အခန်း (၂၃၄)
Vol. 16 Ch. 234
စုန့်ပြည်နယ်၏ လှုပ်ခတ်မှုက အခြားပြည်နယ် များထံ ရောက်သွားသော်လည်း ထိုအချင်းအ ရာနဲ့ပက်သက်၍ အများစုမှာ မသိဟန်ဆောင်၍ စောင့်ကြည်နေကြသည်။ အမှန်ပင် စုန့်ပြည်န ယ်မှာ ကျိုးပြည်နယ်နှင့် နီးစပ်တဲ့ ဆက်ဆံရေး တခုရှိထားသောကြောင့် ကျိုးယန်တို့ကိုဆန့်ကျ င်ဘက် ပြုလုပ်ထားသည့် ပြည်နယ်များမှာ ပါ ဝင်ပက်သက်လိုခြင်း မရှိကြပေ။
သို့သော်လည်း ထိုတိုက်ပွဲများ၌ ကျိုးယန်၏လ က်နက်များအပေါ် မသိမသာစုံစမ်းနေကြပြီး အ ဆိုပါလက်နက်များ၏ အဖျက်စွမ်းအားကို ၎င်း တို့က သိလိုခြင်းဖြစ်သည်။ ကျိုးယန်၏ အထူး တပ်ဖွဲ့ဝင် တသောင်းက ရှေ့တန်းစစ်မျက်နှာပြ င်၌ အားကြိုးမာန်တက် တိုက်ခိုက်နေခဲ့ပြီး ရက် အနည်းငယ် ကြာမြင့်ပြီးချိန်မှာတော့ လင်းပြည် နယ်ဘက်မှ အင်အား၂သိန်းပါဝင်သည့် တပ်ကူ တဖွဲ့ရောက်လာတော့သည်။
ထိုတပ်ဖွဲ့ကို လင်းပြည်နယ်၏ပထမမင်းသား ကိုယ်တိုင်ဦးစီးလာခဲ့ပြီး ကျိုးယန်၏အကူအညီ တောင်းဆိုမှုကြောင့် လင်းဧကရာဇ်မှ စေလွှတ် လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် မူလကအနည်း ငယ် နိမ့်ကျနေသည့် တိုက်ပွဲအခြေနေမှာ ပြန်လ ည်ကောင်းမွန်လာသည်။
လော့ရှန်းသည် ကျိုးယန်၏အမိန့်ဖြင့် နောက်ထ ပ်တပ်ဖွဲ့ဝင် ၁၀၀၀၀ကိုဦးစီးကာ စုန့်ပြည်နယ်အ တွင်းသို့ ဝင်ရောက်ရပြန်သည်။ ထိုအချိန်တွင် ကျိုးယန်က လီပြည်နယ်နှင့်တိုက်ပွဲ၌ ဖမ်းဆီးရ မိသည့် ကျင့်ကြံသူများနဲ့ တွေ့ဆုံကာ လက်ရှိလီ ပြည်နယ်၏ အခြေနေများ ပြောပြခဲ့ပြီး ၎င်းအ နေဖြင့် လီပြည်နယ်အတွင်းရှိ အင်အားစုများကို ထိန်းချုပ်ထားသော်လည်း ဖျက်စီးခြင်းမပြုခဲ့ ဟု ပြောဆိုလိုက်သည်။
ရည်ရွယ်ချက်မှာ ထိုကျင့်ကြံသူများထဲ၌ ပိုင်ဖုန် ကဲ့သို့ ပကတိပညာရှင်များပါဝင်ပြီး ထိုသူများ က အသုံးဝင်သောကြောင့် ဆွဲဆောင်လိုခြင်းဖြ စ်သည်။ ကျိုးယန်ဆီမှ စကားကြားချိန်တွင် မိ သားစုများ ဂိုဏ်းများမှ ကျင့်ကြံသူများမှာ မူလ လီပြည်နယ်ရှိ မိသားစုမိတ်ဆွေများထံ ပြန်ခွင့် တောင်းဆိုလာကြပြီး ကျိုးယန်၏လက်အောက် မင်းသားကျိုးလီကို ကူညီ၍ လီပြည်နယ်ကိုထိန် ချုပ်ရာ၌ အကူညီပေးပါမည်ဟု ကတိပြုလာခဲ့ ကြသည်။
ကျိုးယန်လိုချင်သည်မှာလည်း ထိုအရာသာဖြစ် သည်။ စုန့်ပြည်နယ်၏ အခြေနေများက နောက် ထပ် လီနဲ့လင်း ပြည်နယ်များ၌ မဖြစ်ပွားဟု မ ဆိုလိုပဲ အမှန်တကယ် ဖြစ်ပွားပါက အချိန်တခု ထိ တားဆီးထားနိုင်ရန် အင်အားလိုအပ်သည်။ ထို့ကြောင့် မူလကျင့်ကြံသူများကို ပြန်လည်စေ လွှတ်ရန် ဆုံးဖြတ်လိုက်ပြီး ထိုသူများထံမှ က တိစာချုပ်များရယူကာ လီပြည်နယ်သို့ အချို့ တဝက်အား စေလွှတ်လိုက်ပြီး အချို့တဝက်ကို မူ စုန့်ပြည်နယ်အတွင်း တိုက်ပွဲအားသွားရောက် ကူညီစေသည်။
ရက်အနည်းငယ် ထပ်မံကုန်ဆုံးသွားသည်။
စုန့်ပြည်နယ်၏ အခြေနေကတည်ငြိမ်သွားခဲ့ပြီး စုန့်ဧကရာဇ်မှာလည်း ကျိုးယန်အကြံပေးခဲ့သ ည့်အတိုင်း ပြည်နယ်အတွင်းရှိ အဓိကအင်အား စုများကို ချီမိသားစုအကူညီဖြင့် ထိန်းချုပ်ထား နိုင်ခဲ့သောကြောင့် မည်သည့်အတွင်းပြဿနာမှ မဖြစ်ပေါ်ခဲ့ပေ။
ကျိုးပြည်နယ်သည် လွန်ခဲ့သည့် နှစ်များကထပ် ပိုတိုးတက်နေပြီး မြို့တော်အသစ်မှာ စက်မှုမြို့ တော်ဖြစ်လာတော့သည်။ ထို့ကြောင့် ၎င်းနဲ့နီးစ ပ်သည့် မဟူရာမြို့တော်မှာ အင်အားကြီးလာပြီး အဆိုပါမြို့ကို အဓိကထိန်းချုပ်သည့် မိသားစု နှစ်ခုမှာလည်း အထိုက်အလျောက် ကျော်ကြား လာကာ ကျောက်ဝမ်အာ၏ ဆေးပညာရှင်ဂုဏ် သတင်းကြောင့်လည်း ပါဝင်သည်။
ကျိုးယန်က အဆိုပါကာလများ၌ မြို့တော်အ သစ် နန်းမြို့တော် ယန်စီရင်စု စုန့်ပြည်နယ် စသ ည့်နေရာများကို လှည့်လည်နေခဲ့ပြီး တဖက်တွင် စတုတ္ထအဆင့် ဆေးပညာရှင်တဦးဖြစ်ရန် ကြိုး စားနေခဲ့သည်။
တရက်၌ ကျိုးယန်တယောက် ဆေးဖော်စပ်ခန်း မှ ထွက်လာချိန် အခန်းပြင်ပ၌ စောင့်ဆိုင်းနေ သည့် ကျိုးယင်ချင်းကို တွေ့လိုက်ရသည်။ သူမ က အနီရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဦးခေါင်း၌ ဖီးနစ်ဆံထိုးကို ထိုးထည့်ကာ သူမရဲ့ ရဲရင့်သည် စစ်သူရဲမအသွင်ပြင်က ဝတ်ရုံရှည် ကြောင့် ပို၍ ထင်ဟပ်ကာ ကြည့်ကောင်းနေသ ည်။ ကျိုးယန်က သူမကိုတချက်ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။
“ဘာအတွက်စောင့်နေတာလဲ”
ကျိုးယန်ရဲ့အမေးကို ကျိုးယင်ချင်းက
“အရေးကြီးကိစ္စတချို့ ပြောစရာရှိလို့ပါ”
“အင်း… ကောင်းပြီ”
မကြာမီ ကျိုးယန်က သူမရဲ့အိပ်ဆောင်သို့လိုက် ပါသွားတော့သည်။ လမ်း၌ အပျိုတော်များက ဦးညွှတ်အရိုအသေပေးကြပြီး သူမရဲ့အိပ်ဆော င်ကို ရောက်ချိန်၌ ကျိုးယင်ချင်းက အစေခံများ ကို အပြင်စေလွှတ်လိုက်တော့သည်။
“ပြောပါဦး ဘာများအရေးကြီးပြောစရာ ရှိနေ တာလဲ”
ကျိုးယန်က ထိုင်ခုံတခု၌ အသာအယာဝင်ထိုင် လိုက်ပြီး လက်ဖက်ရည်နှစ်ခွက် ငှဲ့ကာ မေးလို က်သည်။
“ပြီးခဲ့တဲ့ရက်ပိုင်း အရှင်ဆေးဖော်စပ်ခန်းထဲ ဝင် နေချိန်တုန်းက မောင်တော်ကျိုးလီထံက သတင် စကားအချို့ရလိုက်တယ်”
ကျိုးယင်ချင်းရဲ့ စကားကို ကျိုးယန်က နား ထောင်နေဟန် မျက်ခုံးပင့်ပြသည်။ ကျိုးယင်ချ င်းက ဆက်၍
“သူ့သတင်းစကားထဲမှာ လီပြည်နယ်အတွင်းမှာ ရှိတဲ့ မြေရိုင်းဒေသတခုအကြောင်းလည်းပါတ ယ်”
“မြေရိုင်းဒေသဟုတ်လား အဲ့ဒါက ဘာများထူး ဆန်းတာရှိလို့လဲ”
ကျိုးယန်က သိလိုစွာမေးလိုက်သည်။
“မြေရိုင်းဒေသဆိုတာက ထူးဆန်းတာမဟုတ်ဘူ မြေရိုင်းဒေသထဲမှာ ရှိနေတဲ့ အင်အားစုတခုက ထူးဆန်းနေတာ သူတို့က လီပြည်နယ်မရှိချိန်ထဲ က ရှိခဲ့တယ်လို့ မှတ်တမ်းတွေမှာ အတိအကျ ဖော်ပြထားပြီး လီဧကရာဇ်အဆက်ဆက်ကလဲ အဲ့ဒီမြေရိုင်းဒေသကို သိမ်းပိုက်ဖို့ကြိုးစားခဲ့ကြ တာ မအောင်မြင်ခဲ့ဘူးတဲ့”
“စိတ်ဝင်စားစရာပဲ ဆက်ပြောပါဦး”
“အခု စုန့်ပြည်နယ်ထဲက စစ်ပွဲအကြောင်းကို သ တိထားမိတော့ မောင်လေးလီအနေနဲ့ လီပြည်န ယ်ကို ထိပါးလာမှာစိုးရိမ်နေပြီး အဓိကအချက် အနေနဲ့ အရှင့်ရဲ့အကူညီကို အချိန်ပြည့်မယူချင် ဘူးလို့ ဆိုထားတယ်”
ကျိုးယန်တယောက် ပြုံးလိုက်မိသည်။ အတိအ ကျပင် မင်းသားကျိုးလီမှာ ခေါင်းမာပြီးမာနရှိ သည့် မင်းသားတပါးဖြစ်ကာ လီပြည်နယ်ဘုရင် ခံဖြစ်သွားချိန်မှစ၍ ကျိုးယန်ထံမှ မည်သည့်အ ကူညီမှ မရယူတော့ပဲ သူ့အစွမ်းသက်သက်ဖြင့် အုပ်ချုပ်ရန် ကြိုးစားနေခဲ့သည်။ ထိုအရာက ပု န်ကန်မည့် လက္ခဏာမဟုတ်ပဲ လီပြည်နယ်သာ အားကောင်းလာပါက ကျိုးပြည်နယ်အတွက် တဖက်တလမ်းမှ အကူညီပေးနိုင်မည်သာ ဖြစ် သည်။
“ဒါပေမဲ့ အဲ့ဒီမြေရိုင်းဒေသက မျိုးနွယ်စုကိုတို က်ခိုက်သိမ်းပိုက်ဖို့ အရှင့်ကို ကူညီစေချင်တာ ဖြစ်မယ်”
ဟမ်… ။ ဒါက အကူညီတောင်းတာပဲ မဟုတ် ဘူးလား။ ဘာများကွာလို့လဲဟ။ ကျိုးယန်တစ် ယောက် မှင်သက်သွားသည်။ ခေါင်းမာသည့် အစ်ကိုတော်က အကူညီတောင်းလာခြင်းမှာ အ ရေးကြီးကိစ္စသာ ဖြစ်မည်။
“သူ လိုအပ်နေတာက တပ်ဖွဲ့အင်အားလား”
ကျိုးယန်ရဲ့အမေးကို ကျိုးယင်ချင်းမှ ခေါင်းညိ တ်ပြသည်။
“အင်း… အဲ့ဒါကနည်းနည်းတော့ခက်တယ် အခု ကျုပ်ရဲ့ကိုယ်ပိုင်အင်အား တဝက်လောက်ကို စုန့်ပြည်နယ်ပို့ထားရပြီး ကျန်တဝက်ကလည်း ကျားချောင်းချောင်းနေတဲ့ ပြည်နယ်တွေရန်က ကာကွယ်ဖို့ ပြည်နယ်အတွင်း မဖြစ်မနေဖြန့်ကျ က်ထားရတော့ အင်အားတွေကို ရုတ်သိမ်းဖို့မ လွယ်ဘူး”
ကျိုးယန်တယောက် အလေးအနက်ဖြစ်သွားရ သည်။ လက်ရှိအခြေနေက တည်ငြိမ်စပြုလာ သော်လည်း လုံးဝတည်ငြိမ်နေသေးသည်မဟု တ်သောကြောင့် စုန့်ပြည်နယ်ရှိ အင်အားများကို ပြန်လည်ရုတ်သိမ်း၍ မရနိုင်သေးပေ။ ထို့အတူ ကျိုးပြည်နယ်အတွင်းရှိ တပ်ဖွဲ့များမှာလည်း လို အပ်ချက်အတိုင်း အတိအကျရှိနေသောကြောင့် ခွဲထုတ်ရန် ခက်ခဲသည်။
“အရှင်ကိုယ်တိုင်သွားပြီး ကူညီရင်ကော လက်ရှိ အရှင့်ရဲ့ခွန်အားက ထိပ်ဆုံးမဟုတ်ရင်တောင် ထိပ်ဆုံးလူတွေထဲတော့ ပါနေပြီပဲ”
ကျိုးယင်ချင်းက ပြောလာသည်။ ကျိုးယန်က ခေါင်းကိုခါယမ်းလိုက်ပြီး
“မဟုတ်သေးဘူး လီပြည်နယ်လို အားကောင်း တဲ့ ဧကရာဇ်အဆက်ဆက်က မသိမ်းပိုက်နိုင် တာကိုကြည့်ရင် တဖက်မှာလည်း ထိပ်တန်းကျ င့်ကြံသူတွေ ရှိနေနိုင်တယ် ဒါက ကျုပ်တယော က်တည်းသွားရင် အကူညီဖြစ်စေဖို့ မသေချာ ဘူး”
ကျိုးယန်၏ စကားကယုတ္တိတန်နေပြီး အဆိုပါ မျိုးနွယ်စုအင်အားကို လီဧကရာဇ်အဆက်ဆက် ကပင် မချေမှုန်းနိုင်သောကြောင့် ကျိုးယန်တစ် ဦးတည်းရဲ့ ခွန်အားက အကူညီမဖြစ်ပေ။
“ဒါဆို ဘယ်လိုလုပ်မလဲ”
“သေ ချာတာကတော့ အခြေနေတွေတည်ငြိမ် တဲ့အထိ စောင့်ရလိမ့်မယ်”
ကျိုးယင်ချင်းတယောက် ငြိမ်ကျသွားပြီး တဖ က်ကို အကြောင်းပြန်ရန် တွေးနေခဲ့သည်။ ကျိုး ယန်က တိတ်ဆိတ်သွားသည့် ကျိုးယင်ချင်းကို ကြည့်ကာ ပြုံးလိုက်ပြီး သူမရဲ့လက်တဖက်အာ ဆုပ်ကိုင်လိုက်သည်။ ဆေးဖော်စပ်ခန်းထဲ၌ နေ့ တဝက်နီးပါး ရှိနေခဲ့ပြီး ပူလောင်သည့်မီးအရှိန် ကြောင့် အပူဓာတ်ရှိထားသည့် ကျိုးယန်မှာ ကျို ယင်ချင်းနဲ့ အနီးကပ်ရှိနေသောကြောင့် အပူပေါ် အပူဆင့်လာပြီး ထိန်းချုပ်မရတော့ပေ။
ကျိုးယင်ချင်းတယောက် ဆတ်ခနဲတွန့်သွား သော်လည်း မရုန်းပေ။ ကျိုးယန်က သူမကိုအ သာပွေ့ချီကာ အိပ်ဆောင်အတွင်း ခေါ်ဆောင် သွားတော့သည်။
…………………………………………………