← Chapters

မိခင်ဘက်နှင့် ဖခင်ဘက်မျိုးနွယ်ကြားမှ တိုက်ပွဲ

Vol. 85 Ch. 1183

မိခင်ဘက်နှင့် ဖခင်ဘက်မျိုးနွယ်ကြားမှ တိုက်ပွဲ

Vol. 85 Ch. 1183

ကိုယ်ရံတော်နားလည်သွားရာ တခြားသူများလည်း နားလည်သည်မှာ သဘာဝကျသည်။ အားလုံးသည် ရှေ့မှ လမ်းကိုကြည့်ပြီး ကြောက်ရွံ့မှုပိုတိုး လာသည်။ “မင်း မင်းတို့မျိုးနွယ်က ဒါနဲ့ပတ်သတ်ပြီး သတင်းရထားတာမရှိဘူး လား” ဒိကျဲ့ မေးလိုက်သည်။

“ငါက မင်း လို့ခေါ်တာမဟုတ်ဘူး နာမည်ရှိတယ်” ရှီမာလွီဖန် ပြော လိုက်သည် “ဝါစဉ်ကိုလိုက်မယ်ဆိုရင် မင်းငါ့ကို ဦးလေးလို့ခေါ်သင့်တယ်”

ဘာ... သူ့ကို ဦးလေးလို့ခေါ်စေချင်တာလား… ဒိကျဲ့သည် သူ၏ အကြံပေးချက်ကြောင့် ဒေါသထွက်သွားပြီး ပတ်ပတ်လည်မှရောင်ဝါသည် နိမ့်သွားရာ သူ့နားတွင်ရပ်နေသော ကိုယ်ရံတော်များသည် မသိမသာ ခေါင်း များလှည့်သွားလေသည်။

သူတို့ဆရာနှင့် ထိုလူသားတို့သည် ရန်သူများအဖြစ် မွေးဖွားလာခြင်း ဖြစ်သည်။ သူတို့သည် သေချာပေါက် လူကြီးများဖြစ်ပါလျက်နှင့် သေးသည့် အမှုကိုကြီးအောင်လုပ်နေကြသည်။

အာ.. သေချာတာပေါ့ အမှုကြီးအောင်လုပ်တာလည်း ချဲ့ကားတာပဲ။ သို့သော် သူတို့ဆရာ ထိုသို့ပြုမူသည်ကို သူတို့အမှန်တကယ်ပင် မမြင်ဖူးပေ။

“မင်းလိုလူက ဦးလေးအဖြစ် အသိအမှတ်ပြုစေချင်တယ်ဟုတ်လား မင်းက သေချင်နေတာပဲ” ဒိကျဲ့၏ အမူအရာသည် အေးစက်သွားကာ သူ၏ တစ္တေရောင်ဝါထုတ်ပြီး သူ့ကိုတိုက်ခိုက်လေသည်။

ရှီမာလွီဖန်သည်လည်း အားနည်းသော ကြက်တစ်ကောင်မဟုတ်ပေ။ လွန်ခဲ့သည့်နှစ်တစ်ရာက သူသည် ပင်မဂိတ်အပြင်ဘက်တွင် ကောင်းကင် ဓားရှည်ဂိုဏ်းကျွမ်းကျင်သူများနှင့် တိုက်ခိုက်ခဲ့သည်။ အခုချိန် သူနှင့် တိုက်ခိုက်ရသည်မှာ ပြဿနာမဟုတ်ပေ။

တစ်ဖက်လူမှ စတင်တိုက်ခိုက်သည်ကိုမြင်သည်နှင့် သူသည် ဝိညာဉ် စွမ်းအားကို ပြန်တုံ့ပြန်လေသည်။

ရှီမာယူယူသည်လည်း သူတို့ကိုမတားဘဲ ပြောလိုက်သည် “တိုက်ချင် ရင် ဝေးဝေးသွားတိုက်ကြ ဘယ်လိုပဲဖြစ်ဖြစ် ဒီနားမှာ လေဟာပြင်ကွဲအက် တာမရှိဘူး”

ဒိကျဲ့နှင့် ရှီမာလွီဖန်တို့သည် သူတို့တိုက်ခိုက်ချင်သည့် စိတ်ကို ကြာရှည်စွာ ဖိနှိပ်လာခဲ့ရသည်။ အခု နောက်ဆုံးတွင် စိတ်ကိုလွှတ်လိုက်ရာ သူတို့ထုတ်လွှတ်သည့် စွမ်းအင်မှာတော့ ပြောစရာပင်မလိုပေ။ တောင်ပတ် ပတ်လည်တွင် လှိုင်းတွန့်များထသွားလေသည်။

သူတို့သည်လည်း နာခံကြသည်။ တိုက်ခိုက်လေလေ အဝေးသို့ရောက် သွားကာ တခြားသူများဆီသို့ သက်ရောက်ခြင်းမရှိပေ။

“သခင်မလေး သူတို့ကို ဘာလို့အကြံမပေးတာလဲ သူတို့ဒဏ်ရာရမှာကို ကြောက်တာလား” ကိုယ်ရံတော်တစ်ယောက် မေးလိုက်သည်။

တစ်ယောက်သည် သူမ၏ အစ်ကိုဝမ်းကွဲဖြစ်ကာ တစ်ဖက်မှာ ဦးလေး ဖြစ်သည်။ တစ်ဖက်သား ဒဏ်ရာရမှာကို သူမ မစိုးရိမ်ဘူးလား။

“ဘာကိုအကြံပေးရမှာလဲ” ရှီမာယူယူသည် အဝေးတွင်တိုက်ခိုက်နေ သော သူတို့နှစ်ယောက်ကိုကြည့်လိုက်သည်။ “သူတို့က တစ်ယောက်နဲ့ တစ် ယောက်ကြည့်မရဘဲ တစ်နေကုန်ကိုက်နေကြတာ  ဒီတိုက်ပွဲမှမတိုက်ရရင် ဒေါသတွေပိုပွက်လာပြီး ပြဿနာဖြစ်စေတာပဲရှိမယ် ဒီအတိုင်းသာ ဆက် တိုက်ခိုင်းလိုက် နောက်ကျရင် အဆင်ပြေသွားလောက်တယ်”

“သူတို့ ဒဏ်ရာရရင် ဘယ်လိုလုပ်မလဲ” လူတစ်ယောက်မှ မေးလေ သည်။

“ဘာတွေကြောက်နေတာလဲ ဒဏ်ရာရတာပဲမလား” ရှီမာယူယူ နားမလည်ပေ။ “သူတို့က ဒီလိုတိုက်တာနဲ့ပဲ ဒဏ်ရာရမှလြား သူတို့ အသက် ရှင်နေရဦးမယ်လေ”

“သခင်မလေး တကယ်ပဲ ပွင့်လင်းတာပဲ”

“ဒါပေါ့ ငါ့ အဖေဘက်နဲ့ အမေဘက်တွေ့ရင်တော့ သေချာပေါက် ဆန့်ကျင်နေကြမှာပဲ တစ်ယောက်က အဖေ့ရဲ့အစ်ကို တစ်ယောက်က ငါ အမေရဲ့ တူ.. ပြီးတော့ အမေ့ဘက်က အမျိုးလေ တိုက်ခိုက်လည်းကိစ္စမရှိဘူး သူတို့နောက်ဆုံးထွက်သက်ပဲ ကျန်တော့ရင်တောင် သူတို့ကို အသက်ပြန်ရှင် အောင်ကုပေးမယ်”

တကယ်ပဲ ဒီမိန်းကလေးက ယုံကြည်ချက်အပြည့်ပဲ။ သူတို့ဒဏ်ရာရ ရင်တောင် ဂရုမစိုက်ကာ အသက်မျှင်းမျှင်းကျန်ခဲ့သည်ရှိသော် သူမက အာမ, ခံ နေသည်။ သူတို့နှစ်ယောက်သာ ထိုအကြောင်းကိုသိရင် ပြင်းပြင်းထန်ထန် တိုက်ဖို့ သတ္တိရှိပါဦးမလား။

တစ်ယောက်က လက်တစ်ဖက်ဆုံးရှုံးပြီး နောက်တစ်ယောက်က သေသွားရင်ရော။

သို့သော် ရှီမာယူယူသည် ထိုအကြောင်းကို လုံးဝစိတ်မပူပေ။ သူတို့ နှစ်ယောက်သည် စိတ်ဆတ်ကြသော်လည်း လူသတ်မည့်ရည်ရွယ်ချက်မရှိ ပေ။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက်သတ်မည်မဟုတ်ပေ။

သူတို့ မည်မျှကြာအောင် တိုက်မည်ကို မသိသဖြင့် သူမသည် သာမာန်ကာ လျှံကာဖြင့် ခုံထုတ်ပြီး ပွဲကြည့်နေလိုက်သည်။ သူမသည် တစ်ချက်တစ်ချက်တွင် တိုက်ပွဲအား မှတ်ချက်ပင်ပေးလိုက်သည်။

တစ္ဆေသခင်သည် သူမနားလျှောက်လာကာ ပြောလိုက်သည် “မင်းမှာ အကြံရှိနေတာပဲ”

“စိတ်ထားကောင်းတာပါ” ရှီမာယူယူသည် သူမကိုယ်သူမ ချီးကျူးလေ သည်။

“မင်းတို့ စိတ်ထားကတူပေမဲ့ သူမက မင်းလို ကိုယ့်ဘက်ကိုယ်မယက် ဘူး”

“မဲနယ်ရောင်ကို အပြာရောင်နဲ့လုပ်ထားပေမဲ့ အပြာထက်တော့ ပို တောက်ပတယ် ကျွန်မက အမေရဲ့အရာရာနဲ့ ထပ်တူမကျနိုင်သလို ကွဲပြားမှု လေးရှိဖို့လည်းလိုသေးတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“….”

အမှောင်မင်းသမီးသည် ထိုကဲ့သို့မပြောပေ။ မဲနယ်ရောင်သည် အမှန် တကယ်ပင် အပြာထက်တောက်ပသည်။

“ရှင့်အပြုအမူကိုကြည့်ရတာ ကျွန်မအမေနဲ့ ရင်းနှီးတယ်ထင်တယ်” ရှီမာယူယူသည် ခေါင်းမော့ပြီး ကြည့်ကာ စူးစမ်းလေသည်။

“တစ်ခါတလေ ဖြတ်သွားတာပေါ့” တစ္ဆေသခင် ပြောလိုက်သည်။

“ရှင် ကျွန်မကို သတ်မိတော့မလို့ပဲ” ရှီမာယူယူသည် ရုတ်တရက် စကားလမ်းကြောင်း ပြောင်းလေသည်။

“အဲတုန်းက မင်းက သူမ သမီးဆိုတာ မသိသေးလို့လေ” တစ္ဆေသခင် ပြောလိုက်သည် “သိခဲ့ရင် အဲလိုလုပ်မှာမဟုတ်ဘူး”

“လက်တွေ့ခံစားရတာထက်စာရင် ကြားရတာကောင်းပါတယ် ဒါပေမဲ့ ဒီလောကမှာ ငါသာသိခဲ့ရင် ဆိုတာတွေအများကြီးရှိတယ်” ရှီမာယူယူသည် သူ့စကားကိုလှောင်ပြောင်လေသည်။

သည်ကမ္ဘာတွင် ပိုက်ဆံရှိခဲ့လျှင်တောင် ငါသာသိခဲ့ရင် ဆိုသည့်အရာကို ပေးဝယ်၍မရပေ။ သို့သော် သူမအပေါ်ပြုမူခဲ့သော ထိခိုက်မှုသည် အမှန်တကယ် ရှိခဲ့ခြင်းဖြစ်သည်။

“အဲတော့” တစ္ဆေသခင်သည် သူမကို ကြည့်ရင်းမေးလေသည်။

“အဲတော့ ရှင် အပြစ်လုပ်ပြီး ကျွန်မလက်ထဲရောက်မလာတာကောင်း မယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီတစ်ခါတော့ ကျွန်မ ဝမ်းကွဲအစ်ကိုကို ထည့်တွက်ပြီး ခွင့်လွှတ်ပေးလိုက်မယ် ဒါပေမဲ့ စိုးရိမ်မှုတွေလွှတ်ပေးလိုက်လို့ မဆိုလိုဘူး ရှင် ကျွန်မကို သစ္စာဖောက်တာ တစ်ခုခုလုပ်တယ်လို့ သိတဲ့နေ့ ကြွေးသစ်ရော ကြွေးဟောင်းရောရှင်းမယ်”

တစ္ဆေသခင်သည် ကျဉ်းမြောင်းသောမျက်လုံးများဖြင့် ကြည့်နေသည်။ သို့သော် ဝတ်ရုံနောက်ကွယ်တွင် ပုန်းကွယ်နေသဖြင့် ရှီမာယူယူ ဘာမှမမြင် နိုင်ပေ။

“ဘာပြောတာလဲ”

“ဘာမှမပြောပါဘူး ဒီအတိုင်းပဲ ဝမ်းကွဲအစ်ကိုက ရှင့်ကို ဆရာလို့ခေါ်မှ တော့ ဒီခေါင်းစဉ်အတိုင်းပဲနေရမယ်လေ မဟုတ်ဘူးလား” ရှီမာယူယူ ပြော လိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် ဝမ်းကွဲအစ်ကိုထိခိုက်အောင် ရှင်ကဘာမှလုပ် မှာမဟုတ်ဘူးလေ ဟုတ်တယ်မလား”

တစ္ဆေသခင်သည် တိတ်နေတုန်းပင်။ သူသည် သူမကို ပြန်မဖြေဘဲ အကဲဖြတ်ရန်သာ ဆုံးဖြတ်လိုက်သည်။

သူ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သူမသည် သူ့ကိုသတိပေးနေခြင်း ဖြစ်သည်။ သူတို့သခင်ကို ထိခိုက်အောင်မလုပ်ရန် သတိပေးနေခြင်းဖြစ် သည်။

ဘယ်လိုလုပ်ဖြစ်မှာလဲ။ သူလည်းပဲ မသိပေ။

သူလုပ်မှာလား မလုပ်ဘူးလား။

ရှီမာယူယူ စကားပြောပြီးသောအခါ သူ့ကိုမကြည့်တော့ပေ။ သူသည် ဒိကျဲ့အပေါ် အမှန်တကယ်ကောင်းသည်လား မကောင်းသည်လား သို့မဟုတ် သခင်အဖြစ် အမှန်တကယ် အသိအမှတ်ပြုသည် မပြုသည်ကို သူမ မသိပေ။ သို့သော် ဒိကျဲ့ သူမကိုပြောခဲ့သည့်အကြောင်းများကို အခြေခံ လျှင် တစ္တေသခင်သည် အနည်းငယ်ထူးဆန်းသည်ဟု ခံစားရသည်။

ဒိကျဲ့သည် သူ့အပေါ်ကောင်းသလောက် ပြန်မကောင်းပေးဟု ခံစားရ သည်။

သူမသည် သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးကို မရင်းနှီးပေ။ သို့သော် သူမ သူ့ကိုသတိပေးပြီး ဒိကျဲ့ကိုလည်း သတိမလွတ်ရန် သတိပေး ရမည်။

သူတို့စကားဝိုင်းသည် ထိုအတိုင်းပင် တိုပြတ်စွာအဆုံးသတ်သွားလေ သည်။ သို့သော် ရုတ်တရက်ကြီးဖြစ်လှသည်ကို မည်သူမှမတွေးပေ။ ထိုအစား သူတို့သည်တိုက်ပွဲကို ငေးမောကြည့်နေရင်း ကိုယ်ပိုင်အတွေးထဲသို့ နစ်မြောနေလေသည်။

အဝေးတွင် ဒိကျဲ့နှင့် ရှီမာလွီဖန်တို့၏ တိုက်ပွဲသည် ပို၍ အရှိန်တက်လာ ပြီး အားထက်သန်လာသည်။ သူတို့်သည် အစပိုင်းတွင် တစ်ဖက်ကို သင်ခန်းစာပေးချင်ရုံသာ တိုက်ခိုက်ခြင်းဖြစ်သော်လည်း သူတို့စိတ်ကျေနပ်မှု ကိုမတွန်းလှန်နိုင်ဘဲ ခန္ဓာကိုယ်ထဲမှ စွမ်းအားများ ကုန်ဆုံးသွားသည်အထိ မရပ်ချင်ကြပေ။

သူတို့သည် စာချုပ်သားရဲများ မခေါ်ထုတ်သလို ဝိညာဉ်စွမ်းအင် အားဖြည့်သည့်ဆေးများလည်း မစားပေ။ သူတို့သည် ကိုယ်ပိုင်စွမ်းရည်ဖြင့် သာ တိုက်ခိုက်ရန် ရွေးချယ်လိုက်ကြသည်။

သူတို့တိုက်ပွဲသည် တစ်ရက်နီးပါးကြာမြင့်ကာ အားလုံးသည် သူတို့ စွမ်းအားကုန်သွားသည်နှင့် ရပ်တန့်မည်ဟု ထင်ထားသော်လည်း သူတို့ နှစ် ယောက်သည် ထိုအချိန်ထိ မကျန်တော့သည့်စွမ်းအားဖြင့်တိုက်ခိုက်လေ သည်။

သူတို့နှစ်ယောက်လုံးသည် မျိုးနွယ်ကြီးများဖြစ်ကာ လိုအပ်ချက်များ တင်းကြပ်ခဲ့သည်။ ထို့ကြောင့် သူတို့ခန္ဓာကိုယ်ကို အစဉ်မပြတ် ပျိုးထောင်ခဲ့ ကြသည်။ သူတို့သည် ရုပ်ပိုင်းဆိုင်ရာတိုက်ပွဲကို ပထမဆုံးအကြိမ် အတင်းအကြပ်တိုက်ရမည်ဟု ထင်မထားကြပေ။

ဒိကျဲ့၏ လက်သီးသည် ရှီမာလွီဖန်၏ မျက်နှာပေါ်သို့ကျကာ အော်လေ သည် “အဲဒါ မင်းတို့ရှီမာမျိုးနွယ်ကြောင့်ပဲ မင်းတို့ကြောင့်သာမဟုတ်ရင် ဒေါ်လေးက ဒီလိုမျိုးအဆုံးသတ်မှာမဟုတ်ဘူး”

ရှီမာလွီဖန်သည် ဒိကျဲ့၏ ဗိုက်ပေါ်သို့ ကန်ကာ ပြန်ချေပလေသည် “အဲဒါ အကုန်ယွိခဲ့လော့အမှားပဲ သူမကြောင့်သာမဟုတ်ရင် လွီရွှမ်က ပျောက်သွားမှာမဟုတ်ဘူး ဒီထိုးချက်က သူ့အစားပဲ”

***

All Chapters