← Chapters

အဖမ်းခံရခြင်း ရုပ်ပျက်ဆင်းပျက်ဖြစ်ခြင်း

Vol. 85 Ch. 1188

အဖမ်းခံရခြင်း ရုပ်ပျက်ဆင်းပျက်ဖြစ်ခြင်း

Vol. 85 Ch. 1188

ဂူအတွင်းတွင် ရှီမာယူယူ ပုံလျက်သားလဲနေချိန်တွင် မိန်းကလေးငယ် တစ်ယောက်သည် အပြင်မှဝင်လာသည်။ သူမသည် အထဲမှာလူများကို အသံပြတ်ဖြင့်ပြောလေသည် “ဒီလောက်အားနည်းတဲ့ မိန်းကလေးတစ် ယောက်ကို ဘာလို့ခေါ်လာတာလဲ သူမကို လေ့ကျင့်ပေးဖို့လိုသေးတယ်လို့ ပြောတယ်မလား”

“မင်းက ဘာသိလို့လဲ” အပြာရောင်မျက်လုံးနှင့်လူသည် သူမအား တစ် ချက်ကြည့်လိုက်လေသည် “အရှေ့ကနယ်မြေကအန္တရာယ်များတယ် မင်းက အဖွဲ့အရှေ့ကနေ လျှောက်ရဲလို့လား”

“ကျွန်မ မသွားချင်ပါဘူး” ထိုမိန်းကလေး ပြောလိုက်သည် “အဲလောက် အန္တရာယ်များတာကို ဂရုမစိုက်မိရင် နှစ်ပိုင်းပြတ်သွားလိမ့်မယ် အဲဒါကို သွားစေချင်သေးတာလား”

“မင်းက မသွားချင်မှတော့ သွားဖို့လူရှာရတာပဲ အဲဒါကို ဘာလို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ” သူ ပြောလိုက်သည်။

သည်တစ်ကြိမ်တွင် ထိုမိန်းကလေးသည် မငြင်းဆန်ဘဲ ပြောလိုက် သည် “ကောင်းပြီ ဒါဆိုရင် အခုတော့ ဒီလူရဲ့အသက်ကိုသက်ညှာပေးဦးမယ် ဒါပေမဲ့ သူမ အားကအရမ်းနည်းတာကို လေဟာပြင်စီးဆင်းမှုနဲ့ တိုက်မိတာ တောင် မသေဘူး အသက်ပြင်းလိုက်တာ”

“အမှန်ပဲ” ဆံပင်ဖြူနှင့် နောက်အကြီးအကဲတစ်ယောက် ပြောလေ သည်။

“ဒါပေမဲ့ ဒီမိန်းကလေးကလှတယ်လေ အဲဒါကိုမကြိုက်ဘူး ဘယ်လိုလဲ”

“သူမကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်လုပ်ချင်တယ်ဆိုရင် လုပ်လိုက် လေ မင်းက အဲဒါတွေ တော်တယ်မလား” အပြာနှင့်လူကြီးအသံသည် တည်ငြိမ်ပုံပေါက်ပြီး တခြား သူ၏ အသက်ကိုဂရုမစိုက်သည့်အတိုင်းပင်။

မဟုတ်လျှင် မိန်းကလေးများကို ထိုသို့လုပ်သည်မှာ ပုံမှန်အတိုင်းလား မသိပေ။

“လမ်းဖောက်ဖို့ သူမကိုရှေ့မှာထားရဦးမယ် မသတ်နဲ့” အကြီးအကဲ တစ်ယောက်က ပြောလိုက်သည်။

“ကိစ္စမရှိဘူး” ထိုမိန်းကလေးသည် ပြုံးသဲ့သဲ့ဖြင့် ရှီမာယူယူဆီသို့ လျှောက်လာကာ ဆောင့်ကြောင့်ထိုင်ပြီး ဓားအိမ်မှ ဓားမြှောင်ထုတ်ပြီး သူမ မျက်နှာပေါ်သို့ လွှားကာ ပြောလေသည် “ကျွတ် ကျွတ် လှလိုက်တဲ့ မိန်းကလေးပါလား ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်လုပ်လိုက်ရင် နှမြောစရာပဲ”

“ဒါဆိုလည်း လွှတ်ပေးလိုက်ပေါ့” မျက်လုံးပြာနှင့်လူကြီးကပြောလေ သည်။

“ဟီးဟီး…” ထိုမိန်းကလေး ရယ်ပြီးပြောလိုက်သည် “ဘယ်လိုလုပ် လွှတ်ပေးရမှာလဲ ပိုလှတဲ့မိန်းကလေးဆိုရင် ပိုပြီးရုပ်ပျက်အောင်လုပ်ချင်လေ ပဲ သူမ ပိုရုပ်ဆိုးလေ ကျွန်မကပိုပျော်လေပဲ ဒီလိုလှတဲ့မိန်းကလေးကို ဘယ်လို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ရမလဲဆိုတာ တကယ်စဉ်းစားဖို့ လိုတယ်”

သူသည် သူမကို ကြည့်ပြီး ပြောလိုက်သည် “ဒီလောက်နှစ်တွေကြာ တာတောင် မင်းက ပုံမှန်မဟုတ်သေးဘူးပဲ”

“ဟီးဟီး ချီးကျူးတာလို့ပဲသတ်မှတ်လိုက်မယ်နော် အဲလိုချီးကျူးပေးတာ ကို ကြိုက်တယ်” ထိုမိန်းကလေးသည် ရယ်မောကာ ရှီမာယူယူ မျက်နှာမှ  ဓားမြှောင်ကို ဖယ်လိုက်သည် “အသားအရေကလည်းကောင်းလိုက်တာ ဒီ မျက်နှာဘယ်ဘက်ကို လိပ်ပုံဆွဲပြီး ညာဘက်မှာ အဆိပ်ဆေးတွေသုံးလိုက် ရင် ဘယ်လိုနေမလဲ”

သူမသည် လှည့်ပြီး အကြီးအကဲကိုကြည့်လေသည်။

“ငါ့ကိုမမေးနဲ့ မဟုတ်လည်း ငါ့စကားနားထောင်မှာမဟုတ်ဘူး အမြဲတမ်း ဆန့်ကျင်နေတာပဲ” အကြီးအကဲ ပြောလေသည်။

“ဒါဆိုရင် အကြီးအကဲပြောချင်တာနဲ့ ဆန့်ကျင်ဘက်ပြောလိုက်ပေါ့” ထိုမိန်းကလေး ဆက်ပြောလေသည် “အဆိပ်ကတော့ မစိုးရိမ်နဲ့ ဒီဘက်ကိုပဲ လိပ်အရင်ဆွဲလိုက်မယ် ကျွန်မ လက်ရာက ဒီနှစ်တွေမှာ တိုးတက်လာတယ် သေးလိုက်တဲ့မျက်နှာလေး လိပ်ပုံဆွဲဖို့ကို အချက်ပေါင်းရာချီဆွဲရမှာကို”

“ဒီနှစ်တွေကို မင်းအားကောင်းလာတာမမြင်ဘူးလို့မှတ်တာ ဒါတွေ လေ့လာဖို့ အချိန်တွေသုံးနေတာလား” အကြီးအကဲပြောလေသည်။

“ဟုတ်တယ်လေ” မိန်းကလေး ခေါင်းညိတ်လေသည် “ကျွန်မထက် လှတဲ့မိန်းကလေးတွေ မျက်နှာကိုဖျက်ဆီးရတာက ကျွန်မ ဘဝမှာ အပျော်ဆုံး ပဲ”

“….”

“မင်းအပျော်က အမြဲတမ်းဒီလိုပဲကို ငါတို့ကိုရှင်းပြဖို့မလိုဘူး” အကြီးအကဲ ပြောလိုက်သည်။

“ကျွန်မကို ကောင်းကောင်းသိတာပဲ” ထိုမိန်းကလေး၏ နှုတ်ခမ်းများ သည် နတ်ဆိုးအပြုံးကဲ့သို့ ကွေ့တက်သွားလေသည်။ ဓားမြှောင်ကို ထုတ်ပြီး နောက် လက်ကိုင်ကိုဖိလိုက်ရာ ဓားမြှောင်သည် အလယ်တွင်သေးငယ်သော ဓားသွားများ အဖျားကွဲထွက်လာသည်။ ထိုဓားသွားများသည် ပါးလွှာကာ ကြည်လင်လေသည်။ “ခဏနေစတော့မယ်”

သူမ အသံတွင် ဖြစ်နေကျအတိုင်း စိတ်လှုပ်ရှားမှုများပါဝင်နေသည်။

ဓားသည် ရှီမာယူယူကို ထိလုနီးပါးဖြစ်သွားချိန်တွင် ရပ်သွားကာ သူမ တွေဝေပြီး အနောက်မှလူနှစ်ယောက်ကိုမေးလေသည် “သူမ နိုးလာတဲ့အထိ စောင့်ပြီးမှလုပ်ရမလား သူမ ကြောက်ရွံ့တဲ့မျက်လုံးတွေနဲ့ လူးလွန့်နေတဲ့ပုံကို ကြည့်ရတာက သက်တောင့်သက်သာဖြစ်ပြီး လန်းဆန်းစေတယ်လေ”

“မင်းကို စောင့်ဖို့အတွက် ငါတို့မှာအချိန်မရှိဘူး” ထိုအကြီးအကဲပြော လေသည်။ “သူမ နိုးလာတာနဲ့ ငါတို့ခရီးကိုအလျင်စလိုထွက်ရမယ် ကိုယ့် ဘာသာ ချင့်ချိန်ပေါ့”

“ဒါဆိုလည်း အခုစသင့်တာပေါ့” မိန်းကလေး ဆက်ပြောလေသည် “ကျွန်မ စပြီးမှ နိုးလာလည်းဖြစ်တယ် သတိပြန်ဝင်ပြီးမှ မျက်နှာက ကြောက်ရွံ့ပြီး စိတ်ဖောက်သွားတာလည်း မဆိုးပါဘူး”

“…”

“မင်းသဘောပဲ”

သူမ အစီအစဉ်ကို မဖျက်သရွေ့တော့ အဆင်ပြေနိုင်သည်။

သူမ ဓားသွားသည် စင်ကြယ်သော တာဝန်ပြီးမြောက်သွားသကဲ့သို့ ရှီမာယူယူ၏ မျက်နှာကို တဖြည်းဖြည်းကပ်သွားလေသည်။

ရှီမာယူယူ၏ မျက်နှာသို့ ဓားနီးကပ်သွားပြီး သူမအသားအရေနှင့် ထိလိုက်ချိန်တွင် ရုတ်တရက် မီးတောက်တစ်ခု ခုန်ထွက်လာရာ ဓားမြှောင် သည် တစ်ခဏအတွင်းတွင် ပြာဖြစ်သွားလေသည်။

“အာ…”

ထိုမိန်းကလေး၏ အော်သံသည် မျက်လုံးမှိတ်နေသော သူတို့ နှစ်ယောက်လုံးကို လန့်သွားစေသဖြင့် ကြည့်လိုက်ရာ ထိုမိန်းကလေးသည် မီးတောက်ကြားထဲတွင် လူးလွန့်နေပြီး သူတို့ ဘာမှမလုပ်လိုက်ရခင်မှာပင် မျက်စိရှေ့တွင် ပြာဖြစ်သွားလေသည်။

“အဲမီးတောက်”

သူတို့နှစ်ယောက်သည် လျင်မြန်စွာထလိုက်ကြပြီး ထိုမီးတောက် ရုတ်တရက်လာတိုက်ခိုက်မည်စိုးသဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်ရန် ဝိညာဉ် စွမ်းအင်ကိုသုံးလိုက်သည်။

ထိုမိန်းကလေးသည် စံတင်အဆင့် တစ်ဝက်ရောက်နေသော လူဖြစ် သည်။ ဘယ်လိုမီးတောက်ကများ သူကို အလွယ်တကူသတ်လိုက်နိုင်တာလဲ။

“ငါ့ဘဝမှာ အချစ်ဆုံးက ငါ့မိဘပေးတဲ့ ဒီခန္ဓာကိုယ်နဲ့ ငါအမုန်းဆုံးက ငါ့ကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်လုပ်တာပဲ” ရှီမာယူယူ ရေရွတ်လိုက်သည် “ငါ နိုးနိုးလာချင်း အမုန်းဆုံးအရာကိုမြင်ရလိမ့်မယ်လို့ မထင်ထားဘူး တကယ် ကို သက်တောင့်သက်သာမဖြစ်တာပဲ”

သူမ ထပြီး ပခုံးများကိုဆန့် လည်ပင်းချိုးပြီး သူမ ရုပ်ပျက်ဆင်းပျက် ဖြစ်တော့မည့်ဆဲဆဲဖြစ်ခဲ့သည်ကို ကြောက်ရွံ့သည့်ပုံမပေါ်ပေ။

ဟုတ်တာပေါ့ ထိုလူကို သူမ ပြာဖြစ်အောင်လုပ်လိုက်ပြီလေ ဘာတွေ များကြောက်ဖို့လိုလို့လဲ။

“မင်း နိုးနေတာကြာပြီပဲ” မျက်လုံးပြာနှင့်လူသည် သူမအား ကြည့်လေ သည်။

“နိုးနေတာကြပြီ မင်းတို့များ အသုံးဝင်မဲ့သတင်းများ ပြောမလားလို့ ထင်နေတာ အဲပုံမှန်မဟုတ်တဲ့ မိန်းကလေး ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ချင်တဲ့ကိစ္စကလွဲပြီး ဘာမှမပြောဘူးပဲ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းနိုးတာလာကြာပြီကို ငါတို့ဘာလို့မသိရတာလဲ” အကြီးအကဲသည် အံ့အားသင့်နေလေသည်။

“ရှင်းပါတယ် ငါ့ အသက်စွမ်းအင်က ရှင်တို့ထက်ပိုကောင်းလို့ပေါ့” သူမ သည် မီးတောက်သိမ်းလိုက်ရာ ငှက်ပေါက်စအသွင်ပြောင်းပြီး သူမ လက်ဖဝါး ပေါ်ဆင်းသက်လေသည်။ “ကျေးဇူးပဲ ငှက်ပေါက်စရေ”

အစောပိုင်းက ငှက်ပေါက်စသည် သူ့ဘာသာသူထွက်ကာ ထိုမိန်းကလေးကို သေသည်အထိ မီးမြှိုက်ခဲ့ရာ သူမထက်ပင် မြန်ဆန်နေ သည်။

သူတို့နှစ်ယောက်လုံးသည် မီးတောက်လေး၏ တောက်ပမှုကို အံ့အား သင့်ပြီး ပြောလေသည် “အားကောင်းလိုက်တဲ့ မီးတောက်ပဲ”

“ကောင်းပြီ ပြန်သွားလိုက်တော့” ရှီမာယူယူ ပြောလိုက်သည်။

ထိုမိန်းကလေးသည် ရုတ်တရက်ဖြစ်သဖြင့် အလွယ်တကူ မီးလောင် ကာ ကာကွယ်ချိန်ပင် မရလိုက်ပေ။ သူမ အင်အားမှာ အားကောင်းသော်လည်း ကာကွယ်မှုမရှိသည့် ခန္ဓာကိုယ်သည် သာမာန်လူ၏ ခန္ဓာကိုယ်ထက် အနည်းငယ်သာ သန်မာလေသည်။

သူမ မီးတောက်သိမ်းပြီး ထိုလူနှစ်ယောက်ကိုကြည့်ပြီး သူတို့ပြောခဲ့ သည့်စကားကို စဉ်းစားပြီးပြောလိုက်သည် “ရှောင်ချီ ပန်းလေး အိမ်မက်လေး မင်းတို့ တစ်ယောက်တည်းသွားမလား မဟုတ်ရင် အတူတူသွားမလား”

မိန်းကလေးသုံးယေက်သည် ဘေးမှထွက်လာကာ ထိုလူနှစ်ယောက်ကို ကြည့်ပြီး ရှောင်ချီသည် ပြောလိုက်သည် “ရန်ပွဲဖြစ်ရင်တော့ ရှောင်ချီ တစ်ယောက်တည်းသွားရမှာပေါ့”

“ရှောင်ချီ နင်မတွက်တတ်ဘူးလား သူတို့က လူနှစ်ယောက်လေ နှစ် ယောက် တစ်ယောက်ကတော့ မမျှဘူးလေ” အိမ်မက်လေး ပြောလိုက်သည်။

“အတူတူပဲ” ရှောင်ချီအတွက်တော့ သူတို့နှစ်ယောက်သည် တစ်ဦး တည်းနှင့်မကွာပေ။

“…”

ရှီမာယူယူ ငိုကြွေးမိသည်။ ရှောင်ချီအတွက် သန်မာသည့်လူများကို မြင်သည့်အမြင်မတူပေ။ သူမအတွက် လူတစ်ယောက်ကို တစ်ရာအဖြစ် မြင်သော်လည်း ရှောင်ချီကတော့ လူနှစ်ယောက်ကို တစ်ဦးတည်း အဖြစ်မြင် လေသည်။

***

All Chapters