ဖခင်ထားခဲ့သော မြေပုံ
Vol. 85 Ch. 1186
“ရင်လင်း သူလည်း အဲမှာရှိတာလား” ရှီမာယူယူ မေးလိုက်သည်။
“အစတုန်းကတော့ မလာခဲ့ဘူး အဲလူတွေမင်းကို သတ်မယ်လုပ်တော့ ရောက်လာခဲ့တယ်” ရှီမာလွီဖန် ဆက်ပြောလေသည် “သူရောက်လာတဲ့ အတွက် အကုန်လုံးရပ်သွားပြီး သူက မင်းဆီကိုတည့်တည့်သွားပြီး မင်းကိုချီ လိုက်ပြီး လိမ္မာလိုက်တဲ့ကလေး သူမကို မင်းတို့လွှတ်ပေးရင် ငြိမ်းချမ်းမှုယူ လာပေးမယ်လို့ ပြောလိုက်တယ်”
“အဲလူတွေက သဘောတူလိုက်ရောလား” ဒိကျဲ့ မေးလိုက်သည်။
“ဒါပေါ့” ရှီမာလွီဖန် ဆက်ပြောလေသည် “လူသားလောကမှာ ရင်လင်း ရဲ့ ရာထူးကိုမသိဘူးလား ဘယ်အင်အားစုမှ သူ့ကိုမဆန့်ကျင်ရဲဘူး ဘယ်သူ မှလည်း သူ့စကားကို မနာခံဘဲ မနေရဲဘူး”
“သြော် သူက ကျွန်မ ငယ်ငယ်တုန်းကကယ်လိုက်တာပဲ” ရှီမာယူယူ ရေရွတ်လိုက်သည်။
ထာဝရရှင်သန်သူနယ်မြေရှေ့တွင် သူ့ကို တွေ့သည်မှာ ပထမဆုံး အကြိမ်ဟု သူမ အမြဲထင်ခဲ့သည်။ သူမ အသက်ကို ကယ်ခဲ့သည့်သူဟု ထင် မထားပေ။
“ရင်လင်းက များသောအားဖြင့် တိကျတယ် အဲလူတွေက အနာဂတ်မှာ မင်းဘာဖြစ်မယ်ဆိုတာကို မသိပေမဲ့ သူတို့သဘောထားတော့ ပြောင်းသွားကြ တယ် ဒါပေမဲ့ သူတို့ထဲက တချို့က မင်းကိုတကယ်မသတ်ချင်ကြဘူး ပြီးတော့ ဂမ္ဘီရပညာရှင်တွေက မင်းနဲ့ မင်းအဖေကိုခေါ်သွားကြတယ် အဲဒါနဲ့ ဒီကိစ္စကငြိမ်သွားတာပဲ လနည်းနည်းကြာတော့ မင်းအဖေက မင်းကို မျိုးနွယ်ကို ပြန်ခေါ်လာတယ် ဒါပေမဲ့ မကြာလိုက်ဘူး သူ မင်းကိုပြန်ခေါ်သွား ပြန်တယ် ပြီးတော့ သူပျောက်သွားတာပဲ သြော် ဟုတ်သားပဲ မင်းနာမည်ကို ရင်လင်းက ပေးထားတာ”
ရှီမာယူယူ ငေးငိုင်သွားရသည်။ သူမ နာမည်သည် အမှန်တကယ်ပင် သူပေးထားသည်ဆိုလျှင် ရှီမာယူယူ… ရှီမန်ယူယူ… နှစ်ယောက်လုံးက တစ်ယောက်တည်းဖြစ်တာကို သူ သိထားတာပဲ။
“သူ ဘာတွေသိသေးတာလဲ” သူမ မေးလိုက်သည်။
“အဲဒါ ငါတို့သိတာအကုန်ပဲ” ရှီမာလွီဖန် ဆက်ပြောလေသည် “အဲ အင်အားစုတွေက မျိုးနွယ်ကို ပြဿနာရှာတုန်းပဲ ဒါပေမဲ့ လွီယွင်နဲ့ ငါက ဒဏ်ရာရထားလို့ သူတို့နဲ့မဆက်သွယ်ဘူး ပြီးတာနဲ့ မျိုးနွယ်က ဒါတွေကို ဖုံးထားလိုက်ကြတော့တယ် မျိုးနွယ်ဝင်တွေ ဆွေးနွေးတာကိုလည်း တင်းကြပ် ထားတယ် အဲဒါကြောင့် ငါတို့အဲနောက်ပိုင်းကို မသိတော့ဘူး မင်းအဖေ ပြန် လာတော့ လွီယွင်နဲ့ ငါက မရှိကြဘူး ဒါပေမဲ့ ငါတို့ပြန်ရောက်သွားတော့ သူ မရှိတော့ဘူး”
သူ ပြောသည်များကို ကြားပြီးနောက်တွင် ရှီမာယူယူ နှုတ်ဆိတ်သွား လေသည်။
“အဲလူတွေ….” သူမ မျက်လုံးများကို အန္တရာယ်များစွာ ကျဉ်းမြောင်း လိုက်သည်။ ထိုလူများသည် သူမ မိဘများ သေတွင်းပေါက်သို့ ရောက်ခါနီးနီး ဖြစ်အောင် တွန်းပို့ပေးခဲ့သည်။ သူမ သူတို့ကို ကျေးဇူးတင်သင့်သည်။
ရှီမာလွီဖန် ထိုအကြောင်းများပြောပြီးသော် အနည်းငယ်အခြေအနေ ပိုဆိုးလာသည်ကို မြင်လိုက်သည်။ သူ ပင်ပန်းနေသဖြင့် သူမသည် အင်အားစု များ၏ အမည်များကို ထပ်မမေးတော့ပေ။ သူ နေပြန်ကောင်းလာမှ မေးလျှင် ပိုကောင်းမည်။
သူမ ထပြီးခုံသိမ်းကာ ပြောလိုက်သည် “နားနေလိုက်ကြဦး ၃ ရက်ကြာ ရင် ကောင်းသွားမှာပါ”
သူမ တဲထဲမှထွက်သွားရာ ကျန်ခဲ့သည့်နှစ်ယောက်သည် သုံးရက်လုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေရတော့သည်။
ရှီမာယူယူသည် ထွက်သွားပြီးနောက်တွင် လောကအသေးသို့သွားကာ လောကအသေးမှဝိညာဉ်စေတီသို့သွားခဲ့သည်။
တစ္ဆေသခင်ရှိနေသဖြင့် သူမသည် မစွန့်စားချင်ပေ။
သူမသည် အရင်တစ်ခါကကဲ့သို့ ကလေးဆန်စွာ ပန်းပွင့်ခြွေမနေသည့် ဝူလင်းယူအား တွေ့လိုက်သည်။ ထိုအစား သူသည် ခုံတန်းရှည်ပေါ်တွင် ယန္တရားစာအုပ်ကို လေ့လာနေသည်။
သူမ မျက်လုံးများနီရဲရင်း ဝင်လာသည်ကို မြင်သောအခါ ထပြီး သူမကို သူ့ဘေးသို့ဆွဲကာ မေးလေသည် “ဘာလို့ငိုနေတာလဲ”
ရှီမာယူယူသည် သူ့ပခုံးပေါ်ခေါင်းမှီကာ ပြောလိုက်သည် “အခု ဦးလေးလွီဖန်ဆီက အဖေနဲ့အမေ အကြောင်းကြားခဲ့တော့ မထိန်းချုပ်နိုင်ဘူး”
ဝူလင်းယူသည် သူမအား ဖက်ပြီးပြောလိုက်သည် “အရင်ကကိစ္စတွေ ကြောင့်နဲ့ ဝမ်းနည်းမနေပါနဲ့ ကိုယ်တို့ သူတို့ကိုရှာတွေ့ရင် အဆင်ပြေသွားမှာ ပါ”
“အင်း” ရှီမာယူယူသည် နှာရှိုက်သံဖြင့် ပြန်ဖြေလေသည်။
ထိုသို့ဆိုလျှင်တောင် ထိုခံစားချက်များသည် သူမ ထိန်းချုပ်နိုင်သည့် အရာမဟုတ်ဘူး။
ဝူလင်းယူသည် သည်တစ်ခေါက်တွင် သူမကို မစနောက်တော့ဘဲ တိတ်တဆိတ် အဖော်ပြုပေးရင်း ရှီမာလွီဖန် ပြောပြခဲ့သည့်အကြောင်းများကို နားထောင်ပေးနေလေသည်။
“သြော ဟုတ်သားပဲ” ရှီမာယူယူသည် ပြောရင်းနှင့် သူ့ပခုံးပေါ်မှ ထခုန် လေသည်။ “အရင်တုန်းက အဖေက သေတ္တာတစ်လုံးထားခဲ့သေးတယ် အဲမှာ မကြည့်ရသေးတာရှိတယ်”
သူမသည် သေတ္တာထုတ်ပြီး ကြည့်ရာ လုံးဝပင် ကွဲပြားသည့်ခံစားချက် ဖြစ်နေသည်။
အစပိုင်း သူမ သေတ္တာကိုမြင်သောအခါ သာမန်ကာလျှံကာထားခဲ့သည် ဟုထင်ခဲ့သည်။ သို့သော် အခုနောက်တစ်ကြိမ်ပြန်ကြည့်ရတာတွင် ဖခင်၏ အချစ်ကို တဖြည်းဖြည်းခံစားလာရသည်။
ထိုသေတ္တာသည် လင်းလုံသေတ္တာလောက် မရှားပါးသော်လည်း သူမ စိတ်ထဲတွင် ပို၍တန်ဖိုးရှိသည်။
“ဒီသေတ္တာထုတ်တာ တစ်ခါမှမမြင်ဖူးပါဘူး” ဝူလင်းယူ ပြောလိုက် သည်။
“အဲတုန်းက အဖေက မျိုးနွယ်ရဲ့ လက်စွပ်ထဲထည့်ထားတဲ့တာ ဝိညာဉ် လေး မြေပုံနဲ့ စာတစ်စောင်ထားခဲ့တယ်” ရှီမာယူယူသည် သေတ္တာဖွင့်ကြည့် ရာ စာနှင့် မြေပုံသည် အထဲတွင်ရှိနေတုန်းပင်။
သူမ စာထုတ်ပြီး နောက်တစ်ကြိမ်ဖတ်ကြည့်ရာ သူမ မျက်ရည်များ သည် မထိန်းနိုင်တော့ဘဲ ကျလာလေသည်။
“အဖေ အမေ မစိုးရိမ်ပါနဲ့ သမီးသေချာပေါက် ရှာပါမယ် သမီးတို့ မိသားစု သေချာပေါက် ပြန်စုံရမယ်”
ဝူလင်းယူသည် အထဲမှစာရွက်ကိုထုတ်ပြီး ကြည့်ကာ ပြောလိုက်သည် “ဒါက ရှေးဟောင်း သင်္ချိုင်းဂူ”
ရှီမာယူယူသည် မျက်ရည်များသုပ်ကာ ဝင်ပြီးပြောလေသည် “ဒီဖန်ရွှီရဲ့ နေရာကိုကြည့်ရတာ ရှေးဟောင်းသင်္ချိုင်းနဲ့ တကယ်တူတယ် ဒါပေမဲ့ ဘယ်မှာလဲဆိုတာ အဖေမပြောခဲ့ဘူး အခုပြန်ထုတ်ကြည်တော့ တစ်ခုခု ထူးဆန်းနေသလိုပဲ ကြည့်ရတာ တစ်ခုခုတော့ရှိနေပုံပဲ”
“ဘာကထူးဆန်းနေတာလဲ” ဝူလင်းယူ မေးခွန်းထုတ်လေသည်။
ရှီမာယူယူသည် စာဖွင့်ပြီး ပြောလိုက်သည် “စာလုံးတွေမှာ ပြောင်းလဲ နေတာ နည်းနည်းရှိတယ် တခြားဟာတွေနဲ့မတူဘူး ကြည့်လိုက်”
ဝူလင်းယူ ကြည့်လိုက်သည်။ တချို့စာလုံးများသည် အမှန်တကယ်ပင် မတူပေ။
“အချစ် ကောင်းကင်ဘုံ တောင်ရိုး” ရှီမာယူယူ ဆက်ပြောလေသည် “ဒီစာလုံးသုံးလုံးက ညာဘက်ကိုစောင်းပြီး ကောက်သွားတယ် ဒါပေမဲ့ တခြား စာလုံးတွေက အဲလိုမဟုတ်ဘူး”
“အမှန်ပဲ အချစ် ကောင်းကင်ဘုံ တောင်ရိုး အဲဒါက ကောင်းကင်ဘုံ အချစ်တောင်ရိုးနယ်မြေများလား” ဝူလင်းယူ ပြောလိုက်သည်။
“ကောင်းကင်ဘုံအချစ်တောင်ရိုး နယ်မြေလား အဲဒါက ခရိုင်မဟုတ် လား” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်တယ် အတွင်းပိုင်းဒေသမှာ” ဝူလင်းယူ ဆက်ပြောလေသည် “ဒီ မြေပုံက ကောင်းကင်ဘုံအချစ်တောင်ရိုးရဲ့ အစိတ်အပိုင်းလား”
“ကောင်းကင်ဘုံအချစ်တောင်ရိုးနယ်မြေမှာ တစ်ယောက်ယောက်ရဲ့ ရှေးဟောင်းသင်္ချိုင်းရှိလား” ရှီမာယူယူ မေးလိုက်သည်။
ဝူလင်းယူ စဉ်းစားပြီး ပြောလိုက်သည် “အဲဒီမှာ ဧကရာဇ်ရဲ့ သင်္ချိုင်းရှိ တယ်လို့ ကြားဖူးတယ် ဒါပေမဲ့ ဘယ်သူမှရှာမတွေ့ဘူး အဲဒီဧကရာဇ်ရဲ့ ရှေးဟောင်းသင်္ချိုင်းများလား”
“ဧကရာဇ်က မသေခင်ကို မြေပုံဆွဲပြီး တခြားသူဆီကိုပေးပြီး လာခဲ့ ငါ့ သင်္ချိုင်းကဒီမှာရှိတယ် ငါ့သင်္ချိုင်းကို လာတူးပါလို့တော့ မပြောဘူး” ရှီမာယူယူ ပြောလိုက်သည်။
“မဖြစ်နိုင်တာတော့ မဟုတ်ဘူး” ဝူလင်းယူ ဆက်ပြောလိုက်သည် “ဒါပေမဲ့ တစ်ယောက်ယောက်က ဝင်ပြီး ဒီမြေပုံကိုထုတ်လာတာဖြစ်မယ်”
“မြေပုံကိုထပ်ကြည့်ဦးမယ်” ရှီမာယူယူ ဆက်ပြောလေသည် “မဟုတ် ဘူး ဒီစာရွက်က ရှေးကျပြီး ောင်းတယ် ဒါပေမဲ့ မင်ရည်ကတော့ မကြာသေး ဘူး အဖေကများ ဒီမြေပုံကိုချန်ထားခဲ့တာလား သူတို့ သီးခြားနေတုန်းက အဲဒီ ရှေးဟောင်းသင်္ချိုင်းမှာနေခဲ့တာလား”
“မဟုတ်လောက်ပါဘူး” ဝူလင်းယူ ဆက်ပြောလေသည် “မင်းမိဘတွေ နောက်ကို လိုက်ခဲ့တဲ့ အင်အားစုတွေများတယ်လို့ ပြောတယ်မလား သူတို့ တကယ်ပဲ ရှေးဟောင်းသင်္ချိုင်းမှာနေခဲ့တယ်ဆိုရင် ဘယ်သူမှ မတွေ့တာ မဖြစ်နိုင်ဘူး ဒီလောက်လူများတာ ဒီလိုသတင်းမျိုးကို ဖုံးထားလို့မရဘူး ဒါပေမဲ့ အဲလိုသတင်းကို မကြားဖူးဘူး”
“အဲဒီမှာမဟုတ်တာလား” ရှီမာယူယူသည် စာရွက်ထုတ်ပြီး ကြည့်လိုက် ပြသည်။ သို့သော် မည်သည့်သဲလွန်စမှမတွေ့ပေ။ “အဖေ အဖေ ဘာလို့ ဒီလောက်လျှို့ဝှက်နေတာလဲ စာထဲမှာ တည့်တိုးပြောလိုက်ရင်ရပြီကို”
“သူ အဲဒီမှာတစ်ခုခုထားခဲ့တယ်ထင်တယ်” ဝူလင်းယူ ဆက်ပြောလေ သည် “ဒီလိုလေ တခြားသူတွေ ဒါကိုရရင်လည်း ဘယ်နေရာလဲဆိုတာ မသိနိုင်ဘူး”
“ညီမသိတယ်လေ ဒါပေမဲ့ ညီမတို့လည်း အဲနေရာကို မသိနိုင်ဘူးလေ”
***