← Chapters

အရေးပေါ်အခြေနေ

Vol. 16 Ch. 227

အရေးပေါ်အခြေနေ

Vol. 16 Ch. 227

ကျိုးယန်၏စကားအဆုံး၌ ကိုင်ရီရီအပါအဝင် စုန့်ဧကရာဇ်တို့၏ အမူအရာမှာ လေးနက်နေကြ ပြီး တွေ့ဆုံပွဲ ပြဿနာက ကျိုးယန်သုံးလိုက်သ ည့် အစီအရင်ကျောက်နဲ့ ဆက်စပ်နေနိုင်သည်။ ထိုကိစ္စသာ သေချာပါက တဖက်လောကမှ ဝင် လာမည့်သူများအတွက် လမ်းရှင်းပေးသည့်သ ဘောသက်ရောက်ပြီး လက်ရှိလူများကိုသာအ လျင်အမြန် မဖြေရှင်းပါက ပို၍ ဆိုးရွားသည့် လူများ ထပ်မံဝင်ရောက်လာလျင် မည်သို့လုပ် ကြမည်နည်း။

သေချာသည်က နိမ့်ပါးသည့် လောကစည်းမျဥ်း များကြောင့် ကျင့်ကြံဆင့်များ နိမ့်ကျနေရခြင်း က တဖက်လောကမှ ကျူးကျော်လာသူများကို ရင်ဆိုင်ရခက်ခဲစေသည်။ ဟုတ်ပေသည် နှစ်တ ရာအတွင်း လက်ရှိ လောကထဲရောက်နေသည့် ငရဲတမန်တော်များ၏ သစ္စာခံများအား ရှင်းထု တ်ရမည်ဖြစ်သည်။

“ဒါဆို ညီတော်က တွေ့ဆုံပွဲအတွက် အစီစဥ်ရှိ ထားလား”

စုန့်ဧကရာဇ်ရဲ့အမေးကို ကျိုးယန်က

“လောဆယ်တော့ မရှိထားဘူး အခြေနေကိုကြ ည့်ပြီး လှုပ်ရှားရမှာပဲ အဆိုးဆုံးအခြေနေက စစ် ပွဲတခုပြန်စတာပဲ ဖြစ်ပြီး အင်း…အဲ့ဒါကဖြစ်နို င်ချေ အရှိဆုံးပဲ”

ကျိုးယန်၏ စကားကအားတက်စရာ မရှိပေ။ ပြဿနာကို သိထားသော်လည်း ထိုပြဿနာအ တွက် ရင်လေးမည့်ပုံ ရှိမနေသောကြောင့် စုန့်ဧ ကရာဇ်တယောက် စိတ်ရှုပ်ထွေးနေရသည်။

“ကျုပ်ကတော့ ကျုပ်ရဲ့ပြည်နယ်ထဲက တမန် တော်များအဖွဲ့ဂိုဏ်းကို ရှင်းလင်းရေးစလုပ်နေ ပြီ သူတို့က ကျုပ်နန်းတွင်းကို တရားဝင်ထိပါး လာတာဆိုတော့ ခွင့်မလွတ်နိုင်ဘူး လက်တ လောမှာလည်း တွေ့ဆုံပွဲကနီးလာပြီဆိုတော့ တ ဖက်အှာလိုအပ်တာကို ပြင်ဆင်ရင်း ဂရုတစိုက် တော့ ရှိနေသင့်တယ်”

“ကျုပ်နားလည်ပါတယ် ကျုပ်ရဲ့ကျိုးပြည်နယ် ထဲမှာတော့ သူတို့တွေ မရှိလောက်တော့ဘူးထင် တယ် ဒီအတွက် ကျုပ်ဘက်က အကူညီမရွေး အသင့်ကူညီမှာပါ တွေ့ဆုံပွဲမတိုင်ခင်သာ နောင် တော့်ဘက်က နိီးစပ်ရာပြည်နယ်တွေကို သတိ ပေးထားပြီး တိတ်တဆိတ်ဖြေရှင်းတာက အ ကောင်းဆုံးပဲ”

ကျိုးယန်ရဲ့ အကြံပေးချက်က နည်းလမ်းတကျ ရှိသည်။ တွေ့ဆုံပွဲမတိုင်ခင် တမန်တော်များအ ဖွဲ့နဲ့ပက်သက်၍ လူသိထင်ရှားကိုင်တွယ်ခြင်းက တွေ့ဆုံပွဲကို ဆိုးရွားသည့်အနေထားတခုသို့ ပို့ ဆောင်ရာရောက်ပြီး မည်သည့်ပြဿနာများဖြစ် ပွားမည်ကို မတွက်ဆနိုင်တော့ပေ။ သေချာသ ည်က တမန်တော်များအဖွဲ့ ဖြေရှင်းခံနေရလျင် ယန်နဲ့ ဝူပြည်နယ်များက စွတ်ဖတ်လာနိုင်သ ည်မဟုတ်လား။ ကျိုးယန်ကတော့ ထိုအရာကို စိတ်မပူပေ။ နိုင်ငံတခုရဲ့ အချုပ်အခြာအာဏာ မှာ ထိုနိုင်ငံအတွင်းရှိ နေထိုင်သူများနဲ့သာ သက် ဆိုင်သည်။ ပြည်နယ်တခုသည်လည်း ထိုသ ဘောတရားပင်။

“ကောင်းပြီ ဘာဆက်လုပ်ရမလဲ တွေးလို့ရပြီ ဆိုတော့ လုပ်ငန်းစကြတာပေါ့ ညီတော်ကျိုး ဂရုစိုက်ပါ”

စုန့်ဧကရာဇ်က အခြားကိစ္စများ ထွေရာလေးပါး အချို့ပြောဆိုပြီးနောက် ချီရီရှင်းနဲ့အတူ တိတ် တဆိတ် ထွက်ခွာသွားသည်။ ပညာရှင်တဦးအ တွက် ထိုကဲ့သို့ပြုလုပ်ရခြင်းက ထမင်းစားရေ သောက်ပင်။ ကျိုးယန်က ချက်ချင်းပင် အဖိုးဝူ တောက်ချင်နှင့် ကျိုးလီတို့ထံ ဆက်သွယ်ကာ တမန်တော်များအဖွဲ့နဲ့ ဆက်စပ်သည့်အရာများ အားလုံးကို တိတ်တဆိတ်ဖြေရှင်းရန် မှာကြား လိုက်ပြီး သူကိုယ်တိုင်ကလည်း ကျိုးပြည်နယ် အတွင်းရှိ အင်အားစုအချို့ကို စီစစ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။

ထိုအဖွဲ့က မည်မျှစိမ့်ဝင်ထားမည်နည်း သူမသိ နိုင်ပေ။ လိုအပ်ပါက မြေလှန်စနစ်ကို သုံးရန်ရှိ ပြီး ပွက်လောရိုက်မသွားစေရန် ဂရုတစိုက်တော့ ပြုလုပ်ရနိုင်သည်။ စုယင်နဲ့ စကားအနည်းငယ် ပြောဆိုပြီးနောက် ကျောင်းမှ ပြန်ထွက်လာခဲ့သ ည်။ ပြီးနောက် အင်အားစုများ၏ အချက်အလ က်များကို ကျိုးယင်ချင်းတို့နဲအတူ စစ်ဆေးနေ လိုက်သည်။

“ဒါက မီးတောက်အင်ပါယာဂိုဏ်းပဲ သူတို့ကရှိ နေသေးတာလား”

ကျိုးယန်က စာရွက်စာတမ်းအချို့မှ ဂိုဏ်းတခု ၏ အမည်စာရင်းကိုတွေ့လျင် ကျိုးယင်ချင်း အား မေးကြည့်သည်။

“ဟုတ်ပါတယ် သူတို့က နောက်မျိုးဆက်တွေ ဖြစ်မှာပါ အဓိကပညာရှင် မရှိတော့တဲ့အတွက် ထိပ်တန်းဂိုဏ်းအဆင့်ကနေ ပြုတ်ကျသွားတာ ကြာပါပြီ ဘာလို့လဲ တခုခုသတိထားမိလို့လား”

စုယင်၏ အမေးကို ကျိုးယန်ကခေါင်းခါပြ လိုက်ပြီး

“မဟုတ်ဘူး ဒီတိုင်းမေးကြည့်တာပါ နောက်ထပ် နတ်ဆိုးဂိုဏ်းတွေစာရင်းလည်း ဒီမှာရှိနေပြီ မရှိ တာက နေဦး တမန်တော်များအဖွဲ့ရဲ့ အင်အားစု စာရင်းက ဘယ်မှာလဲ မကောက်ယူထားကြဘူး လား”

ကျိုးယန်၏စကားအဆုံး၌ ကျိုးယန်အပါ အဝင် အကုန်လုံးက အသည်းအသန်ရှာကြရ တော့ သည်။ မူလက ကျိုးပြည်နယ်အတွင်းရှိ အင်အားစုများ၏ အချက်အလက်များ ကောက် ယူထားပြီး ထိုအထဲတွင် တမန်တော်များအဖွဲ့လဲ ပါဝင်သည်။ ယခုအချက်အလက်များ ပျောက် ဆုံးနေခြင်းက မည်သည့်အရာဖြစ်သနည်း။

ကျိုးယန်တယောက် စိတ်ထဲ မကောင်းသည့်ခံ စားချက်များ ရလာသည်။ စာရင်းများနဲ့ပက်သ က်၍ အဖိုးဝူ စုယင် ကျိုးယင်ချင်း ကိုင်ရီရီ စသ ည့် ယုံကြည်ရသူများသာ ကိုင်တွယ်ခဲ့သော ကြောင့် ပျောက်ဆုံးရခြင်းက မသက်ာစရာဖြစ် နေပြီး ပြင်ပမှ ဝင်ရောက်ခိုးယူရန် မဖြစ်နိုင်ပေ။ ကျိုးယန်တယောက် လေးနက်သွားရသည်။ ထို အချက်အလက်များက အရေးသိပ်မကြီးသော် လည်း ထိုအဖြစ်အပျက်က အတွင်း၌ သူလျှိုရှိ နေသည့် လက္ခဏာဖြစ်ပြီး မကောင်းတော့ပေ။

ကျိုးယန်၏ မျက်နှာပျက်ယွင်းနေသည်ကို သ တိထားမိသည့် ကိုင်ရီရီက နှစ်သိမ့်လာသည်။

“စိတ်လျော့ပါအရှင် သူတို့ဒီပြည်နယ်ထဲမှာ အ ချို့တဝက်တော့ ကျန်ဦးမှာပါ သေချာစုံစမ်းပြီး ဖမ်းဆီးလိုက်ရင် သတင်းအချို့ရနိုင်တယ်”

ကျိုးယန်က ခေါင်းယမ်း၍

“ထားလိုက်တော့ သူတို့နဲ့ပက်သက်တာတွေခန ရပ်ထားလိုက်ကြ”

ဟမ်…။

အကုန်လုံးက ကျိုးယန်ကို ဆွံ့အစွာကြည့်လာ ကြပြီး ကျိုးယန်ကလည်း မည်သည့်ဖြေရှင်းချ က်မှမပေးပဲ ခန်းမထဲမှ ထွက်ခွာသွားတော့သ ည်။ ကျိုးယင်ချင်းနှင့် လင်းယုယန်မှာလတ်တ လောတွင် နန်းဆောင်၌ မရှိကြပေ။ စိတ်ထဲတွင် တော့ တစုံတရာကို တွေးမိစပြုနေသော်လည်း ထိုအရာအား လက်မခံလိုသည့် ခံစားချက်က ပြင်းထန်စွာ ငြင်းဆန်နေပြန်သည်။

ကိုင်ရီရီ စုယင် ဟွာမုန့်ယင် ရှောင်ရှောင်နဲ့ တော က်ချင်တို့မှာလည်း ကျိုးယန်၏ အမူအရာပျက် ယွင်းနေသည့်အပေါ် စိတ်ခံစားချက်များမကော င်းမွန်ကြတော့ပဲ အသီးသီးနှုတ်ဆက်ကာ ထွက် ခွာသွားကြတော့သည်။

…………………………………………………

All Chapters