← Chapters

အဖေနှင့်အမေ၏ အတိတ်

Vol. 85 Ch. 1185

အဖေနှင့်အမေ၏ အတိတ်

Vol. 85 Ch. 1185

ရှီမာယူယူသည် သူမ မိဘ၏အတိတ်အကြောင်း ရှီမာလွီဖန် ပြောသည် ကိုကြားသောအခါ ဇာတ်လမ်းအနိမ့်အမြင့်ရောက်တိုင်းတွင် ခံစားချက်များ ရောထွေးကာ တုန်လှုပ်မိသည်။ ခံစားချက်အများသည် သူတို့နှင့် လိုက်ပျော် လိုက် ဝမ်းနည်းလိုက်နှင့် ထင်သာမြင်သာရှိလှသည်။

“အဲနှစ်က မင်းအဖေနဲ့ မင်းဆရာနဲ့က ဖန်ကျိရှင်းရဲ့ အသားအက်မှု ကြောင့် ခရီးထွက်ခဲ့ကြတယ် သူတို့က အနောက်ဘက် လျန်ကိုခရီးထွက်သွား တယ်လို့ပြောကြတယ် အဲနေရာက နတ်ဆိုးမျိုးနွယ်နေတဲ့ နယ်မြေဆိုတာ လည်း မင်းသိတယ်မလား သွေးလွှမ်းဂူလောက်နာမည်မကြီးပေမဲ့ ဘယ်သူမှ အဲမှာကြာကြာမနေနိုင်ဘူး ဒါပေမဲ့ အဲဒီနတ်ဆိုးမျိုးနွယ်တွေက သန်မာကြ တယ်”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမ ထိုနေရာကိုသိသည်။ သူမ၏ ရှီမန်မျိုးနွယ်ဝင်များ ထိုနေရာသို့သွားဖူးကာ သူတို့သည် ကံမကောင်းစွာဖြင့် နတ်ဆိုးမျိုးနွယ်နှင့်တွေ့ခဲ့ပြီး ကိုယ်ရံတော်များနှင့် ရှီမန်မျိုးနွယ်မှ လူများကို သတ်ခဲ့သည်။ ထို့ကြောင့် ရှီမန်မျိုးနွယ်မှလူတိုင်းသည် ထိုနေရာအားသိကြ သည်။

“အဲနှစ်က မင်းမိဘတွေက အဲဒီကိုသွားပြီး နတ်ဆိုးမျိုးနွယ်တိုက်ခိုက် တာခံခဲ့ရတယ် မင်းအမေလည်း အဲမှာရှိနေတာတော့ ကံတရားပဲ အဲကံကြောင့်ပဲ သူမက သူတို့နှစ်ယောက်လုံးကိုကယ်ခဲ့ပြီး တစ်ယောက်နဲ့ တစ်ယောက် သိခဲ့ကြတယ်” ရှီမာလွီဖန် ဆက်ပြောလေသည် “အဲနောက်မှာ တော့ နတ်ဆိုးမျိုးနွယ်တိုက်ခိုက်မှုအောက်မှာ သူတို့သုံးယောက် အပြင်းအထန်တိုက်ခိုက်ပြီး နောက်ဆုံးမှာလွတ်လာခဲ့ကြတယ် သူတို့က သေခြင်းရှင်ခြင်းကိုတွေ့ပြီးလို့လားတော့မသိ သူတို့သုံးယောက်ကြားက သံယောဇဉ်တွေ တွယ်လာကြတယ်”

ယွိခဲ့လော့နှင့် ရှီမာလွီရွှမ်တို့သည် ချစ်ခဲ့ကြသော်လည်း ဖန်ကျိရှင်းသည် ယွိခဲ့လော့ကို တစ်ဖက်သတ်ချစ်ခဲ့သည်။

ထို့နောက်တွင် သူတို့သည် တိုင်းပြည်ကိုဖြတ်ကာ ခရီးဆက်ကြရာ သူတို့၏ ဆက်ဆံရေးမှာပိုခိုင်မြဲလာခဲ့သည်။ ဖန်ကျိရှင်းသည် မမြင်ချင်သဖြင့် နှစ်နှစ်ကြာခရီးထွက်ပြီးနောက်တွင် တစ်ယောက်တည်းခရီးထွက်ရန် ဆုံးဖြတ် ခဲ့သည်။

“အဲနောက်တော့ မင်းအမေမှာ မင်းရှိလာတယ် ဒါပေမဲ့ သူတို့က သူတို့ မျိုးနွယ်ကိုမပြန်ခဲ့ကြဘူး ရှီမာမျိုးနွယ်ကလည်း တစ္ဆေမျိုးနွယ်ကလူကို ချွေးမ အဖြစ် လက်မခံဘူးလေ သူတို့ပြန်လာရင် မင်းကိုထိန်းသိမ်းထားနိုင်မှာ မဟုတ်ဘူး အဲဒါကြောင့် သူတို့က သီးခြားနေဖို့ဆုံးဖြတ်လိုက်ကြတယ်”

“သူတို့က သီးခြားနေမှတော့ ဒီကိစ္စတွေဘာလို့အကုန်ဖြစ်လာရတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“မင်းအဖေက မိန်းကလေးတော်တော်များများရဲ့ စိတ်ကူးယဉ်ချစ်သူ ဖြစ်တယ်ဆိုတာ သိလား သူ ခရီးသွားနေပေမဲ့ သူ့သတင်းတွေက အချိန်တိုင်း မှာပြန့်လာတယ်” ရှီမာလွီဖန် ဆက်ပြောလေသည် “အဲနောက်ကို ဝူရန်မျိုးနွယ်က သခင်မလေးက သူတို့နေရာကိုရှာတွေ့သွားတယ် သူတို့ကို သွားရှာတော့ တိုက်ခိုက်ရင်းနဲ့ မင်းအမေက တစ္ဆေမျိုးနွယ်ကဆိုတာကို သိသွားတယ်”

“အဲဒါနဲ့ သတင်းတွေ့ပြန့်သွားတော့ အင်အားစုတွေရဲ့ ဖိအားတွေက နေ ထွက်ပြေးခဲ့ကြတယ် မင်းမွေးပြီးတော့ သူတို့ကိုတွေ့သွားကြတယ်”

ရှီမာယူယူသည် ထိုမြင်ကွင်းကို ခန့်မှန်းမြင်ကြည့်သည်။ လူသားများ သည် တစ္ဆေမျိုးနွယ်ကိုဆန့်ကျင်ပြီး ဘက်လိုက်ခဲ့သည်ကို ထိုအရာများမှ ပြောနိုင်လေသည်။ လူသားနှင့် တစ္ဆေမျိုးနွယ်များ ချစ်ကျွမ်းဝင်သည်ကို သိပြီးနောက်တွင် လူများသည် သေချာပေါက်လိုက်ဖမ်းခဲ့ကြသည်။

ထို့အပြင် သူမ အဖေသည် လူအများ၏ ချစ်ခြင်းကိုခံခဲ့ရသဖြင့် လက်တွဲ ပူးပေါင်းမည့်သူမှာ များသည်။

ပြီးနောက် သူမမိခင်မွေးဖွားပြီးနောက်တွင် ခန္ဓာကိုယ်မှာ အားနည်းနေ သေးသည်။ အဖေသည် လူအများကြီးရှေ့တွင် သူတို့နှစ်ယောက်ကို ကာကွယ်ရမည်မှာ မဖြစ်နိုင်ပေ။

ရှီမာလွီဖန်သည် ထိုအချိန်က မြင်ကွင်းကိုပြန်တွေးပြီး တုန်လှုပ်မိသည်။

“အဲအပြင်ဘက်က အင်အားစုတွေက အမြဲတမ်းငါတို့်ကို မျက်စိဒေါက် ထောက်ကြည့်နေတာသိတယ်မလား ထာဝရရှင်သန်သူနယ်မြေက ငါတို့ အမွေတွေကို မက်မောပြီး ရှေးဟောင်းစစ်မြေပြင်အခြေအနေကိုသိချင်နေကြ တာ” ရှီမာလွီဖန်သည် မုန်းတီးစွာပြောလေသည် “ထာဝရရှင်သန်သူနယ်မြေ ရဲ့ သတင်းကဒီပြီးခဲ့တဲ့နှစ်ပိုင်းတွေကမှ ပြန့်သွားတာ ဒါပေမဲ့ အဲအချိန်မှာ အတွင်းပိုင်းဒေသက အင်အစားစုတော်တော်များများက ထာဝရရှင်သန်သူ နယ်မြေသတင်းရပြီးနေပြီ အဲဒါကြောင့် အများစုက ဝင်ပါပြီးသူတို့ကို တိုက်ခိုက်ခဲ့ကြတယ် အင်း သူတို့စကားနဲ့ပြောရမယ်ဆိုရင် မျိုးနွယ်မတူရင် သတ်ပစ်ရမယ်ပေါ့”

ရှီမာယူယူသည် လက်သီးဆုပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ သူမ နှလုံးသားသည် နာကျင်စပြုလာပြီး အမုန်းတရားများပေါ်လာသည်နှင့် အမျှ သူမ၏ အမူအရာသည် မှုန်မှိုင်းလာခဲ့သည်။

သူမ မျက်လုံးများမှိတ်ပြီး အသက်ပြင်းပြင်းရှုကာ စိတ်ငြိမ်အောင် ကြိုးစားပြီး ပြောလိုက်သည် “နောက်တော့ဘာဖြစ်သွားလဲ”

“လွီယွင်နဲ့ ငါ သတင်းရတဲ့အချိန်ကို သူတို့ထွက်ပြေးနိုင်ဖို့အတွက် သတင်းမှားကို တိတ်တဆိတ်လွှင့်ခဲ့ကြတယ် ဒါပေမဲ့ ဘာလို့မှန်းမသိ သူတို့ ထွက်မပြေးခဲ့ကြဘူး ငါတို့်ရောက်တဲ့အချိန်မှာ သူတို့နှစ်ယောက်လုံး အားနည်း နေကြပြီး တိုက်ခိုက်နိုင်တဲ့စွမ်းအင်မရှိကြတော့ဘူး တိုက်ခိုက်လာတဲ့သူတွေ ကို ရင်ဆိုင်မဲ့အချိန်မှာ သူတို့မှာ ဘာတိုက်ခိုက်နိုင်စွမ်းမှမရှိတော့ဘူး” ရှီမာလွီဖန် ပြောလိုက်သည်။

“ဒေါ်လေးရဲ့ အဆိပ်တစ်ရာက အစွမ်းမပြတော့ဘဲ ဝမ်းကွဲညီမကို မွေးပြီးတော့ကို တိုက်ခိုက်နိုင်သေးတယ်ပေါ့” ဒိကျဲ့ ဆက်ပြောလေသည် “ဘယ်လိုလုပ် သူတို့အဲလိုဖြစ်သွားကြတာလဲ”

ရှီမာလွီဖန် မျက်တောင်ခတ်လေသည် “ငါလည်းမသိဘူး ငါတို့ရောက် တော့ သူတို့ကအဲလိုဖြစ်နေကြပြီ နှစ်ယောက်လုံးအတူတူပဲ ဝိညာဉ်စွမ်းအင် တွေကုန်ခမ်းနေပြီ အဲလူတွေသတ်တာတောင်ခံရတော့မလို့”

သူတို့နှစ်ယောက်မသိလိုက်သည်မှာ ဘေးတွင်ရှိနေသော ရှီမာယူယူ သည် မျက်ရည်များမထိန်းချုပ်နိုင်ဘဲ တစ်စက်ချင်းစီသည် သူမ အင်္ကျိပေါ်သို့ ကျလေသည်။

အကြောင်းအရင်းကို သူတို့ မသိသော်လည်း ရှီမာယူယူ ခန့်မှန်းမိသည်။

သူမတွင် အံ့ဖွယ်နတ်ဆိုးခန္ဓာကိုယ်ရှိသည်ကို သိသွားသောအခါ အရေးပေါ်အခြေအနေဖြစ်သော်လည်း သူတို့၏စွမ်းအားကိုသုံးကာ သူမ ဘေးကင်းစွာ ကြီးပြင်းလာနိုင်ရန် သူမ၏ခန္ဓာကိုယ်ကို ချိပ်ပိတ်ပေးခဲ့ကြသည်။

သူတို့သည် ထိုလူအများကြီးကို အားအနည်းဆုံးအခြေအနေနှင့် တောင့်ခံခဲ့သည်။

သူမ မိဘများခံစားရခြင်းကြောင့် မျက်ရည်ကျသည်ဟု ရှီမာလွီဖန်နှင့် ဒိကျဲ့တို့ထင်နေကြသည်။

“ပူးပေါင်းပြီးတိုက်တယ်လို့ပြောတယ်မလား အဖေနဲ့ အမေနဲ့ပဲလေ ဘာလို့အဲလောက်လူအများကြီးကလာတိုက်တာလဲ”

“အဲဒီမှာ တစ္ဆေမျိုးနွယ်အများကြီးရှိပြီး တစ္ဆေမျိုးနွယ်နဲ့ ရှီမာမျိုးနွယ်က လက်တွဲလိုက်ပြီလို့ သတင်းရခဲ့ကြတယ် ဒါပေမဲ့ သူတို့မသိတာက သွားလိုက် တော့ သူတို့နှစ်ယောက်ပဲရှိခဲ့ကြတယ်” ရှီမာလွီဖန် ရှင်းပြလေသည်။

“ဒါဆိုရင် အဲဒါတွေကြားမှာ ဘယ်လိုလုပ်ထွက်လာနိုင်တာလဲ”

“ရှီမာမျိုးနွယ်က တစ္ဆေမျိုးနွယ်နဲ့ ပူးပေါင်းတယ်လို့ပြောပြီး အဲလူတွေက သူတို့နှစ်ယောက်ကိုသတ်မယ်လို့ပြောကြတယ် အင်အားစုအများကြီးကို ရင်ဆိုင်ရတော့ သူတို့လည်းမကာကွယ်ရဲကြဘူး” ရှီမာလွီဖန် ဆက်ပြောလေ သည်။ “မင်းအဖေကို လေးစားတဲ့မိန်းကလေးတွေက မင်းအမေကို သတ်ချင် ကြတယ် ဒါပေမဲ့ နောက်ဆုံးအချိန်မှာ တစ္ဆေဘုရင်က ကယ်လိုက်တယ်”

“တစ္ဆေဘုရင်ဟုတ်လား အဘိုးကလား” ရှီမာယူယူသည် သံသယဖြင့် မေးလေသည်။

“ဟုတ်တယ် မင်းအမေက သူ့ကိုတစ္ဆေဘုရင်လို့ ခေါ်တယ်လို့ ကြား လိုက်တယ်” ရှီမာလွီဖန် ပြောလိုက်သည်။

ရှီမာယူယူ အံ့သြသွားသည်ဟု ပြောရလျှင် ဒိကျဲ့သည် မူးဝေသွားသည် ဟု အမည်တပ်ရမည်။ တစ္ဆေဘုရင်က သူကိုယ်တိုင်လူသားလောကကို ရောက်လာတာလား။

ရှီမာလွီဖန်သည် သူတို့နှစ်ယောက်၏ အမူအရာကို သတိမထားမိဘဲ တဲအပြင်ဘက်ကိုကြည့်ကာ ဆက်ပြောလေသည် “မင်းအမေသတင်းက တစ္ဆေလောကကိုရောက်သွားတာဖြစ်မယ် ဒါပေမဲ့ တစ္ဆေဘုရင်ကလူတစ်စုကို ခေါ်ပြီးအမြန်ရောက်လာခဲ့တယ် ညှိနှိုင်းပြီးတဲ့နောက်တော့ သူတို့က မင်းအမေကိုခေါ်သွားခဲ့ကြတယ်”

“ဒါဆို အဖေကရော သူတို့က အဖေ့ကိုလွှတ်ပေးလား” ရှီမာယူယူ မေးလိုက်သည်။

“အစတုန်းကတော့ သူတို့က မင်းအဖေကို အပြစ်ပေးချင်ကြတယ် သူတို့ကမျိုးနွယ်ခေါင်းဆောင်ကို နှစ်ယောက်လုံးကို ဖြေရှင်းပေးဖို့ပြောကြ တယ် အဲအချိန်တုန်းက မင်းအဖေက အရိုက်ခံရတာ နောက်ဆုံးထွက်သက် လောက်ပဲကျန်တော့တယ်” ရှီမာလွီဖန် ဆက်ပြောလေသည် “သူ့ကို မနာလို တဲ့အဲလူတွေကတော့ သူတို့ကိုသတ်ဖို့ပဲမျှော်လင့်နေကြတယ် မင်းက တစ္ဆေနဲ့ လူသားမျိုးနွယ်ကြားက နတ်ဆိုးအသီးလို့တောင် သူတို့ကပြောကြတာ မင်းကို လည်းအတူသတ်ပစ်ချင်ကြတယ် တောင်းပန်ပါတယ် ဦးလေးလွီယွင်နဲ့ ငါနဲ့က မင်းတို့သားအဖနှစ်ယောက်လုံးကို မကာကွယ်နိုင်ဘူး”

“ဦးလေးတောင်းပန်ဖို့မလိုပါဘူး ကျွန်မယိယွင်ဆီက ကြားခဲ့တယ် ဦးလေးနဲ့ ဦးလေးလွီယွင်တို့ပြန်လာတော့ ဒဏ်ရာအပြည့်နဲ့ပြန်လာကြတာတဲ့” ရှီမာယူယူ ဆက်ပြောလေသည် “ဘာတွေဖြစ်ခဲ့လဲဆိုတာ သူတို့မသိပေမဲ့ ကျွန်မသိတယ်ထင်တယ်”

“အဲလူတွေက ဝမ်းကွဲညီမကိုသတ်ချင်ကြတာ ဘယ်လိုလုပ် အသက်ရှင် နိုင်တာလဲ” ဒိကျဲ့သည် ဘေးမှမေးလေသည်။

“ပြောရင်းနဲ့ ဒီအကြောင်းနဲ့ပတ်သတ်ပြီး ယူယူ မင်း အပြင်ထွက်ရင် ရင်လင်းကိုကျေးဇူးတင်ရမယ် သူရောက်လာပြီး မင်းနဲ့ မင်းအဖေကို ကယ်ခဲ့ တာပဲ”

“ရင်လင်းလား”

***

All Chapters