသာ မရှိလျှင် ဒီ ညီမဝမ်းကွဲက ဘယ်တော့များမှာ သူ့ဒေါ်လေးကို ကယ်နိုင်မှာလဲ။ သူမ ဘယ်တော့ တစ္ဆေလောကကိုသွားပြီး ကူညီနိုင်မှာလဲ။
***