အခန်း (၂၃၇)
Vol. 16 Ch. 237
“ခင်ဗျားတို့ တွေးနေတာကို ကျုပ်သိပါတယ် တ ကယ်လည်း ကျုပ်ရဲ့အကူညီက အလကားပေး တာတော့ ဘယ်ဟုတ်မလဲ တန်ကြေးတခုခုကို ကျုပ်ဘက်က သေချာပေါက် ပြန်ယူမှာပါ”
ကျိုးယန်က ဘုရင်သုံးပါး၏ အမူအရာကိုအကဲ ခတ်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ဆ က်၍
“အခု စုန့်ပြည်နယ်အတွင်းက တိုက်ပွဲတွေကိုလဲ ညီနောင်တို့ သိကြမှာပါ ဒါက နောက်ကွယ်မှာ ကျုပ်တို့ထက်အားကောင်းတဲ့ အစုအဖွဲ့အချို့ရှိ နေတယ်လို့ ကျုပ်ယူဆမိနေတယ် ကျုပ်တို့သာ လုံလောက်တဲ့ ခွန်အားမရှိထားရင် ကျုပ်တို့ရဲ့ ဒေသတွေ သိမ်းပိုက်ခံရမှာပဲ”
ဖန်းဘုရင်က ချက်ချင်းပင်..
“ကျုပ်နားလည်ပါတယ် တကယ်လို့ ကျုပ်တို့ ဘက်က အဲံဒီအကူညီတွေ ရယူမယ်ဆိုရင်ဘာ ပြန်ပေးရမလဲ”
တိုက်ရိုက်မေးခွန်းထုတ်လာသည်။ ဆက်ဆံရေး ကောင်းမွန်ချိန်၌ အမုန်းပွားစေမည့် စကားများ မပြောဆိုလိုသော်လည်း ကျိုးယန်၏ တောင်း ဆိုမှုက မြင့်လွန်းနေပါက စဥ်းစားမည်မဟုတ် ချေ။ ကျိုးယန်က
“စိတ်အေးအေးထားပါ ခင်ဗျားတို့ဆီက ကျုပ် တောင်းဆိုချင်တာ ၂ခုပဲရှိတယ် ပထမတခုက တကယ်လို့များ ပြည်ထောင်စုတွေကြားက စစ် ပွဲတွေစလာခဲ့ရင် ခင်ဗျားတို့ပြည်နယ်တွေကျုပ် ဘက်က ရာနှုန်းပြည့်ရပ်တည်ဖို့နဲ့ ခင်ဗျားတို့ ပြည်နယ်အသီးသီးရဲ့ နိုင်ငံရေးအခြေနေကိုထိန် ချုပ်ခွင့်ပဲ”
ကျိုးယန်ရဲ့စကားအဆုံး၌ ဘုရင်သုံးပါးမှာဆွံ့အ သွားကြရပြီး အမူအရာမှာလည်း ပျက်ယွင်း သွားရတော့သည်။
“ဘာ… နိုင်ငံရေးအခြေနေကို ထိန်းချုပ်ခွင့်ဟု တ်လား”
“ညီနောင်ကျိုး ပြန်စဥ်းစားပါဦး ဒါက ကျုပ်တို့ ဆီက အာဏာကိုအနုနည်းနဲ့တောင်းနေတာပဲ”
“ဟုတ်တယ် ညီနောင်ကျိုး အဲ့ဒါကိုတော့ကျုပ် တို့လက်မခံနိုင်ဘူး”
ဘုရင်သုံးပါးမှာ ဒေါသတကြီး ငြင်းဆန်လာကြ သည်။ မည်သူက ကိုယ့်ဒေသ၏ အုပ်ချုပ်ခွင့် အပေါ် စွတ်ဖက်ခံလိုမည်နည်း။ ကျိုးယန်ကလဲ ၎င်းတို့ ငြင်းဆန်မည်ကို တွက်ဆထားပြီးဖြစ် ကာ သူ့တွင် သင့်လျော်သည့် အကြောင်းပြချ က် ရှိထားပေသည်။
“ကျုပ်ပြောတာကို ဆုံးအောင်နားထောင်ကြပါ ဦး အရင်ဆုံး ကျုပ်ရဲ့ ပညာရှင်တွေ နည်းပညာ တွေက တန်ဖိုးကြီးတယ်ဆိုတာ ခင်ဗျားတို့အသိ ပါ ဒါကြောင့် ခင်ဗျားတို့ဒေသအသီးသီးမှာ ကျု ပ်ရဲ့ အဖိုးတန်တဲ့အရာတွေ မတော်တဆမဖြစ်ရ အောင် ကျုပ်ဘက်က ထိန်းချုပ်ခွင့်တချို့လိုအ ပ်တယ် ပြည်နယ်တခုလုံးကို ဆိုလိုတာမဟုတ်ပါ ဘူး စက်ရုံတွေရှိနေတဲ့ အဓိကဒေသအချို့ရဲ့ လုံ ခြုံရေးအတွက် ကျုပ်ရဲ့တပ်ဖွဲ့ဝင်တွေက ခင်ဗျာ တို့ တပ်ဖွဲ့အချို့နဲ့ ပူးပေါင်းပြီး အုပ်ချုပ်မှာမို့လို့ ခင်ဗျားတို့ ထင်သလို အာဏာကိုအနုနည်းနဲ့ရ ယူလိုနေတာ မဟုတ်ဘူး”
ကျိုးယန်ရဲ့စကားအဆုံး၌ ဘုရင်သုံးပါးမှာငြိမ် ကျသွားသည်။ ၎င်းတို့က ဒေသခံများ၏မတော် တဆဖြစ်ရပ်များကို ထိန်းချုပ်နိုင်သည်ဟုဆို ထားသော်လည်း တဖက်ကျိုးယန်မှာ မယုံကြည် သည့် သဘောရှိသည်။ ထို့ကြောင့် တရားဝင်တ ပ်ဖွဲ့များ စေလွှတ်ရန်ပြောလာခြင်း ဖြစ်မည်။
ထိုအရာက ဓားသွားနှစ်ဖက် ဆုပ်ကိုင်ရခြင်းနဲ့ တူညီသည်။ မိမိရဲ့ ပြည်နယ်အတွင်း ပြင်ပအင် အားစုများကို လက်ခံလိုက်ခြင်းက ကျားရဲ့တ ကောင်အား အိမ်ထဲခေါ်သွင်းရာ ရောက်သည်။ အထူးသဖြင့် လက်နက်အစွမ်းဖြင့် တန်ခိုးထွား လာသည့် ကျိုးပြည်နယ်ကဲ့သို့ ပြည်ထောင်စုမျာ ၏ တပ်ဖွဲ့ဝင်များဆိုတာက ၎င်းတို့၏ ပြည်နယ် များအတွက်တော့ ကြောက်စရာ အင်အားစုများ ဖြစ်နေပေသည်။
“ကျုပ်တို့ စဥ်းစားပါရစေဦး ညီနေင်ပြောတာက သဘာဝကျတယ်လို့ ထင်ရပေမယ့် ကျုပ်ဘက် မှာလည်း ညှိနှိုင်းရမယ့် အခြေနေလေးတွေ ရှိ နေသေးတယ်”
စန်းဘုရင်က စိတ်ဓာတ်ကျစွာပြောလာသည်။ တောင်းဆိုချက်ကို လက်မခံပါက နယ်မြေလုံခြုံ ရေးကို စိတ်မချသောကြောင့် ပူးပေါင်းမှုမလုပ် ဆောင်နိုင် ဖြစ်မည်။ ထိုသို့ဆိုလျှင် ကုန်သွယ် ရေးလမ်းကြောင်းမှာလည်း ဖော်ဆောင်ရန်မဖြ စ်တော့ပေ။ လက်ခံလိုက်ပါကလည်း ပြည်နယ် အသီးသီးရှိ ဂိုဏ်းများ အင်အားစုများက ကန့် ကွက်လာနိုင်ပြီး ဖိအားများ တိုးလာတော့မည်မ ဟုတ်လော။
“ရပါတယ် ကျုပ်ဘက်က အလျင်မလိုနေပါဘူး လက်ရှိမှာ စုန့်ပြည်နယ်တိုက်ပွဲကို ကျုပ်ဘက် ကူညီနေတာဆိုတော့ တချို့ကိစ္စတွေလုပ်ဖို့အ ချိန်လိုနေတယ် ဒါကြောင့်အချိန်ယူပါ ဒါပေမဲ့ ညီနောင်တို့ အလေးအနက်ထားတွေးစေချင်တာ က အကယ်၍ ကျုပ်ရဲ့တောင်းဆိုချက်ကိုသာ ညီနောင်တို့ဘက်က လက်ခံခဲ့မယ်ဆိုရင် ညီနော င်တို့ရဲ့ ပြည်နယ်လုံခြုံရေးအတွက် ကျုပ်ဘက် က အစွမ်းကုန်ကူညီမယ်ဆိုတာပဲ အခုဖြစ်နေတဲ့ စုန့်ပြည်နယ်ရဲ့ ပြဿနာလိုပေါ့”
ကျိုးယန်က မသိမသာ လမ်းစထုတ်ပြလိုက်ပြီး ၎င်းနဲ့ပူးပေါင်းပါက အကာအကွယ်ရမည်ဟု ဆို လိုပြီး ပါးနပ်သည့် ဘုရင်သုံးပါးမှာ ထိုထက်ပို ပြောစရာမလိုလောက်ဟု သူယုံကြည်သည်။ဘု ရင်သုံးပါးမှာ အချင်းချင်းအတန်ကြာ ဆွေးနွေး နေပြီးနောက် ကျိုးယန်ကို နှုတ်ဆက်၍ ပြန်သွာ တော့သည်။ အပြန်တွင် ၎င်းတို့၏ဆုံးဖြတ်ချက် ကို ရက်ပိုင်းအတွင်းအကြောင်းကြားမည်ဟု ဆို ကြပြီး အဆင်ပြေပါက အမြန်ဆုံးစတင်ရန်ပင် တောင်းဆိုသွားခဲ့သည်။
…………………………………………………