အခန်း (၂၃၆)
Vol. 16 Ch. 236
နောက်ရက်များ၌ ကျိုးယန်တယောက် ဆေးပ ညာနဲ့ ဗာဂျရာကျင့်စဥ် ဒုတိယအတွဲအား လေ့ လာနေစဥ် ဘုရင်နယ်မြေအချို့က လာရောက် တွေ့ဆုံကြတော့သည်။ ထိုနယ်မြေများမှာ အဆ င့်နိမ့်ပြည်ထောင်စုများဖြစ်ပြီး ဧရိယာကျယ်ဝန်း သော်လည်း အရင်းအမြစ်နည်းပါးသောကြောင့် အခြားပြည်ထောင်စုများနဲ့ မယှဥ်နိုင်ပဲ နိမ့်ကျ နေသည့် ပြည်နယ်များဖြစ်ကြသည်။
ကျိုးယန်က စုန့်ပြည်နယ်၏ အခြေနေကိုမျက် ချေမပြတ်စောင့်ကြည့်နေရင်း တိုက်ပွဲမှဖမ်းဆီး ရမိသူများကို စစ်ဆေးရန်စောင့်ဆိုင်းနေခဲ့သည် ဟုတ်ပေသည် ထိုလူများကိုစစ်မေးရာမှ တစုံတ ရာသိနိုင်ပြီး နောက်ဆက်တွဲကိစ္စအတော်များ များကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။
သို့သော်လည်း ထိုကိစ္စတွက် စီစဥ်နေစဥ်မှာပဲ ဘုရင်နယ်မြေ၃ခု မှဘုရင်၃ပါး ရောက်ရှိလာခဲ့ တော့သည်။ သိသာစွာပင် တွေ့ဆုံပွဲ၌ ပြောကြာ ခဲ့သည့် အကြောင်းအရာကို ဆွေးနွေးလိုခြင်းဖြ စ်မည်။ ကျိုးယန်ကလည်း ထိုဘုရင်၃ပါးကိုလ က်ခံတွေ့ဆုံခဲ့သည်။
အပြန်အလှန်နှုတ်ဆက်စကား ဆိုပြီးနောက်ကျို ယန်က လာရင်းကိစ္စအား မေးမြန်းကြည့်သည်။ ဦးဆောင်လာသည့်ဘုရင်က စန်းပြည်နယ်ဘုရ င်ဖြစ်ပြီး ကျန်ဘုရင်နှစ်ပါးမှာမူ ဒေါင်နဲ့ဖန်း ပြ ည်နယ်များမှ ဖြစ်သည်။ စန်းပြည်နယ်ဘုရင်က
“လာရင်းကိစ္စကတော့ အရှင့်ရဲ့ နည်းပညာအချို နဲ့ ကုန်သွယ်ရေးလမ်းကြောင်းအချို့ တည်ဆော က်ချင်တာပါ”
စန်းဘုရင်ရဲ့စကားအဆုံး၌ ကျိုးယန်က
“ကျုပ်နားလည်ပြီ ညီနောင်တို့က ခရီးအဝေးက လာခဲ့ရတာပဲ ကျုပ်ဘက်က ဧည့်ဝတ်မကျေတာ ရှိရင် နားလည်ပေးစေချင်ပါတယ်”
“မဟုတ်တာ ကျုပ်တို့လာရောက်လို့ ညီနောင်အ နှောင့်ယှက်ဖြစ်သွားမှာကိုပဲ စိုးရိမ်မိပါတယ်”
ကျိုးယန်ကပြုံး၍ ဘုရင်သုံးပါးအား ဧည့်ခံနေ ပြီး ၎င်းတို့ရဲ့ ရည်ရွယ်ချက်ကို သိနေခဲ့သော ကြောင့် ဆွေးနွေးမှုက ဝေ့ဝိုက်နေစရာ မလိုနေ တော့ပေ။
“ကောင်းပြီ ညီနောင်တို့ရဲ့ တောင်းဆိုချက်တွေ ကဘာများလဲ”
ကျိုးယန်ရဲ့အမေးကို ဖန်းဘုရင်က
“အဓိက ကတော့နှစ်ချက်ရှိပါတယ် ပထမတခု က နည်းပညာအချို့ ပူးပေါင်းထုတ်လုပ်ဖို့နဲ့ နောက်တခုက ကုန်သွယ်ရေးလမ်းကြောင်းတခု ဖောက်လုပ်ပြီး ကျုပ်တို့ပြည်နယ်၄ခုကြား ခိုင် မာတဲ့ မဟာမိတ်ဆက်ဆံရေးတခု တည်ဆောက် ချင်တာပါ”
“ကျုပ်သိပြီ ဒါပေမယ့် ပထမအချက်ဖြစ်တဲ့ ပူး ပေါင်းထုတ်လုပ်ဖို့ကိစ္စက ညီနောင်ဖန်းပြောသ လို လွယ်မယ်မထင်ဘူး ဟုတ်ပြီ ဘယ်နေရာမှာ ထုတ်လုပ်မှာလဲ နေရာကကော ငြိမ်းချမ်းရဲ့လာ သွားလာရေးနဲ့ ဆက်သွယ်ရေးလမ်းကြောင်းက ကော သင့်ရဲ့လား နောက်ပြီး ပူးပေါင်းမှုအတွက် အစစအရာရာကို ညီနောင်တို့က တာဝန်ခံနိုင်ရဲ့ လား ဒါကိုစဥ်းစားဖို့လိုတယ် ဒုတိယအချက်ဖြ စ်တဲ့ ကုန်သွယ်ရေးလမ်းကြောင်း အတွက်တော့ ရိုးရှင်းပါတယ် ကျုပ်တို့ရဲ့ ကုန်သည်တွေအပြန် အလှန် ကုန်သွယ်ကြပြီး အဲ့အတွက် ကျုပ်ဘက် က တရားဝင်လမ်းကြောင်းတခု ဖေါက်ပေးနိုင် တယ်”
ကျိုးယန်၏ စကားက အဓိပ္ပါယ်ရှိသည်ဟု ၎င်း တို့ခံစားမိသွားပုံရသည်။ လက်ရှိအချိန်တွင် လ က်နက်နည်းပညာထုတ်လုပ်မှု အပိုင်းမှာအန္တရာ ယ်များနေပြီး လိုချင်သူများ ဝိုင်းရံနေ၍ တာဝန် ခံရမည့်ကိစ္စက ထက်ထားတာထက်ပို ရှုပ်ထွေး သည်မှာ အမှန်ပင်။ ဥပမာ နယ်မြေတခုက ကျိုး ယန်ရဲ့ စက်ရုံများ ပညာရှင်များကို လက်ခံ၍စ တင်ပူးပေါင်းပြီဆိုပါက ထိုလူများ၏အသက်အ န္တရာယ် နေထိုင်စားသောက်ရေးကအစ အရာရာ ကို တာဝန်ယူရမည် ဖြစ်သည်။
ထိုအတွက် ၎င်းတို့စဥ်းစားရမှာက ဒေသခံနယ် မြေရဲ့ လုံခြုံရေးအခြေနေဖြစ်ကာ ထိုအချက်သ ဘောတူညီနိုင်ပါက နောက်ဆက်တွဲအကျိုးအမြ တ်က ဆွေးနွေးရ လွယ်ကူပါသည်။
“အင်း..ညီနောင်ပြောတာလည်းမှန်နေတယ် ကျု ပ်ရဲ့နယ်မြေက ဆင်းရဲတော့ မကြာခဏ ပုန်ကန် ထကြွတာတွေ ရှိတတ်တယ် ဒါပေမဲ့ စိုးရိမ်စရာ တော့မရှိပါဘူး သူတို့က ပြည်သူတွေဆိုတော့ ကိုင်တွယ်ရ လွယ်ကူပါတယ်”
ဖန်းဘုရင်က စိတ်မသက်မသာပုံစံဖြင့် ပြောလာ သည်။ ထို့အတူ ဒေါင်ဘုရင်ကလည်း
“ညီနောင်ဖန်းပြောတာက လက်ရှိကျုပ်တို့ရင် ဆိုင်နေရတဲ့ အဓိကပြဿနာဆိုပေမယ့် ကိုင်တွ ယ်နိုင်ပါသေးတယ် အမှန်တကယ်စိုးရိမ်တာက အင်အားကြီးပြည်နယ်တွေရဲ့ မျက်စိကျတာကို ခံလိုက်ရရင် ခုခံဖို့ခွန်အားပဲ ကျုပ်အနေနဲ့ကျုပ် ပြည်နယ်အတွက် ကံကြမ္မာကို တပါးသူထိန်းချု ပ်တာ မခံချင်ဘူးလေ”
ကျိုးယန်က ထိုသူတို့၏ စကားကိုတိတ်တဆိတ် နားထောင်နေပြီး အခြေနေများက ကမ္ဘာမြေရှိ ဖွဲ့ ဖြိုးဆဲနိုင်ငံများ ပြင်ပရင်းနှီးမြုပ်နှံမှုများ ဝင် ရောက်လာချိန် ကြုံနိုင်သည့် ပြဿနာမျိုးဖြစ် သည်။ ထိုကိစ္စက ဖြေရှင်းကခက်ပြီး ဒေသခံ များသာ မပူးပေါင်းပါက ဖိအားပေးရမည့်အနေ ထားကိုပင် ရောက်သွားနိုင်သည် မဟုတ်လော။
“ခင်ဗျားတို့ရဲ့ ဒေသအသီးသီးက ပြည်သူတွေရဲ့ အခြေနေကို အရင်ဆုံးကျုပ်သိချင်တယ် ဒါမှ လည်း သူတို့ရဲ့လိုအပ်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပြီးမှ နောက်တဆင့်ကို ဆက်သွားဖို့ အဆင်ပြေမယ်လို့ ကျုပ်ထင်တယ်”
ကျိုးယန်က အကြံပြုလိုက်သည်။ ထိုဒေသများ ၏ ဒေသခံများကိုထိန်းချုပ်ရန်က တဖက်သူ၏ လိုအပ်ချက်ကို သိရန်လိုသည်။ စန်းဘုရင်က အနည်းငယ် တွေးတောပြီးနောက်..
“ညီနောင်ကမေးလာတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ် အဓိက ပြည်သူတွေလိုအပ်နေ တာက အစားအစာရိက္ခာနဲ့ ပုံမှန်ဝင်ငွေရနိုင်တဲ့ အလုပ်တခုခုပဲ ဒါက ကျုပ်တို့နှစ်အတော်ကြာ လေ့လာပြီး သိရတဲ့ အကြောင်းပြချက်တွေပါ ညီနောင်ကျိုးမှာ အကြံပေးစရာများရှိလို့လား”
စန်းဘုရင်က အနည်းငယ်ပါးနပ်ပုံရသည်။ သူ့ အမေးစကားထဲမှ လမ်းကြောင်းတခုကိုမြင်လို က်သောကြောင့် မေးခွန်းပြန်ထောက်ကာ အကူ ညီပေးနိုင် မပေးနိုင် သိလိုခြင်းဖြစ်သည်။ ကျိုး ယန်က ပြုံး၍
“ဒါက ဖြေရှင်းရလွယ်ပါတယ် အရင်ဆုံးကုန်သ ည်လမ်းကြောင်းကနေ တဆင့် စက်ရုံတွေဆော က်လုပ်မယ့် ဒေသအသီးသီးကို ကျုပ်ဘက်က ရိက္ခာအချို့ အရင်ပို့ပေးမယ် ပြီးရင် ဒီဘက်က နည်းပညာရှင်အချို့ စေလွှတ်ပြီးတော့ စက်ရုံ တွေဆောက်လုပ်ပြီးတာနဲ့ ခင်ဗျားတို့ရဲ့ဒေသခံ တွေကို စက်ရုံတွေမှာ အလုပ်လုပ်ခွင့်ပေးလိုက် မယ်ဆိုရင် အဆင်ပြေသွားမှာပေါ့”
ကျိုးယန်ရဲ့စကားအဆုံး၌ ဘုရင်သုံးပါးမှာ မျ က်လုံးများ အရောင်လက်သွားခဲ့သည်။ သို့သော် လည်းခနတာ ဖြစ်ပြီး ချက်ချင်းပင် မျက်နှာညှိုး ကျသွားကာ ဒီလောက၌ အလကားရသည့်နေ့ လည်စာဟူ၍ မရှိပေ။ ကျိုးယန်က မည်သည့်အ ရာကို ပြန်လည်တောင်းဆိုမည်နည်း။
…………………………………………………