← Chapters

အခန်း (၂၃၈)

Vol. 16 Ch. 238

အခန်း (၂၃၈)

Vol. 16 Ch. 238

နောက်တနေ့၌ ကျိုးယန်က စုန့်ပြည်နယ်ကိုထွ က်ခွာသွားတော့သည်။ အကြောင်းမှာတိုက်ပွဲအ ခြေနေကိုသိလိုပြီး ရှေ့တန်းမှသတင်းပေးပို့ချ က်အရ တဖက်မှလူအချို့ ထိန်းသိမ်းခံထားရသ ည်မဟုတ်လား။ ထိုအတွက် အကြောင်းအရာအ ချို့စစ်မေးရန် ဖြစ်သည်။

ကျိုးယန်တယောက် စုန့်ဧကရာဇ်ရဲ့ နန်းတော်ကို တိုက်ရိုက်သွားလိုက်ပြီး စုန့်ဧကရာဇ်ကိုယ်တိုင် ထွက်ကြိုခဲ့သည်။

“ညီနောင်ကျိုး ဗြုန်းစားကြီးရောက်ချလာတာ ဘာအကြောင်းများရှိလို့လဲ”

စုန့်ဧကရာဇ်က မေးသည်။ ကျိုးယန်က

“တခြားတော့ မရှိပါဘူး ကျုပ်ရဲ့တပ်ဖွဲ့ဝင်တွေ ဆီက တိုက်ပွဲမှာရန်သူအချို့ ဖမ်းမိထားတယ် လို့သိလိုက်ရတော့ အချို့ကိစ္စလေးတွေ စစ်မေး ချင်လို့ ရောက်လာတာပါ”

ကျိုးယန်ရဲ့စကားအဆုံး၌ စုန့်ဧကရာဇ်က

“ညီနောင်ကျိုးလိုပဲ ကျုပ်လည်းဒီရက်ပိုင်းဖမ်း ဆီးခံထားသူအချို့ကို စစ်မေးဖို့စီစဥ်နေတာ အ သင့်ဖြစ်သွားတာပေါ့ လာပါ ခနတဖြုတ်ဝင်နား ပြီး နောက်မှစစ်ဆေးတာကို စလို့ရပါတယ်”

စုန့်ဧကရာဇ်က ဖိတ်ခေါ်လာသောကြောင့် ကျိုး ယန်လည်း မငြင်းပယ်တော့ပေ။

“ကောင်းပြီ”

မကြာမီ နန်းဆောင်တခုအတွင်းသို့ ရောက်သွား ခဲ့ပြီး စုန့်ဧကရာဇ်က အကျအနဧည့်ခံရန်ကြိုးစာ လေသည်။ ကျိုးယန်က အမြန်ပင်တားလိုက်ပြီး

“အဲ့လောက်မလိုပါဘူးနောင်တော် တော်ရုံဆိုရ ပါပြီ လာရင်းကိစ္စက ပိုအရေးကြီးနေတယ်”

“ဟုတ်ပြီ ဟုတ်ပြီ ကျုပ်လည်း လတ်တလောပြ ည်နယ်ထဲက အခြေနေတွေ တည်ငြိမ်စပြုလာ တော့ စိတ်ထဲနေလို့အတော်ကောင်းနေတာနဲ့ မိ တ်တွေ လာလည်တာကို ဧည့်ဝတ်အကျေလွန် ချင်သွားမိတယ် ဟားးး”

စုန့်ဧကရာဇ်က ရယ်မော၍ ပြောလိုက်သည်။ ကျိုးယန်က အသာပြုံး၍

“ကျုပ်လည်း အခြေနေတွေကို သိထားပြီးပါပြီ ရက်အနည်းငယ်အတွင်း အကုန်လုံးတည်ငြိမ် သွားခဲ့ရင် နောက်ဆက်တွဲ အင်အားစုတွေကို ဖော်ထုတ်ဖို့ပဲ ကျန်တော့တယ် ဒါက တကယ့်ကို အရေးကြီးဆုံးအပိုင်းပဲ မှားလို့မရဘူး”

ကျိုးယန်ရဲ့စကားကို စုန့်ဧကရာဇ်က

“မှန်တယ် အခုရက်ပိုင်း ထိန်းသိမ်းခံထားရသူ တွေကို သေချာစောင့်ကြည့်ဖို့ ကျုပ်မှာထားလို့ ထွက်ပြေးသွားမှာကို မပူရပါဘူး ဒါနဲ့ကျုပ်သိ လိုတာက စန်းဘုရင်ဦးဆောင်တဲ့ ဘုရင်သုံးပါး ညီနောင်ဆီ လာတယ်လို့ သတင်းတွေကြားနေ တယ်.

ကျိုးယန်က ထိုအချက်ကို မငြင်းလိုက်ပေ။ ထို သတင်းက အချိန်တခုကြာလျင် ပြန့်သွားမည် ဖြစ်ပြီး သူစိုးရိမ်သည်က ယန်နဲ့ဝူ ပြည်နယ်များ မှ အဆိုပါဘုရင်သုံးပါးရဲ့ ပြည်နယ်များအပေါ် ဖိအားပေးလာမည်ကို ဖြစ်သည်။

“ဟုတ်တယ် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တွေ့ဖြစ်ခဲ့ တာပါ အဓိကတော့ တွေ့ဆုံပွဲတုန်းက ကိစ္စအချို အကူညီတောင်းလိုတာပါပဲ.

“နည်းပညာပူးပေါင်းတဲ့ ကိစ္စလား…”

“သူ တို့ဘက်ကနည်းပညာပူးပေါင်းတာကော ကုန်သွယ်ရေးလမ်းကြောင်း အသစ်တခုဖောက် လုပ်တာကော ကူညီစေချင်နေတာလေ အဲ့အတွ က်ကျုပ်ဘက်က သင့်လျော်တဲ့တောင်းဆိုမှုအ ချို့ ပြန်ပြောထားလိုက်တယ် အချိန်ယူရဦးမှာ ပါ”

ကျိုးယန်က သူ့ရဲ့တောင်းဆိုချက်နဲ့ ပက်သက်၍ အကြောင်းစုံမပြောပြပဲ အပေါ်ယံကိုသာ ပြော ပြလိုက်သည်။ စုန့်ဧကရာဇ်မှာ ဉာဏ်ကောင်းလွ န်းသည့် ကျိုးယန်အကြောင်းသိထားသူဖြစ်၍ မည်သည့်တောင်းဆိုချက်မဆို ပေါ့သေးသေးမ ဟုတ်နိုင်ဟု တွက်ဆလိုက်ပြီး ရှေ့ဆက်မမေး တော့ပေ။

“ဒီရက်ပိုင်းထဲမှာ ယန်ပြည်နယ်က စုပေါင်းအ သိပေးစာတခု ထုတ်ပြန်မယ်လို့ သတင်းရထား တယ် ကျုပ်စိုးရိမ်တာက လက်ရှိဖြစ်နေတဲ့ ပြ ဿနာကို ရှောင်လွှဲဖို့လမ်းကြောင်းတခုဖြစ်နေ မှာကိုပဲ ဒါဆိုရင် ကျုပ်တို့ဘက်က သက်သေအ ချို့ရထားရငတောင် သူတို့ကိုရင်ဆိုင်ဖို့ခက် သွားနိုင်တယ်”

စုန့်ဧကရာဇ်က အဆိုပါ စုပေါင်းအသိပေးစာနဲ့ ပက်သက်၍ စိတ်ရှုပ်ထွေးနေပုံရကာ ထိုကိစ္စမှာ ရှုပ်ထွေးပြီး နောက်ဆက်တွဲကို ခန့်မှန်း၍မရနိုင် ပေ။

“ကိစ္စမရှိပါဘူး အမှန်တရားကို ချပြတာဆိုတာ ကလည်း လက်ခံတဲ့သူရှိဦးမှ မဟုတ်ရင်ဘယ် လောက်ပဲ မှန်လွန်းတဲ့ အမှန်တရားဖြစ်နေပါစေ လူတွေရဲ့အမြင်မှာ ပြောင်းလဲသွားမှာမဟုတ်ဘူ ဒီတော့ ကျုပ်တို့အနေနဲ့ လုပ်စရာရှိတာ လုပ်နေ ဖို့နဲ့ ထိပ်တိုက်ရင့ဆိုင်ရမယ့် နေရာမှာ ရှောင်လွှဲ မသွားဖို့လိုတယ်”

ကျိုးယန်က အလေးအနက်​ပြောလိုက်သည်။ သူ့စိတ်ဓာတ်က အရာရာတိုင်းအပေါ် အများ၏ အမြင်အား ဂရုစိုက်နေမည်မဟုတ်ပဲ လက်ရှိပြ ဿနာက ပြည်ထောင်စုတခုတည်း ဘေးတွေ့မ ည့်ကိစ္စမဟုတ်ပေ။ ကျင့်ကြံရေးလောကတခု လုံး အန္တရာယ်ကျရောက်မည့် ကိစ္စဖြစ်နေသော ကြောင့် အချို့အရာများအား လျစ်လျူရှုထား ရန်လိုသည်။

ဥပမာ.. သက်သေအခိုင်အမာသာ ရထားပါက ဇာစ်မြစ်ကိုရှင်းထုတ်ရာ၌ မည်သည့်ပြည်ထော င်စုက တားဆီးပါစေ လုပ်သင့်တာကိုလုပ်မည် ဟု သူတွေးထားသည်။ ကျိုးယန်အတွက် လော ကအုပ်ချုပ်သူလမ်းကြောင်းကသာ အင်မော်တ ယ်လောက ကိုသွားရန် အစဖြစ်ပြီး ထိုသို့မပြု လုပ်နိုင်ပါက လီချင်းကျူးတို့ကို ပြန်လည်ဆုံ တွေ့ရန် မဖြစ်နိုင်တော့ပေ။

ကျိုးယန်တခု မေ့နေသည်က စနစ်အနေဖြင့် လောကနှစ်ခုကို တကြိမ်ကူးပြောင်းပေးပြီးဖြစ် သောကြောင့် နောက်တကြိမ်ကူးပြောင်းရန်က မ ခက်ခဲပေ။ သို့သော်လည်း ဒီတိုင်းကူညီလိုက်ခြ င်းထက် ကျိုးယန်အနေဖြင့် ကျင့်ကြံရေးလမ်းစ ဥ်၏ ထိပ်ဆုံးကိုရောက်ရန် တွန်းအားတခုဖြစ်မှ သာ စနစ်ရဲ့မူလတာဝန် ကျေပွန်မည်ဖြစ်သည်။

စုန့်ဧကရာဇ်မှာ ကျိုးယန်နဲ့အတူ အချိန်အချို့ စကားပြောဆိုပြီးနောက် ကျိုးယန်အတွက် နန်း ဆောင်တခု စီစဥ်ပေးလေသည်။ နောက်တနေ့ ရောက်မှသာ စုန့်ပြည်နယ်၏ တိုက်ပွဲနေရာကို သွားရောက်ကြမည်ဖြစ်ပြီး အခြေနေများအား လုံး စုပေါင်းအသိပေးစာမထွက်ခင် လက်စသ တ်ရမည်ဟု နှစ်ယောက်စလုံးက သိမြင်လိုက်ရ တော့သည်။

စုပေါင်းအသိပေးစာ ဆိုသည်မှာ ပူးပေါင်းထား သည့် အင်အားစုများ သို့မဟုတ် ပြည်နယ်များ က တူညီတဲ့ သဘောထားများကို ထုတ်ပြန်ခြင်း ဖြစ်ပြီး အများအားဖြင့် ထိုအရာများကို ပြင်းထ န်သည့် ပဋိပက္ခများ မစတင်ခင် ထုတ်ပြန်လေ့ ရှိသည်။

ရှေ့ဧကရာဇ်များ အဆက်ဆက်တွင် ထိုကဲ့သို့ အဖြစ်အပျက်အချို့ ဖြစ်ခဲ့ဖူးပြီး ထိုအခြေနေ မှာ ဆိုးရွားသည့် ပြည်ထောင်စုစစ်ပွဲတခု၏ လမ်းစဖြစ်ကြောင်း အများစုက နားလည်ထား သောကြောင့် စိုးရိမ်နေကြသည်။ အမှန်ပင် အ ထူးစိုးရိမ်နေကြသည်က ပြည်နယ်ငယ်များဖြစ် ပြီး ကျိုးယန်နဲ့တွေ့ဆုံခဲ့သည့် ဘုရင်သုံးပါးမှာ အဆိုပါ စုပေါင်းအသိပေးစာအကြောင်းပြ၍ ၎င်းတို့ပြည်နယ်အသီးသီး၏ အင်အားစုများကို အချိန်တခုကြာ ထိန်းချုပ်နိုင်သွားကြလေသည်

ထိုအရာကိုတော့ ကျိုးယန်တယောက် မသိပေ။ သူက စနစ်၏ စတိုးကို ကြည့်နေခဲ့ပြီး လီနဲ့လင်း ပြည်နယ်များကို အုပ်ချုပ်ခွင့်ရလိုက်ခြင်းက အင်အားစုရမှတ်များစွာ ရလိုက်သောကြောင့် စနစ်ရဲ့စတိုးကို စပ်စုနေခြင်းဖြစ်သည်။

သို့သော်လည်း အချိန်တခုကြာသည်အထိ လို အပ်မည်ဟုထင်ရသည့် အရာများမတွေ့ခဲ့ရပဲ ကမ္ဘာမြေမှ ခေတ်ပေါ်လူသုံးကုန်အချို့ကိုသာ တွေ့ရသောကြောင့် စိတ်ပျက်သွားကာ စနစ်ထဲ မှ ပြန်ထွက်လာတော့သည်။

ထိုအချိန် စုန့်ပြည်နယ်၏ နယ်မြေတခုတွင် လော့ရှန်းမှာ အကျဥ်းထောင်တခုအတွင်းရော က်ရှိနေပြီး ကျိုးယန်ရဲ့ လျှို့ဝှက်သတင်းပေးပို့ မှုကြောင့် အဓိကစစ်မေးရမည့်သူများကို ဂရုတ စိုက် ကြည့်နေကြရန် မှာကြားနေသည်။

မတော်တဆ မဖြစ်ပွာဖို့အရေးကြီးပြီး တိုက်ပွဲ မှာ အဆုံးသတ်လုနီးဖြစ်ကာ ရန်သူ့အင်အားရဲ့ တဝက်ကျော်ကို ချေမှုန်းလိုက်နိုင်ပြီး မိမိဘက် မှ ဆယ်ပုံနှစ်ပုံ ခန့်သာ ဆုံးရှုံးခဲ့ရ၍ အမြတ်ထွ က်သည်ဟု ယူဆနိုင်သည်။ ထို့အပြင် စစ်ပွဲမှ ကျင့်ကြံသူများ၏ ရတနာများစွာကို ထိန်းသိမ်း ထားပြီး ထိုအရာများက ကျိုးပြည်နယ်ကိုများ စွာ အကူညီဖြစ်စေဦးမည်။

“အကျဥ်းသားတွေကို ဂရုတစိုက်စောင့်ကြည့်ဖို့ မမေ့ကြနဲ့ လှည့်ကင်းနဲ့ ကင်းပုန်းတွေ သတိလ က်လွတ်မနေကြနဲ့”

လော့ရှန်းက ငယ်သားများကို အမိန့်ပေးနေပြီး ထိုနည်းတူပင် အခြားတိုက်ပွဲနေရာ၌ ၎င်း၏ လက်အောက်မှ စစ်သူကြီးမှာလည်း တိုက်ပွဲမြေ ပြင်ကို ရှင်းလင်းကာ နောက်တရက်၌ နောက်ဆုံ တိုက်ပွဲရှိရာသို့ အမြန်ပူးပေါင်းရန် ဆုံးဖြတ်ထား သည်။

စုန့်ပြည်နယ်အတွင်း တိုက်ပွဲမြေပြင် ၇ခုထက် မနည်း ဖြစ်ပေါ်ခဲ့ကာ ရက်ပိုင်းအတွင်း၌ စစ်သ ည် သိန်းပေါင်းများစွာ သေဆုံးခဲ့ရပြီး လူနေအ ဆောက်အုံများ စိုက်ခင်းများလည်း ပျက်စီးရ သောကြောင့် စုန့်ပြည်နယ်အတွက်မူ နစ်နာမှုက ကြီးမားသည်။ ထို့အပြင် လက်နက်တပ်ဆင်ခဲ့ သော်လည်း ကျွမ်းကျင်မှုကွာဟသည်က တစ် ကြောင်း ကျင့်ကြံသူချင်းရင်ဆိုင်ရာ၌ တဖက်မှ သာလွန်အင်အားများ သုံးလာသည်က တစ် ကြောင်း စသည့်အကြောင်းများကြောင့် စုန့်ဧက ရာဇ်၏ အင်အားမှာ ထက်ဝက်နီးပါး ကျဆင်း သွားရသည်။

ထိုအချက်ကို သိသိချင်းစုန့်ဧကရာဇ်မှာ ဒေါသ ထွက်သွားခဲ့သော်လည်း တဖက်၌ ကျိုးယန်ဆီ မှ အကူညီတချို့ ပြန်ရနိုင်သည်ဟု တွက်ဆလို က်ကာ စိတ်ကိုထိန်းချုပ်လိုက်ရသည်။ သို့သော် လည်း နောက်ကွယ်မှ အရင်းအမြစ်ကိုသိရပါက ဆုံးရှုံးမှုများအတွက် အဆများစွာ ပြန်ရယူမည် ဟု ဆုံးဖြတ်ထားသည်။

…………………………………………………

All Chapters