← Chapters

စုန့်ပြည်နယ်၏ ပြဿနာ

Vol. 16 Ch. 233

စုန့်ပြည်နယ်၏ ပြဿနာ

Vol. 16 Ch. 233

ဟုန်ဧကရာဇ်၏ နန်းတော်တနေရာ….

ဧကရာဇ်စုန့်၏ စကားဆုံးချိန်၌ အကုန်လုံးက လေးနက်သွားကြပြီး တိုးဝင်နေသည့် အင်အား စုများက တမန်တော်များအဖွဲ့ ဖြစ်နေမည်ကိုစိုး ရိမ်သွားကြသည်။ ၎င်းအဖွဲ့သည် ထိပ်တန်းကျ င့်ကြံသူများကို ပိုင်ဆိုင်ထားပြီး ခွန်အားအရ သာမက အင်အားအရေအတွက်ပါ သာလွန်သ ည်ဟု သတင်းရထားသောကြောင့် ဧကရာဇ်စုန့် မှာ စိတ်ရှုပ်ထွေးနေသည်။

“နောင်တော်စုန့် အဲ့ကိစ္စကို ဖြေရှင်းနိုင်မယ့်နည်း တခုရှိပါတယ်”

ကျိုးယန်၏စကားကို ဧကရာဇ်စုန့်က

“လုပ်စမ်းပါဦး ဘာနည်းလမ်းများလဲ လက်ရှိ တိုးဝင်နေတဲ့ အင်အားစုတွေကို အထိခိုက်မရှိ ကိုင်တွယ်နိုင်မှ ဖြစ်မှာနော်”

“ဒါတော့ မလွယ်ဘူးလေ ကျုက်အခုပြောမဲ့န ည်းလမ်းက ရိုးရှင်းပါတယ် နောင်တော့်ရဲ့တပ် ဖွဲ့တွေကို လက်နက်တွေနဲ့ရင်းနှီးအောင် အချိန် တိုအတွင်း ကျုပ်ဘက်က သင်ကြားပေးမယ် နောက်ပြီး တဖက်ရန်သူတွေကို ကိုင်တွယ်ရာမှာ ကျုပ်ရဲ့လက်နက်အပြည့် တပ်ဆင်ထားတဲ့ တပ် ဖွဲ့ဝင်အချို့လည်း ပို့ပေးမယ်”

“ဟမ်… ဒါက တိုက်ခိုက်ဖို့ပြောနေတာလား”

ဧကရာဇ်စုန့်မှာ မှင်သက်သွားရပြီး ကျိုးယန်၏ နည်းလမ်းက ထိပ်တိုက်ရင်ဆိုင်မည်ဟု မထင် ထားပေ။

“အဟုတ်ပဲ နောင်တော်သေချာ တွေးကြည့်ရင် သိမှာပါ လင်းပြည်နယ်ရဲ့နယ်စပ်မှာ လှုပ်ရှားမှု မရှိသလို ကျုပ်ရဲ့ဘက်ခြမ်းကနေလည်း တိုးဝင် လာတာမျိုး မရှိဘူး ဆိုတော့ နောင်တော်နဲ့ထိစပ် နေတဲ့ အခြားပြည်ထောင်စုကနေ တိုးဝင်လာ တာလို့ ယူဆလို့ရတယ် နောက်တချက်က အဲ့ဒီ ပြည်ထောင်စုက ကျန်းပြည်ထောင်စုဖြစ်နေတာ ပဲ နောင်တော်လည်း သိမှာပါ စုပြည်ထောင်စု နေရာကို သိမ်းပိုက်ထားတဲ့ ကျန်းပြည်ထောင်စု က လက်ရှိမှာ ဘယ်သူတွေနဲ့ပူးပေါင်းနေပြီး ဘ ယ်လိုအဆက်စပ်ရှိထားလဲ”

ကျိုးယန်၏ မေးခွန်းအဆုံး၌ ဧကရာဇ်ဟုန်က

“ဒါတော့ ဟုတ်တယ် လက်ရှိတိုးဝင်နေတဲ့ အင် အားစုတွေကို နောက်ကွယ်က ကူညီနေတဲ့ပြည် ထောင်စုက သေချာပေါက်ရှိနေလို့ပဲ ဒါဆိုပြဿ နာက ညီနောင်ကျိုးရဲ့နည်းလမ်းအတိုင်း သွားဖို့ ပဲရှိတော့တယ်”

ဧကရာဇ်စုန့်မှ အလေးအနက်တွေးနေပြီး စစ်ပွဲ တဖန်ပြန်စခြင်းက ပို၍ကြီးမားသည့် နောက်ဆ က်တွဲများ ရှိလာနိုင်သည်ကို သတိပြုမိသော ကြောင့် တုံ့ဆိုင်းနေပုံရသည်။

“ထားပါတော့ နောက်ကွယ်က အင်အားစုတွေပါ လာရင်ကော”

“ထိပ်တိုက်ရင်ဆိုင်ရုံပေါ့ သေချာတာက ယန်နဲ့ ဝူပြည်ထောင်စုက ပေါ်ပေါ်ထင်ထင် ဝင်မပါပဲ တိတ်တဆိတ်ကူညီတာမျိုးပဲ လုပ်မှာပါ”

ကျိုးယန်၏အတွေးက အဆိုပါအင်အားစုများ မှာ တမန်တော်များအဖွဲ့ ဖြစ်ရန် ရာနှုန်းပြည့်ရှိ နေပြီး သိသာစွာ တိုးဝင်လာပုံက တိုက်ခိုက်ရန် ဖြစ်သည်။ တွေ့ဆုံပွဲကို အာရုံများနေချိန် လှုပ် ရှားလာသောကြောင့် ဆက်စပ်အင်အားစုများ က ပေါ်ပေါ်ထင်ထင်တော့ ကူညီမည်မဟုတ်ပေ

“သူ တို့က ဘာကိုရည်ရွယ်တာလဲ”

ကျိုးယင်ချင်းက ဝင်ရောက်မေးမြန်းလာသည်။ သူမရဲ့ အမေးကိုကျိုးယန်က

“ဖြစ်နိုင်တာက စုန့်ပြည်နယ်ကို သိမ်းလိုတာထ က် ပြည်ထောင်စုတွေရဲ့ တည်ငြိမ်မှုကို ရှုပ်ထွေ စေချင်တာပဲ ဖြစ်ရမယ် ဒါမှသာ သူတို့အနေနဲ့ လွှမ်းမိုးလို့လွယ်ကူပြီးတော့ မထင်မှတ်ထားတဲ့ အခြေနေတခုသာဖြစ်ရင် စုန့်ပြည်နယ်ကိုသိမ်း ပိုက်ဖို့အထိ လုပ်ဆောင်နိုင်တယ် ဒါဆိုထိစပ်နေ တဲ့ ကျုပ်ကို ဖိအားပေးရာရောက်ပြီ”

ဧကရာဇ်ဟုန်ကလည်း

“ညီနောင်ပြောတာ ဖြစ်နိုင်တယ် ကျုပ်တို့နဲ့ထိစ ပ်နေတဲ့ ညီနောင်စုန့်တို့သာ ကျရှုံးသွားရင် ကျု ပ်တို့လည်း အနှေးနဲ့အမြန် ကြုံရဖို့ရှိတယ် ဆို တော့ ပြဿနာမကြီးထွားခင် ကိုင်တွယ်တာက အကောင်းဆုံးပဲ”

ဧကရာဇ်စုန့်က ဆုံးဖြတ်ချက်ချဟန်ဖြင့် သက် ပြင်းမောကို ထုတ်လိုက်ကာ ပြောလာသည်။

“ကောင်းပြီ ညီနောင်ကျိုးရဲ့ အကြံတိုင်းအရင် လုပ်ကြည့်တာပေါ့”

ထိုဆွေးနွေးပွဲ ပြီးဆုံးပြီးနောက် စုန့်ဧကရာဇ်မှာ ချက်ချင်းပြန်သွားခဲ့ပြီး ကျိုးယန်ကလည်း သူ့စ ကားအတိုင်း တပ်ဖွဲ့ဝင် တစ်သောင်းပို့လွှတ်ကာ လက်နက်များနဲ့အတူ အချိန်တိုအတွင်း အသား ကျစေရန် ကူညီစေတော့သည်။

ဟုတ်ပေသည်။ စုန့်ပြည်ထောင်စုက ဂယက်ထ နေခဲ့ပြီး တိုးဝင်လာသည့် အင်အားစုများက န ယ်စပ်ဒေသများကို တိုက်ခိုက်လာကြတော့သ ည်။ ထိုအတွက် ဧကရာဇ်စုန့်မှ ဒေါသတကြီးဖြ စ်သွားခဲ့ရပြီး ၎င်းတို့ကိုရင်ဆိုင်ရန် အင်အားအ ပြည့် လက်နက်အပြည့်တပ်ဖွဲ့များအား စေလွှတ် လိုက်တော့သည်။

ရက်အနည်းငယ်ကြာမြင့်ပြီးချိန်တွင် စုန့်ပြည် ထောင်စုအတွင်း တိုက်ပွဲများ ဟိုဒီဖြစ်ပွားလာ ပြီး ထိုအခြေနေကို ယန်နဲ့ဝူ အပါအဝင်ပြည် ထောင်စုအများအပြားက နှုတ်ဆိတ်နေကြသ ည်။ ကျိုးယန်က ထိုအချက်ကို တွက်ဆိထားမိ သောကြောင့် ရန်သူများကို အပြင်းထန်ဆုံးကိုင် တွယ်ရန် အကြံပေးလိုက်ပြီး တလနီးပါးကြာမြ င့်ချိန်၌ တဖက်သူများမှာ တမန်တော်များအဖွဲ့ ဖြစ်နေကြောင်း သိလိုက်ရတော့သည်။

ကျိုးယန်က လက်နက်ကြီးအပါအဝင် တင့်ကား နဲ့သံချပ်ကာ ကားအချို့ ပို့ပေးလိုက်ပြီး အထူး တပ်ဖွဲ့ဝင်များ၏ အကူညီကြောင့် အင်အားသာ လွန်နေသည့် ရန်သူများကို ထိန်းထားနိုင်ခဲ့လေ သည်။

စုန့်ပြည်ထောင်စု အနောက်ဘက်မြေရိုင်းဒေသ

တနေရာတွင် ပြင်းထန်သည့် တိုက်ပွဲတခုဖြစ်ပွာ နေလေသည်။ ထိုတိုက်ပွဲ၌ ရန်သူက အင်အား ၂သိန်းထိ ရှိနေကာ စုန့်ဧကရာဇ်ဘက်မှ အင်အာ တသိန်းခန့်နှင့် ကျိုးယန်ပေးပို့ထားသည့် အထူး တပ်ဖွဲ့ဝင် တသောင်းမှ တဝက်ခန့်က ရင်ဆိုင်နေ လေသည်။

သေနတ်သံများ လက်နက်ကြီးပစ်ခတ်သံများ အဆက်မပြတ် ထွက်ပေါ်နေပြီး အထူးတပ်ဖွဲ့ကို ဦးဆောင်သူမှာ စနစ်မှပေးထားသည့် စစ်သူကြီး တဦးဖြစ်သည်။ ထိုစစ်သူကြီးမှာ လော့ရှန်း၏ လက်အောက်မှဖြစ်ပြီး ပကတိရှင်သန်ခြင်းအ လယ်အလတ်သို့ ရောက်နေပြီး အထူးတပ်ဖွဲ့ဆို သည့်အတိုင်း ခေတ်မီလက်နက်များကို ကျွမ်း ကျင်စွာကိုင်တွယ် နိုင်သည်။

ကျင့်ကြံရေးပညာရှင်များက အပြင်းအထန်တို က်ခိုက်နေပြီး အလောင်းများသွေးအိုင်များစွာ ဖြစ်ပေါ်နေကာ စိတ်မချမ်းမြေ့စရာ မြင်ကွင်းတ ခု ဖြစ်နေစေသည်။ ထိုနေရာနှင့် နီးစပ်သည့် ပြ ည်သူများကို အပြင်ခေါ်ထုတ်နိုင်သောကြောင့် အသက်ဆုံးရှုံးမှုနည်းပါးသော်လည်း အင်အား အဆမတန်ဖြင့် ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲက ပြင်းထန်နေခဲ့သည်။

“ပစ်…”

“အုန်း…ဝုန်း…”

လက်နက်ကြီးပစ်ခတ်မှုက တဖက်လူအုပ်ကြား ပေါက်ကွဲသွားပြီး လူအများအပြားက လေထဲ လွင့်ပျံသွားကာ ခြေလက်အပိုင်းအစများအဖြစ် ပြောင်းလဲသွားတော့သည်။

“ဒါ… ကျိုးပြည်ထောင်စုက လက်နက်ဆန်း တွေမဟုတ်လား သူတို့ကပါ ကူညီနေတာလား”

“ဖြစ်နိုင်တယ် ခေါင်းဆောင် သူတို့ရဲ့လက်နက် တွေက ကြောက်ဖို့ကောင်းလွန်းနေတယ် ကျုပ် တို့ရဲ့ ထိပ်တန်းကျင့်ကြံသူတွေတောင် ရင်ဆိုင် နိုင်ဖို့ခက်တော့ ကျုပ်တို့အချိန်ကြာကြာဆက် တိုက်နေရင် အရေးနိမ့်မှာတောင် စိုးနေရပြီ”

တမန်တော်များအဖွဲ့၏ ဂိုဏ်းခွဲခေါင်းဆောင်က နှာခေါင်းရှုံ့လိုက်ပြီး

“ဟမ့် လက်နက်ကြီးဘယ်လောက်ပစ်နိုင်မှာလဲ ပစ်စမ်းပါ ငါတို့မှာ အရေအတွက်သာလွန်ပြီး ကျင့်ကြံသူပိုများတယ် ထိုးစစ်ကိုမလျှော့ချလို က်နဲ့ လက်နက်ကြီးအတွက် ခဲယမ်းတွေကုန်ရင် ငါတို့အသာရပြီ.

ထိုခေါင်းဆောင်၏ စကားအဆုံး၌ လက်ထော က်ခေါင်းဆောင်က ခေါင်းညိတ်ပြ၍ အဖွဲ့သား များကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန်မှာကြား လိုက်တော့သည်။ သိသာစွာပင် ရန်သူ၏ထိုးစစ် ဆင်မှုက ပိုကြမ်းတမ်းလာသည်။ လက်နက်ကြီး များကို ဖြန့်ကျက်ထားရသောကြောင့် အဆိုပါ တိုက်ပွဲ၌ လက်နက်ကြီး၃ခု တင့်ကား နဲ့ သံချပ် ကာကား တစိီးစီသာ ရှိနေပြီး လက်နက်အပြည့် တပ်ဆင်ထားသည့် တပ်ဖွဲ့အရေအတွက်မှာလဲ စုန့်နဲ့ကျိုး စစ်သည်စုစုပေါင်းမှ ၅၀၀၀၀ ဝန်းကျ င်သာ ရှိသည်။

“စစ်သူကြီး ရန်သူက ထိုးစစ်ဆင်လာပြီ”

ငယ်သားတဦးက သတင်းပေးပို့လာသည်။ရှေ့ တန်း၌ တိုက်ပွဲက ပြင်းထန်နေပြီး အထူးတပ်ဖွဲ့ ၏ စစ်သူကြီးမှာလည်း စုန့်ပြည်ထောင်စု၏မြေ ပုံကိုကြည့်ကာ ဗျူဟာများရေးဆွဲနေလေသည်

“ကောင်းတယ် လာကြစမ်းပါစေ ငါတို့မှာခဲယမ်း အလုံအလောက်ရှိထားတယ် အကုန်ပစ်ချကြစ မ်း”

စစ်သူကြီးက ပြတ်သားစွာပင် အမိန့်ပေးလိုက် သည်။ ထိုတိုက်ပွဲ၌ စစ်သူကြီးဟုန်၏ လက် အောက်မှ စစ်သူကြီးများလည်း ရှိနေပြီး ရန်သူ ၏ ထိုးစစ်ဆင်မှုကို တွေ့ချိန်၌ ပြာယာခတ်သွား တော့သည်။ ထိုကဲ့သို့ အခြေနေက စုန့်ပြည်နယ် နေရာအများအပြား၌ ဖြစ်နေသောကြောင့် တဖွဲ့ မှတဖွဲ့ကို ကူညီရန် ခက်ခဲနေသည်။

“မကောင်းတော့ဘူး သူတို့ကအင်အားထပ်တိုး လာတယ် ဧကရာဇ်ကို သတင်းပို့လိုက်ကြ တပ် ကူလိုနေပြီ”

မကြာမီ တိုက်ပွဲမြေပြင် အသီးသီးက သတင်း များပေးပို့လာချိန်၌ စုန့်ဧကရာဇ်မှာ ခေါင်းကိုက် သွားရတော့သည်။

“ညီနောင်ကျိုး အခြေနေက မင်းတွေ့တဲ့အတိုင်း ပဲ”

“စိတ်မပူပါနဲ့ ကျုပ်လင်းပြည်နယ်က တပ်ဖွဲ့အ ချို့ ပို့ဆောင်ပေးဖို့ မှာကြားထားတယ် ခင်ဗျား က ပြည်နယ်ထဲက အင်အားစုတွေကို သတိထား ပါ”

ကျိုးယန်က အလေးအနက်ပြောလိုက်သည်။ ဂိုဏ်းများနဲ့ မိသားစုကြီးများမှာ စုန့်ပြည်နယ်အ ခြေနေမကောင်းပါက ဘက်ပြောင်းကြမည့်သူ များဖြစ်၍ နောက်ကျောဓားနဲ့ထိုးနိုင်သည့် လူ များဖြစ်သည်။ ဧကရာဇ်စုန့်ကလည်း နားလည် သောကြောင့် ခေါင်းညိတ်ပြလိုက်ပြီး ချီမိသား စု အမတ်ထံသတင်းပေးပို့ကာ တိုက်ပွဲ၌အင်အာ စုအသီးသီးကို ဂရုစိုက်ရန် မှာကြားကာ စစ်ရေး အကူညီများ တောင်းရတော့သည်။

ချီအမတ်ကြီးမှာ စုန့်ပြည်နယ်အရေးကို ခေါင်း မရှောင်ခဲ့ပေ။ ဧကရာဇ်စုန့်၏ စိုးရိမ်မှုကိုနားလ ည်သောကြောင့် ချီမိသားစု၏ အင်အားများကို စစ်မြေပြင်ထံ ဖြန့်ကျက်ကာ အခြားမိသားစုမျာ ဂိုဏ်အင်အားစုများအား စောင့်ကြည့်စေသည်။ တဖက်ရန်သူများမှာ အင်အားအလုံးအရင်းဖြင့် စုန့်ပြည်နယ်အတွင်းသို့ တိုးဝင်လာသောကြော င့် တုန့်ပြန်ရန် နောက်ကျသွားခဲ့ပြီး ယခုလိုနေရာ အနှံ့ တိုက်ပွဲများ ဖြစ်ပွားရခြင်းဖြစ်သည်။

…………………………………………………

All Chapters