← Chapters

တွေ့ဆုံပွဲ ပထမနေ့

Vol. 16 Ch. 230

တွေ့ဆုံပွဲ ပထမနေ့

Vol. 16 Ch. 230

ကျိုးယန်က အခြေနေများကို ပြည့်ပြည့်စုံစုံသိ နိုင်ရန် ကြိုတင်ပြင်ဆင်သင့်သည်ဟု ပြောဆို လိုက်ပြီး ယန် ဝူနဲ့ဆက်စပ်သည့် ပြည်နယ်များ ကို ဂရုစိုက်ရန်လိုသည်။

“ကောင်းပြီ လက်ရှိမှာ ဒင်းတို့ရဲ့ လှုပ်ရှားမှုကို မူတည်ပြီး တန်ပြန်နိုင်ဖို့ ကျုပ်တို့ဘက်က အင် အားအသင့် ပြင်ထားကြရမယ် အတတ်နိုင်ဆုံး တွေဆုံပွဲမှာ အချင်းမများဖို့သာ မျှော်လင့်ပါတ ယ်”

ဟုန်ဧကရာဇ်ရဲ့ စကားကိုအကုန်လုံးက လက်ခံ ကြပြီး ဆက်၍

“ဒီနေရာကြီးတခုလုံးကို လုံခြုံရေးတင်းကျပ် ထားလို့ အန္တရာယ်တော့ မရှိပါဘူး ဒါပေမယ့်ညီ နောင် တို့က ပေါ့ပေါ့ဆဆတော့ မနေကြနဲ့ပေါ့”

ဟုန်ဧကရာဇ်၏ စကားအဆုံး၌ ကျိုးယန်က

“ကျုပ်မှာ နေရာကူးပြောင်းအစီအရင်အချို့ ပြ င်ဆင်ထားတာ ရှိတယ် အရေးပေါ်အတွက် အန ည်းငယ် ယူထားကြပါ နောက်ပြီး အစီအရင်က လီပြည်နယ် ယန်စီရင်စုနဲ့ လင်းပြည်နယ် နယ်စ ပ် နောက်ပြီး ကျုပ်ရဲ့အနောက်ဘက်ဒေသက မြို့တော်အသစ် နေရာတခုခုကို ပို့ဆောင်ပေးနို င်တော့ အသက်အန္တရာယ် ကင်းစေလိမ့်မယ်”

ကျိုးယန်က စုန့်ဧကရာဇ်ကို ယုံကြည်သော ကြောင့် စုန့်ဧကရာဇ်၏ ညီနောင်ဧကရာဇ်များ ကို အစီအရင်ချပ်ပြားအချို့ ပေးလိုက်သည်။ ၎င်းမှာ တွေ့ဆုံပွဲ၌ မတော်တဆဖြစ်ပါက နေရာ ကူးပြောင်းပေးနိုင်သည် မဟုတ်လား။ ကျိုးယန် တို့ဆွေးနွေးပွဲမှ အဓိကအချက်နှစ်ခုဖြစ်သည့် စစ်ပွဲအတွက် အင်အားများ အချိန်မီပြင်ဆင်ရန် နှင့် တဖက်သူများကို အချိန်ပြည့်စောင့်ကြည့်ရ န်ဟူသည့် အချက်၂ခုအား စတင်အကောင်အ ထည်ဖော်ကြတော့သည်။

ဟုတ်ပေသည်။ ကျိုးယန်ကိုယ်တိုင်ပင် ကျိုးယ င်ချင်းနဲ့ လင်းယုယန်တို့အတွက် အသက်ကယ် ရတနာများ ပေးအပ်ထားပြီး မတော်တဆကိစ္စ များဖြစ်ပျက်ပါက မိမိကို မငဲ့ဘဲ ကျိုးပြည်နယ် ကိုသာ ရှောင်ပြေးရန် တိုက်တွန်းထားခဲ့သည်။ ထိုသို့ဖြင့် တွေ့ဆုံပွဲရက် ရောက်လာပြီး ပထမ နေ့၌ပင် ပြည်နယ် အမြောက်အမြားမှ ဧကရာဇ် များ ထိပ်တန်းကျင့်ကြံသူများက ကျယ်ဝန်းသ ည့်ခန်းမထဲသို့ ဝင်ရောက်လာကြတော့သည်။

ကျိုးယန်က ထိုအခြေနေကိုမြင်မှသာ လက်ရှိ လောက၏ အကျယ်အဝန်းကို ၎င်းအနေဖြင့် လျှော့တွက်မိနေဆဲဟု တွေးလိုက်ပြီး ဤမျှများ ပြားသည့် အင်အားစုများနဲ့ပင် တဖက်လောက မှ ရန်သူများကို မကိုင်တွယ်နိုင်ခြင်းက တဖက် သူများ၏ ခွန်အားကို တွက်ဆလို့ရနေချေပြီ။ အဘယ့်ကြောင့်ဆိုသော် လက်ရှိလောကမှာ အ ရင်ကလောက် ကျင့်ကြံသူများ မရှိကြတော့ပဲ နိမ့်ကျပြီး မပြည့်စုံသည့် နိယာများကြောင့်လဲ တတိယအသွင်ပြောင်းခြင်းကို ရောက်ရှိရန်ပင် ခက်ခဲနေပြီ ဖြစ်သည်။

ကျိုးယန်တို့က သက်မှတ်နေရာတွင် ထိုင်နေကြ ပြီး ထိုနေရာက စည်းဝေးပွဲ၏ အရှေ့ဆုံးနေရာ မကျတကျဖြစ်ကာ အဆိုပါနေရာကို ခန်းမတခု လုံးက ထင်ရှားစွာမြင်နိုင်ပေသည်။ ကျိုးယန်က နှုတ်ခမ်းထောင့်များကို တွန့်ကွေးလိုက်ပြီး ထို အခြေနေက မိမိကို ပစ်မှတ်ထားရန် ပြင်ဆင်နေ ပုံရသည်။

အစည်းအဝေးခန်းမတွင်းသို့ လူများတဖွဲဖွဲရော က်လာကြပြီး အများစုမှာ အနိမ့်ဆုံးအနေဖြင့် ပကတိရှင်သန်ခြင်း အဆင့်မြင့်များဖြစ်ပြီး အ မြင့်ဆုံးက တတိယအသွင်ပြောင်းခြင်းအဆင့်၌ ရှိနေသည့် ယန်ဧကရာဇ်နဲ့ ဝူဧကရာဇ်တို့ဖြစ်သ ည်။ စုန့် ချင် ဟုန် ဧကရာဇ်၃ပါးမှာ တတိယအ သွင်ပြောင်းခြင်း အဆင့်နဲ့နီးကပ်နေပြီး ဖြစ် သော်လည်း ထိုအဆင့်ကိုတော့ မရောက်ကြပေ အကြောင်းမှာ နိယာမအားနည်းချက်ကြောင့်ဖြ စ်ပြီး နောက်ထပ်နိယာမသဘောတရား နှစ်ခုခန့် ရှိရန်လိုအပ်နေ၍ ဖြစ်သည်။

ယန်နဲ့ဝူ ဧကရာဇ်နှစ်ပါးက ကျိုးယန်ရှိရာလှမ်း ကြည့်လိုက်ကြပြီး ထိုမြေခွေးအိုကြီးနှစ်ဦးရဲ့ မျက်လုံးများအတွင်း မကောင်းသည့်အရိပ်အ ငွေ့များ ဖြတ်သန်းသွားလေသည်။ ထိုအဖြစ်က ခဏမျှသာ ဖြစ်သော်လည်း ကျိုးယန်က သတိ ပြုမိလိုက်ပြီး သူ့အနေဖြင့် ထိုမြေခွေးများထက် ၎င်းတို့အနောက်မှ ငရဲတမန်တော်များကိုသာ ပို အလေးအနက်ထားသည်။ တတိယအသွင်ပြော င်းခြင်းလား နှစ်ယောက်မဟုတ် ငါးယောက်ထိ ရင်ဆိုင်နိုင်ပါသည်။

ကံကောင်းပါက တတိယအသွင်ပြောင်းခြင်းကို သတ်ဖြတ်ရန်ပင် ဖြစ်နိုင်ပြီး ငရဲတမန်တော်များ ဝင်ရောက်မစွတ်ဖတ်ပါက တွေ့ဆုံပွဲ၏အနေ ထားကို ထိန်းချုပ်ရန်မှာ လွယ်ကူသည်။ ကျိုး ယန်တယောက် မျက်နှာသွင်ပြင်ကို ထိန်းချုပ် ထားပြီး မျက်လုံးများက စူးရှနေကာ လူအုပ်အ တွင်း ရောနှောပါလာနိုင်သည့် တမန်တော်များ အဖွဲ့ကို စိတ်စွမ်းအင်ဖြင့် ထောက်လှမ်းနေခဲ့သ ည်။ သို့သော်အချိန် အတော်ကြာသည်အထိ မ သက်ာစရာ မည်သည့်သူကိုမှ မတွေ့ရပေ။

ကျိုးယန်တယောက် မျက်မှောင်ကြုတ်လိုက်ပြီး မလှမ်းမကမ်းရှိ ယန်နဲ့ဝူ ဧကရာဇ်များဘက် တ ချက်ကြည့်ကာ ၎င်းတို့အစုအဖွဲ့အနေဖြင့် မည် သည့်အရာကို ကြံစည်နေကြသနည်း။

မကြာမီ ဟုန်ဧကရာဇ်က တွေ့ဆုံပွဲအတွက် အဖွ င့်စကားပြောကြာလာပြီး ယခုအကြိမ်တွေ့ဆုံပွဲ ၌ ပြည်ထောင်စုအချင်းချင်းကြား မကျေနပ်မှု များ ပဋိပက္ခများကို အဓိကထားဖြေရှင်းရန် တောင်းဆိုခဲ့သည်။ ဟုတ်ပေသည် ဟုန်ဧကရာ ဇ်မှာ သဘာပတိဖြစ်၍ ၎င်း၏ စကားအဆုံး၌ ပြည်နယ်လေးများက ၎င်းတို့၏ အခက်ခဲများ ကိုစတင် ပြောဆိုကြတော့သည်။

ပြည်ထောင်စုတခု၏ ဧကရာဇ်က

“ကျုပ်တို့ပြည်ထောင်စုအတွက် နှစ်စဥ်ကုန်သွ ယ်ရေး စီမံချက်ကို ပြင်ဆင်ပေးဖို့ အင်အားကြီး ပြည်ထောင်စုများကို တောင်းဆိုချင်ပါတယ် လ က်ရှိ ကုန်သွယ်ရေးမှာ ကျုပ်တို့က စရိတ်စက ကြီးမားတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူနေရတော့ ပြည်ထောင်ရဲ့ အဓိကဘဏ္ဍရေးကို ထိခိုက်နေ လို့ ကျုပ်တို့နဲ့ဆက်စပ်တဲ့ ပြည်ထောင်စုတွေအ နေနဲ့ ကျုပ်တို့ဆီက ကုန်သည်တွေကို အချိန်တ ခုထိ အခွန်လျှော့ချပေးကြပါ”

ထိုဧကရာဇ်၏ စကားအဆုံး၌ အများစုမှာ လ က်ခံကြပြီး အဓိကအားဖြင့် ပြင်ပငွေကြေးရရန် ကုန်သွယ်ရေးကို အားကိုးနေရသည့် ပြည်နယ် များ၏ ဧကရာဇ်များက သဘောတူကြသည်။

“ကောင်းပြီ အဲ့ဒီကိစ္စက အဆင်ပြေပါတယ် ကျုပ်တို့ ယန်ပြည်ထောင်စုအနေနဲ့ ခဗျားရဲ့ကုန် သည်တွေကို ဆယ်နှစ် အခွန်သက်သာခွင့်ပေးမ ယ်လို့ ဒီနေရာကနေ အသိပေးလိုပါတယ်”

“အိုး ဧကရာဇ်ယန်က တကယ်သဘောထားကြီး တာပဲ”

“အခွန်ကို လျှော့ပေးတာတောင် မဟုတ်ဘူးလုံး ဝ ကင်းလွတ်ခွင့်ဆိုပါလား ဒါဆိုအခွန်အတွက် ပေးရတဲ့ ငွေအတော်များများသက်သာပြီ”

ခန်းမထဲရှိ လူများက တီးတိုးပြောဆိုနေကြ သော်လည်း စကားသံများကို အတိုင်းသားကြား နိုင်သည်။ ကျိုးယန်က အဆိုပါတောင်းဆိုသည့် ပြည်နယ်နှင့် ကုန်သွယ်ရေးအဆက်ဆံမရှိသော ကြောင့် မည်သည့်စကားမှ ဝင်ရောက်မပြောဆို ဘဲ ယန်ဧကရာဇ်စကားပြီးဆုံးချိန်၌ အခြားဧက ရာဇ်များက အသီးသီးကူညီရန် သဘောတူလို က်ကြတော့သည်။

………………………………………………..

All Chapters