အခန်း (၂၂၉)
Vol. 16 Ch. 229
အခြေနေက အတွင်းပိုင်း၌ ဂယက်ထနေသော် လည်း ပြင်ပခြေနေများ၌မူ တည်ငြိမ်နေသေး သည်။ ကျိုးယန်က ပြည်နယ်အတွင်း အခြေအ နေများကို ထိန်းချုပ်ထားပြီး တမန်တော်များအ ဖွဲ့ကို ကိုင်တွယ်ရန် ကိစ္စများအား ထပ်မံမဆွေး နွေးတော့ချေ။
ထိုအတွက် ကျိုးယင်ချင်တို့မှာ ဆွံ့အနေခဲ့ကြပြီး ကျိုးယန်၌ သူမတို့မသိသည့် အစီစဥ်များရှိနေမ လားဟု တွေးထင်နေခဲ့ကြသည်။ ကျိုးယန်က ဖုံ ကွယ်အစီအရင်များ နေရာကူးပြောင်းအစီအရ င်များစွာကို ပြုလုပ်နေပြီး တဖက်တွင် နေမီးဓား ကွက်များကို လေ့လာနေခဲ့သည်။
တွေ့ဆုံပွဲ မစတင်မီ တပတ်အလို၌ ပြည်ထောင် စုများက လှုပ်လှုပ်ရှားရှား ဖြစ်လာကြပြီး ဟုန် ပြည်နယ်သို့ စတင်ခရီးထွက်ခွာကြသည်။ အ များအားဖြင့် ပြည်နယ်များကျယ်ဝန်းပြီး ဝေးလံ သော်လည်း ကျင့်ကြံသူများအတွက် အကွာအ ဝေးက ပြောနေစရာမလိုပေ။ ထိပ်တန်းကောင်း ကင်အဆင့် ရတနာခုသာရှိပါက ကီလိုမီတာ ထောင်ဂဏန်းခရီးအား ရက်ပိုင်းအတွင်းသွားနို င်သည်။ ရက်ပိုင်းဆိုသည်မှာ တရက်အတွင်းလို့ ဆိုလိုသည်။
ကျိုးယန်လည်း ကျိုးယင်ချင်း လင်းယုယန်တို့ ကိုခေါ်ဆောင်ကာ ဟုန်ပြည်နယ်သို့ ထွက်ခွာလာ ပြီး စု့န်ပြည်နယ်ကိုဖြတ်သန်းချိန်၌ စုန့်ဧကရာဇ် မှာ ချိရီရှင်း အပါအဝင်အခြား အရေးကြီးလူအ ချို့နဲ့အတူ ဟုန်ပြည်နယ်ထဲသို့ စောစီးစွာရောက် ရှိနေပြီဟု ကြားသိလိုက်ရသည်။
မည်သည့်ရည်ရွယ်ချက်မှန်း သဘောပေါက်တဲ့ ကျိုးယန်က ဟုန်ပြည်နယ်ကိုသာ ထွက်ခွာရန်ပြ င်ဆင်ခဲ့ပြီး ဟုန်ပြည်နယ်ကို အချိန်မီရောက်ရှိခဲ့ သည်။
ဟုန်ပြည်နယ်ရဲ့ မြေ မျက်နှာသွင်ပြင်မှာ မြေပြန့် ဒေသပေါများပြီး လယ်ယာစိုက်ပျိုးရေးအတွ က် မြစ်လက်တက်များစွာ ရှိထားသောကြောင့် စိုက်ပျိုးဧရိယာ များပြားသည်။ အများအားဖြင့် စုန့်ပြည်နာ်အတွင်းသို့ တင်သွင်းသည့် ဂျုံများ မှာ ဟုန်ပြည်နယ်၏ ထိပ်တန်းပို့ကုန်များသာဖြ စ်ပြီး စျေးနှုန်းကြီးမြင့်သောကြောင့် ကြွယ်ဝသ ည့်အင်အားစုများသာ စားသုံးနိုင်သည်။
ထို့အပြင် သားရဲအန္တရာယ်ကင်းဝေးပြီး နယ်စပ် ဒေသဖြစ်သည့် စုန့်ပြည်နယ်နှင့်လည်း အဆင် ပြေတဲ့ ဆက်ဆံရေးကြောင့် ဟုန်ပြည်နယ်က အ ရှိန်တခုဖြင့် တိုးတက်နေသည်မှာ ပြောစရာမလို ပေ။ ထို့ကြောင့်လည်း အလှည့်ကျတာဝန်ယူရ သည့် တွေ့ဆုံပွဲအတွက် ကြီးမားသည့်ကွင်းပြင် နေရာတခုကို အကုန်အကျမြောက်မြားစွာခံကာ တခမ်းတနား ပြုလုပ်စေသည်မဟုတ်လား။
ကျိုးယန်တို့ရောက်ရှိသွားချိန်တွင် ပြည်ထောင် စုများ၏ ဧကရာဇ်များ ထိပ်တန်းပညာရှင်များ အတွက် သက်မှတ်ထားသည့် နေရာဆီကိုတိုက် ရိုက်သွားရောက်ခဲ့သည်။ ထိုနေရာက တွေ့ဆုံပွဲ အတွက် ဆွေးနွေးမည့်ခန်းမနဲ့ မလှမ်းမကမ်းမှာ ရှိပြီး အလတ်စားမြစ်ငယ်တခုကို ကျောပေး၍ ဇိမ်ခံအိမ်ရာများသဖွယ် ဆောက်လုပ်ထားသော ကြောင့် ရှုခင်းမှာ အံ့သြမှင်သက်စရာပင်။
ကျိုးယင်ချင်းနဲ့ လင်းယုယန်တို့မှာ အတော်လေ မှင်သက်နေကြပြီး သူမတို့က ဟုန်ပြည်နယ်၏ ဆောက်လုပ်ရေးနည်းလမ်းများကို အဆက်မပြ တ်ချီးကျူးနေကြသည်။ ကျိုးယန်ကမူ ပတ်ဝန် ကျင်ကို စိတ်စွမ်းအင်များ မသိမသာဖြန့်ကျက် ထားပြီး ဂိုဏ်းအသစ်မှ လှုပ်ရှားမှုအချို့ ရှိမရှိနဲ့ ယန်နဲ့ဝူ ပြည်နယ်များနှင့် ဆက်စပ်ပြည်နယ်င ယ်များကို စောင့်ကြည့်ရန် ဖြစ်သည်။
တွေ့ဆုံပွဲ မတိုင်မီတရက်အလို၌ စုန့်ဧကရာဇ်က ဟုန်ဧကရာဇ် ချင်ဧကရာဇ် အပါအဝင် အခြား ဧကရာဇ်များနဲ့အတူ လာရောက်တွေ့ဆုံခဲ့သည် သူတို့ဆွေးနွေးလိုသည်မှာ တမန်တော်များအဖွဲ့ ကိစ္စဖြစ်ပြီး လောက ကူးပြောင်းအစီအရင်နဲ့ပ က်သက်၍ မယုံကြည့်နိုင်ကြသေးပေ။ ထိုကဲ့သို့ အစီအရင်များ ရှိကြောင်းမှတ်တမ်းများသာ ဖ တ်ဖူးပြီး ပြင်းထန်ကာ အန္တရာယ်များသည့်လေ ဟာနယ် ဖြတ်သန်းနိုင်တဲ့ အစီအရင်ဆိုသည်က အင်မော်တယ်အဆင့်ထက်ပင် သာလွန်နိုင်သည် မဟုတ်လော။
ထိုအရာက အဘယ့်ကြောင့် ကျိုးပြည်နယ်အ တွင်း တည်ရှိနေပြီး စုတ်ပျက်နေသည့် လောက ထံမှ ငရဲတမန်တော်များ ဘယ်အရာကိုမက်၍ သိမ်းပိုက်လိုကြသနည်း။ ၎င်းတို့တွေးမရကြပေ ကျိုးယန်က ထိုဧကရာဇ်များကို စုန့်ဧကရာဇ်မှ အကြောင်းအစုံ ပြောပြထားသည်ဟု ယူဆထား သောကြောင့် အစပျိုးကိစ္စများ မဆွေးနွေးတော့ ပဲလိုရင်းကိုသာ တိုက်ရိုက်ပြောဆိုတော့သည်။
“လက်ရှိ တွေ့ဆုံပွဲမှာ ကျုပ်တို့အနေနဲ့ ယန်နဲ့ဝူ ပြည်နယ်နှစ်ခုရဲ့ တောင်းဆိုမှုကို အလေးအနက် ထားဖို့လိုပြီး သူတို့ရဲ့စကားလမ်းကြောင်းကနေ တဆင့် အဲ့ဒီပြည်နယ်တွေကို တမန်တော်များအ ဖွဲ့က ထိန်းချုပ်ထားခြင်း ရှိမရှိကို တွက်ဆနိုင် တယ်”
“ဟုတ်တယ်”
ကျိုးယန်ရဲ့စကားကို စုန့်ဧကရာဇ်က ဝင်ရောက် ထောက်ခံခဲ့ပြီး ချင်နဲ့ ဟုန်ပြည်နာ်အပါအဝင် အ ခြားဧကရာဇ်များ၏ သဘောထားများကိုပွင့်လ င်းစွာ ပြောဆိုကြရန် တောင်းဆိုသည်။
ချင်ဧကရာဇ်က
“ကျုပ်လည်း အဲ့ဒီတမန်တော်များအဖွဲ့ဆိုတဲ့ ဂို ဏ်းအသစ်ရဲ့ သတင်းတွေကို ကြားမိပါတယ်သူ တို့က ကျုပ်ပြည်နယ်ထဲမှာလည်း အခြေစိုက်နေ ပြီဆိုတော့ အန္တရာယ်ကမနည်းလှဘူး အခုညီ နောင်ကျိုးစကားကြားတော့ သူတို့က ပြည်နယ် တွေကြား ကန့်လန့်တိုက်ဖို့ ညီနောင်ကျိုးရဲ့နည်း ပညာတွေကို ဗန်းပြတောင်းဆိုပြီး ဖိအားပေးနိုင် လောက်တယ်လို့ ကျုပ်မြင်မိတယ်”
ကျိုးယန်က ခေါင်းညိတ်ပြလိုက်ပြီး
“ကျုပ်အမြင်နဲ့ အတူတူပါပဲ ဒါပေမယ့်သူတို့ရဲ့ ရည်ရွယ်ချက်က ဒီတွေ့ဆုံပွဲမှာတင် လှုပ်ရှားမှု အချို့စတင်ဖို့ ရည်ရွယ်ချက်ရှိထားရင်ကော”
ကျိုးယန်၏ စကားအဆုံး၌ ဟုန်ဧကရာဇ်က
“ဘာများလဲ သူတို့က တွေ့ဆုံပွဲကိုအသုံးပြုပြီး စစ်ပွဲစချင်တာလား ဒါက ကျုပ်ပြည်နယ်ကြီးထဲ မှာလေ ရူးမိုက်လိုက်တာ”
ဟုန်ဧကရာဇ်ရဲ့လေသံမှာ ပြင်းထန်နေပြီးအိမ်ရှ င်မျက်နှာ မထောက်ပါက အိမ်ရှင်ကလည်း ဧည့် ဝတ်ကျေမှာ မဟုတ်ပေ။
“ပြောလို့တော့မရဘူး လှုပ်ရှားလာနိုင်တယ် ဘာ လို့လဲဆိုတော့ ပြည်နယ်အသီးသီးက တမန် တော်များအဖွဲ့ရဲ့ အင်အားတွေအကုန်လုံးနီးပါး ပျောက်ဆုံးနေတာက စိုးရိမ်စရာပဲလေ”
ချင်ဧကရာဇ်က တွက်ဆလိုက်သည်။
“ကျုပ်တို့ကတော့ လက်ရှိမှာ အင်အားနည်းပါ တယ် ဒါပေမဲ့ တွေ့ဆုံပွဲကနေတဆင့် ဒီလောက ကြီး ဝါးမြိုခံရမယ့်အရေးကိစ္စကိုတော့ ရှောင်ဖ ယ်မနေနိုင်ဘူး”
အဆိုပါစကားကိုပြောသူမှာ ကျန်းပြည်နယ်မှဧ ကရာဇ်ဖြစ်ပြီး ကျန်းပြည်ထောင်စုသည် သေး ငယ်သည့် ပြည်ထောင်စုလေးဖြစ်ကာ ချင်ပြည် ထောင်စု၏ အရိပ်အောက် ခိုလှုံနေခဲ့သောကြော င့် ချင်ပြည်ထောင်စု၏ မဟာမိတ်ဟု ယူဆနိုင် သည်။
………………………………………………….