အရေးကြီးပြဿနာနှစ်ရပ်
Vol. 16 Ch. 226
သိပ်မကြာခင်မှာပဲ စုန့်ဧကရာဇ်တို့ ရောက်ရှိ လာကြပြီး စုယင်၏နားနေဆောင်၌ပင် ဧည့်ခံ လိုက်ရတော့သည်။ စုန့်ဧကရာဇ်၏ အမူအရာ မှာ ပျက်ယွင်းနေပြီး အရေးကြီးကိစ္စအချို့ရှိနေ ပုံရသည်။
“နောင်တော်စုန့် ဘာတွေများ အရေးကြီးလို့ ဒီ လောက်အသည်းအသန် ရောက်ချလာရလဲ”
ကျိုးယန်က မေးလိုက်သည်။ စုန့်ဧကရာဇ်က သက်ပြင်းမောကို ချ၍
“အရေးကြီးတာပေါ့ ညီတော်ရ အခုမကြာခင် စ တော့မယ့် တွေ့ဆုဲပွဲအကြောင်း ကြားသိထားတ ယ်မဟုတ်လား”
“အင်း…သိထားပါတယ် ဘာလို့လဲ”
“ဟုတ်ပြီ… ဒီလိုညီတော်ရ ကျုပ်ရဲ့သတင်းသ မားတွေပေးပို့ချက်အရ တွေ့ဆုံပွဲမှာ ညီတော့်ကို ဖိအားပေးဖို့ ယန်နဲ့ဝူ ပြည်ထောင်စုတွေက ဦး ဆောင်မယ်လို့ ကြားတယ် အဲ့ဒါက မကောင်းနို င်ဘူး ဖိအားပေးဖို့ဆိုတာက စကားလုံးသက်သ က်ပဲ နောက်ကွယ်မှာ ဒီထက်ပိုနေနိုင်တယ်”
ကျိုးယန်တယောက် နားမလည်နိုင်ဖြစ်သွားရ သည်။ ထိုပြည်ထောင်စုများက လီပြည်နယ်ရဲ့ ဥပမာကို အခုထိ သင်ခန်းစာမယူကြသေးပုံရ သည်။ သူ့ဆီက မည်သည့်အရာကိုများ ဖိအား ပေးတောင်းဆိုချင်ကြသနည်း။ သေချာသည် က နည်းပညာအများစုကို လူသိထင်ရှားမျှဝေ ပေးထားသောကြောင့် ထိုအရာများအတွက် အ ဓိက ကျတဲ့ ကုန်ကြမ်းထောက်ပံ့မှုများလား။ ထို အချက်က ဖြစ်နိုင်သော်လည်း ကျိုးယန်ဆီမှ ကုန်ကြမ်းများလည်း ဝယ်ယူနိုင်နေသည်မဟုတ် လား။ ဘာအတွက်နည်း။
“ဘာအတွက်လဲ”
ကျိုးယန်ရဲ့အမေးကို စုန့်ဧကရာဇ်က လက်ကာ ပြလိုက်ပြီး ချီရီရှင်းဘက်လှည့်ကာ
“ချီမိန်းကလေး ဒုတိယပြဿနာကို ချီမိန်းက လေးက ပြောပြလိုက်ပါ”
စုန့်ဧကရာဇ်စကားအဆုံး၌ ချီရီရှင်းမှ
“အရှင်ပြောထားတဲ့ ကိစ္စနဲ့ဆက်စပ်နေတာပါ တ လောက အရှင့်ရဲ့မှာကြားချက်အရ အင်အားစု အသစ်တွေကို စောင့်ကြည့်နေတဲ့အချိန်မှာ တမ န်တော်အဖွဲ့လို့ ခေါ်တဲ့ဂိုဏ်းကြီးတခုက လှုပ်ရှား မှုတွေ စိပ်လာတာ သတိထားမိတယ် အထူးသ ဖြင့် ယန်နဲ့ဝူ ပြည်နယ်တွေနဲ့ ဆက်စက်နေပြီး နောက်ကွယ်မှာ အဲ့ပြည်နယ်နှစ်ခု ရှိနေမယ်လို့ ကျမ ထင်နေမိတယ် ပိုဆိုးတာက အဲ့ဒီဂိုဏ်းရဲ့ ပစ်မှတ်က စုန့်ပြည်နယ်ဖြစ်နေပြီးတော့ ကျမတို့ ပြီးရင် အရှင့်ရဲ့ ကျိုးပြည်နယ်ကို ကမောက်က မ ဖြစ်အောင်လုပ်မယ့် ပုံစံမှာရှိတယ်”
“တမန်တော်ဂိုဏ်းလား သူတို့က အခြားပြည်န ယ်တွေမှာလည်း ရှိနေတာလား”
ကျိုးယန်တယောက် မှင်သက်သွားရသည်။ တ ဖက်သူများက လက်ရှိလောကထဲ အကျအနစိမ့် ဝင်စပြုနေပြီး ချီရီရှင်း၏ စကားအရယန်နဲ့ဝူ စ သည့်ပြည်နယ်ကြီးများ အပါအဝင် အချို့ပြည် နယ်များကို ထိန်းချုပ်ထားပုံရသည်။
“ကျုပ်သိထားရသလောက် သူတို့ကဘာအတွ က် စုန့်ပြည်နယ်ကို ပထမဆုံးပစ်မှတ်ထနေတာ လဲ”
ကျိုးယန်ရဲ့ အမေးကို စုန့်ဧကရာဇ်က
“ဒါတော့ ကျုပ်လည်းမခန့်မှန်းတတ်ဘူး ကျုပ်ရဲ အမတ်တွေနဲ့ နောက်လိုက်တွေခန့်မှန်းချက်အရ ဒါက ညီတော်နဲ့ဆက်စပ်နေပြီး သူတို့ကညီတော့် ဆီက အရာတခုခုလိုချင်နေပုံရတယ်”
အရာရာတခုခု အစီအရင်ကျောက်လား။ ငါ့လ က်ချက်မှန်း သိသွားကြတာလား။ ဖြစ်တော့ဖြစ် နိုင်သည် အချို့ဂိုဏ်းကြီးများ၌ ပုံရိပ်ပြန်လည် ဖမ်းယူသည့် ရတနာများ ရှိနေတတ်ပြီး သေခါနီ နောက်ဆုံး မိနစ်အနည်းငယ်ကို မှတ်တမ်းတင် တာမျိုး ရှိကြသည်။ သို့သော်ထိုရတနာမျိုးမှာ ရှားပါးပြီး ကျိုးယန်၏ စနစ်၌ပင် မရှိချေ။ လို လည်း မလိုအပ်ပေ။
ရှလဲ့ သေဆုံးမှုနဲ့ဆက်စပ်၍ အစီအရင်ကိစ္စများ နောက်ကွယ်မှ သူ့ကိုသတိထားမိသွားပါက တ မန်တော်ဂိုဏ်းအနေဖြင့် ဒီထက်ပိုလှုပ်ရှားလာမ ည်ဖြစ်ပြီး စုန့်ပြည်နယ်သည် ပထမဆုံးပစ်မှတ် ဖြစ်လာတာက မဆန်းပေ။ တခုရှိသည်က လက် အောက်ခံထားကြသည့် လီနဲ့လင်း ပြည်နယ်နှစ် ခုကို မရွေးချယ်ခြင်းမှာ အဘယ့်ကြောင့်နည်း။ စုန့်ပြည်နယ်ရဲ့ ခွန်အားကို အထင်သေးနေခြင်း လား။
“ တွေ့ဆုံပွဲမှာကြုံမယ့် ဖိအားပေးကိစ္စကိုတော့ ကျုပ်မစိုးရိမ်ဘူး ဒါပေမဲ့ တကယ်တမ်းအဲ့ကိစ္စ က တမန်တော်ဂိုဏ်းက စီစဥ်တာဆိုရင် ပိုရှုပ် ထွေးလာနိုင်ချေရှိတယ် ပြီးတော့ နောင်တော်ရဲ့ စုန့်ပြည်နယ်က ပစ်မှတ်ထားခံရတာဆိုတော့ ဒီ ကာလထဲ စုန့်ပြည်နယ်က ကုန်သည်တွေကို ယ န် နဲ့ဝူ ပြည်နယ်အပါအဝင် သူတို့နဲ့ဆက်စပ်နေ တဲ့ ပြည်ထောင်စုတွေကို ရှောင်ကြဥ်ဖို့မှာကြားရ လိမ့်မယ်”
“ညီတော်က တခုခုကိုသိထားလို့လား”
စုန့်ဧကရာဇ်က ကျိုးယန်၏ စကားအသွားအ လာအရ ပြဿနာရဲ့အရင်းအမြစ်ကို သိထားပုံ ရသည်ဟု ယူဆကာ မေးလိုက်ခြင်းဖြစ်သည်။ ကျိုးယန်က ခေါင်းညိတ်၍
“ဟုတ်တယ် အစက ကျုပ်တယောက်တည်းကို င်တွယ်ဖို့ တွေးထားတာဆိုပေမယ့် မထင်မှတ်ပဲ နောင်တော်တို့ကိုပါ ပက်သက်လာပြီဆိုမှတော့ နောင်တော်တို့လည်း ပြဿနာရဲ့အဓိကအချက် ကို သိထားသင့်ပြီလို့ ကျုပ်ထင်တယ်”
ကျိုးယန်က နန်းသိမ်းပွဲ၌ ကြုံခဲ့သည့်ငရဲတမန် တော်များ ရှမိသားစုအကြောင်းနဲ့ နှလုံးမဲ့ချော က်နက်မှ အစီအရင်ကြီးစသည့် အကြောင်းအ ရာများစွာကို ရှင်းပြလိုက်ချိန်၌ စုန့်ဧကရာဇ်နဲ့ ချီရီရှင်းတို့မှာ ထိတ်လန့်သွားကြရသည်။ ထိုမျှ အရေးကြီးသည့် ပြဿနာက တစတစမီးတော က်နေသည်ကို သတိမပြုမိခဲ့ပေ။ အထူးသဖြင့် ကျိုးယန်၏ နောက်ဆုံးနန်းသိမ်းတိုက်ပွဲနဲ့ဆက် စပ်၍ သတင်းများကြားသိသော်လည်း ထိုအ ခြေနေက နောက်ထပ်အကြောင်းအရာများ ရှိ လာနိုင်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ယခုပြဿနာက ကျင့်ကြံရေးလောကတခုလုံး သက်ဆိုင်နေပြီး လောကတခုလုံး ဝါးမြိုခံရခြင် ကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။ တခုကံကော င်းသည်က အစီအရင်ကို ယာယီပိတ်ဆို့ထားနိုင် ခဲ့ပြီး တဖက်လူများ ရုန်းရင်းဆန်ခတ်ဖြစ်လာရ ခြင်းမှ အချိန်ထပ်မစောင့်လိုတော့၍ ဖြစ်နိုင်သ ည်။
ဟူး…
ပြဿနာက တကယ်ကိုသေးသေးကွေးကွေးမ ဟုတ်ဘူးပဲ။
စုန့်ဧကရာဇ်က တီးတိုးရေရွတ်လိုက်သည်။ လ က်ရှိ မီးစရှာနေသည့် ပြည်နယ်များကိုသာ ၎င်း တို့အမှန်တကယ် ထိန်းချုပ်ပြီးပါက ရင်ဆိုင်ရ ခက်မည်ဖြစ်ပြီး ပြည်နယ်များတိုက်ပွဲကြီးကိုလဲ ဆင်နွဲရတော့မည် ဖြစ်သည်။ ထိုအရာက ကမ္ဘာ ဖျက်စစ်ပွဲနဲ့ အလားသဏ္ဍန်တူသည်။
………………………………………………….