← Chapters

လေဟာပြင်စီးဆင်းမှုထဲ မျောပါသွားခြင်း

Vol. 85 Ch. 1187

လေဟာပြင်စီးဆင်းမှုထဲ မျောပါသွားခြင်း

Vol. 85 Ch. 1187

သူတို့နှစ်ယောက်သည် ခဏကြာအောင် လေ့လာပြီးနောက် ဝူလင်းယူ သည် သဲလွန်စတွေ့လေသည်။ “ဒါက ကောင်းကင်ဘုံအချစ်တောင်ရိုးမဟုတ် ဘူးဆိုရင် ကောင်းကင်ရိတ်တောင်ရိုးပဲ” ဝူလင်းယူ ဆက်ပြောလေသည် “တောင်ရိုးနှစ်ခုလုံးက မဝေးကြဘူး အဲတောင်နှစ်ခုကြားမှာ တောင်တန်း တစ်ခုရှိပြီး အဲဝိညာဉ်နယ်မြေနှစ်ခုလုံးကို ပိုင်းခြားထားတယ် အဲတောင်ရဲ့ ပုံပန်းသဏ္ဍာန်ကထူးခြားတယ် ကိုယ်တို့အတွက် မှတ်တိုင်ပဲ”

“ကောင်းကင်ဘုံအချစ်တောင်ရိုး ကောင်းကင်ရိတ်တော်ရုံ ညီမတို့ အဲရောက်တဲ့အခါမှ သိမယ်ထင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆိုလည်း အဲအချိန်မှပြောကြတာပေါ့ အခုတော့ အများကြီးမစဉ်းစား နဲ့တော့” ဝူလင်းယူ ပြောလိုက်သည်။

“အင်း”

ရှီမာယူယူသည် ဝိညာဉ်စေတီအတွင်းတွင် ခဏကြာအောင်နေပြီး စိတ်ငြိမ်သွားသည့်အချိန်တွင် ပြန်ထွက်လာလေသည်။

အတိတ်ကဖြစ်ရပ်များတွင် ပါဝင်ခဲ့သည့်သူများကို မည်သို့ပင် အကြောင်းပြချက်ကောင်းကောင်းပေးစေကာမူ သူမ သေချာပေါက် ရှာရမည်။

သူတို့သည် လူအိုကြီးနှင့် လူငယ်လေးကို အနိုင်ကျင့်ခဲ့သည်။ ထိုလူများသည် အလွန်အားကောင်းသော်လည်း သူမ ထိပ်တန်း ရောက်သည့် တစ်ရက်တွင် သူတို့လုပ်ခဲ့သည့်အတိုင်း သေချာပေါက် ပြန်ဆပ်ခိုင်းမည်။

သူမ ပြန်လာပြီးနောက်တွင် ဒိကျဲ့နှင့် တခြားသူများကို သွားရှာလေ သည်။ သူတို့နှစ်ယောက်လုံးသည် အရွယ်ရောက်ပြီးလူများဖြစ်သော်လည်း ထိုအချိန်အတွင်းတွင် တစ်ယောက်နှင့်တစ်ယောက် အပြစ်တင်နေသည်။ သူတို့သည် ထိုအကြောင်းကြောင့်ပင် ဒေါသထွက်ကာ ကိုက်နေကြသည်။

“ဒီအချိန်အတွင်းကို သူတို့ဒီအတိုင်းပဲလား” ရှီမာယူယူသည် အပြင်တွင် စောင့်နေသော ဒိလျူကိုမေးလိုက်သည်။

“ဟုတ်တယ် သခင်မလေး သခင်မလေးထွက်သွားပြီးတော့ အချိန် တစ်ဝက်လောက်ကိုဒီလိုဖြစ်နေတာ” ဒိကျူ ပြောလေသည်။

သူ့ဆရာသည် ထိုမျှလောက် စကားများများပြောတတ်သူဖြစ်မည်ဟု သူ မထင်ထားပေ။

ရှီမာယူယူသည် ခေါင်းရမ်းပြီး လိုက်ကာဆွဲဖယ်ကာ ဝင်သွားလိုက် သည်။

“ယူယူ မင်းတို့ကို တစ်ခုခုလုပ်ထားတာလား ဘာလို့ အင်အားတစ်ခုမှ ပြန်မရသေးတာလဲ” ရှီမာလွီဖန်သည် သူမ ဝင်လာသည်ကိုမြင်သည်နှင့် မေး လေသည်။

ရှီမာယူယူသည် သူတို့နှစ်ယောက်ဆီသို့သွားကာ အခြေအနေကို စမ်းသပ်လိုက်သည်။

“ဝမ်းကွဲညီမ ငါတို့ခန္ဓာကိုယ်က ပြန်ကောင်းလာပြီလို့ ခံစားနေရတာကို ဘာလို့ အားမရှိဘူးလို့ခံစားနေရသေးတာလဲ” ဒိကျဲ့ မေးလိုက်သည်။

“ကျွန်မ နှစ်ယောက်လုံးကို အဆိပ်ခတ်ထားတာ” ရှီမာယူယူ ပြောလိုက် သည်။

ဘာလဲ။

နှစ်ယောက်လုံးသည် တစ်ချိန်တည်းမှာ မှင်တက်သွားကြလေသည်။

“ဘာတွေ အံ့သြနေတာလဲ” ရှီမာယူယူ ဆက်ပြောလေသည် “ရှင်တို့ နှစ် ယောက်လုံးကိုကျွေးလိုက်တဲ့ဆေးက အားနည်းအောင်လုပ်တဲ့ဆေးပဲ မစိုးရိမ် ပါနဲ့ ဒီအဆိပ်က သုံးရက် နောက်ဆုံးပဲ အားပြန်ပြည့်လာရင် အဆိပ်လည်း ကုန်သွားလိမ့်မယ်”

“ဘာလို့လဲ” ရှီမာလွီဖန် မေးလိုက်သည်။

ရှီမာယူယူ သူ့ကိုကြည့်ပြီး ပြောလိုက်သည် “ရှင်တို့ကို ဒီမှာတိတ်တိတ် လေးမနေခိုင်းရင် ပြန်ကုစားရင်းနဲ့လည်း တိုက်ခိုက်နေမှာပဲ”

“…”

အမှန်ပင်…. သူမ ပြောသည်မှာမှန်သည်။

သူတို့သည် ပြီးခဲ့သည့်နှစ်ရက်တွင် တစ်ယောက်နှင့်တစ်ယောက် အပြစ်တင်ကာ အချိန်အများစုသည် ရန်ဖြစ်လုနီးပါးပင်။ သူတို့သာ လှုပ်ရှားနိုင်ပါက ဒဏ်ရာရသည်အထိ တိုက်ခိုက်ဦးမည်ဖြစ်သည်။

သူမသည် သူတို့ကို အမှန်တကယ်ပင် နားလည်သည်။

“နှစ်ယောက်လုံး ရန်ဖြစ်ပြီးသွားပြီဆိုတော့ ပြန်ကောင်းလာရင် ခရီးဆက်မယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဝမ်းကွဲအစ်ကို ကိုယ့် ရည်ရွယ်ချက်ကိုမမေ့ပါနဲ့”

“ဘာရည်ရွယ်ချက်လဲ” ရှီမာလွီဖန် မေးလေသည်။

“ဘာလို့ မင်းကိုပြောပြရမှာလဲ” ဒိကျဲ့ ပြောလိုက်သည်။

“သေလိုက် မင်းတို့နှစ်ယောက်မှာ လျှို့ဝှက်ချက်ရှိပြီး ငါ့ကိုမပြောချင်ဘူး ငါ့ကို လမ်းပြစေချင်သေးတာလား” ရှီမာလွီဖန် အော်လေသည်။

“ဒီအတိုင်းပဲလမ်းပြစမ်းပါ ငါတို့ကိစ္စကို ဝင်ပါပြီး ရန်မစနဲ့”

“မင်းကို မမေးဘူး ငါ ယူယူ့ကိုမေးနေတာ မင်းကို ဘယ်သူ ပြောလို့လဲ”

“မင်း… ငါ ယူယူ့ကိုမေးချင်ပေမဲ့ မေးလို့မရဘူးလေ မင်းက တိုက်ချင် တာလား”

“လာလေ တိုက်မယ် မင်းတို့မြောက်ပိုင်းက မမှတ်မိလောက်အောင် ငါ မင်းကိုရိုက်ပေးမယ်”

“မင်းကိုကျ မှတ်မိတော့မဲ့အတိုင်းပြောနေလိုက်တာ”

“….”

သူတို့နှစ်ယောက်လုံးသည် ထပ်မံဒေါသထွက်ကြလေသည်။ ရှီမာယူယူ သည် ဘေးတွင် ဆွံ့အမိသည်။ သူတို့ကို လျစ်လျူရှုပြီး လိုက်ကာဆွဲကာ ထွက်လာခဲ့လိုက်သည်။

တစ္ဆေမျိုးနွယ်ဝင်များသည် မလှုပ်ရဲကြပေ။ တချို့မှာ တဲကိုစောင့်ကြပ် နေပြီး တချို့မှာ အနီးအနားတွင် ရပ်နေကြသည်။

သူမသည် အဖွဲ့ထားခဲ့ကာ တောင်ကတုံးပေါ်သို့တက်ခဲ့လိုက်သည်။ အပင်မရှိ မြေသားများသည် ကြမ်းတမ်းပြီး တောင်ထိပ်တွင် ပြန့်ပြူးနေသည် မှာ အရင်အချိန်က မီးလောင်သွားခြင်းဖြစ်မည်။

သူမသည် တောင်ထိပ်တွင်ထိုင်ကာ တူးခြစ်နေသော မြေသားကိုကြည့် ပြီး ထိုစဉ်က တိုက်ပွဲသည် မည်မျှပြင်းထန်သောကြောင့် ယခုလိုဖြစ်သွားသည် ကိုတွေးကြည့်၍ရနေသည်။

“ဒီလောက်ကြီးတဲ့တိုက်ပွဲပဲ ကောင်းပြီ ဒါက အစွန်အဖျားပဲရှိသေးတယ် အထဲက မြင်ကွင်းက ဘယ်လိုများဖြစ်မလဲ ဘယ်သူတွေ တိုက်ခိုက်ခဲ့တာ ဖြစ်မလဲ လူသားနဲ့နတ်ဆိုးမျိုးနွယ် လူသားနဲ့တစ္ဆေမျိုးနွယ်လား မဟုတ်ရင် သုံးခုံလုံးတိုက်ခိုက်တာလား”

နောက်ဆုံးအဖြေကို မည်သူမှ မသိပေ။ သူတို့၏ အတွေးထဲတွင်သာ ရှိနေမည်။

သူမသည် တောင်ထိပ်တွင် တစ်ယောက်တည်း အချိန်အတန်ကြာ အောင်ထိုင်နေကာ အကြောင်းအရာများကို စဉ်းစားနေမိသည်။ အရင်ဘဝ၊ အရင့်အရင်ဘဝ ကမ္ဘာပေါ်တွင်ရှိနေသေးသော သူမ၏ မိဘများ အရင်ဘဝ ၏မိဘများ ယခုဘဝမိဘများအကြောင်းကို တွေးနေမိသည်။ သူတို့ကို သူမ အလွန်ချစ်သည်။

သူမ ကိုယ်တွင်းရှိ အမုန်းတရားများကို တွေးပြီး ရှိသမျှအမုန်များ အတွက် တစ်ခုချင်းစီ လက်စားချေရမည်။ သည်တစ်ခေါက် အပြင်ထွက်ရင် သူမ အရင်ဘဝရဲ့ အကြွေးတွေကို တစ်ခါတည်း ဆပ်ရတော့မှာလား။

ရုတ်တရက်ပင် လေထဲတွင် တစ်စုံတစ်ခုရွေ့လျားသွားသည်ကို ခံစားမိ ရာ သူမ အမူအရာသည် ပြောင်းသွားပြီး စခန်းချရာနေရာသို့ လျှပ်တပြက် ပြန်လိုက်သည်။

“မြန်မြန် အဝေးရောက်နေတဲ့သူတွေကို ပြန်လာခိုင်းလိုက်” ရှီမာယူယူ သည် ဒိလျိူကို အမိန့်ပေးလိုက်သည်။

“ဘာဖြစ်တာလဲ” ဒိလျူမေးလိုက်သည်။

“လေဟာပြင်စီးဆင်းမှုဖြစ်နေတယ် ငါတို့မြန်မြန်ပုန်းရမယ်” ရှီမာယူယူ ပြောလိုက်သ်ည။

လေဟာပြင် စီးဆင်းမှုဖြစ်သည်ဟု ဒိလျူနှင့်တခြားသူများကြား သောအခါ လျင်မြန်စွာပင် စုဝေးလိုက်ကြသည်။

ရှီမာယူယူသည် တဲထဲသို့ဝင်ရာ ရန်ဖြစ်နေဆဲနှစ်ယောက်သည် ရပ်ကာ မေးလိုက်သည် “လေဟာပြင်စီးဆင်းမှုဖြစ်နေပြီလား”

“အင်း” ရှီမာယူယူသည် ရှေ့တိုးပြီး သူတို့နှစ်ယောက်လုံးကို အဆိပ် ဖြေဆေးကျွေးပြီးပြောလိုက်သည် “လောကအသေးကိုပြန်ပြီး ခဏလောက် အနားယူလိုက်”

ကံကောင်းစွာပင် ထိုကိုယ်ရံတော်များသည် ကောင်းမွန်စွာလေ့ကျင့် ထားခဲ့ကြသည်။ ရှီမာယူယူသည် လောကအသေးကိုဖွင့်ပြီး အားလုံးကို ထည့်ရန်ကြိုးစားလိုက်သည်။

သို့သော် ထိုလူများှင့် လေဟာပြင်စီးဆင်းမှုသည် အလွန်မြန်ဆန်ကာ နောက်ဆုံးမိနစ်တွင် လောကအသေးထဲသို့ နောက်ဆုံးလူများကိုပစ်ထည့် လိုက်သည်။ သူမ မဝင်ရသေးခင်မှာပင် လေဟာပြင်စီးဆင်းမှုရောက်လာသည်။

ကံကောင်းစွာပင် သူမသည် လောကအသေးကို နောက်ဆုံးအချိန်တွင် ပိတ်လိုက်နိုင်သည်။ မဟုတ်လျှင် လောကအသေး ပြိုလဲကျသွားနိုင်သည်။

လေဟာပြင် စီးဆင်းမှုမှထွက်လာသော ထိုကျောက်စရစ်ခဲများသည် သူမ မျက်နှာ ခန္ဓာကိုယ်များကို ထိမှန်လေသည်။ ထိုခံစားချက်သည် သူတို့ ထာဝရရှင်သန်သူနယ်မြေတွင်ရှိစဉ်က လေဟာပြင်ဝင်ပေါက်လှုပ်ရမ်းပြီး အပေါက်ထဲမှထွက်လာခဲ့သည့်အချိန်က ခံစားချက်နှင့်တူသည်။

သို့သော် လေဟာပြင်စီးဆင်းမှုသည် အပေါက်ထက် အားနည်းသည်။ သူမ စွမ်းအားသည်လည်း မြင့်လာသောကြေည့် သည်တစ်ခေါက်တွင် အရင် ကကဲ့သို့ ဒဏ်ရာမရတော့ပေ။ သို့သော် သူမ လေဟာပြင်သို့ထွက်လာချိန် တွင် တစ်ကိုယ်လုံးနာကျင်နေတော့သည်။

သူမ အသိစိတ်ရှိနေသေးကာ သူမ ပစ်လှဲလိုက်ခံရသည်ကိုလည်း သိပြီး လူများ သူမဆီသို့လျှောက်လာသည်ကိုလည်း သိသည်။ သူမ အနည်းငယ် အသိစိတ်ရှိနေပြီး ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်ကို ထိန်းညှိနိုင်သည်။ ထိုလူ များ သူမကို သတ်ချင်ပါက သတိလက်လွတ်ဖြင့် အသတ်ခံရနိုင်သည်။

သို့သော် တစ်ဖက်လူသည် သူမကို မသတ်လိုသည့် ပုံပင်။ လူတစ်ယောက်သည် သူမ ပါးစပ်ကိုဖွင့်ကာ ဆေးနှစ်လုံးကျွေးလိုက်သည်။

ဆေးသည် လျင်မြန်စွာပင် သက်ရောက်မှုရှိကာ ခန္ဓာကိုယ်မှာ ပို သက်သာလာသော်လည်း မျက်လုံးမဖွင့်နိုင်သေးပေ။ သို့သော် တစ်ဖက်လူကို မသိသေးပေ။ ရန်သူလား မိတ်ဆွေလားဆိုသည်ကို မခွဲခြားနိုင်ခင်မှာပင် မေ့မြောသွားလေသည်။

သို့သော် သူမဒဏ်ရာ ပြင်းထန်ခြင်းကြောင့် သူမ၏ ခန္ဓာကိုယ်သည် ကုစားသည့် ပုံစံဖြင့် အိပ်ပျော်သွားခြင်းလည်းဖြစ်နိုင်သည်။

***

All Chapters