ဖြစ်နိုင်ချေနှစ်ခု
Vol. 85 Ch. 1182
ရှီမာလွီဖန်၏ မျက်လုံးများတွင် နောင်တများ ရောင်ပြန်ဟပ်နေသည်ကို ဒိကျဲ့မြင်လိုက်သည်။ သူ့နောင်တာမှာ မည်သည့်အရာဖြစ်သည်ကိုတော့ သူ မသိတော့ပေ။
ရှီမာလွီဖန်၏ စိတ်ထဲတွင် အမှန်တကယ်ပင် နောင်တများဖြင့် ပြည့်နေ သည်။ သူသည် ရှီမာလွီယွင်နှင့် ရှီမာလွီရွှမ်ကိုတောင် ရှာမတွေ့သေးကာ ရှီမာယူယူကိုလည်း ထိုကြက်ဖအိုကြီးရှေ့သို့ ခေါ်မသွားရသေးပေ။ သူ လုပ်ရ မည့်ကိစ္စများစွာရှိသေးသည်။
သူတို့ မလုပ်ခဲ့ရင်တော်သေးတယ်။ ဒါပေမဲ့ အခုစဉ်းစားကြည့်လိုက် တော့ ရှီမာလွီယွင်က အကုန်လုံးကို တစ်ယောက်တည်းလုပ်ရမယ်ဆိုတာနဲ့ အဲဒီမျက်ကန်းခွေးအိုကြီးတွေရဲ့ မျက်နှာကိုမမြင်ရတော့မှာကိုတော့ ရင်နာမိ တယ်။
သူ ရုတ်တရက် သတိဝင်သွားသည်။ ခုနက အဲဒီကန်းနေတဲ့ခွေးအိုကြီး တွေလို့ပြောလိုက်တာလား။ ဒါပေမဲ့ အဲဒါက သူကလည်း ခွေးအိုကြီးလို့ပြော လိုက်တာလား။
သူ၏ စာချုပ်သားရဲသည် သူ့အတွေးကိုသိသောအခါ မတတ်သာဘဲ မျက်လုံးလှန်မိလေသည်။
“ဆရာ သခင်မလေးနဲ့သွားလိုက်တော့ ကျွန်တော်တို့အချိန်ဆွဲထားပေး မယ်” ကိုယ်ရံတော်တစ်ယောက် ပြောလိုက်သည်။
“ငါတို့် ပထမဆုံး အဖွဲ့တည်ထောင်တုန်းက ပြောခဲ့တာမှတ်မိလား” ဒိကျဲ့သည် မေးခွန်းပြန်မေးလေသည် “ငါအရင်က ပြောဖူးတယ် မင်းတို့နဲ့ နောက်ဆုံးအချိန်ထိရှိနေမယ် မင်းတို့က ငါ့အတွက်နဲ့ ဘယ်တော့မှမစတေး စေရဘူး”
သူ.. ဒိကျဲကသည် လူကောင်းတစ်ယောက်မဟုတ်ပေ။ တခြားသူများ အတွက်တော့ သူသည် တွေဝေမှုမရှိသတ်သည်။ တစ္ဆေလောကတွင် လူသတ်ရမည်ကို သည်းမခံနိုင်ဟု ကျော်ကြားသည်။
သို့သော် သူ့ဘေးတွင် အတူလျှောက်လာသောလူများကိုတော့ သူ လေးစားသည်။ အရင်က ဘာတွေကိုပဲ ကတိပေးခဲ့ပါစေ သူ ဖြည့်ဆည်းပေးရ မည်။
ထိုကိုယ်ရံတော်များသည် ထိုအခြင်းအရာကိုမြင်သောအခါ ရင်ထဲတွင် ခံစားရလေသည်။ ဒိကျဲ့၏ ဂုဏ်သတင်းမှာဆိုးသော်လည်း သူ့နောက်လိုက် လိုသည့်ဆန္ဒမှာ ထိုအကြောင်းအရင်းကြောင့်သာဖြစ်သည်။
“ဆရာ သွားလိုက်တာကောင်းမယ် ကျွန်တော်တို့…”
ရှီမာယူယူသည် မျက်လုံးလှန်ရင်း ပြောလိုက်သည် “ဒီအခြေအနေထိ တောင်ရောက်နေပြီကို ဘောလီဘောပုတ်နေကြတယ် အချိန်ဖြုန်းနေကြတာ လား”
“ယူယူ မြန်မြန်သွားတော့ ဘာလို့ဒီမှာနေနေသေးတာလဲ” ရှီမာလွီဖန် သည် ရှီမာယူယူ ယာယီဖြတ်လမ်းတည်ဆောက်မှု မထုတ်သေးသော်လည်း တံခါးအသေးထုတ်လိုက်သည်ကို မြင်လိုက်သည်။
“သွေးလင်းနို့တွေက အရမ်းအားကောင်းတယ် မင်းထွက်သွားဖို့က ကြာ ဦးမှာ ငါတို့အကုန်လုံးကိုရှင်းလိုက်မယ် မြန်မြန်လုပ်ပြီးထွက်သွားတော့” ဒိကျဲ့ သဘောတူလေသည်။
ရှီမာယူယူသည် မျက်စိမှိတ်ပြပြီး သူတို့အနောက်သို့ လှည့်ကြည့်လိုက် သည် “သွေးလင်းနို့တွေ လာနေပြီ”
သွေးလင်းနို့များသည် ပိုပိုနီးလာကာ သူတို့၏ ရုပ်ဆိုးသော မျက်နှာများ ကိုပင် မြင်ရလေသည်။
“မြန်မြန်သွားတော့” ဒိကျဲ့သည် ရှီမာယူယူကို တွန်းလိုက်ပြီး သူ့လက်နက်ကိုထုတ်လေသည်။ သူ လှည့်ပြီး ကိုယ်ရံတော်များနှင့်အတူ တိုက်ပွဲဝင်ရန် အသင့်ပြင်လေသည်။
တောက်ပသော အလင်းသည် ထိုနေရာတွင် လင်းလက်သွားပြီး အားလုံးကို လွှမ်းခြုံလိုက်သည်။ သူတို့ မတိုက်ခင်တွင်ပင် ပျောက်ကွယ်သွား လေသည်။ သူတို့ သတိပြန်ဝင်လာချိန်တွင် တခြားနေရာသို့ရောက်နေလေပြီ။
သွေးလင်းနို့များသည် နီးကပ်လာသည်နှင့် အသံများထုတ်လေသည်။ သို့သော် သူတို့သည်ရုတ်တရက်ပျောက်ကွယ်သွားလေသည်။ ခဏကြာ သည်အထိ သွေးလင်းနို့များသည် နေပြီး စောင့်ကြည့်ကြလေသည်။ သို့သော် ပြီးနောက်တွင် ပြန်လှည့်မကြည့်ဘဲ ပျံသွားကြလေသည်။
သူတို့်သည် တိုက်ပွဲရှာနေသည့်ပုံမပေါ်ဘဲ အသက်အတွက်ပြေးနေကြ ခြင်းဖြစ်သည်။
ပတ်ဝန်းကျင်ရုတ်တရက်ပြောင်းသွားသော လူများအတွက်ကတော့ သူတို့ဘေးကင်းသွားသည်ကို သိလိုက်ရသည်။
“ဒီနေရာက ဘယ်နေရာလဲ”
ရှီမာယူယူ ထွက်လာပြီး ပြောလိုက်သည် “ကျွန်မရဲ့ လောကအသေးပဲ ဒီမှာ ခဏနေလို့ရတယ် အဲဒီသွေးလင်းနို့တွေက ကျွန်မတို့ကိုရှာမတွေ့တာနဲ့ ထွက်သွားလိမ့်မယ်”
“မင်းမှာ တကယ်ပဲ ဒီလိုနေရာရှိတာပဲ အဲလိုဆို ဘာလို့စောစောမပြော တာလဲ ငါတို့ကို တကယ်စိုးရိမ်အောင်လုပ်တာပဲ ဒီကပ်ဆိုးကြီးကနေ ထွက်မရ တော့ဘူးလို့ထင်နေတာ”
“အစတုန်းက ကျွန်မကိုသွားဖို့ပဲပြောနေတာမဟုတ်ဘူးလား” ရှီမာယူယူ ပြောလိုက်သည် “ရှင်တို့ ညွှန်ကြားချက်ကို နားထောင်မလား နားမထောင် ဘူးဆိုတာ သိချင်လို့ပါ ကျွန်မက နာခံတတ်တယ်ဆိုတာသိတယ်မလား”
“….”
သူမ၏ နာခံမှုရှိသည့်အပိုင်းကို သူတို့မတွေ့ကြပေ။ ယုတ်ညံ့သည့် အမူအရာကိုသာ တွေ့နေရသည်။
သူမသည် သူတို့၏ စိုးရိမ်မှုကိုသာမြင်လိုက်ရသည်။
“ရှင်တို့စိုးရိမ်တာကို မမြင်ချင်လို့ပါ” ရှီမာယူယူ ပြောလိုက်သည် “ဒီဟာ ကို ရှင်တို့ရှေ့မှာ ထုတ်ပြရတာက သတ္တိမွေးရတယ် တစ်ယောက်ယောက်က ဒါကိုလိုချင်ရင် ကျေးဇူးကန်းတဲ့သူကို ကယ်တာနဲ့ တူမသွားဘူးလား”
“….”
သူမသည် အမြဲတမ်း ပြတ်သားခဲ့သည်။
သူမ နောက်နေသည်ကို ဒိကျဲ့နှင့် ရှီမာလွီဖန်တို့ သိသည်။ သို့သော် သူမ ထိုအကြောင်းကို စိတ်ပူသည်နှင့်တူသည်။
“စိတ်ချပါ ငါ့လူတွေက ဘယ်တော့မှပြောမှာမဟုတ်ဘူး” ဒိကျဲ့ ပြော လိုက်သည်။
“ငါတို့က လောကအသေးကိုမမြင်ဖူးတာလည်းမဟုတ်ဘူး ဒါက ထူးခြား တယ်ဆိုရင်တောင် လုယူလောက်တဲ့အထိ စွဲမက်စရာမရှိပါဘူး” ရှီမာလွီဖန် ပြောလိုက်သည်။
ဒိကျဲ့ ခေါင်းညိတ်လိုက်သည်။ တခြားသူသာဆိုလျှင် သူ မကောင်းမှု လုပ်ရန် တက်ကြွချင်ကြွမည်။ သို့သော် ထိုပစ္စည်းသည် သူမပိုင်ဆိုင်မှုဖြစ် သည်။ သူက သူမကို တစ္ဆေတစ်ရာအလံကိုတောင် ပေးခဲ့တာပဲ ဘယ်လိုလုပ် ဒါကိုလာလုရမှာလဲ။
“ရှင်တို့မပြောဘူးဆိုတာ ကျွန်မမှန်းမိပြီးသားပါ နောက်ဆုံးတော့ ဒီထဲ ကိုခေါ်လာဖို့ဆုံးဖြတ်လိုက်တာပဲ” ရှီမာယူယူ ပြောလေသည် “ဒီမှာစောင့်နေ ကြဦး ခဏလောက်ထွက်သွားလိုက်ဦးမယ် အပြင်မှာ ဘေးကင်းပြီဆိုတာကို အတည်ပြုပြီးတာနဲ့ ခေါ်ထုတ်သွားပေးမယ်”
“ကောင်းပြီ သွားလိုက်”
“ငါတို့် ဒီနားပတ်ကြည့်လို့ရလား” ရှီမာလွီဖန် မေးလိုက်သည်။
“တားမြစ်နယ်မြေတွေကို အတားအဆီးလုပ်ပြီးပါပြီ” ရှီမာယူယူသည် ပြောပြီးသည်နှင့် ထွက်သွားလေသည်။
သမူသည် ၁၁ လေးကို သွားစစ်ဆေးခြင်းဖြစ်သည်။
နေ့တစ်ဝက်ကြာသောအခါ သူမသည် လောကအသေးမှ တစ်ယောက် တည်းထွက်လာလိက်သည်။ သွေးလင်းနို့များရှိနေသေးလျှင် ချက်ချင်း ဝိညာဉ်စေတီအတွင်း ဝင်လိုက်မည်။
သို့သော် သူမ ထွက်သွားချိန်တွင် သွေးလင်းနို့များ မရှိတော့သည်မှာ ကြာပြီဖြစ်သည်။
သူမသည် အားလုံးကိုခေါ်ထွက်လာလိုက်သည်။ သွေးလင်းနို့များမရှိ တော့သည်ကို အတည်ပြုပြီးသည်နှင့် စိတ်သက်သာရာရစွာ သက်ပြင်းချမိကြ လေသည်။
သွေးလင်းနို့များ၏ အနံ့သည် လေထဲတွင်ရှိနေသေးသည်။ အစောပိုင်း ကအခြေအနေသည် မည်မျှဆိုးရွားသည်မှာ ရှင်းနေသည်။
“ခုနတုန်းက သွေးလင်းနို့တွေက အလောကြီးနေကြတယ် ငါတို့်နောက် ကိုလိုက်တာမဟုတ်လောက်ဘူး သူတို့တစ်ခုခုနဲ့ တွေ့မိတာလားလို့”
“ခုနက အရမ်းပျာယာခတ်သွားတာ အခုစဉ်းစားကြည့်မှ တကယ်ပဲ အဲလိုပဲ” ဒိကျဲ့သည် ထိုစဉ်ကအခြေအနေကို ပြန်တွေးကာ ထူးဆန်းမှုကို ခံစားမိလေသည်။
သွေးလင်းနို့များသည် သူတို့ကြောင့်လာသည်ဆိုပါက အနီးရောက် ကတည်းက တိုက်ခိုက်ကြလိမ့်မည်။ ထို့အပြင် သူတို့ကိုမြင်သည်နှင့် ဘက်ပေါင်းစုံမှ ဝန်းရံထားမည်ဖြစ်သည်။
“ဒါပေမဲ့ သူတို့က ဖြတ်သွားတယ်ဆိုရင်တောင် ငါတို့ကိုတွေ့တော့ တိုက်ခိုက်ဖို့လုပ်သေးတာပဲလေ” ရှီမာလွီဖန် ပြောလိုက်သည် “ဘာကြောင့်ပဲ ဖြစ်ဖြစ် ရလဒ်ကတော့ အတူတူပဲ ယူယူကြောင့်သာမဟုတ်ရင် ဂြိုဟ်ဆိုးဝင် မှာပဲ”
“ဟုတ်တယ် ညီမဝမ်းကွဲ အကုန်လုံးမင်းကျေးဇူးကြောင့်ပဲ” ဒိကျဲ့ ပြော လိုက်သည်။
“ကျွန်မပြောတာ အဲဒါမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆို ဘာလဲ”
“ကျွန်မ မှန်းတာမှန်မယ်ဆိုရင် သွေးလင်းနို့တွေက ကျွန်မတို့ကြောင့် လာတာမဟုတ်ဘူး ဒါဆိုဘာလို့ ဒီလောက်ကြီး ကျယ်ကျယ်ပြန့်ပြန့်ပျံလာ တာလဲ”
“ရှေ့မှာ သူတို့ကို ဆွဲဆောင်တဲ့ဟာတစ်ခုခုရှိတာ မဟုတ်ရင် အနောက် မှာလိုက်လာတဲ့ဟာက ထွက်ပြေးဖို့မလွတ်နိုင်လောက်တဲ့သဟာပဲ” ရှီမာလွီဖန်သည် သူမ အရိပ်အမြွက်ပေးသည်ကိုနားလည်သည်။
“ကျွန်မစဉ်းစားတာအဲဒါပဲ” ရှီမာယူယူ ပြောလိုက်သည် “ပထမ အကြောင်းပြချက်နဲ့ဆိုရင် သူတို့ဘယ်ဘက်ကို ဦးတည်သွားနေတာလဲ ပြီးတော့ ပြန်လာမှာလား ဒုတိယအကြောင်းပြချက်ဆိုရင် ပိုပြီးတော့တောင် ဆိုးနိုင်သေးတးယ်”
“ဘာလို့ဆိုးမှာလဲ” အဖော်ပါသော ကိုယ်ရံတော်တစ်ယောက်သည် ရှီမာယူယူအားမေးလေသည်။
“ငတုံး” သူ့ဘေးတွင်ရပ်နေသော ကိုယ်ရံတော်ခေါင်းဆောင်ဖြစ်ပုံရ သောလူသည် ခေါင်းကိုလက်သီးဖြင့် ပုတ်ကာ ပြောလေသည် “ဒုတိယ အကြောင်းပြချက်သာဖြစ်ရင် ပြောကြည့်လေ အဲဒီသွေးလင်းနို့တွေကိုတောင် ပျံအောင်လုပ်နိုင်တာ ဘယ်လိုတည်ရှိမှုမျိုးဖြစ်မလဲလို့ အဲဒါကို ရင်ဆိုင်ချင်လို့ လား”
အစောပိုင်းက စကားပြောသော ကိုယ်ရံတော်သည် ပင့်သက်ရှိုက်လိုက် သည်။ ထိုသွေးလင်းနို့များသည် ရှေးဟောင်းစစ်မြေပြင်မှ လာခြင်းဖြစ်သည်။ အမှန်သာဆိုလျှင် ထိုနေရာတွင် အားကောင်းသော တစ်စုံတစ်ရာရှိနေသည် ဟု ဆိုလိုသည်။
***