အခန်း (၂၂၈)
Vol. 16 Ch. 228
ပြည်ထောင်စုတွေ့ဆုံပွဲက နီးကပ်လာပြီဖြစ်သ ည်။ ဒီတကြိမ်တွေ့ဆုံမှုကို ဟုန်ပြည်နယ်ကတာ ဝန်ယူမည်ဖြစ်ပြီး ပြည်နယ်ကြီးငယ်မဆို တက် ရောက်ရန်လိုသည်။ အကြောင်းအရာမှာ ပြည်န ယ်များကြား အချင်းချင်းဆက်ဆံရေး ကောင်း မွန်ရန် ကုန်ပစ္စည်းများ ကျင့်ကြံရေး အရင်းအ မြစ်များ ဖလှယ်နိုင်ရန်အတွက် ရည်ရွယ်ပြီးပြု လုပ်ခြင်းဖြစ်သည်။
ထိုတွေ့ဆုံပွဲကာလမှာ ရက်အချို့ကြာမြင့်တတ် ပြီး လေလံပွဲများ ပျော်ပွဲရွှင်ပွဲကဲ့သို့ အလောင်း အစားရုံများ ပြည့်တန်ဆာခန်းမများလည်း ရှိ တတ်သေးသည်။ ကျင့်ကြံရေးလောကမှ ကျင့် ကြံသူများမှာ အများအားဖြင့် သေမျိုးများ၏ အလေ့အကျင့်နဲ့ နီးကပ်လေ့မရှိပေ။ သို့သော် အောက်ခြေကျင့်ကြံသူများကတော့ သာမန်သူ များထက် အနည်းငယ်သန်မာသည်ကလွဲ၍ ကွဲ ပြားမှု မရှိသောကြောင့် အလောင်းကစားရုံများ ပြည့်တန်ဆာခန်းမတို့၌ စစ်သည်တော်အဆင့် အစောပိုင်းများကို အများအားဖြင့် တွေ့ရတတ် လေ့ရှိသည်။
ကျိုးယန်က ဗာဂျရာကျင့်စဥ် လေးဆင့်မြောက် ကို လေ့ကျင့်နေခဲ့သည်။ ထိုအရာက မိုးကြိုးအ ပစ်ဒဏ်ကာလ၌ စတင်နားလည်မှုရှိခဲ့ပြီး ပြီးပြ ည့်စုံအဆင့်ရောက်ပါက ရုပ်ပိုင်းဆိုင်ရာသန်မာ မှုက တတိယအသွင်ပြောင်းခြင်းများနဲ့ ယှဥ်နိုင် တော့မည်ဖြစ်သည်။
ထိုမျှမကသေး နေမီးဓားကွက် ၃ခုလည်းကျွမ်း ကျင်အဆင့် ရောက်လာပြီး စတုတ္ထမြောက်ဓား ကွက်ကို နားလည်လိုပါက ဒုတိယအသွင်ပြောင် ခြင်းအဆင့် ဖြစ်ရန်လိုသေးသည်။ သို့သော်လဲ ယခု ပထမသုံးကွက်ကို အပြည့်အဝနားလည်ပြီ ရုပ်ပိုင်းဆိုင်ရာခွန်အား အပြည့်ဖြင့် အဆိုပါဓား ကွက်၃ခုကို ဖော်ထုတ်ပါက ဒုတိယအသွင်ပြော င်းခြင်းများကို ဖြေရှင်းရန် ဓားချက်တချက်သာ လိုမည်။
ထိုရက်အတွင်း မြို့တော်အသစ်မှ ကျောက်ဝမ် အာ ရောက်ရှိလာသေးပြီး သူမအနေဖြင့် တတိ ယအဆင့်ရဲ့ အအဆင့်မြင့်ကိုရောက်ရန် လမ်း ညွှန်မှုအချို့ လာရောက်တောင်းဆိုခြင်းဖြစ်သ ည်။ ထိုသို့ဖြင့် ကျိုးယန်က သူမကိုဆေးပညာ အချို့သင်ကြားပေးရင်း တဖက်တွင် လီနဲ့လင်း ပြည်နယ်နှစ်ခုကိုလည်း တမန်တော်များအဖွဲ့ဂို ဏ်းနဲ့ဆက်စပ်၍ ရှင်းလင်းကိုင်တွယ်နေမှုအား အဆက်မပြတ် သတင်းပို့စေသည်။
ထိုကိစ္စက အနည်းငယ်ပင် သတိလက်လွတ်လို့ မရတော့ပေ။ ကျိုးပြည်နယ်အတွင်း ငြိမ်သက် သွားသော်လည်း လုံးဝမရှိတော့ဟု မဆိုလိုပဲ အ ဖိုးဝူ ကိုင်ရီရီတို့ ဦးဆောင်ရှာဖွေနေသရွေ့ လက် ကျန်အနည်းငယ် ရှိနိုင်သေးသည်ဟု ယူဆရသ ည်။ ဟုတ်ပေသည် အင်အားကြီးအစုအဖွဲ့တခု က ရုတ်တရက်ပျောက်ကွယ်သွားရန်မှာ အလွန် ခက်ခဲသည်။
ဟုန်ပြည်နယ်တနေရာတွင် ဧကရာဇ်ဟုန်ကကြီး မှူး၍ တွေ့ဆုံပွဲနေရာကို စီစဥ်ဆောင်ရွက်နေခဲ့သ ည်။ ဟုန်ပြည်ထောင်စုမှာ စုန့် ယန် နဲ့ လင်းပြည် နယ်များဖြင့် ထိစပ်မှုရှိပြီး အရှေ့ဘက်၌လင်း ပြည်နယ် တောင်ဘက်၌စုန့်ပြည်နယ်ဖြစ်ကာ ကျန်ထိစပ်နေရာများအစုက ယန်ပြည်နယ်ဖြစ် သည်။ ဧကရာဇ်ဟုန်က အဆောက်အုံများတည် ဆောက်မှုကို ကြီးကြပ်နေချိန် နန်းတွင်းစစ်သည် တဦးက လာရောက်သတင်းပို့လာသည်။
“နောင်တော်စုန့်လား တွေ့ဆုံပွဲက လအချို့လိုနေ သေးတာပဲ ဘာအတွက် စောပြီးရောက်လာရပါ လိမ့်”
ဧကရာဇ်ဟုန်က အတန်ငယ်တွေးလိုက်သည်။ ပြီးနောက်
“ကောင်းပြီ နန်းတော်ရဲ့ဧည့်ခန်းမမှာ ဧည့်ခံထား လိုက် ငါကိုယ်တော်အခု လာခဲ့မယ်”
ဧကရာဇ်ဟုန်သည် အသက်၅၀ ခန့်သာရှိသည် ဟုထင်ရပြီး အမှန်က အသက်၁၀၀ နီးပါးရှိပြီ ဖြစ်ကာ တတိယအသွင်ပြောင်းခြင်းနဲ့ နီးကပ်နေ ပြီဖြစ်သည်။ ဧကရာဇ်စုန့်နဲ့ ဧကရာဇ်ဟုန်တို့မှာ မျိုးဆက်တူ လူများဖြစ်ကြ၍ နီးစပ်မှုရှိကြပြီး မကြာသေးမီက ဧကရာဇ်စုန့်က ကျိုးပြည်နယ်မှ ရသည့် နည်းပညာအချို့ ပြန်လည်မျှဝေပေးခဲ့ သောကြောင့် ဧကရာဇ်ဟုန်က ၎င်းကိုကျေးဇူး တင်နေခဲ့သည်။
“နောင်တော်စုန့်ပါလား ဘာအတွက်စောပြီးရော က်လာတာလဲ”
ဧည့်ခန်းမထဲသို့ ရောက်ရှိသွားချိန်၌ ဧကရာဇ်ဟု န်က မေးလိုက်သည်။ ဧည့်ခန်းမထဲတွင် ဧကရာ ဇ်စုန့် တယောက်တည်းသာရှိနေပြီး သက်တော် စောင့်များ စစ်သူကြီးအချို့တို့ကမူ လိုက်ပါမ လာကြပေ။
“ကိစ္စအချို့ ရှိလို့ဆိုပါတော့ နောင်တော်”
ဧကရာဇ်ဟုန်က ခေါင်းညိတ်ပြကာ ထိုင်ခုံ၌အ သာဝင်ထိုင်လိုက်သည်။ ပြီးနောက် ဝိုင်တခွက်ငှဲ့ ကာ သောက်လိုက်သည်။
“ဆိုပါဦး ဘာကိစ္စများလဲ”
“ဒီလိုပါ….”
ဧကရာဇ်စုန့်က တမန်တော်များအဖွဲ့ ယန်နဲ့ဝူပြ ည်နယ်များ၏ ဆက်စပ်မှုအခြေနေအနေများ လောက ကူးပြောင်းအစီအရင်များနဲ့ ငရဲတမန် တော်များ စသည့် အခြေနေအားလုံးကိုပြောပြ လိုက်သည်။ ဧကရာဇ်ဟုန်သည် အလေးအနက် ရှိနေပြီး ထိုပြဿနာက သေးငယ်သည်မဟုတ် တော့ပေ။
“ဒါဆို ကျုပ်တို့ပြည်နယ်တွေထဲမှာ ရှိနေတဲ့ဂိုဏ် အသစ်က ငရဲတမန်တော်တွေရဲ့ လက်အောက်ခံ ဖြစ်ပြီး သူတို့က ယန်နဲ့ဝူကို ထိန်းချုပ်ထားတယ် လို့ နောင်တော်ဆိုလိုတာလား”
“သေ ချာပေါက်လို့ မပြောလိုဘူး ဒါပေမယ့်ဖြစ် နိုင်ချေက များလွန်းနေပြီး ဒီတခေါက် ကျုပ်နဲ့ ညီနောင် ကျိုးကို ပစ်မှတ်ထားနေတာက နည်း လမ်းမကျဘူး နောက်ပြီး အကယ်၍များကျုပ် ကိုသာ ဖျက်စီးဖို့ အတွေးရှိထားရင် ကျုပ်အလှ ည့်ပြီးရင် နောက်ဆက်တွဲက ညီနောင်ဟုန်တို့အ လှည့်လည်း ဖြစ်သွားနိုင်တယ်”
ဧကရာဇ်စုန့် ပြောနေသည်က အဓိပ္ပါယ် ရှိပါသ ည်။ ပက်သက်မှုအရ ဟုန်နဲ့ စုန့်ပြည်နယ်က နီးစ ပ်ပြီး ထိုအခြေနေကိုလည်း အများစုကသိထား သောကြောင့် စုန့်ပြည်နယ်ကို ကိုင်တွယ်ရာ၌ ၎င်းတို့ပါ ပါဝင်နိုင်ချေရှိသည်။ ထိုထက်ပိုလေး နက်စရာဖြစ်ရသည်က ငရဲတမန်တော်များလ က်ရှိလောက ကိုသာ ကူးပြောင်းလာပါက ခုခံရ န် အင်အားကွာခြားလွန်းပြီး ပျက်စီးကိန်းကြုံရ နိုင်သည်။ ထို့အပြင် လူသားမျိုးနွယ်များလည်း ကျွန်ပြုခံရနိုင်သောကြောင့် ထိုအခြေနေကိုဟုန် ဧကရာဇ်က လက်မခံလိုပေ။
“ညီနောင်ဟုန် သေချာစဥ်းစားပါ ပြီးရင်နောက် ထပ်ညီနောင်တွေကိုလည်း သတိပေးလိုက်ပါဒီ တကြိမ်တွေ့ဆုံပွဲက ညီနောင်ထင်ထားသလော က်မရိုးရှင်းတော့ တာဝန်ယူထားရတဲ့ ညီနောင်ရဲ့ ပြည်နယ်မှာ အရှုပ်အထွေးတွေ ရှိလာနိုင်တယ်”
စုန့်ဧကရာဇ်က ထိုမျှသာပြောဆိုပြီး အတင်းမ တိုက်တွန်းတော့ပေ။ နှုတ်ဆက်စကားဆိုပြီး နောက် ထွက်ခွာသွားတော့သည်။ ဧကရာဇ်ဟုန် မှာ အလေးအနက်ဖြစ်ကျန်နေခဲ့ပြီး ခဏကြာ လျင် ဧည့်ခန်းမမှ ထွက်ခွာသွားကာ စုဝေးမှုတခု အရေးပေါ်ပြုလုပ်တော့သည်။
………………………………………………..