အခန်း (၂၃၅)
Vol. 16 Ch. 235
နောက်တနေ့မနက်၌ ဖြစ်သည်။ ကျိုးယန်တစ် ယောက် လန်းဆန်းစွာနိုးထလာပြီး တဖက်တွင် သူ့ခန္ဓာကိုယ်အား တင်းကြပ်စွာပွေ့ဖက်ထားသ ည့် ကျိုးယင်ချင်းအား ကြည့်ကာ ပြုံးလိုက်သ ည်။ ပြီးနောက် သူမရဲ့လက်များကို အသာဆွဲဖ ယ်လိုက်ပြီး ကုတင်ပေါ်မှဆင်းကာ အဝတ်အစာ များ ဝတ်ဆင်လိုက်သည်။
ထိုစဥ် လင်းယုယန်မှာ ခန်းမကျယ်ထဲ၌ ကျိုး ယန်ကို စောင့်ဆိုင်းနေပြီး သူမနဲ့အတူ ကျောက် ဝမ်အာလည်း ရှိနေလေသည်။ ကျိုးယန်တစ် ယောက် မနက်စာ စားသောက်ပြီးခန်းမကျယ် ထဲရောက်သွားချိန်၌ ကျောက်ဝမ်အာကိုတွေ့လို က်ရ၍ အံ့အားသင့်သွားခဲ့သည်။
ကျောက်ဝမ်အာမှာ မဟူရာမြို့တော်နဲ့ မြို့တော် အသစ်ကြား အကူးအသန်းများသော်လည်း နန်း မြို့တော်ရှိရာကို လာခဲသည်။ ကျိုးယန်ရောက် လာသည်ကိုမြင်လျင် ကျောက်ဝမ်အာက နှုတ် ဆက်စကားဆိုသည်။ ကျိုးယန်က ခေါင်းညိတ် ပြလိုက်ပြီး
“ဒါနဲ့ ကျောက်သခင်မလေးက ဘာအတွက်များ ရောက်လာရတာလဲ”
ကျိုးယန်ရဲ့အမေးကို ကျောက်ဝမ်အာက တွန့် ဆုတ်နေသည့် အမူအရာဖြင့်
“ကျမ အရှင့်ဆီက အကူညီတချို့ လိုအပ်လို့ပါ”
“အကူညီတချို့ဟုတ်လား ဘာများလဲ”
လင်းယုယန်က ကျောက်ဝမ်အာကို မသိမသာ အချက်ပြလိုက်ပြီး ထိုအရာ ဆက်ပြောရန်ဖြစ် သည်။ ကျောက်ဝမ်အာက
“မကြာသေးခင်က ကျမရဲ့ဆေးပညာအဆင့်က တတိယအဆင့်ရဲ့ အလာ်အလတ်အဆင့်ကိုဖြ တ်ကျော်ဖို့ နီးကပ်လာခဲ့တယ် ဒါပေမဲ့ တတိယ အဆင့်ရဲ့ အဆင့်မြင့်ကိုရောက်ဖို့က ဉာဏ်အလ င်းတချို့လိုနေတော့ အဲ့ဒါ”
သူမရဲ့စကားပင်မဆုံးသေး ကျိုးယန်က လက် ကာပြလိုက်ပြီး
“ဘာများလဲလို့ တတိယအဆင့်ရဲ့ အဆင့်မြင့်ကို တောင်ရောက်တော့မယ်လား မင်းက တကယ့် ပါရမီရှင်ပဲ ကောင်းပြီ အဲ့ကိစ္စအတွက်ဆိုမပူနဲ့ ကျုပ်အဆင့်ဖြတ်ကျော်စဥ်က အတွေ့အကြုံ တွေ စုစည်းပြီး လွှဲပြောင်းပေးမယ် လေ့လာလို့ ရတာပေါ့”
ကျောက်ဝမ်အာတယောက် ဝမ်းသာသွားရသ ည်။ လက်ရှိကျင့်ကြံရေးလောက၌ တတိယအ ဆင့်ဆေးပညာရှင်မှာ အမြင့်ဆုံးဖြစ်ပြီး ထိုအ ဆင့်ကို ဖြတ်ကျော်ရန်ခက်ခဲသော်လည်း သူမ အထင် ကျိုးယန်သည် စတုတ္ထအဆင့်ပင်ဖြစ်နေ နိုင်ပြီး ထိုကဲ့သို့အထွဋ်အထိပ် ဆေးပညာရှင်ရဲ့ အတွေ့အကြုံက သူမအတွက် တန်ဖိုးမဖြတ်နိုင် ပေ။
“ ကျေးဇူးတင်ပါတယ် အရှင်”
ကျောက်ဝမ်အာက ကျေးဇူးတင်စကားပြောသ ည်။ ကျိုးယန်က ပြုံး၍
“အရေးကြီးကိစ္စမဟုတ်ပါဘူး မင်းကိုလည်းကျု ပ်ဘက်က အကူညီတခုပြန်တောင်းဖို့ရှိတယ် ကူ ညီဖို့အဆင်ပြေမှ ကူညီလို့ရပါတယ် အတင်းဖိ အားမပေးပါဘူး”
ကျိုးယန်ရဲ့စကားအဆုံး၌ ကျောက်ဝမ်အာက အားတက်သရော ပြောလာသည်။
“ပြောပါအရှင် ကျမအတတ်နိုင်ဆုံး ကူညီနိုင် အောင်ကြိုးစားမှာပါ”
“တခြားတော့မဟုတ်ပါဘူး အထက်တန်းကျော င်းနဲ့ တက္ကသိုလ်ပညာရေးစနစ်မှာ ဆေးပညာနဲ့ ပက်သက်တာအချို့ ထည့်သွင်းဖို့စဥ်းစားထား တယ် ဒီအတွက် ကျိုးပြည်နယ်တခုလုံးက ဆေး ပညာရှင်အချို့ ဖိတ်ခေါ်ပြီး ဆေးပညာဌာနကို ဖန်တီးချင်တာ မင်းက အဲ့ဌာနကို ဦးစီးပေးရလိ မ့်မယ် ဖြစ်မလား”
ကျိုးယန်ရဲ့စကားကြောင့် ကျောက်ဝမ်အာသာ မက လင်းယုယန်ပါ မှင်သက်သွားရသည်။ ပြ ည်နယ်တခုလုံး၏ ဌာနကိုဦးစီးရသည်က မိသား စုတခုအုပ်ချုပ်ရသည်ထက်ပို ခက်ခဲသည်ကို သူမ သိပေသည်။ သို့သော်လည်း ထိုအရာကို လက်ခံလိုက်ခြင်းက ကျောက်မိသားစုရဲ့ဂုဏ် ကိုမြင့်တင်ပေးရာ ရောက်ပြီး ကျိုးပြည်နယ်တိုး တက်နေသမျှ ကျောက်မိသားစုရဲ့ အရှိန်အဝါက လည်း လိုက်ပါတိုးတက်နေမည် မဟုတ်လား။
“အရှင် အဲ့ဒါက တာဝန်ကြီးလွန်းတော့ ကျမတ တ်နိုင်မယ် မထင်ဘူး”
ကျောက်ဝမ်အာက တွန့်ဆုတ်စွာပြောလာသည်။ သူမအနေဖြင့် ကူညီလိုသော်လည်း တာဝန်ကြီး လွန်းသောကြောင့် အမှားအယွင်းဖြစ်မှာ စိုးရိမ် နေပုံရသည်။ သူမရဲ့အတွေးကို သိနေသည့်ကျို ယန်က ပြုံးလိုက်ပြီးနောက်
“မင်းစိုးရိမ်နေတာကို ကျုပ်သိပါတယ် အဲ့ဒီအ တွက် ဖိအားပေးစရာမလိုပါဘူး မိဖုရားလင်းက မင်းကို ကူညီပေးလိမ့်မယ် မင်းတို့နှစ်ယောက်စ လုံးက အရည်အချင်းရှိကြတော့ ကျုပ်ရဲ့ဆေးပ ညာဌာနကို တိုးတက်အောင် လုပ်ဆောင်နိုင်ကြ မယ်လို့ ကျုပ်ယုံတယ်”
လင်းယုယန်တယောက် ဆွံ့အသွားရသည်။သူမ မှာ ဆေးပညာအရည်အချင်း တစက်ကလေးမှ မရှိချေ။ ထိုအရာကိုမှ ကျိုးယန်က ကူညီစေချင် နေသည်။ သို့သော်လည်း ကျိုးယန်မှာခင်ပွန်းတ ဦးဖြစ်ပြီး ဧကရာဇ်တပါးလည်းဖြစ်သောကြော င့် သူမက မငြင်းဆန်တော့ပဲ အဆိုပါကိစ္စကိုလ က်ခံလိုက်ပြီး ကျောက်ဝမ်အာနဲ့အတူ ကူညီမည် ဟု ကတိပေးလိုက်ရတော့သည်။
မကြာမီ စကားအနည်းငယ်ပြောဆိုပြီးနောက် ကျောက်ဝမ်အာတယောက် နှုတ်ဆက်၍ပြန်ထွ က်သွားတော့သည်။ ထိုစဥ် အနားယူနေသည့် ကျိုးယင်ချင်းမှာ နိုးလာပြီး ခန်းမကျယ်ထဲရော က်ရှိလာကာ နေ့စဥ်တာဝန်အတွက် စာရွက်စာ တမ်းများစစ်ဆေးခြင်း အမတ်များ အရာကြီး များဆင့်ခေါ်ကာ စည်းဝေးခြင်းတို့ ပြုလုပ်လိုက် သည်။
ထိုအရာများကို ကျိုးယင်ချင်းနှင့် လင်းယုယန် တို့ကသာ ဦးဆောင်ခဲ့ပြီး ကျိုးယန်က စည်းဝေး မှု၌ အရာရှိများ အင်အားစုခေါင်းဆောင်များ၏ အကြံပြုချက်များကို နားထောင်ကာ ပြန်လည် အမိန့်ပေးစရာရှိသည်များကို အမိန့်ပေးရုံသာဖြ စ်သည်။
…………………………………………………