← Chapters

အခန်း (၂၃၉)

Vol. 16 Ch. 239

အခန်း (၂၃၉)

Vol. 16 Ch. 239

စုန့်ပြည်နယ်တိုက်ပွဲမြေပြင်ရှေ့တန်းစခန်း…

ကျိုးယန် စုန့်ဧကရာဇ်အပါအဝင် စုန့်ပြည်နယ်မှ ချီအမတ်ကြီးကဲ့သို့ အရေးပါအရာရောက်သည့် အမတ်အချို့လည်း ရှိနေလေသည်။

ကျိုးယန်က အကျဥ်းထောင်အတွင်း ဝင်ရောက် သွားချိန်၌ အကျဥ်းသားအများအပြားကို မြင် လိုက်ရပြီ ယာယီအကျဥ်းထောင် အဆောက်အုံ က ထိုလူများကို ထိန်းချုပ်ရန်ခက်ခဲမည်ဟု သူ တွေးလိုက်မိသည်။

မကြာမီ အကျဥ်းထောင်အဆောက်အုံ၏ အ နောက်ဘက်ဆုံးရှိ စစ်ဆေးရေးပြုလုပ်သည့် အ ခန်းကိုရောက်သွားသည်။ ထိုအခန်းက မီတာ၃၀ ခန့်သာ ကျယ်ပြီး ပတ်ပတ်လည်၌ အသံလုံအစီ အရင်တခု ထားရှိထားကာ ထိုကဲ့သို့ စစ်ဆေးရေ အခန်းမျိုး ၅ခန်းဆက် တည်ဆောက်ထားသော ကြောင့် လူ၅ဦးကို တပြိုင်နက် မေးမြန်းနိုင်သ ည်။

ထိုအရာက ကျိုးယန်ပေးပို့လိုက်သည့် အကြံဉာ ဏ်ဖြစ်ပြီး စစ်ဆေးရာ၌ လူခွဲ၍ စစ်ဆေးခြင်း က ပိုကောင်းသည်။ ကျိုးယန်က စစ်ဆေးရေး အခန်းအတွင်းသို့ လှမ်းဝင်လိုက်သည်။ သာမန် သူများဆိုလျင် ထိပ်သီးပညာရှင်တဦး လိုက်ပါ ရန်လိုသော်လည်း ကျိုးယန်အတွက်တော့ မလို အပ်ပေ။

ထိုအခန်းအတွင်း ရှိနေသူက တမန်တော်များအ ဖွဲ့ ဂိုဏ်းခွဲခေါင်းဆောင်ဖြစ်သည်။ ကျိုးယန်က အခန်းကို ဝေ့ဝဲကြည့်ရင်း ထိုသူကိုမြင်ချိန်၌ မျ က်မှောက်ကြုတ်သွားရသည်။ ထိုသူမှာ လူသား ကျင့်ကြံသူဖြစ်ပြီး အဘယ့်ကြောင့် ငရဲတမန် တော်များအတွက် အလုပ်လုပ်နေရသနည်း။ ထို့ အပြင် မည်သည့်ပြည်ထောင်စုက ကျင့်ကြံသူ ဖြစ်သနည်း။

ကျိုးယန်ဝင်ရောက်လာသည်ကိုတွေ့လျင် ထိုသူ က လှောင်ပြောင်ဟန်ဖြင့် ပြောသည်။

“ဘယ်သူများလဲလို့ ငယ်ရွယ်ပြီး ထက်မြတ်တဲ့ ဧကရာဇ်ကျိုးယန်ပါလား ခုလိုလာတွေ့တာဂုဏ် ယူမိပါတယ် ဟားးး”

ကျိုးယန်က ထိုသူရဲ့ထေ့ငေါ့စကားကို ဂရုမစို က်ပေ။ ထိုသူရှေ့မှ ခုံတွင်ဝင်ထိုင်လိုက်သည်။ ပြီးနောက် မျက်လုံးချင်းစုံအောင် ကြည့်၍

“ပထမဆုံး ငါမင်းကိုပြောချင်တာက မင်းသာ ငါ မေးတဲ့မေးခွန်းတွေကို အမှန်တိုင်း​ဖြေပေးမယ် ဆိုရင် မင်းရဲ့ အခြေနေကို ပြောင်းလဲပေးဖို့ ငါစ ဥ်းစားမယ် မဟုတ်ရင်တော့..”

ကျိုးယန်ရဲ့ ခြိမ်းခြောက်စကားက အလုပ်မဖြစ် ပေ။ ထိုသူက ကျယ်လောင်စွာရယ်မော၍

“ဟားးး ကျိုးယန် ကျိုးယန် မင်းလိုကလေးသာ သာ ဧကရာဇ်တပါးက ငါ့လိုကောင်ကို ခြိမ်း ခြောက်နိုင်မယ်ထင်နေတာလား လုပ်စမ်း မင်း ငါ့ကို အမှန်တရားတွေ ပြောထွက်လာအောင် မင်းကြိုက်တာလုပ်လို့ရတယ်”

ကျိုးယန်က ထိုသူရဲ့မျက်နှာကို စေ့စေ့ကြည့်နေ ပြီး မျက်လုံးအစုံက အေးစက်ကာ စူးရှနေသည် ထိုသူရဲ့ ကျင့်ကြံမှုက ပကတိပညာရှင်အထွဋ် အထိပ်အဆင့်ဟု မြင်နိုင်ပြီး ထိုသူရဲ့ဝှက်ဖဲက ထူးဆန်းနေသောကြောင့်လား သူမပြောနိုင်ချေ။ နှိပ်စက်ခြင်းကို မကြောက်ရွံဟု ဟန်ဆောင်နေ ခြင်းလည်း မဟုတ်ချေ။

ကျိုးယန်က သက်ပြင်းမောကို ချလိုက်သည်။

“ပုံမှန်ဆိုရင်တော့ မင်းဆီက တချို့တလေကိုသိ ရဖို့ ခြိမ်းခြောက်နှိပ်စက်မှာ အမှန်ပဲ ဒါပေမယ့် မင်းမသိသေးတာက မင်းတို့နောက်ကွယ်မှာဘ ယ်သူရှိထားလဲ ငါသိနေတော့ မင်းမပြောလည်း ငါ့အတွက် ဘာမှမဖြစ်ဘူး ဒါပေမယ့် ငါ့အနေနဲ့ သိလိုတာက မင်းက ဘယ်ပြည်ထောင်စုကလဲ”

ကျိုးယန်က အရေးမကြီးသည့်အရာကို ပြောနေ သည့်နှယ် ပုံစံဖြင့် ပြောဆိုနေပြီး တဖက်သူရဲ့ မူလနေထိုင်တဲ့ ပြည်ထောင်စုကိုသာ သိရပါက တချို့အရာများကို တွက်ဆနိုင်ပေသည်။

“ငါမင်းကို ဘာအတွက်ပြောပြရမှာလဲ”

ထိုသူက တင်းမာခက်ထန်စွာ ပြန်ပြောလာသည် ထိုစကားကို ကြားလျင် ကျိုးယန်က ပြုံး၍

“မင်းမပြောလည်း ငါသိနိုင်တဲ့နည်းတွေရှိတယ် ခက်တာက အဲ့နည်းကို မသုံးရက်လို့ ကောင်း ကောင်းမွန်မွန် မေးနေတာကို မင်းကလက်ခံမဲ့ပုံ မရှိဘူးဆိုတော့ မင်းရဲ့စိတ်ဝိဉာဥ်ကို စစ်မေးရ သေးတာပေါ့”

“စိတ်ဝိဉာဥ်စစ်မေးတာ..”

ထိုသူရဲ့အမူအရာက ပျက်ယွင်းသွားသည်။ထို ပညာရပ်မှာ ကျင့်ကြံသူအများစု သိရှိထားသော် လည်း စိတ်စွမ်းအင် သာမန်ထက်အားကောင်း သူများသာ သုံးနိုင်ပြီး ကျင့်စဥ်ကလည်း ရှားပါး သောကြောင့် လူတိုင်းမတတ်ချေ။

“မင်းလိုကောင်က အဲ့ကျင့်စဥ်ကို တတ်ထားမယ် လို့ ငါမယုံဘူးကွ”

ကျိုးယန်ရဲ့ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွား သည်။ ပြီးနောက်

“မကြာခင်မင်းသိရမှာပေါ့ တခုရှိတာက ငါက ပထမဆုံးအကြိမ် စမ်းသုံးရတာဖြစ်တော့ ဘေး ထွက်ဆိုးကျိုးနည်းနည်း ရှိနိုင်တယ် ဥပမာ ရူး သွပ်သွားတာမျိုး မှတ်ဉာဏ်ပျောက်ဆုံးသွားနိုင် တာမျိုးပေါ့”

ကျိုးယန်ရဲ့ လေသံက အေးစက်နေပြီး လေသံ အနိမ့်အမြင့်မရှိ သက်တောင့်သက်သာ ပုံစံပြော နေသော်လည်း ကြားရသူမှာ ကြက်သီးထဖွယ် ကောင်းနေသည်။ အထူးသဖြင့် ဂိုဏ်းခွဲခေါင်း ဆောင်ဖြစ်သည်။

“မင်း..လုပ်ရဲ့လား ငါက တမန်တော်များအဖွဲ့ရဲ့ ဂိုဏ်းခွဲခေါင်းဆောင်ကွ မင်းငါ့ကိုထိရင် ငါတို့ အဖွဲ့က မင်းရဲ့ပြည်နယ်တခုလုံးကို မြေလှန်ပစ် လိမ့်မယ်”

ကျိုးယန်ရဲ့ မျက်နှာက တင်းမာခက်ထန်သွား သည်။ အကြောင်းအကျိုးနားမလည်တဲ့ ထိုသူ က အဆုံးထိ ခေါင်းမာနေပြီး သူ့ကိုပင်ပြန်လည် ခြိမ်းခြောက်နေသည့်အပြင် ကျိုးပြည်နယ်ကိုပါ ပါဝင်နေသေးသည်။

အခန်းရှိလေထုက အေးစက်နေပြီး လေထဲ၌ ဓားသွားငယ်များ ရှိနေသည့်နှယ် စူးရှနေသည်။ ထိုအနေထားကို တဖက်သူကလည်း သတိထား မိသွားကာ အလွန်တရာ ထိတ်လန့်သွားသည်။ နတ်ဆိုးတကောင်ကို ရန်စမိလိုက်ခြင်းလား။

……………………………………………….

နိုင်ငံထူထောင်ရေးစနစ်

အပိုင်း (၂၄၀)

ကျိုးယန်တို့ရဲ့ အခြေနေကို အပြင်ဘက်မှစောင့် ကြည့်နေသည့် စုန့်ဧကရာဇ် ချီအမတိကြီးတို့က လည်း အခန်းအတွင်း တစုံတရာဖြစ်ပျက်နေသ ည်ကို အာရုံခံမိသောကြောင့် လှုပ်လှုပ်ရှားရှားဖြ စ်သွားကြသည်။

တဖက်သူက ကျိုးဧကရာဇ်ကို ရန်စပြောဆိုနေ သည်လား ဒါမှမဟုတ် ၎င်းတို့ကြား အရင်တည် ကသိထားပြီး ရန်စရှိထား၍ ခုလိုဖြစ်နေသည် လား မပြောတတ်ချေ။ လေထုရဲ့အပြောင်းအ လဲအား အပြင်ဘက်မှ မခံစားမိသော်လည်း ထိ ပ်သီးပညာရှင်များဖြစ်၍ အနည်းငယ်တော့မှန်း ဆနိုင်လေသည်။

“အထဲမှာ တခုခုဖြစ်နေတာလား ညီနောင်ကျိုး ကြည့်ရတာ အတော်လေး ဒေါသထွက်နေပုံပဲ”

စုန့်ဧကရာဇ်က တီးတိုးရေရွက်လိုက်သည်။ နံ ဘေးရှိ ဟုန်စစ်သူကြီး အမတ်ချုပ်ကြီးနဲ့ ချီအမ တ်တို့ကလည်း မျက်မှောင်ကြုတ်နေကြပြီး ကျို ယန်ရဲ့ အမူအရာက အလွန်လေးနက်နေသည် ကိုတွေ့နိုင်သည်။

အထဲတွင်တော့ ကျိုးယန်ရဲ့တင်းမာခက်ထန်သ ည့် မျက်နှာကစတင်ပျော့ပြောင်းလာသည်။ လေထု အပူချိန်မှာတော့ လျော့ကျနေမြဲဖြစ်ပြီး အေးစက်မှုက လွှမ်းခြုံထားကာ ဂိုဏ်းခွဲခေါင်း ဆောင်မှာ ၎င်းရန်မစသင့်သည့်သူမျိုးကို ရန်စမိ လိုက်ပြီဖြစ်ကြောင်း နားလည်လိုက်သည်။

“ငါအမုန်းဆုံးက ခြိမ်းခြောက်တာပဲ မင်းတို့လို ကောင်တွေက နိုင်တဲ့အခါ အနိုင်ကျင့်မယ် မနိုင် တဲ့အခါကျ ခြိမ်းခြောက်ပြောဆိုမယ် ဒါမင်းတို့ တွေလုပ်နေကြ အလုပ်ပဲ”

ကျိုးယန်ရဲ့ စကားသံက တလုံးချင်းဖြေးညင်း စွာထွက်ပေါ်နေသည်။

“အခု ငါမင်းကို ဘာမေးခွန်းမှ မမေးတော့ဘူး”

ထိုသို့ ပြောပြီးသည်နှင့် စိတ်စွမ်းအင်လှိုင်းအချို ထွက်ပေါ်လာကာ ဂိုဏ်ခွဲခေါင်းဆောင်ရဲ့ဦးခေါ င်းကို ထိကိုင်လိုက်သည်။ တဖက်သူမှ ကျင့်ကြံ ဆင့်ပိတ်ဆို့ခံထားရပြီး ချီဓာတ်မသုံးနိုင်သော ကြောင့် သာမန်သူများနဲ့ မခြားတော့ပေ။ ထို့အ တွက် ကျိုးယန်ရဲ့ စိတ်ဝိဉာဥ်စစ်မေးခြင်းကို မ ရှောင်နိုင်တော့ပေ။

အပြင်ဘက်တွင်မူ အစီအရင်မှတဆင့် စောင့် ကြည့်နေသည့် စု့န်ဧကရာဇ်တို့အဖွဲ့မှာ ကျိုးယန် ၏ စိတ်ဝိဉာဥ်စစ်မေးပုံကို တွေ့သည်နှင့် ထိတ် လန်သွားကြသည်။ ထိုပညာရပ်ကို ကျွမ်းကျင် သူများမှာ လက်ချိုးရေတွက်လို့ရပြီး စိတ်စွမ်း အင် ထူးကဲသူများသာ ကျင့်ကြံနိုင်သောကြောင့် လူတိုင်းမတတ်မြောက်ပေ။ ထို့အပြင် အသုံးပြု ခံရသူမှာလည်း စိတ်ဝိဉာဥ်အားနည်းပါက အ ခြေနေဆိုးရွားနိုင်သေးသည် မဟုတ်လား။

“ညီနောင်ကျိုးက အဲ့ပညာရပ်ကို တတ်နေတာပဲ”

စုန့်ဧကရာဇ်ရဲ့ စကားအဆုံး၌ ကျန်သူများကလဲ သဘောတူဟန်ဖြင့် ခေါင်းညိတ်ကြသည်။ ၎င်း တို့အနေဖြင့် ပညာရပ်ကိုသိသော်လည်း မတတ် မြောက်ပေ။

ကျိုးယန်က ထိုသူရဲ့ စိတ်ဝိဉာဥ်ကို နာရီဝက်ခန့် စိတ်ကြိုက်စစ်ဆေးပြီးနော​က် စိတ်စွမ်းအင်ကို ရုတ်သိမ်းလိုက်သည်။ ထိုအချိန်၌ ဂိုဏ်းခွဲခေါင် ဆောင်မှာ ကျောက်ရုပ်တခုနှယ် ငုတ်တုပ်ထိုင် နေခဲ့ပြီး မျက်လုံးများက အသက်မဲ့နေသည့်နှယ် ထို့အပြင် မျက်လုံးအစုံက မျက်ရည်များစီးကျ နေပြီး ကျိုးယန်ရဲ့ ရှာဖွေမှုက ထိုသူ့ရဲ့ စိတ်ဝိဉာ ဥ်အတွင်းပိုင်းထိ ရောက်သွားပုံပေါ်သည်။

ကျိုးယန်က သက်ပြင်းချလိုက်ပြီး ထိုသူရဲ့နှာဖူး ကိုအသာထိကာ အိပ်စက်စေလိုက်သည်။ ထိုအ ရာကသာ ရူးသွပ်သွားခြင်းမှ ကာကွယ်နိုင်ပြီး တကယ်ရူးမရူးကတော့ သူလည်းမပြောနိုင်ချေ ကျိုးယန်ရဲ့မျက်နှာက တည်ငြိမ်နေပြီး ထိုပုံစံက မည်သည့် အပြောင်းအလဲကိုမှ ဖမ်းဆုပ်မရနိုင် အောင် တည်ငြိမ်နေခြင်းဖြစ်သည်။

မည်သည့်လျှို့ဝှက်ချက်ကိုများ သိရှိသွားလေ သနည်း။ စစ်ဆေးရေးခန်းမှ ပြန်ထွက်လာပြီး စုန့်ဧကရာဇ်တို့အဖွဲ့အား ခေါင်းညိတ်ပြလိုက်သ ည်။ အလေးအနက်ထားရန် လိုအပ်သည့်အနေ ထားဖြစ်သည်ကို သတိထားမိသည့်စုန့်ဧကရာဇ် က မည်သည့်စကားမှ မဆိုတော့ပဲ နန်းတော်ကို တိုက်ရိုက်ပြန်ရန် စီစဥ်တော့သည်။

ထိုအချိန် ကျိုးယန်၏ နန်းဆောင်အတွင်း လူရိ ပ်တခု ဟိုဒီကူးသန်းနေပြီး ထူးခြားသည်က လူ ရိပ်မှာ သာမန်လူများထက် ကြီးမားသော်လည်း လျင်မြန်လွန်းသောကြောင့် အစောင့်စစ်သည် များ လုံးဝ သတိမထားခြင်းဖြစ်သည်။ ထိုလူရိ ပ်ကြီးက ကျိုးယန်ရဲ့ အိပ်ဆောင်အတွင်းဝင် ရောက်သွားပြီး ခဏအကြာ၌ ပတ်ဝန်းကျင်တ ခုလုံး ပုံမှန်အခြေနေကို ပြန်ရောက်သွားခဲ့သည်

လင်းယုယန်မှာ ကုန်သွယ်ရေးဆိုင်ရာ အခွန်အခ များကို စစ်ဆေးနေပြီး မကြာသေးမီက ထပ်တိုး လာသည့် လမ်းကြောင်းအသစ်များမှ ကုန်ပစ္စ ည်းများကို ကန့်သတ်ရန် ကျိုးယန်ကမှထားခဲ့ ၍ မည်သည့်ကုန်ပစ္စည်းအပေါ် ကန့်သတ်ရန်လို အပ်မည်ကို ရှာဖွေနေခြင်းဖြစ်သည်။

သူမက ကုန်သွယ်ရေးဆိုင်ရာဌာနကို ချီရီရှင်းအ ကူညီဖြင့် လည်ပတ်နိုင်နေပြီး မကြာသေးမီက ဆေးပညာဌာန ထပ်တိုးလာသောကြောင့် လက် ရှိ ကုန်သွယ်ရေးကိစ္စများကို ကျိုးစုလင်းထံ လွှဲ ပြောင်းပေးပြီး အစိုးရအုပ်ချုပ်ရေးဌာနဘက်၌ တာဝန်ယူကာ တက္ကသိုလ်ကထိက စုယင်ကိုလဲ အကူညီတောင်းနိုင်သည်ဟု တွေးမိကာမှ စိတ် သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

ထိုစဥ် သူမကဲ့မျက်လုံးထောင့်မှ ကြီးမားသည့် လူရိပ်တခု ဖြတ်ခနဲ မြင်လိုက်ရသောကြောင့် သူမခန္ဓာကိုယ်က တွန့်သွားကာ သတိအနေအ ထားဖြစ်သွားသည်။ မည်သည့်အရာက ကျိုးဧ ကရာဇ်၏နန်း​ဆောင်ကို နေ့ခင့းကြောင်တောင် ဖောက်ဝင်ရဲသနည်း။

သို့သော်လည်း တဖက်တွင်သူမက သာမန်လူ ဖြစ်၍ ဒီရက်ပိုင်းအလုပ်များနေသောကြောင့် စိ တ်ထင်ရာမြင်မိတာလည်း ဖြစ်နိုင်သည်ဟုတွေး ကာ တည်ငြိမ်သွားပြန်သည်။

ဘယ်သူက ဒီလောက်ကြီးတဲ့ ခန္ဓာကိုယ်မျိုးရှိမှာ တဲ့လဲ။ ပြီးတော့ အစ်မတော်ယင်ချင်း ရှိနေတာ ပဲ တခုခုဆို သူသတိထားမိမှာ သေချာပါတယ်။

သူမ မသိလိုက်သည်က ကျိုးယင်ချင်းမှာလည်း အလုပ်များနေခဲ့ပြီး အထူးသဖြင့် ဝိဉာဥ်မျိုးနွယ် ထံမှ နည်းပညာများထုတ်လုပ်မှု အခြေနေကိုစ စ်ဆေးနေသောကြောင့် သတိမထားမိခဲ့ပေ။

ဝိဉာဥ်မျိုးနွယ်မှာ လက်နက်ထုတ်လုပ်ရာ၌ အ လွန်ထူးချွန်လာပြီး ပန်းပဲကျေးရွာက ပညာရှင် များကိုပင် လိုက်မီလာကာ နောက်ပိုင်းလက်နက် ကြီးများ ပထမမျိုးဆက် မော်တော်ကားများစ သည်တို့ကိုပင် ထုတ်လုပ်လာနိုင်ကာ ဝိဉာဥ်မျိုး နွယ်ရှိရာ တောင်ပိုင်းဒေသကိုသာ ယခုချိန်သွား ရောက်ကြည့်ရှုပါက ခေတ်မီဒေသတခုကိုအံ့သြ ဖွယ်တွေ့ရမည် ဖြစ်သည်။

ဟုတ်ပေသည်။ ခရီးသည်တင်ကားများအပြင် အထူးထုတ်ကားများလည်း ရှိနေပြီး လင်းရှော င်တို့ညီအစ်ကိုနှစ်ဦးနဲ့ မျိုးနွယ်စုခေါင်းဆောင်၌ အဆိုပါကားမျိုး ရှိထားသည်။ အထူးထုတ်ဟု ဆိုရာ၌ ခေတ်မီကမ္ဘာ၏ နောက်ဆုံးပေါ်ကားမျာ မဟုတ်ပေ။ Toyota တတိယမျိုးဆက်လောက် သာဖြစ်ပြီး အချိန်အားဖြင့်ဆိုလျင် ၁၉၉၀ ပြည့် နှစ်ဝန်းကျင်က နဲ့တူညီနိုင်သည်။

#တိုယိုတာတတိယမျိုးဆက်ထွက်ရှိချိန်ကိုကျတော်မသိပါခန့်မှန်းရေးသားရခြင်းဖြစ်သည်။

ထိုစဥ် လီပြည်နယ်၏ လီနန်းတော်ထဲတွင် ကျိုး လီ ကျိုးယွမ်နဲ့ ကျိုးစုလင်းတို့က ထူးခြားသည့် အင်အားစုကို ကိုင်တွယ်မည့်ကိစ္စအား ကျိုးယန် ဘက်မှ ကူညီမည်ဟု သိထားသောကြောင့် စိတ် အေးလက်အေးဖြစ်နေပြီး မြေရိုင်းဒေသကိုသိမ် ပိုက်နိုင်ပါက လီပြည်နယ်၏ အင်အားကတိုးတ က်လာတော့မည်ဖြစ်သည်။

“ညီတော် ဧကရာဇ်ကအခု စုန့်ပြည်နယ်ရဲ့ရှေ့တ န်းကို ရောက်နေတယ်လို့ ကြားတယ် စုန့်ပြညန ယ်ရဲ့ အခြေနေတွေ တည်ငြိမ်သွားရင် ဒီကိုလာ ပြီး မြေရိုင်းဒေသကို ကိုင်တွယ်ရာမှာ ကူညီနိုင် လိမ့်မယ်”

ကျိးယွမ်က ဝမ်းသာအားရပြောနေသည်။ သူက အရှေ့ပိုင်းဒေသကို အုပ်ချုပ်ခွင့်ရထားသော်လဲ အချိန်အများစုကို လီပြည်နယ်အတွင်းရှိ အနေ များပြီး အရှေ့ပိုင်းဒေသနဲ့ထိစပ်နေသည့် လင်း ပြည်နယ်မှာ ညီတော်ဧကရာဇ်ရဲ့မိဖုရားဖြစ်သူ လင်းယုယန်၏ ပြည်နယ်ဖြစ်သောကြောင့် နယ် စပ်ဒေသက စိုးရိမ်စရာမလိုပေ။

………………………………………………….

All Chapters