← Chapters

အခန်း (၂၃၁)

Vol. 16 Ch. 231

အခန်း (၂၃၁)

Vol. 16 Ch. 231

ပြည်ထောင်စုအသီးသီးက အားတက်သရော ထောက်ခံနေကြပြီး အပေါ်ယံအမြင်၌ အင်မတ န်ကူညီတတ်ကြသည့်ပုံ ပေါ်လေသည်။ သို့သော် လည်း အတွင်း၌မူ ပြည်ထောင်စုတခု ချိနဲ့သွား ပါက ဝါးမြိုကျမည့်သူများဖြစ်ပြီး တကိုယ် ကောင်းဆန်သည့် ဧကရာဇ်မြေခွေးအိုကြီးများ သာဖြစ်သည်။

ကျိုးယန်က ခန်းမအတွင်း တိတ်တဆိတ်လေ့ လာနေခဲ့ပြီး မည်သည့်အကြောင်းပြချက်ဖြင့် ဖိ အားပေးမည်ကို သိလိုနေခဲ့သည်။ အစပိုင်းရက် များက ပြည်ထောင်စုများကြား ရိုးရှင်းသည့်ပြ ဿနာများကိုသာ ဖြေရှင်းကြမည့်ပုံ ရှိနေသည်။ ကျိုးယန်တို့အဖွဲ့ကို မသိမသာအကဲခတ်နေကြ သည့်အဖွဲ့က ယန်နဲ့ဝူ ဧကရာဇ်များဖြစ်ပြီး ၎င်း တို့၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် ပြဿနာ ရှာလိုရင်းကို မကြာမီထုတ်ဖော်တော့မည် ဖြစ် သည်။

“သူ တို့က မသိရင်ဂရုဏာရှင်ကြီးတွေပုံစံနဲ့ တ ကယ့်ကောက်ကျစ်တဲ့ မြေခွေးအိုကြီးတွေပဲ”

ကျိုးယင်ချင်းက စိတ်မသက်သာသည့်ပုံစံဖြင့် ညည်းညူသည်ကို လင်းယုယန်က ထောက်ခံစ ကားဆိုလေသည်။

“ဟုတ်တယ် သူတို့နဲ့ထိပ်တိုက်တွေ့ရတာက ကျာ မြီးဆွဲရတာထက် ပိုကြောက်ဖို့ကောင်းတယ်လို့ ဖခမည်းတော် ခဏခဏပြောတာ ကြားဖူးတယ် ဒါကြောင့်လည်း ယန်နဲ့ဝူ ပြည်နယ်တွေက ထိပ် တန်းပြည်နယ်တွေ ဖြစ်နေကြတာပေါ့”

ကျိုးယန်ကမူ သူမတို့၏ စကားများကိုတိတ်တ ဆိတ်သာ နားထောင်နေပြီး တချက်တချက်အ ကဲခတ်တတ်သည့် ယန်နဲ့ဝူ ဧကရာဇ်နှစ်ပါးကို စောင့်ကြည့်နေခဲ့သည်။ ဟုတ်ပေသည် ခန်းမပြ င်ပ၌ ဟုန်စစ်သည်များ ဖြန့်ကျက်ထားပြီး အင် အားအများအပြား သုံးစွဲထားသောကြောင့် မလို လားအပ်သည့် ပြဿနာများကို အချိန်မတန်မီ ရှာကြမည့်ပုံတော့ မရှိချေ။

ဟုန်ဧကရာဇ်က နောက်တကြိမ် ပြောဆိုပြီးနော က် အခြားပြည်နယ်များကလည်း အခက်အခဲအ သီးသီးတင်ပြလာကြသည်။ အများစုမှာ စိုက် ပျိုးရေးနဲ့ပက်သက်ပြီး နယ်စပ်ဒေသများအတွ က် စည်းမျဥ်းများလည်း ပါဝင်သည်။ ထိုအထဲ ၌ လီနဲ့လင်း ပြည်နယ်များကို ဥပမာထားပြီး န ယ်စပ်ဒေသများသည် တံခါးပေါက်များဖြစ်နေ သောကြောင့် ဂရုစိုက်ရန်လိုပြီး ပြင်ပရန်များမှ ကာကွယ်ရန် အရေးကြီးသည်ဟု ဆိုကြသည်။

အကြောင်းအရာက ကျိုးပြည်နယ်၏ ယန်စီရင် စုမှ ဝင်ရောက်ခြင်းကို စောင်းမြောင်းသည့်သ ဘောသက်ရောက်ပြီး လင်းပြည်နယ်သည် နယ် စပ်ဒေသ စည်းမျဥ်းများကို မစောင့်ထိန်းဟုလဲ ပြောလိုရာ ရောက်သည်။ ယင်းအဆိုကိုတင်သွ င်းသူက ပြည်နယ်တခုရဲ့ ဧကရာဇ်တပါးဖြစ်ပြီး သိသာသည့်အချက်က ထိုအဆိုပြုချက်ကို ယန် နဲ့ဝူ အပါအဝင် ၎င်းတို့ဘက်တော်သားဟု ယူဆ ရသည့် ပြည်ထောင်စုများက ထောက်ခံကြခြင်း ဖြစ်သည်။

စင်ပေါ်၌ ဟုန်ဧကရာဇ်မှာ မျက်နှာပျက်နေရပြီး အနှီမြေခွေးအုပ်၏ ရည်ရွယ်ချက်များကို သိနေ သောကြောင့် စိတ်ထဲ၌လည်း ဒေါသထွက်နေခဲ့ ရသည်။ ယန်ဧကရာဇ်က

“အကုန်လုံးကို ကျုပ်ပြောလိုတာတခုက မကြာ သေးခင်အချိန်က ဖြစ်ပွားခဲ့တဲ့ လီနဲ့ကျိုး ပြည် ထောင်စုနှစ်ခုကြားက တိုက်ပွဲအကြောင်းပဲ ကျို ပြည်ထောင်စုဘက်က ရုတ်တရက်ဝင်ရောက် တိုက်ခိုက်တာလို့ သတင်းတွေကြားကပြီး သာ လွန်လက်နက်အင်အားကို အသုံးပြုခဲ့တယ် ဒီ နေရာမှာ ကျုပ်စိုးရိမ်တာက ကျိုးဧကရာဇ်ရဲ့ နို င်ထက်စီးမှု စိတ်ဓာတ်နဲ့အပြုအမူတွေသာ ကျု ပ်တို့လို့ ပြည်ထောင်စုတွေသာမက ပြည်ထောင် စုငယ်တွေပေါ်သာ အာရုံကျခဲ့ရင် ပြဿနာကြီး နိုင်တယ်လို့ ကျုပ်မြင်မိတယ် ဒီအတွက် နောင် တော်တို့အမြင်ကို သိလိုပါတယ်”

စလာချေပြီး လက်နက်ပြဿနာ။ ထိုအရာကို သာလွန်လက်နက်ဟု သက်မှတ်ပြီး ပြဿနာတ ခုအဖြစ် ပုံဖော်ကာ အနိုင်ကျင့်တတ်သည့် ဧက ရာဇ်တပါး၏ စကိုက်လက္ခဏာကို ညွှန်းဆိုသွား ခဲ့သည်။ ယန်ဧကရာဇ်၏ စကားအဆုံး၌ အခြား ဧကရာဇ်များကလည်း ကိုယ်စီဝင်ပြောလာကြ သည်။

“အမှန်ပါပဲ လက်ရှိမှာ ကျိုးဧကရာဇ်ရဲ့ လက်န က်ဆန်းတွေက ကြောက်ဖို့ကောင်းလွန်းနေပြီး တော့ တိုးတက်နေတဲ့ ကျိုးပြည်ထောင်စုအနေ အထားအရ နောင်မှာ ဖိနှိပ်မယ့်လက္ခဏာတွေရှိ လာနိုင်လို့ သတိထားကြပါ”

“ကျုပ်သဘောတူတယ် အဓိကပြဿနာဖြစ်စေ တဲ့ လက်နက်တွေကို ကျုပ်တို့ဘယ်လိုကာကွယ် ကြမလဲ”

“မဟုတ်သေးဘူး ဒီယန်ဧကရာဇ်အိုကြီးပြောလို တာက ကျုပ်တို့တွေအနေနဲ့ ကျိုးဧကရာဇ်ရဲ့ လ က်နက်တွေကို အကန့်အသတ်တခုထိ ထိန်းချုပ် ခွင့်ရခဲ့ရင်ကော ဒီကိစ္စအတွက် စိုးရိမ်းရာမလို တော့ဘူးပေါ့”

ယန်ဧကရာဇ်၏ စကားကအများကြီး တာသွား ခဲ့ပြီး အကုန်လုံးက ထိုအကြံပြုချက်ကို စဥ်းစာ လာကြသည်။ ကျိုးယန်က ပြုံး၍

“အားလုံးပဲ ခင်ဗျားတို့က ကျုပ်ရဲ့လက်နက်တွေ ကို စိုးရိမ်ပါတယ်ပြောပြီး ကျုပ်ဆီကနည်းပ ညာတွေကျ လိုချင်ခဲ့ကြတယ် မဟုတ်လား ခုချိ န်မှာ လက်နက်နည်းပညာအများစုကို ကျုပ်က ဖြန့်ဝေပေးထားလို့ ပြည်ထောင်စုအများစုမှာ ထုတ်လုပ်နိုင်နေတာ အများအသိပဲ ဒါကိုခင်ဗျာ တို့က ထိန်းချုပ်ချင်တယ်ဆိုတော့ ဘာရည်ရွယ် ချက်လဲ ခင်ဗျားတို့ရဲ့ ထုတ်လုပ်မှုကိုပါ ထိန်းချု ပ်မှာလား”

ကျိုးယန်ရဲ့စကားအဆုံး၌ ဝူဧကရာဇ်မှ

“မဟုတ်တာပဲ မင်းက အကုန်လုံးကိုမျှဝေထား တယ်ဆိုပေမယ့် ကုန်ကြမ်းကိုမင်းဆီကပဲ ငါတို့ ဝယ်နေရတာလေ မင်းပေးတဲ့နည်းပညာဆိုတာ ကလည်း အပေါ်ယံဖြစ်ပြီး တဖက်မှာကုန်ကြမ်း တွေရောင်းချတာကနေ ငါတို့ကိုအမြတ်ထုတ်ခဲ့ တာကကော မင်းဘာပြောမလဲ နောက်ပြီး နောင် တော်ယန်ပြောလိုတာက မင်းတို့ရဲ့လက်နက်အ ရေအတွက်ကို ထိန်းချုပ်ပြီး ကုန်ကြမ်းတွေကို မျှဝေပေးဖို့ပဲ ဒါကမှ ပြည်ထောင်စုကြီးငယ်မ ရွေး ထုတ်လုပ်လာနိုင်ရင် အကုန်လုံးက မျှခြေ ဖြစ်သွားရမှာပဲ”

“ကျုပ်သဘောတူတယ် ကုန်ကြမ်းကို ကျိုးပြည် နယ်ဘက်က မျှဝေသင့်တယ်”

“အမှန်ပဲ ကုန်ကြမ်းအတွက် စျေးနှုန်းကြီးမြင့် နေတာက ကျုပ်တို့လိုပြည်ထောင်စု အငယ်တွေ အတွက် ခက်ခဲစေနိုင်လို့ အများတတ်နိုင်တဲ့ စျေးတခု လုပ်ပေးရမယ် ဖြစ်နိုင်ရင် ကျိုးပြည် နယ်ဘက်က အလကားတောင် ထောက်ပံ့ပေးရ ဦးမယ်”

“မှန်ပါတယ်”

ယန်နဲ့ဝူ ဘက်၌ ရှိနေသည့် ဧကရာဇ်များက အ ဆိုပြုချက်ကို ထောက်ခံနေကြပြီး ကျိုးယန်၏ လက်နက်နည်းပညာများအတွက် ကုန်ကြမ်းမျာ အား အလကားရလိုနေကြသည်။

“ဟားးးးးဟားးး အလကားပေးရမယ် ဟုတ်လာ တယ်လည်း ပြောတတ်တဲ့ ပါးစပ်တွေပဲ ခင်ဗျား တို့ကို ကျုပ်ရဲ့နည်းပညာတွေ ဝယ်ဖို့အတင်းမ တိုက်တွန်းခဲ့ဘူး နောက်ပြီး ကျုပ်ပြည်နယ်အတွ က် ထုတ်လုပ်တာက ပြည်နယ်အင်အားကိုတိုး မြင့်တာပဲ ဘယ်သူ့ကိုမှ မထိခိုက်ဘူး ဒါကိုထိန်း ချုပ်ရမယ်ဆိုတာကတော့…”

ကျိုးယန်က ခန်းမအတွင်းရှိ လူအားလုံးကိုဝေ့ဝဲ ကြည့်လိုက်ပြီး အထူးသဖြင့် လက်နက်များထိန် ချုပ်ရန် ကုန်ကြမ်းများ မျှဝေရန်ကိစ္စကို စတင် ပြောဆိုခဲ့သည့် ယန်ဧကရာဇ်ကို ဖြစ်သည်။

ကျိုးယန်၏ တင်းမာပြတ်သားသည့် အကြည့် ကိုသတိထားမိသည့် ယန်ဧကရာဇ်က ခပ်ထေ့ ထေ့ ပြုံးကာ

“ညီနောင်ကျိုး မင်းဆီမှာ ကြောက်ဖို့ကောင်းတဲ့ လက်နက်တွေအပြင် ရွေ့လျားနိုင်တဲ့ လက်နက် ကြီးတွေ ရှိနေတာ ကျုပ်တို့သိတယ် ဒီနေရာမှာ တောင်းဆိုလိုတာက မင်းရဲ့ လက်နက်ပိုင်ဆိုင်မှု စာရင်းကို တရားဝင်ချပြပြီး ဒီထက်ပိုတဲ့ပမာဏ တခုကို တိုးမလာဖို့ပဲ ကုန်ကြမ်းကိစ္စကတော့ အ များဆန္ဒအတိုင်းပါပဲ ကျုပ်ကတော့အလကား မလိုချင်ပါဘူး လျှော့စျေးနဲ့ရရင်တော့ အကော င်းဆုံးပေါ့ ဒီကိစ္စနဲ့ပက်သက်ပြီး သဘာပတိဖြစ် တဲ့ ညီနောင်ဟုန်က ပြောကြားပေးပါဦး”

ဟုန်ဧကရာဇ်မှာ စိတ်ရှုပ်ထွေးသွားရသည်။ ပြ ဿနာက ၎င်းဘက်လှည့်လာသည် မဟုတ်လား ရှောင်လွှဲ၍ မရနိုင်သောကြောင့် အကြံတခုပေး ရန်လိုသည်။ ဟုန်ဧကရာဇ်က ကျိုးယန်ကိုတချ က်ကြည့်လိုက်သည်။ ပြီးနောက်

“ကျုပ်ကတော့ ညီနောင်ကျိုးရဲ့ လက်နက်နဲ့ပ က်သက်ပြီး ခင်ဗျားတို့နဒ့ မတူတဲ့အမြင်တွေရှိ ထားတယ် ဥပမာ ကုန်ကြမ်းအတွက် အရင်းအ မြစ်ကို ခင်ဗျားတို့သိထားပြီး ခင်ဗျားတို့ပိုင်နက် နယ်မြေတွေမှာ ရှာဖွေရင်ကော ဒါက ပထမအ ချက်ဖြစ်တယ် နောက်တခုက လက်နက်ထိန်း ချုပ်တဲ့ကိစ္စမှာ လီနဲ့ကျိုး တိုက်ပွဲအကြောင်းသိ ထားတဲ့သူတွေကို တခုမေးချင်တယ် ဘယ်သူ က ဖိအားစပေးခဲ့တာလဲ အခုလက်ရှိ လီပြည်န ယ်ကို စတုတ္ထမင်းသား အုပ်ချုပ်နေတာကကော မတိုးတက်လာဘူးလား ခင်ဗျားတို့အနေနဲ့ ခေါင် မာတဲ့ လူအချို့ဆီက မဟုတ်တဲ့စကားတွေကို လက်ဆင့်ကမ်းမသယ်သင့်ပါဘူး”

ဟုန်ဧကရာဇ်၏ စကားအဆုံး၌ ဝူဧကရာဇ်က

“ညီနောင်ဟုန် ဒါက သဘာပတိတဦးပြောရမယ့် စကားလား ခင်ဗျားစကားအသွားအလာက ကျို ပြည်ထောင်စုကို ကာကွယ်ပေးနေသလိုပဲ”

“ခင်ဗျားက အဲ့လိုထင်နေတာလား”

လေထုက စတင်တင်းမာလာသည်။ ခန်းမထဲ၌ သုံးဖွဲ့ကွဲနေပြီး ကြားနေပြည်ထောင်စုများမှာ သ က်သက်ရှိလေသည်။ ထိုအထဲ၌ ချူ ပြည်ထော င်စုကဲ့သို့ အလယ်အလတ်ပြည်ထောင်စုများလဲ ပါဝင်သည်။ ခန်းမထဲ၌ ပြည်ထောင်စုဧကရာဇ် ၃၀ နီးပါးရှိကာ တချို့နယ်မြေများက နယ်မြေ ဘုရင်သာ ရှိကြသေးသည်။ အဆိုပါဘုရင်များ ကမူ တိကျစွာပင် ကြားနေကိုသာ ရွေးချယ်ကြ သည်။

………………………………………………..

All Chapters