လူများများနဲ့ အနိုင်ကျင့်ရတာပျော်စရာကောင်းတယ်
Vol. 85 Ch. 1189
“တကယ်တော့ လူများများနဲ့ အနိုင်ကျင့်ရတာ ပိုပျော်ဖို့ကောင်းတယ်လို့ ထင်တယ်” ပန်းလေးသည် သူမ၏ လက်ညှိုးကိုရွေ့လျားလိုက်သည် “အဲလို လုပ်ရတာ ငါက အရမ်းကြိုက်တာ အင်း.. အဲမိန်းကလေးက လူတွေကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်လုပ်ရတာ ကြိုက်သလိုပေါ့”
“အဲဒါက နင့်အကြိုက်လေ ငါတို့အကြိုက်မဟုတ်ဘူး” ရှောင်ချီ ရေရွတ် လိုက်သည်။ အခု ပန်းလေးသည် ပန်းများစွာရှိသဖြင့် ပန်းလေး သတ်လိုက် သောသူသည် သူမထက်များနေသည်။
“ငါ့ပန်းတွေ ထုတ်သုံးမယ်လို့ မပြောဘူးလေ” ပန်းလေး ပြုံးပြီးပြော လိုက်သည် “ငါပြောတာက ငါတို့သုံးယောက် သူတို့နှစ်ယောက်ကို အတူ ပညာပေးမယ် ဘယ်လိုလဲ”
“စမ်းကြည့်တာပေါ့” အိမ်မက်လေးသည် ပြောပြီးသည်နှင့် ထိုလူများ ဆီသို့ ပြေးသွားလေသည်။
“လုပ်ကြမယ်” ရှောင်ချီသည်လည်း ပြောရင်းနှင့် စတင် တိုက်ခိုက်လေ သည်။
“တကယ်ပဲ အမြဲတမ်းငါ့ထက် အပြေးမြန်ကြတယ်” ပန်းလေးပြောပြီး သည်နှင့် သူမလည်း ပြေးလေသည်။
ရှီမာယူယူသည် သူတို့အနောက်တွင်ရှိနေကာ ဆွေးနွေးပြီးနောက် သူတို့သုံးယောက် လှုပ်ရှားသည်ကိုကြည့်ပြီး ဆွံ့အနေမိလေသည်။
ဒီသုံးယောက်ကတော့ တကယ်ပဲ…
သူမကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်မည်ဟု ထိုလူများ ပြောသည် ကိုကြားပြီးနောက် ထွက်လာပြီးရှင်းချင်သည်ဟု ဝိညာဉ်စေတီထဲတွင် ဆူညံ နေသူမှာလည်း သူတို့ပင်ဖြစ်သည်။ သူမကို အသုံးပြုပြီး အန္တရာယ်အရှေ့တွင် ပြိုင်ဘက်ကို တိုက်မည့်အကြောင်းကို ဆွေးနွေးနေသေးသည်။
သူတို့အားသည် မူလကပင် လူနှစ်ယောက်ထက် မြင့်နေသည်။ သုံးယောက်ပေါင်းလိုက်သော်ခါ ထိုနှစ်ယောက်ကို သုံးမိနစ်မှ ငါးမိနစ် အတွင်းရှင်းနိုင်သည်။ သို့သော် သူတို့သည် ဝိညာဉ်စွမ်းအင်ကို ဖြည်းညှင်းစွာ ထုတ်ပြီး တစ်ယောက်နှင့်တစ်ယောက် ပုတ်ကစားသဖြင့် ထိုနှစ်ယောက်ကို ဖြတ်သွားရာ မသန်မစွမ်းဖြစ်သွားလေသည်။ ထို့နောက်တွင် ရှီမာယူယူကို ဆွဲခေါ်လေသည်။
“ယူယူ ဒီနှစ်ယောက်က တကယ်ခံနိုင်ရည်ရှိတာပဲ ဒီလောက်အကြာကြီး တိုက်ပြီးမှ ရှင်းနိုင်တော့တယ်” ရှောင်ချီသည် ပင်ပန်းလာသည့်ပုံပင်။ သူတို့နှစ်ယောက်ကို ပုံလျက်ထားလိုက်သည်။
ရှီမာယူယူသည် ဂူဝင်ပေါက်တွင် ရပ်နေပြီး ထိုနှစ်ယောက် ပျော့အိသည် အထိ အရိုက်ခံရသည်ကိုကြည့်ပြီး ပြောလိုက်သည်။ “မင်းတို့ဘဝတစ်ခုလုံးမှာ ဒီလိုမျိုးအရိုက်မခံရလောက်ဘူးထင်တယ်”
“မင်း ဘယ်သူလဲ” အကြီးအကဲသည် သွေးအန်ပြီး စကားပြောလိုက် သည်နှင့် သွားတစ်ချောင်းပြုတ်ထွက်လာလေသည်။
“ငါ ဘယ်သူလဲ… သိဖို့လိုသေးလို့လား” ရှီမာယူယူ ပြောလိုက်သည်။
“ငါကမင်းကို ကယ်ခဲ့တာ ဒါပေမဲ့ မင်းက အစာကြွေးတဲ့လက်ကို ပြန် ကိုက်တယ်” အကြီးအကဲသည် ဒေါသဖြင့်ပြောလေသည်။ ဝမ်းနည်းစရာပင်… သူ့အသံသည် တိုးညှင်းပြီး အားမရှိပေ။
“ငါ့ကိုကယ်တယ်ဟုတ်လား” ရှီမာယူယူ ရယ်မောလိုက်သည်။ “ရှင်တို့ ကယ်ချင်လို့ ကယ်လိုက်တာလား”
“ငါတို့ကြောင့်သာမဟုတ်ရင် မင်းသေနေတာကြာပြီ” အပြာမျက်လုံးနှင့် လူပြောလိုက်သည်။
“ဟုတ်တယ် ရှင်တို့ တကယ်ပဲကျွန်မကို ဂူထဲကိုပြောင်းပေးခဲ့ပါတယ် ဒါပေမဲ့ ရှင်တို့က ကြင်နာတတ်လို့ ကယ်ခဲ့တာလား” ရှီမာယူယူ ဆောင့်ကြောင့် ထိုင်ကာ ထိုမျက်လုံးပြာကိုစိုက်ကြည့်ပြီး ပြောလိုက်သည် “အပြာရောင်မျက်လုံး တကယ်ပဲလှတာပဲ ဝမ်းနည်းစရာပဲ ရှင်ကတော့ မဟုတ်ဘူး ရှင်က ကန်းနေတာလား မဟုတ်ရင် လိမ်ပြောရတာကို ကြိုက်တာ လား”
“ဟင်း မင်းတို့က ယူယူ့ကို လမ်းပြအဖြစ်သုံးပြီး အန္တရာယ်ကို စစ်ဆေး ချင်နေတာပဲ သူမကို သုံးချင်တာကို ကယ်ချင်တယ်လို့ ပြောရဲသေးတယ် မင်း မျက်လုံးနှစ်လုံးလုံးကို နှိုက်ထုတ်လိုက်မယ် မင်းယုံလား” ရှောင်ချီသည် ဘေးမှ ခြိမ်းခြောက်လေသည်။
“သူတို့ မျက်လုံးတွေ နှိုက်ထုတ်လည်း ဘာအရေးလဲ သူတို့ လက်တွေ နှုတ်နှုတ်စဉ်း မျက်လုံးအိမ်တွေတူး နားရွက်တွေဖြတ်ပြီး ပါးစပ်ကိုချုပ်ပြီး လူသားစဉ်းကောလုပ်လိုက်” အိမ်မက်လေး ပြောလေသည်။
ပန်းလေးသည် အိမ်မက်လေးကိုကြည့်ပြီး ပြောလိုက်သည် “ငါထင်တာ တော့ နင်တို့ ဟိန်းသံလေးနဲ့ မပေါင်းနဲ့တော့ သူ့အကျင့်တွေကူးနေပြီ”
ဟိန်းသံလေးက အပြောခံရပြန်ပြီ…
သို့သော် အိမ်မက်လေးသည် ဂရုမစိုက်ဘဲ ပြောလေသည် “ငါ ကြိုက်လို့ ဆော့တာလေ ရှက်လို့လား ပန်းလေးဘုရင် ပန်းဘုရင် ပန်းလေးဘုရင်”
“အဲလောက် ဆိုးတဲ့ နာမည်ကြီး မခေါ်စမ်းနဲ့” ပန်းလေး အော်လေသည်။
“နင့်နာမည်ကို ခေါ်တာလေ ငါ နင့်ကိုပေးထားတဲ့ နာမည်တွေက မဆိုးပါဘူး ဘာလို့မကြိုက်တာလဲ မဟုတ်ရင် တလှည့်စီပြောင်းခေါ်ရမလား ဒီနေ့ ပန်းလေးဘုရင်ပန်းလေး မနက်ဖြန်ကို ပန်းလေးဘုရင် သဘက်ခါကို ဘုရင်ပန်းလေး မြင်လား ကောင်းလိုက်တာ”
“ခေါ်ရဲလား”
ပန်းလေးသည် အိမ်မက်လေးကို နွယ်ပင်နှင့်တိုက်ခိုက်ရာ သူတို့ နှစ်ယောက်သည် စတင်တိုက်ခိုက်လေသည်။
အိမ်မက်လေးကို ထိုပုံစံအတိုင်းမြင်ရသည့်အတွက် ရှီမာယူယူ ဟိန်းသံလေးကို ကျေးဇူးတင်မိသည်။ ထိုကောင်လေးကြောင့်သာမဟုတ်လျှင် အိမ်မက်လေးသည် ဝမ်းနည်းမှု မှောင်မိုက်မှုထဲတွင်နစ်မြုပ်နေဆဲဖြစ်ကာ ရုန်းမထွက်နိုင်သောကြောင့် သူမ အပြုံးကိုမမြင်ရသည်မှာ အတော်ကြာပြီဖြစ် သည်။
အိမ်မက်လေးသည် ယုတ်ညံ့သော လမ်းသို့ အမှန်တကယ်ပင် ဦးတည်သွားခဲ့သော်လည်း…
သူမသည် ထိုလူနှစ်ယောက်အပေါ် အာရုံပြောင်းကာ ပြောလိုက်သည် “မင်းတို့နှစ်ယောက်ကို ရွေးချယ်စရာနှစ်ခုပေးမယ် တစ်.. ငရဲကိုတိုက်ရိုက်ပို့ ပေးမယ် မဟုတ်ဘူး ငရဲကိုသွားလို့မရဘူး အဲမှာတစ်သက်လုံးနေရအောင် လုပ်ပေးမယ် နှစ်… ဘာတွေဖြစ်နေလဲဆိုတာ ပြောပြရင် အသက်ကို သက်ညှာပေးမယ်”
“ဟင်း မင်းကိုယုံမယ်လို့ထင်နေလား” အကြီးအကဲ အသက် တစ်ချက် ရှိုက်လိုက်သည် “မင်းကို အကုန်ပြောပြလိုကရင် ငါတို့ကို ချက်ချင်းသတ် လိုက်မှာပေါ့”
“ဘာလို့သတ်ရမှာလဲ” ရှီမာယူယူ ဆက်ပြာလေသည် “မင်းတို့ကို အသက်ရှင်ခွင့်ပေးမယ်လို့ ပြောရင် သေချာပေါက် ပေးမှာ ငါ့ကို ယုံရမယ် နားလည်လား”
“ဟင်း” သူတို့နှစ်ယောက်လုံးသည် သူမကို မယုံကြည်ဘဲ ရေရွတ်လေ သည်။
“မင်းတို့က တကယ်ပဲငါ့ကိုမယုံဘူးထင်တယ်” ရှီမာယူယူ ဆက်ပြော လေသည် “ဒါပေမဲ့ ပြောပြော မပြောပြော လွတ်လပ်မှုပေးမှာ မဟုတ်ဘူး ဒါပေမဲ့ ပြောပြရင်တော့ မျှော်လင့်ချက်ရောင်ခြည်သန်းနိုင်သေး တယ်”
“မပြောနိုင်ဘူး”
“ငါတို့ကိုသတ်လိုက်တော့”
ရှီမာယူယူ ထရပ်လိုက်သည်။ သူတို့နှစ်ယောက်လုံးသည် ခိုင်မာနေ သည့်ပုံပင်။ သို့သော် ဝမ်းနည်းစရာပင် အသုံးမဝင်ပေ။
သူမသည် ဘေးပတ်လည်တွင် လူရှိမရှိ စစ်ပြီးနောက် အတွေးတွေး လိုက်ပြီး သူတို့နှစ်ယောက်လုံးကို ဝိညာဉ်စေတီထဲသို့ခေါ်သွားကာ ဝူလင်းယူ နှင့် ပေးတွေ့လေသည်။
“ဒီလူတွေကို ဘယ်လိုစစ်ဆေးရမလဲဆိုတာ သိတယ်မလား” ရှီမာယူယူ ဆက်ပြောလေသည် “အစ်ကို့ကိုအပ်ထားတော့မယ် သူတို့ဆီက သတင်းရ မလားလို့ကြည့်ကြတာပေါ့”
“စစ်ဆေးဖို့ကို ဘာလို့အံ့ဖွယ်အသိစိတ်မသုံးတာလဲ” ဝူလင်းယူ မေးခွန်း ထုတ်လေသည်။
“သူတို့နှစ်ယောက်လုံး အားတွေ သန်မာတယ် ရှာချင်တာနဲ့ အံ့ဖွယ်စိတ် သုံးဖို့ဆိုရင် နှစ်ယောက်လုံးကို သတ်ရလိမ့်မယ် ဒါပေမဲ့ အသက်ရှင်ထားပြီး သုံးရမဲ့နေရာရှိသေးတယ်” ရှီမာယူယူ ပြောလိုက်သည်။
“သူတို့နှစ်ယောက်လုံးက ပျော့စိနေအောင် အရိုက်ခံထားရတာ မျက်လုံးတွေပဲကောင်းတော့တယ် ဘာများအသုံးဝင်လို့လဲ” ဝူလင်းယူ သူမကို ကြည့်လေသည်။
သူမသည် ထိုလူ၏ မျက်လုံးများကို ချီးကျူးခဲ့သည်။ သူ့ကိုတော့ အရင်က မချီးကျူးဖူးပေ။
ရှီမာယူယူသည် သူဆိုလိုသည်ကို ချက်ချင်းသိသွားကာ ထိုစကားကို ဆက်မပြောချင်သဖြင့် ပြောလိုက်သည် “ညီမနိုးလာတော့ သူတို့က ကျွန်မကို အန္တရာယ်တွေရှေ့ကသွားခိုင်းပြီး လမ်းပြခိုင်းချင်နေတာ ညီမတို့သွားချင် တယ်ဆိုရင် သူတို့ကိုလမ်းပြခိုင်းရမယ် မဟုတ်ရင် သူတို့ကိုသတ်ပြီး အစ်ကို့ ကိုလမ်းပြခိုင်းရမလား”
“ဘာလို့လုပ်မပေးရမှာလဲ” ဝူလင်းယူသည် ချက်ချင်းသဘောတူလေ သည်။
ရှီမာယူယူသည် သူ့ကိုမျက်လုံးလှန်ပြကာ ပြောလိုက်သည် “တခြား ကိစ္စတွေ မစဉ်းစားနဲ့ သူတို့ကို အစ်ကို့လက်ထဲအပ်လိုက်ပြီပဲ သတင်းရအောင် လုပ်ပေးပါ”
သူမ ပြောပြီးသည်နှင့် ဝူလင်းယူ၏ ခုံပေါ်ထိုင်ကာ သူတို့ကို မေးမြန်းနေ သည်ကို စောင့်ကြည့်နေလိုက်သည်။
“ကောင်းပြီလေ” ဝူလင်းယူသည် သူမပုံစံကိုမြင်ပြီးနောက် သဘောတူ ရုံသာတတ်နိုင်ကာ လှည့်ပြီး သူတို့ကို စစ်ဆေးတော့လေသည်။
နတ်ဆိုးဘုရင်တစ်ယောက်အနေနှင့် စစ်ဆေးမေးမြန်းရသည့် နည်းလမ်းများစွာသိသည်။ ခဏအကြာတွင် ဖြေရှင်းပြီးဖြစ်ကာ အဖြစ်အပျက် များကို ပြောပြလေသည်။
ရှီမာယူယူသည် သူတို့ပြောသည်များကိုကြားပြီးနောက် တောက်ပလာ သည်။
ရတနာရှိနေတာပဲ။ သူမသည် ထိုပစ္စည်းများအတွက် တခြားသူများ တိုက်ခိုက်ကြသည်ကို မြင်ရသည်ကို နှစ်သက်သည်။ သို့သော် ထိုနှစ်ယောက် ကို ကတိပေးထားသဖြင့် အသက်ရှင်ခွင့်ပေးလိုက်သည်။ သို့သော် သွေးမိစ္ဆာ မြို့တော်မှ အဖွဲ့ဝင်များသည် ရန်စရန် စိတ်မပါသဖြင့် သုံးရက်ထက်ပိုပြီး အသက်ရှင်ရန်မျှော်လင့်ရတော့သည်။
***