← Chapters

အညှာတာမဲ့စွာတိုက်ခိုက်ခြင်း

Vol. 85 Ch. 1184

အညှာတာမဲ့စွာတိုက်ခိုက်ခြင်း

Vol. 85 Ch. 1184

ဒိကျဲ့သည် နာကျင်မှုကြောင့် ကိုယ်ကိုင်းသွားသည်။ သို့သော် သူ ဂရုမစိုက်ဘဲ ရှီမာလွီဖန်၏ လက်မောင်းကိုဆုပ်ကိုင်ကာ ပြန်ထိုးလေသည်။ “ရှီမာလွီရွှမ်သာမရှိရင် ငါ့ဒေါ်လေးက တစ္ဆေလောကရဲ့ မင်းသမီးဖြစ်နေဦးမှာ ပဲ သူမဘဝလည်းပျော်ရွှင်နေရဦးမယ် အဲဒါမင်းတို့ကြောင့်ပဲ မင်းတို့အားလုံး ကြောင့်ပဲ”

“အဲဒါတွေက ယွိခဲ့လော့အမှားတွေပဲ သူမသာ လူသားလောကကိုမလာ ခဲ့ရင် သူမသာ လွီရွှမ်ကို မဖြားယောင်းခဲ့ရင် ဒီလိုမျိုးတွေ ဘယ်လိုလုပ်ဖြစ်လာ မှာလဲ”

“ဟင်း ဒါတွေအကုန် ရှီမာလွီရွှမ်ရဲ့ အမှားတွေပဲ”

“ယွိခဲ့လော့အမှားပဲ”

“ထပ်ပြောလိုက်ဦး”

“မင်းတို့ ဝန်မခံချင်တာ သိသာနေတာပဲ”

“ဒါဆိုရင် ဘယ်သူကအင်အားကြီးပြီး ပိုကြာအောင်အသက်ရှင်နိုင်မလဲ ကြည့်ကြတာပေါ့”

“….”

တစ်ဖက်တွင် သူတို့ ရန်ဖြစ်နေကြသော်လည်း တစ်ဖက်တွင်တော့ သာမန်ပြည်သူများရန်ဖြစ်နေသကဲ့သို့ဖြစ်နေသည်။ သူတို့လုပ်နေတာ သူတို့ရဲ့ ပုံမှန်ပုံရိပ်ရောဟုတ်ရဲ့လား။ ကလေးတွေလိုရန်ဖြစ်နေတာ ထင်ရှား နေတယ်။

ရှီမာယူယူသည် သူတို့ကိုမတတ်သာစွာကြည့်လိုက်သည်။ သူတို့သည် အမှန်တကယ်ပင် ကလေးများသာသာပင်။

“တစ္ဆေသခင် ဆရာဒဏ်ရာရနေပြီ ငါတို့….” ကိုယ်ရံတော်များသည် တစ္ဆေသခင်ကိုမေးကြလေသည်။

တစ္ဆေသခင်သည် သူတို့ မနှောင့်ယှက်ဟူသော အဓိပ္ပာယ်ဖြင့် လက်ရမ်း ပြလေသည်။

ဒိကျဲ့သည် သည်လမ်းကြောင်းကို ရွေးပြီးထားရာ သူ ဘယ်လောက် ဒဏ်ရာရရ ဂရုမစိုက်ဟု ဆိုလိုခြင်းဖြစ်သည်။

“စိတ်ချပါ သူ မသေဘူး” ရှီမာယူယူ ပြောလိုက်သည် “မင်းတို့ ဆရာရဲ့ ကိုယ်ရံတော်အနေနဲ့ သူက မနှောင့်ယှက်နဲ့လို့ပြောရင် မင်းတို့ဘာမှမလုပ်သင့် ဘူး”

“ဆရာက ဒီလောက်ထိ တစ်ခါမှ အရိုက်မခံရဖူးဘူး” ကိုယ်ရံတော် ခေါင်းဆောင် ပြောလေသည်။

“ဒါဆိုရင် အရင်က အရိုက်တော့ခံရဖူးတယ်ပေါ့” ရှီမာယူယူ ပြော လိုက်သည်။

“ဆရာ ငယ်ငယ်တုန်းက…”

“အဲလောက်အချိန်ကြာရင်တောင် ထည့်တွက်လို့ရတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒိလျူ မင်း ဝမ်းကွဲအစ်ကိုနောက်စလိုက်တော့ သူက အသက် တစ်ရာ နှစ်ရာလောက်ရှိပြီမလား”

ကိုယ်ရံတော်ခေါင်းဆောင် ဒိလျူခေါင်းညိတ်ပြီး ပြောလိုက်သည် “အမှန်ပဲ ကျွန်တော် ဆရာနောက်လိုက်တာ နှစ်ရာချီနေပီ”

“သူ့ကိုတွေ့ပြီးတော့ ဒီလိုပြုမူတာမြင်ဖူးလား” ရှီမာယူယူ မေးလိုက် သည်။

“တခြားသူကို ဆရာဒီလိုမျိုး ရန်ဖြစ်တာတစ်ခါမှမမြင်ဖူးဘူး အရင်ကလည်း ဒဏ်ရာရဖူးတယ် ဒါပေမဲ့ ဒီလိုမျိုးတစ်ခါမှမဖြစ်ဖူးဘူး” ဒိလျူ ပြောလိုက်သည်။

“ဒါဆိုရင် ဒီနေ့ မင်းကံကောင်းတာပဲ မင်းဆရာ ရန်ဖြစ်ရင် ဘယ်လိုပုံလဲ ဆိုတာ မြင်ဖူးသွားပြီ ဘယ်သူသိနိုင်မလဲ ထပ်တောင်မတွေ့နိုင်လောက်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါက တစ်သက်မှတစ်ခါအခွင့်အရေးပဲ တန်ဖိုး ထားရမယ်”

“…” ဒိလျူသည် ရှီမာယူယူပြောမည့်စကားကို သိချင်ခဲ့သည်။ ထိုသို့ ပြောလိမ့်မည်ဟု သူ မထင်ထားပေ။

သို့သော်… အမှန်တကယ်ပင် သူတို့အတွက် တစ်ကြိမ်တစ်ခါသာဖြစ် လိမ့်မည်။ သည်လိုနှင့် သူတို့သည် ဆက်ကြည့်ကြလေသည်။

ဒိကျဲ့နှင့် ရှီမာလွီဖန်တို့သည် တိရစ္ဆာန်များကဲ့သို့ တစ်နာရီကျော်ကြာ အောင်တိုက်ပြီးနောက်တွင် အားကုန်ကာ မြေပေါ်သို့လဲကျကြလေသည်။

ရှီမာယူယူ ဒိလျူနှင့် တခြားသူများသည် လျှောက်လာရာ သူတို့ နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အံကြိတ်ပြီး သေစေလောက် သည့်အကြည့်များဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူတို့သည် အားပြည့်လာသည်နှင့် တိုက်ခိုက်ရန် စောင့်နေသည်နှင့်တူသည်။

“မဆိုးဘူး ကိုယ့်အကန့်အသက်ကိုသိပြီး တစ်ယောက်နဲ့ တစ်ယောက် သေအောင်တော့ မရိုက်ကြဘူးပဲ” သူမသည် ခေတ္တမျှ စစ်ဆေးလိုက်သည် “ရှင်က နံရိုးဆယ်ချောင်းကျိုးပြီး တခြားအရိုးတွေလည်း ဆယ်ဂဏန်းကျိုး သွားတယ် ကြွက်သားတွေပြဲပြီး အဆက်မပြတ်သွေးထွက်နေတယ် ဟီးဟီး ဒီခန္ဓာကိုယ်ကမဆိုးပါဘူး ဒီအခြေနေနဲ့ ဆက်တိုက်လို့ရတယ်”

ရှီမာလွီဖန်သည် ရှီမာယူယူ ပြောသောစကားကိုကြားသောအခါ ခေါင်းမော့ပြီး တစ်စုံတစ်ရာပြောမည်ပြုသည်။ သို့သော် နာကျင်မှုကြောင့် အံကြိတ်လိုက်ရပြီး လေအေးများရှိုက်သွင်းလိုက်သ်ည။

“ကျွတ်”

“ဦးလေး မလှုပ်သင့်ဘူး” ရှီမာယူယူ ပြောလိုက်သည် “နှစ်ယောက်လုံး ရဲ့ ဒီအခြေအနေနဲ့ဆိုရင် နောက် သုံးရက်လောက် ဒီမှာလိမ်လိမ်မာမာနဲ့ လှဲနေရတော့မယ်”

“သုံးရက်ဟုတ်လား ကြာလိုက်တာ” ရှီမာလွီဖန် အော်လိုက်သည်။

“ဘယ်လိုထင်လို့လဲ” ရှီမာယူယူ ပြောလိုက်သည် “ဆေးရှိတယ်ဆိုပေမဲ့ ပြန်ကောင်းဖို့ အချိန်ယူရဦးမယ် ဒဏ်ရာရဖူးတာကို မသိတာလည်းမဟုတ်ဘူး”

ထို့အပြင် သူတို့သည် သူမလို ခန္ဓာကိုယ်ရှိတာလည်းမဟုတ်… သူတို့သည် သုံးရက်နေမှ လှုပ်ရှားရနိုင်မည်။

“….”

ရှီမာယူယူသည် ဆေးထုတ်ပြီး သူတို့ကိုကျွေးကာ ပြောလိုက်သည် “အကြာကြီးစဉ်းစားရပြီး အခုတော့ တိုက်လိုက်ရပြီ ကျေနပ်ကြပြီလား စိတ်ပြေသွားပြီလား”

သူတို့နှစ်ယောက်လုံးသည် တစ်ယောက်နှင့် တစ်ယောက်ကြည့် ပြီးနောက်တွင် ခေါင်းကို မိုးပေါ်သို့ ပြန်မော့လိုက်သည်။

ရှီမာယူယူသည် မဲ့ပြုံးပြုံးကာ ဒိလျူကို ညွှန်ကြားလိုက်သည် “မင်းဆရာ အတွက် တဲဆောက်လိုက် သူတို့ အဲထဲမှာ သုံးရက်လောက် အိပ်ရလိမ့်မယ် သြော် ငါ့ဦးလေးအတွက်လည်း တစ်ခုလောက်ဆောက်ပေးဦး… ထားလိုက် တော့ ငါ အကြီးတစ်ခုဆောက်ပြီးနှစ်ယောက်လုံးကို အတူတူထားလိုက်မယ် ဟုတ်ပြီ သူတို့နှစ်ယောက်လုံးက အခုမလှုပ်နိုင်ကြဘူး အဲတော့ တဲမဆောက် ပြီးခင်အထိ မလှုပ်ခိုင်းနဲ့ မြေပေါ်မှာပဲလှဲနေပါစေ”

“နားလည်ပါပြီ သခင်မလေး” ဒိလျူသည် အနောက်မှလူများကို လက်ဝှေ့ပြလိုက်ရာ လူအနည်းငယ်သည်ချက်ချင်းပင် တဲဆောက်သည်ကို ကူညီလေသည်။

ဒိကျဲ့နှင့် ရှီမာလွီဖန်တို့သည် သူတို့ သုံးရက်ကြာလှဲလျောင်းနေရမည် ဟု ကြားသည်နှင့် ရှီမာယူယူကို ဝမ်းပန်းတသာကြည့်ကြလေသည်။

“ကျွန်မကိုမကြည့်ကြနဲ့ ဒီလိုအခြေအနေထိဖြစ်အောင် တိုက်ကြတာ ရှင်တို့ပဲ စ,တာကျွန်မ မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ရှင်တို့က သုံးရက် ကြန့်ကြာအောင်လုပ်လိုက်တာကို အဲအကြောင်းနဲ့ပတ်သတ်ပြီး ဘာမှမပြောသေးဘူးနော်”

“မင်းမှာ ငါတို့ကိုမြန်မြန်သက်သာအောင်လုပ်နိုင်မဲ့ နည်းလမ်းရှိတယ် ဒါပေမဲ့ ဖိအားပေးပြီး သုံးရက်လောက် လှဲခိုင်းနေသေးတယ် မင်းဦးလေး အတွက် စိတ်ပျက်အောင်မလုပ်နဲ့” ရှီမာလွီဖန် စောဒကတက်လေသည်။

ရှီမာယူယူသည် မျက်လုံးလှန်လိုက်သည်။ သူ့မှာ အံ့ဖွယ်နတ်ဆိုး ခန္ဓာကိုယ်ရှိတယ်များ ထင်နေတာလား။

“ကိုယ့်သဘောနဲ့ ကိုယ်လှုပ်ရှားတာမျိုး ခွင့်မပြုဘူးနော်” ရှီမာယူယူ ပြောလိုက်သည် “အရိုးတွေအကုန်လုံး ချိုးပစ်လိုက်လို့ ဘယ်သူပြောလို့လဲ အရိုးတွေကို သေချာကုချင်ရင် လိမ်လိမ်မာမာနဲ့ လှဲနေသင့်တယ်”

“သခင်မလေး ပြီးပါပြီ”

“မင်းတို့အပြင်ကိုသွားလိုက်တော့ တစ်ခုခုဖြစ်မှာစိုးလို့ အပြင်မှာပဲ စောင့်ကြပ်ရမယ်” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်းပါပြီ”

ဒိလျူသည် လှဲလျောင်းနေသော သူ့ဆရာကိုကြည့်ပြီး အပြေးထွက်သွား လေသည်။

သူအမြန်ထွက်ရလာသည့်အကြောင်းမှာ အလွန်ချောမောသည့်မျက်နှာ သည် ညိုမဲစွဲအောင်အရိုက်ခံရသည်ကို ကြည့်ပြီးရယ်ချင်သောကြောင့်ဖြစ် သည်ကိုတော့ သူ့ဆရာကိုမပြောတော့ပေ။

ဒိကျဲ့သည် သူ့လက်အောက်ငယ်သားများသည် ရှီမာယူယူ စကား နာခံ သည်ကို မြင်ပြီး သူ့ခံစားချက်ကို မည်သို့ဖော်ပြရတော့မည်ကို မသိတော့ပေ။ သူက သူမအား စိတ်ထဲတွင်ရှိနေသဖြင့် တခြားသူများလည်း သူမ စကားကို မသိမသာနားထောင်မိကြလေသည်။ သူမသည် အရင်က သူ့အဒေါ်လိုပင်ဖြစ် လေသည်။

ရှီမာယူယူသည် ခုံထုတ်ပြီး သူတို့ဘေးတွင်ထိုင်ကာ ပြောလိုက်သည် “ဦးလေးလွီဖန် သုံးရက်လောက် ဒီမှာလှဲနေရမယ်ဆိုတော့ ပျင်းနေပြီလား အမေနဲ့ အဖေ့အကြောင်းပြောပြပါလား”

ဒိကျဲ့သည် လှည့်လာကာ ရှီမာလွီဖန်ကိုကြည့်လေသည်။ သူသည် လည်း သူ့ဒေါ်လေး လူသားလောကသွားခဲ့စဉ်က အဖြစ်အပျက်များကို သိချင် သည်။

ရှီမာလွီဖန်သည် ရှီမာယူယူ၏ မျက်လုံးကိုကြည့်ပြီး သက်ပြင်းချကာ ပြောလေသည် “ဘာတွေ မအောင့်နိုင်နေတာလဲ မင်း တစ်ယူသန်တာက လည်း မင်းအဖေအတိုင်းပဲ”

“ကျွန်မက အဖေအမေတို့ရဲ့ သမီးပဲ တူမှာပေါ့” ရှီမာယူယူ ပြောလိုက် သည် “ဦးလေးလွီဖန် ထပ်ပြီးတော့ မလှည့်ပတ်နဲ့တော့ အဲတုန်းက ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ဦးလေးသိတယ် အဲတုန်းက ကျွန်မမှမရှိတာ ဘာကိုပဲ သိလာ သိလာ အဲဒါက ကျွန်မရဲ့ စိတ်ကိုမလွှမ်းမိုးနိုင်ဘူး”

သူမသည် ဒွန့်ကိုနားလည်မှုအောင်မြင်ခဲ့သည်။ ပြင်းထန်သော ပျက်စီး မှုကို မတွေ့မချင်း သူမ၏ ခြေလှမ်းများရပ်တန့်သွားမည်မဟုတ်ပေ။ သူမ ပျက်ပြားသွားမည်မဟုတ်ပေ။

“မင်း… ဟူး…”  ရှီမာလွီဖန်သည် ထပ်ပြီးသက်ပြင်းချပြန်သည်။ “မင်း ပြောတာမှန်တယ် အဲတုန်းက ဘာတွေဖြစ်ခဲ့လဲ နောက်ဆုံးမှာသိလာမှာပါပဲ အဖြေကို စိတ်အားထက်သန်ပြီးရှာနေမှတော့ ငါပြောနိုင်ပါတယ် အနည်းဆုံး တော့ မင်းငါ့ကိုနှောင့်ယှက်တာရပ်သွားလိမ့်မယ်”

“အစကတည်းက ဒီလိုဖြစ်သင့်တာ” ရှီမာယူယူ ပြောလိုက်သည်။

“တကယ်တော့ အဲတုန်းက မင်းအဖေနဲ့ အမေတို့အဖြစ်အပျက်ကို ငါ အများကြီးမသိဘူး သူတို့က အမြဲတမ်းအပြင်မှာရှိတတ်လို့လေ မင်းအဖေဆီ ကတချိုု့အကြောင်းအရာတွေပဲသိခဲ့တာ” ရှီမာလွီဖန် ပြောလိုက်သည် “သူ ပြောသလောက်ဆိုရင် အဲနှစ်က သူက အပြင်ဘက်မှာ လောကထဲမှာ လည်ပတ်နေခဲ့တာ…”

***

All Chapters