← Chapters

မထူးခြားသောရှီမာမျိုးနွယ်

Vol. 85 Ch. 1190

မထူးခြားသောရှီမာမျိုးနွယ်

Vol. 85 Ch. 1190

သူမသည် သူတို့ ဝိညာဉ်စေတီအကြောင်းပြောမည်စိုးသဖြင့် နှုတ်ပိတ် ရန် ဆေးလုံးသုံးပြီး သွေးမိစ္ဆာမြို့သို့ဆွဲခေါ်သွားကာ လောကအသေးတံခါး ဖွင့်၍ ဝင်လိုက်သည်။ သူမ သွေးမိစ္ဆာမြို့သို့တိုက်ရိုက်သွားကာ သွေးမိစ္ဆာမြို့မှ အဖွဲ့ဝင်များသည် သူမရောက်သည်ကို အာရုံခံစားမိပြီး လာတွေ့ကြသည်။

သူမ သူတို့နှစ်ယောက်ကိုဆွဲပြီးဝင်လာသည်ကို တွေ့သောအခါ အားလုံးသည် သိချင်မိကြသည်။

“ယူယူ သူတို့ကိုဘာလို့ကိုင်လာတာလဲ”

“မြို့ထဲမှာ အကျဉ်းချထားလို့မဲ့နေရာတွေ့လို့ သူတို့ကိုအကျဉ်းချထား မလို့” ရှီမာယူယူ ပြောလိုက်သည်။

“သူတို့က ဘာလုပ်ခဲ့ကြတာလဲ”

“ယူယူ့ကိုအနိုင်ကျင့်ကြတာလား”

“ဟုတ်တယ် သူတို့က ယူယူ့ကိုအနိုင်ကျင့်ရဲကြတယ် သူတို့က အသက် ရှင်ဖို့ ငြီးငွေ့နေတာလား သေချင်နေကြတာလား သေချင်တယ်ဆိုရင်လည်း ဘဝအကြောင်းလေး ပြောပြပေးတာပေါ့”

“ဟုတ်တယ်”

“ယူယူ သူတို့ဘာလုပ်ခဲ့ကြတာလဲ”

ရှီမာယူယူသည် သူတို့ကိုကြည့်လိုက်သည်။ သူတို့သည် လူကောင်းများ မဟုတ်ကြသော်လည်း သူမကိုတော့ ကောင်းပေးကြသည်။ သူမ ထိုလူများ ကို အကျဉ်းချချင်သည်ဟု ဆိုသည်နှင့် ချက်ချင်းပင် တရားမျှတမှုကို ရှာချင် ကြသည်။

“တကယ်တော့ ဘာမှမဟုတ်ပါဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်မ လေဟာပြင်စီးဆင်းမှုကြောင့် ဒဏ်ရာရသွားပြီး သူတို့ဖမ်းတာခံလိုက် ရတယ် သူတို့အပေါင်းအဖော်တစ်ယောက်က ကျွန်မကို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင်လုပ်ချင်နေတယ် ဒါပေမဲ့ ကျွန်က သတ်လိုက်တယ်လေ ဒီလူ နှစ်ယောက်က လမ်းက အန္တရာယ်များတော့ ကျွန်မကိုရှေ့ကနေသွားခိုင်းပြီး စမ်းသပ်ချင်နေတာ”

“သေစမ်း သူတို့ကိုချက်ချင်းသတ်ပစ်သင့်တာ ဘာလို့အသက်ရှင်ခွင့် ပေးနေလဲ” တစ်ယောက်က အော်လေသည်။

“ဒါပေမဲ့ ဘာတွေဖြစ်ခဲ့လဲဆိုတာပြောပြရင် အသက်ရှင်ခွင့်ပေးမယ်လို့ ကတိပေးထားပြီးပြီ” ရှီမာယူယူသည် နေရခက်စွာပြောလေသည် “နောက်ဆုံး တော့ သူတို့ပြောပြတယ်လေ အဲဒါကြောင့် ကတိတော့တည်ရမှာပေါ့ ဒါပေမဲ့ ဒီအတိုင်းလွှတ်လိုက်ရင် သူတို့ပြန်လာပြီး ကျွန်မကို ရန်လာရှာရင်ဘယ်လို လုပ်မလဲ အများကြီးစဉ်းစားပြီးတော့ သူတို့ကို ဒီမှာပဲအကျဉ်းချထားတာက အကောင်းဆုံးဖြစ်လိမ့်မယ်”

“သြော် သိပြီ… ယူယူက သူများကို ကတိပေးထားတာဆိုတော့ သတ်လို့ မရဘူး”

“ဟုတ်တယ် ယူယူက အမြဲတမ်းကတိတည်တဲ့သူပဲ အဲဒါကြောင့် သတ်လို့မရဘူး”

“သူတို့ကို ဒီမှာအကျဉ်းချချင်တယ်လို့ မပြောဘူးလား ငါတို့က အကျဉ်း ထောင်မှမလုပ်တတ်တာလည်း သိတာပဲ ဘယ်လိုလုပ်မလဲ သူတို့ကို ခြံဝန်း တစ်ခုထဲထည့်ထားပြီး ငါစောင့်ကြည့်နေမယ်လေ ပြီးရင် ဘဝက ဘယ်လောက်ပျော်စရာကောင်းလဲ ပြပေးလိုက်မယ်”

ရှီမာယူယူသည် ပိုပိုပြုံးလာသည်။ ဒီလူတွေက ချစ်ဖို့ကောင်းတာပဲ။

“အကျဉ်းခန်းမရှိမှတော့ အဲလိုလုပ်ရတော့မှာပေါ့ သူတို့ကို စောင့်ကြည့် နေရမယ်နော် ထွက်မပြေးစေနဲ့”

“မစိုးရိမ်ပါနဲ့ ငါတို့ရှိနေရင် ဘယ်နေရာကိုပြေးနိုင်ဦးမှာလဲ” ထိုလူသည် အာမခံလေသည်။

“အဲလိုဆိုမှတော့ မင်းတို့ကို လက်လွှဲပေးလိုက်တော့မယ် အပြင်မှာ ရှင်းစရာလေးတွေရှိသေးတယ် သွားလိုက်တော့မယ်” ရှီမာယူယူသည် သူတို့ကို ပြုံးရင်းနှင့် လက်လွှဲပေးလိုက်သည်။

“မစိုးရိမ်ပါနဲ့ သေချာလေး ဂရုစိုက်ပေးလိုက်မယ်”

“ကောင်းပါပြီရှင်”

ရှီမာယူယူသည် သူတို့ကိုပေးပြီးနောက် ဒိကျဲ့နှင့် တခြားသူများကို သွားရှာလိုက်သည်။

သူမ ထင်ထားသည့်အတိုင်းပင် ထိုနှစ်ယောက်သည် သွေးမိစ္ဆာမြို့တွင် သုံးရက်အပြင် မနေလိုက်ရပေ။ နောက်ဆုံးထွက်သက်အထိပင် ထိုကလေးမ သည် သူတို့သုံးယောက်ကိုမည်သို့ သုတ်သင်ခဲ့သလဲ ဘာကြောင့် ဒီအထိ ပြန်ခေါ်လာသလဲဆိုသည်ကို သူတို့နှစ်ယောက်လုံး မသိလိုက်ရပေ။

သေချာတာတော့ ထိုအရာများသည် နောက်မှဖြစ်လာခဲ့သည်။

ရှီမာယူယူသည် သွေးမိစ္ဆာမြို့မှထွက်ပြီး ဒိကျဲ့နှင့်တခြားသူများကို ရှာ ကာအပြင်မှအခြေအနေကိုပြောပြလိုက်သည်။

“အဲဒါက ရှေးဟောင်းစစ်မြေပြင်က စစ်မြေပြင်အသေးတစ်ခုပဲ ဘာကြောင့်မှန်းမသိပေမဲ့ လေဟာပြင်တွေကျိုးပဲ့ပြီး လေဟာပြင်တွေလည်း ပဲ့ကျပြီး တခြားဟာတွေလည်းဖြစ်ခဲ့တယ် ကျွန်မတို့အပြင်ထပ်ထွက်ရင် လူအများကြီးခေါ်ထွက်လို့မရတော့ဘူး”

လေဟာပြင်မှာ မည်မျှအားကောင်းသည်ကို သူတို့အားလုံးနားလည် ကြသည်။ ထို့ကြောင့် သူမ အကြံပြုချက်နှင့်ပတ်သတ်၍ မည်သည့်ပြဿနာမှ မရှိပေ။

“လူတော်တော်များများ ဒီကိုလာတယ်လို့ ကြားတယ် ဦးလေးလွီဖန် ကျွန်မတို့အပြင်ထွက်ပြီးရင် ဦးလေးလွီယွင် အနီးအနားမှာရှိလားဆိုတာ ကြည့်ဦး” ရှီမာယူယူ ပြောလိုက်သည်။

“သူမရှိဘူးဆိုရင် ဦးလေးက ရှီမာမျိုးနွယ်ဆီကိုပဲပြန်လိုက်တော့”

ရှီမာလွီဖန်သည် သူမ ဆိုလိုသည်ကို နားလည်သဖြင့် ပြောလုကိသည် “ငါ့ကိုပြန်ခေါ်သွားဖို့ မစဉ်းစားနဲ့ ငါ အဲဒီကြက်ဖအိုကြီးတွေဆီမပြန်ချင်ဘူး”

“အဲတော့ ဦးလေးလွီယွင်ကို အဲကြက်ဖအိုကြီးတွေနဲ့ တစ်ယောက် တည်း ရင်ဆိုင်ခိုင်းတော့မှာလား”

“ဘာလို့မလုပ်ရမှာလဲ” ရှီမာလွီဖန် ဆက်ပြောလေသည် “သူ့အတွက် အသစ်အဆန်းမှမဟုတ်တော့တာ ငါကသာ အမြဲတမ်းနစ်နာနေတာ သူ့ကို သနားစရာမလိုပါဘူး”

“….”

အရေထူလိုက်တာ…

အမှန်တကယ်တော့ သူ ဒိကျဲ့နှင့် သူမနောက်လိုက်ပြီး သူတို့လုပ်မည့် အရာကို မကြည့်စေချင်၍ဖြစ်သည်။ သို့သော် သူ တစ်ယောက်တည်းသွား လျှင်လည်း စိုးရိမ်နေရမည်။

“ထားလိုက်တော့ အပြင်မှာ ဘာမှမလုပ်ခင်ကို ဦးလေးလွီယွင်ရှိမလား ဆိုတာကြည့်ကြတာပေါ့”

သူ အမှန်တကယ်ပင် မရှိပါက အခုပြောနေလျှင်လည်း အသုံးမဝင်ပေ။

သူတို့သည် လူအများအပြားမခေါ်နိုင်သဖြင့် အပြင်ထွက်သူမှာ ရှီမာလွီဖန် ဒိကျဲ့ တစ္ဆေသခင်နှင့် ဒိလျူတို့သာဖြစ်လေသည်။

သူမ ထွက်လာပြီးနောက်တွင် ရှီမာလွီဖန်ကို ရှီမာလွီယွင် ရှိမရှိကို စစ်ဆေးခိုင်းလိုက်သည်။

ရှီမာလွီဖန်သည် စိတ်မပါလက်မပါဖြင့် ဆက်သွယ်သည့်အရာတစ်ခုကို ထုတ်လိုက်သည်။ ရှီမာမျိုးနွယ် အနီးအနားတွင်မရှိပါစေနှင့်ဟု စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းနေမိသည်။ သို့သော် အဖြေကိုမြင်လိုက်သောအခါ သူ့အသည်းများခြောက်မတတ်ပင်။

ရှီမာမျိုးနွယ်ဝင်များသည် အနီးအနားတွင်ရှိနေသည်။

ရှီမာယူယူသည် ရယ်မောကာ ပြောလိုက်သည် “ဦးလေးလွီဖန် ကြည့်ရတာ ပြန်သွားရတော့မဲ့ပုံပဲ”

“ဒီပစ္စည်းက မှားပြတာနေမှာ ထပ်စမ်းကြည့်ဦးမယ်” ရှီမာလွီဖန် ပြော လေသည်။

ရလဒ်မှာအတူတူပင်။

ရှီမာယူယူသည် ဘာမှမပြောဘဲ သူ့ကိုပြုံးပြီးသာကြည့်နေသည်။

“အဲလောက်ကြီး မရယ်ပါနဲ့ ငါ လွီယွင်ကို ဆက်သွယ်လိုက်ဦးမယ် သူ ငါ့ကို ကာကွယ်ပေးချင်ကာကွယ်ပေးမှာ” ရှီမာလွီဖန် ပြောလိုက်သည်။

ရှီမာယူယူသည် သည်တစ်ကြိမ်တွင် ဘာမှမပြောပေ။ သူ အသံ ကျောက်တုံးထုတ်ပြီး ရှီမာလွီယွင်ကို ဆက်သွယ်သည်ကိုကြည့်နေ လိုက်သည်။

“ဘယ်မှာလဲ” ရှီမာလွီယွင်၏ အသံသည် ကြည်လင်ပြီးအေးစက်သည်။ စိတ်မရှည်သည့်ပုံပေါက်နေသော်လည်း စိုးရိမ်မှုများ ပုန်းကွယ်နေသည်။

“လွီယွင် ငါပြဿနာတက်နေပြီ ငါအဖမ်းခံလိုက်ရတယ်” ရှီမာလွီဖန် ပြောလိုက်သည်။ ရှီမာယူယူ စကားပြောတော့မည်အလုပ်တွင် သူသည် အလျင်အမြန်ပင် အချက်ပြလေသည်။

“ဘယ်သူဖမ်းသွားတာလဲ” ရှီမာလွီယွင် မေးလေသည်။

“တစ္ဆေမျိုးနွယ်က အဖွဲ့ဝင်တွေ” ရှီမာလွီဖန် ဆက်ပြောလေသည် “မင်းကို ဆက်သွယ်ဖို့က မလွယ်ဘူး မြန်မြန်လာပြီးကယ်ဦး”

လိုဏ်ခေါင်းတွင် လမ်းလျှောက်နေသော ရှီမာလွီယွင်သည် ခြေလှမ်း များရပ်သွားလေသည်။

“လွီဖန်” ရှီမာလွီယွင် ခေါ်လိုက်သည်။

“မင်း သူနဲ့အဆက်အသွယ်ရမှတော့ မြန်မြန်ပြန်လာဖို့ခိုင်းလိုက်လေ သူက လေဟာပြင်စီးဆင်းမှုနဲ့ ပါသွားတာမဟုတ်ဘူးလား ပြန်လာဖို့ကိုကြာ လိုက်တာ ကြည့်ရတာ သူ့အရည်အချင်းတွေအများကြီးကျသွားတယ်နဲ့တူ တယ်”

မတူညီသော အကျင့်နှင့် စိုးရိမ်မှု တစိုးတစိမှရှိမနေပေ။

“သူက တစ္ဆေမျိုးနွယ်ဝင်တွေဖမ်းတာခံလိုက်ရတယ်တဲ့ အခု သူ တစ်နေရာရာမှာပဲ သူ့ကိုကယ်ဖို့ပြောနေတယ်” ရှီမာလွီယွင် ပြောလေသည်။

“သူ အဖမ်းခံလိုက်ရတာလား” ခုနက အကြီးအကဲ မျက်မှောင်ကြုတ် လေသည် “အခုကို ကြပ်တည်းနေပြီကို သူ့ကိုကယ်ဖို့အချိန်မရှိဘူး သူ့ ဘာသာ မလွတ်နိုင်ရင် အဲမှာပဲ တစ်သက်လုံးနေခိုင်းလိုက်တော့”

***

All Chapters