← Chapters

အခန်း (၂၃၂)

Vol. 16 Ch. 232

အခန်း (၂၃၂)

Vol. 16 Ch. 232

ကျိုးယန်တို့ဘက်၌ စုန့် ဟုန် နဲ့ လက်အောက်ခံ ဖြစ်ထားသည့် လီနဲ့လင်း အပါအဝင် ပြည်ထော င်စု ၁၀ ခုရှိပြီး ယန်ဧကရာဇ်တို့ဘက်၌ ယန် ဝူ ကျန်း ပြည်ထောင်စုအပါအဝင် ပြည်ထောင်စု ၁၃ ခုထိ ရှိနေသောကြောင့် မဲပေးရွေးချယ်ရာ၌ အသာရလိုပါက ကြားနေထဲမှ အချို့ကို ခေါ် ဆောင်ရတော့မည် ဖြစ်သည်။

ထိုအချက်အား ယန်နဲ့ဝူ ဧကရာဇ်တို့ကလည်း သတိထားမိပုံရပြီး ခန်းမအတွင်း၌တော့ သိသာ စွာ မဲဆွယ်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် မဲ ပေးရွေးချယ်မည့် အခြေနေက လတ်တလောမ ရှိလာနိုင်ဟု ယူဆိရသည်။ ကျိုးယန်က ထိုအရာ ကို တွက်ဆမိသောကြောင့် ထ၍

“ကောင်းပြီ လက်ရှိ ကျုပ်ရဲ့လက်နက်ကိုထိန်း ချုပ်တာရယ် ကုန်ကြမ်းပြဿနာရယ်ကို ဆွေး နွေးနေတာ ဆိုတော့ ဒီအတွက်ဖြေရှင်းနည်းက ဧကရာဇ်ယန်ရဲ့ အဆိုပြုချက်ကို ကန့်ကွက် ဒါမှ မဟုတ် ငြင်းဆိုမယ့် အရေအတွက်ပဲ ကျုပ်ဆို လိုတာကို နားလည်ကြမှာပါ”

ကျိုးယန်၏ စကားအဆုံး၌ ဝူဧကရာဇ်က အား တက်သရောဖြင့်

“ကောင်းတာပေါ့ နောင်တော်ယန်ကဲ့အဆိုပြုချ က်ကို လက်ခံမယ့်သူတွေရှိရင် ကျုပ်တို့နဲ့ပူး ပေါင်းလို့ရတယ် ဒါက နောင်မှာ ခင်ဗျားတို့အ နေနဲ့ ကုန်ကြမ်းအတွက် စျေးကြီးပေးဝယ်နေရ တာကို သက်သာစေပြီး ကျိုးဧကရာဇ်ရဲ့ အင် အားကိုလည်း ထိန်းချုပ်ရာရောက်တော့ နောင် မှာစိုးရိမ်စရာနည်းတာပေါ့ ခင်ဗျားတို့လည်း လီ ပြည်ထောင်စုလို မဖြစ်ချင်ကြဘူး မဟုတ်လား”

ဧကရာဇ်ဝူ၏ စကားကြောင့် ခန်းမတခုလုံးတိ တ်ဆိတ်သွားကြပြီး ဧကရာဇ်ဟုန်က ဝင်ရောက် ပြောဆိုလာသည်။

“အဲ့နည်းက မဆိုးဘူး ဒါပေမယ့် လက်ရှိခန်းမ ထဲမှာတော့ နောင်တော်ဝူအနေနဲ့ သိသာတဲ့မဲဆွ ယ်မှုမျိုးကို ရှောင်ပြီး လာမယ့်နှစ် ဒီလိုအချိန်မှ ကျုပ်တို့အသီးသီးရဲ့ ရွေးချယ်မှုကို တင်ပြကြရ င်ကော ဘယ်လိုလဲ”

ဧကရာဇ်ဟုန်က မဲလမ်းကြောင်းကို စတင်လိုက် သည့် ကျိုးယန်၏စိတ်ကို မြင်လိုက်သောကြော င့် အချိန်ဆွဲခဲ့ပြီး တနှစ်အတွင်း၌ အတွင်းပြဿ နာဖြစ်သည့် တမန်တော်များအဖွဲ့ဂိုဏ်းအပါအဝ င် ဆက်စပ်သည့် ပြည်ထောင်စုများကို ဖော်ထု တ်ရမည် ဖြစ်သည်။

ခန်းမတခုလုံးက အလေးအနက်တွေးနေကြပြီး အချို့က ချက်ချင်းမဲပေးချင်သော်လည်း ပြည် ထောင်စုငယ်များ၌ ပြဿနာကိုယ်စီရှိနေသော ကြောင့် တွ့န်ဆုတ်ကုန်သည်။ အထူးသဖြင့် ယန် ပြည်ထောင်စုဘက် ပါနေသည့် ဧကရာဇ်များဖြ စ်သည်။ ဧကရာဇ်ယန်က အခြေနေကိုတွက်ဆ လိုက်ပြီး တနှစ်ဟူသည့် အချိန်က ကျင့်ကြံသူ များအတွက် တိုတောင်းသောကြောင့် သဘော တူရန် ဆုံးဖြတ်လိုက်သည်။

ထိုသို့ဖြင့် လက်နက်ထိန်းချုပ်ရေး ကုန်ကြမ်းမျှ ဝေရေးပြဿနာမှာ တည်ငြိမ်သွားပြီး အခြားပြ ည်ထောင်စုများ၏ ကိုယ်ပိုင်ကိစ္စရပ်များဘက် လှည့်လာကာ အများစုက အင်အားကြီးပြည် ထောင်စုများ၏ အကူညီကို တောင်းခံကြခြင်း ဖြစ်သည်။ သေချာသည်က ယန်နဲ့ဝူ ဧကရာဇ် တို့က အားတက်သရော ပုံစံပြသနေပြီး လာမဲ့ တနှစ်တွေဆုံပွဲ၌ ရလာဒ်ကောင်းတခု ရလိုနေမှ န်း သိသာနေသည်။

ကျိုးယန်က အနည်းငယ် ပြုံးလိုက်မိသည်။ ကမ္ဘာမြေတွင်လည်း နျူလက်နက်ထိန်းချုပ်ရေး ပြဿနာ ရှိနေပြီး အင်အားကြီးလက်နက်ပိုင်ဆို င်မှုကို အရေအတွက် လျှော့ချခြင်း ထုတ်လုပ်မှု ကန့်သတ်ခြင်းနဲ့ အများအတွက် မျှဝေခြင်းကိစ္စ များ ဖြစ်ပေါ်တတ်သည်မှာ သဘာဝပင်။

၎င်း၏လက်နက်များမှာ နိမ့်ကျသည့်မော်ဒယ် များသာဖြစ်ပြီး တကယ့်စစ်လက်နက်များမဟု တ်သေးပေ။ အသံထက်မြန်သည့် ပဲ့ထိန်းဒုံးကျ ည်များ မိုင်ပေါင်းများစွာအကွာမှ ပစ်ခတ်နိုင်သ ည့် နျူထိပ်ဖူးတပ်လက်နက်များ ခေတ်မီတင့် ကားကြီးများနဲ့ တိုက်လေယာဥ်များ မပါသေး ပေ။ ထိုအရာများသာ ထုတ်ဖော်လိုက်ပါက ကျို ယန်ကို ဝိုင်း၍ပင် တိုက်ခိုက်လာနိုင်သည်။

ကျိုးယန်ကမူ လက်ရှိလက်နက်များအပေါ် စိတ် ကျေနပ်ခြင်း မရှိသေးပေ။ ဟုတ်ပါသည် AK 47 အပါအဝင် M79 သာရှိနေပြီး ဟောင်ဝပ်ဇာ ကဲ့သို့ အမြှောက်များက သယ်ဆောင်ရခက်ခဲ နေသေးသည်။ ပုခုံးထမ်းလောင်ချာများ ထပ်မံ ရယူလိုပြီး ဖြစ်နိုင်ပါက တိုက်လေယာဥ်နဲ့ စစ် သဘော်ကြီးများကိုပါ စနစ်မှပေးစေလိုသည်။

စနစ်…..

ကျိုးယန်၏အတွေးကို သိနေသည့် စနစ်မှာဆွံ့ အနေပြီး မည်သည့်စကားကိုဆိုရမည်မှန်းပင် မ သိတော့ပေ။

ထိုသို့ဖြင့် ဆွေးနွေးမှုက ရက်အနည်းငယ်ထိ ထ ပ်မံကြာမြင့်ခဲ့ပြီး ကျိုးယန်က ကျိုးပြည်ထောင် စုနဲ့ထိစပ်သည့် ဒေသများ၏ တိုးတက်မှုကို အ ကူညီပေးမည်ဟု ထုတ်ပြောလိုက်သည်။ မည် ကဲ့သို့ အကူညီနည်း။ သိသာစွာပင် လင်းပြည် ထောင်စုကဲ့သို့ တွဲဖက်ပြည်ထောင်စုများ ဖြစ် သွားပါက လက်နက်စက်ရုံများ ပူးပေါင်းခြင်း နည်းပညာများ ကုန်ကြမ်းများ မျှဝေခြင်းနဲ့ အ သုံးပြုရန် နည်းစနစ်များ သင်ကြားပေးခြင်းတို့ ဖြစ်သည်။

ထိုအချက်ကို သတိထားမိသည့် ဘုရင်နယ်မြေ များမှာ စိတ်ဝင်စားသွားကြပြီး ကျိုးယန်၏လမ် သစ်စီမံကိန်းကိုလည်း ကူညီပေးပါရန် တောင်း ဆိုလာကြသည်။ ထိုအတွက်ကိုမူ ကျိုးယန်က ယတိပြတ် လက်မခံလိုက်ပဲ ထပ်မံဆွေးနွေးလို ပါက မိမိထံ လာရောက်နိုင်သည်ဟုသာ ပြောဆို လိုက်သည်။

အခြေနေက ရှုပ်ထွေးနေသော်လည်း ပြဿနာ အကြီးအကျယ်မဖြစ်နိုင်၍ ဧကရာဇ်ဟုန်မှာ စိ တ်ချသွားပြီး အစအဆုံး တခွန်းတပါဒမှ ဝင်မ ပြောခဲ့သည့် ဧကရာဇ်စုန့်မှာမူ ထိုထက်လေးနက် သည့် ပြဿနာကို ရင်ဆိုင်နေရသည်။ ဟုတ်ပါ သည် စုန့်နယ်စပ်မှတဆင့် အမည်မသိအင်အား စုများ ဝင်ရောက်လာသည့် သတင်းကိုရရှိထား သောကြောင့် ဖြစ်သည်။

“ညီနောင် စုန့် ပြဿနာရှိထားလား”

ဧကရာဇ်စုန့်၏ အမူအရာကိုသတိပြုမိလိုက်သ ည့် ဧကရာဇ်ဟုန်က အသံပို့လွှတ်၍ မေးလာသ ည်။ ဧကရာဇ်က သုန်မှုန်နေသည့် မျက်နှာဖြင့် ပြန်လည် အသံပို့လိုက်ပြီး အင်အားစုများတိုး ဝင်နေသည့် ပြဿနာကို အကျဥ်းချုံ့ပြောပြလို က်သည်။

ကျိုးယန်မှာ စုန့်နဲ့ဟုန် ဧကရာဇ်နှစ်ပါး၏ အမူ အရာကို သတိပြုမိသော်လည်း မမေးတော့ချေ မကြာမီ သိနိုင်သည် မဟုတ်လား။

ရက်အနည်းငယ် ကြာမြင့်ပြီးနောက် ဆွေးနွေးပွဲ ကိုရုတ်သိမ်းလိုက်ကာ လာမည့်နှစ်၅၀ တကြိမ် ထပ်မံဆွေးနွေးမည်ဖြစ်ပြီး နောက်တချိန်၌ ယန် ပြည်ထောင်စုက တာဝန်ယူမည်ဖြစ်သည်။ဆွေး နွေးမှုများ ပြီးသွားသော်လည်း အများစုမှာချက် ချင်းမပြန်ကြသေးပဲ ဟုန်ပြည်ထောင်စုအတွင်း ကျန်ရှိကာ အင်အားစုအသီးသီး ပေါင်းစပ်သည့် လက္ခဏာဖြစ်သည့် ဆွေးနွေးပွဲများ အသီးသီး ဖြစ်ပေါ်လာတော့သည်။

…………………………………………………

All Chapters