← Chapters

အစောင့်အရှောက်ကြီး ၁၃ဦး

Vol. 6 Ch. 71

အစောင့်အရှောက်ကြီး ၁၃ဦး

Vol. 6 Ch. 71

“ကျိုစစ်!”

မနက်စောစောတွင် ချန်ကျဲ့သည် စူးယွင်ကျင်းနှင့်အတူ မနက်စာစားနေခဲ့သည်။ ထိုစဉ် အပြင်ဘက်မှ အော်ခေါ်သံကို ကြားလိုက်ရ၏။ ထိုအသံသည် ခြံဝင်းအပြင်ဘက်တွင် ရပ်နေသည့် ရှောင်ဟူ၏အသံဖြစ်သည်။

“ဟူဇစ် လာ အထဲဝင်ခဲ့”

ချန်ကျဲ့သည် ပြောင်းဆန်ပြုတ်ကို သောက်နေရင်းမှ ရှောင်ဟူကို လက်ဝှေ့ရမ်းခေါ်လိုက်သည်။

“မရီး”

ရှောင်ဟူသည် ခြံဝင်းထဲဝင်လာသည်နှင့် စူးယွင်ကျင်းကို နှုတ်ဆက်သည်။

စူးယွင်ကျင်း ပြုံးလိုက်သည်။

“ရောက်လာပြီလား။ မနက်စာစားပြီးပြီလား။ အစ်မတို့နဲ့ အတူဝင်စားလိုက်လေ”

“မစားတော့ပါဘူး မရီး။ ကျွန်တော် စားပြီးခဲ့ပြီ၊ စားပြီးခဲ့ပြီ”

ချန်ကျဲ့ ရယ်မောလိုက်သည်။

“လူကြီးလေးရေ မင်းနည်းနည်းထပ်စားသင့်တယ်နော်”

ထိုသို့ပြောလျက် ချန်ကျဲ့သည် ပြောင်းဆန်ပြုတ်တစ်ပန်းကန် ခပ်ထည့်‌၍ ရှောင်ဟူကို ကမ်းပေးသည်။

“ရော့ ဟူဇစ်၊ စားလိုက်ဦး။ မင်း မရီးရဲ့လက်ရာက အတော်လေး စားကောင်းတယ်ကွ။ ဟုတ်တယ်မလား ရွေ့ရွေ့”

“ဟုတ်တယ် စားကောင်းတယ်!”

ကလေးမလေးမှ ခေါင်းညိတ်သည်။

ဟူဇစ်သည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်နေ၏။ စူးယွင်ကျင်းသည် ရှောင်ဟူကို တူတစ်စုံ ကမ်းပေးသည်။

“စားလိုက်ပါ။ စားပြီးရင် မင်းအစ်ကိုကျိုစစ်နဲ့အတူ ငါးဖမ်းကုန်သည်အဖွဲ့ဆီ သွားလို့ရပြီ”

ဟူဇစ်မှာ တကယ်တော့ ‌ဆာလောင်နေပါသည်။ ဒီနေ့ ငါးဖမ်းကုန်သည်အဖွဲ့သို့ သွားရမည်ဖြစ်သောကြောင့် ဟူဇစ်သည် စောစောနိုးနေခဲ့သည်။ သူသည် အမေ လုပ်ပေးထားသည့် မနက်စာကို စားခဲ့ပြီးဖြစ်ပါ၏။ သို့သော် ဒီလိုအချိန်မျိုးတွင် ဘယ်သူကများ ဗိုက်ပြည့်အောင် စားနိုင်ပါမည်နည်း။

ဆယ်ပုံရှစ်ပုံခန့်မျှသာ ဗိုက်ဖြည့်ခဲ့ခြင်းဖြစ်ပြီး မနက်ခင်းအိမ်သာတက်ပြီးနောက်၌ ဗိုက်ထဲတွင် မည်မျှမကျန်ရစ်တော့ပေ။

ထို့ကြောင့် ဟူဇစ်သည် တကယ်တမ်းတွင် ဗိုက်‌ဆာနေခဲ့ပါ၏။

ချန်ကျဲ့နှင့် စူးယွင်ကျင်းတို့သည် ယဉ်ကျေးမှုအရ ဖိတ်ခေါ်ခြင်းသာ မဟုတ်ကြောင်းကို မြင်သောအခါ ဟူဇစ်သည် စတင်စားသောက်တော့သည်။

မနက်စာကို ဗိုက်ပြည့်အောင် စားသောက်ပြီးနောက် ချန်ကျဲ့နှင့် ရှောင်ဟူတို့သည် အိမ်မှထွက်ခွာခဲ့ကြသည်။

သူတို့နှစ်ဦးသည် ငါးဖမ်းကုန်သည်အဖွဲ့သို့ တိုက်ရိုက်မသွားဘဲ အရင်ဆုံး မြို့သို့ ဝင်ခဲ့ကြသည်။

ပစ္စည်းအချို့ဝယ်ယူခဲ့ပြီးနောက် ရွာသို့ပြန်လာခဲ့ကြသည်။ ထို့နောက် ပိုင်မိသားစုနေအိမ်သို့ ဦးတည်သွားခဲ့သည်။

သူတို့နှစ်ဦး ပိုင်မိသားစုနေအိမ်သို့ရောက်သောအခါ နေအိမ်ဝင်ပေါက်တွင် မြင်းကောင်းအချို့ကို မြင်တွေ့လိုက်ရ၏။

ဤသို့မြင်းများကို မျန့်ရွှေစီရင်စုတွင် တွေ့ရခဲ၏။ ထို့ပြင် ရိုးရှင်းသည့်အကြောင်းအရင်းတစ်ခုမှာ – မျန့်ရွှေစီရင်စုသည် တောင်ပိုင်းတွင်တည်ရှိသည်။ ဤခေတ်ကာလ၌ မြင်းမွေးမြူသည့်ဒေသများအားလုံးမှာ မြောက်ပိုင်းတွင်ဖြစ်ကြပေသည်။

မြောက်ပိုင်းမှ တောင်ပိုင်းသို့ သယ်ယူပို့ဆောင်သည့် မြင်းကောင်းတစ်ကောင်သည် ကံကောင်းမှုကို ဆောင်ကြဉ်းနိုင်သည်။

ထို့ကြောင့် မျန့်ရွှေစီရင်စုကြီးတစ်ခုလုံး၌ မြင်းကောင်းကို စီးနှင်နိုင်သူများမှာ များသောအားဖြင့် ဩဇာလွှမ်းမိုးမှုရှိသူများဖြစ်ကြသည်။

ယနေ့ မနက်ခင်းအစောပိုင်း၌ ပိုင်မိသားစုနေအိမ်ရှေ့တွင် မြင်းကောင်း၅ကောင် ဆိုက်ရောက်နေ၏။ ၎င်းမှာ ထူးခြားသည့်အရာတစ်ခု ဖြစ်ပွားနေကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြနေပေသည်။

ချန်ကျဲ့ ရှောင်ဟူကို ပြောလိုက်သည်။

“ရှောင်ဟူ မင်းငါ့ကို ခဏလောက် အပြင်မှာစောင့်နေပေးပါ။ ငါအထဲဝင်ကြည့်လိုက်ဦးမယ်”

ချန်ကျဲ့သည် သူ ဝူကျုံးအတွက်ရည်ရွယ်၍ ဝယ်ယူလာခဲ့သည့် လက်ဆောင်ဖြစ်သော ငွေ၈တုံး တန်ဖိုးရှိသည့် ဆယ်စုနှစ်တစ်ခုစာ သက်တမ်းရှိ လင်းဇီးမှိုကို ယူခဲ့လိုက်သည်။

သူမနေ့က ရရှိခဲ့သည် ငွေတုံး၂၀ထဲမှ ငွေ၈တုံးကို ချန်ကျဲ့သည် ဝူကျုံးအတွက် လင်ဇီးမှိုလက်ဆောင်ပေးရန် အသုံးပြုခဲ့သည်။

ကျန်ရှိသည့် ငွေဆယ်တုံးကို ဆန်၊ ဂျုံ၊ ဆီနှင့် ငါးဖမ်းကုန်သည်အဖွဲ့ ညီနောင်များအပေါ် သူ၏စိတ်စေတနာကို ဖော်ပြရန် ပေးဝေမည့် လက်ဆောင်များ ဝယ်ယူရာတွင် အသုံးပြုခဲ့သည်။

ထို့နောက် နောက်ဆုံး ငွေနှစ်တုံးကျန်ရစ်သည်။ ထိုငွှေနှစ်တုံးကို ချန်ကျဲ့သည် အိမ်အတွက် ‌မျှော်လင့်မထားသော အသုံးစရိတ်များ လိုအပ်လာပါက အသုံးပြုရန် ငွေကြေးအဖြစ် စူးယွင်ကျင်းကို ပေးထားခဲ့သည်။

ဒေါက် ဒေါက် ဒေါက်…

ချန်ကျဲ့ တံခါးခေါက်လိုက်သည်။ အချိန်ခဏကြာပြီးနောက်မှ တံခါးလာဖွင့်ပေး၏။ တံခါးလာဖွင့်ပေးသူမှာ သခင်မပိုင်ဖြစ်သည်။

“ကျိုစစ်!”

“အဒေါ်”

အပြန်အလှန် နှုတ်ဆက်ကြပြီးနောက် သခင်မပိုင်သည် ချန်ကျဲ့ကို အထဲဝင်စေသည်။

“ဒါက ဦးလေးကျုံးအတွက်ပါ”

ချန်ကျဲ့ လက်ဆောင်ကို ပေးလိုက်သည်။

သခင်မပိုင်သည် တစ်ချက်ကြည့်လိုက်ပြီးနောက် အနည်းငယ် အံ့အားသင့်သွား၏။

“ဒီလင်ဇီးကိုကြည့်ရတာ ဆယ်စုနှစ်တစ်ခုလောက် သက်တမ်းရှိမယ့်ပုံပဲ။ မင်းဘာလို့ ဒီလိုဈေးကြီးတဲ့လက်ဆောင်ကို ဝယ်လာရတာလဲ အရူးကောင်လေးရဲ့”

“အမ်း ဦးလေးကျုံးရဲ့ တောက်ပတဲ့အလင်းကြောင့်သာ ကျွန်တော့်မှာ ကံကောင်းမှုလေးကို ကြုံတွေ့နိုင်ခဲ့တာပါ။ ကျွန်တော် ဦးလေး‌ကျုံးကို ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်ဝယ်ပေးချင်ခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ ကျွန်တော်က အမြဲလိုလို ငွေကြေးကျပ်တည်းနေတာကြောင့်သာ နှောင့်နှေးသွားရတာပါ။ အဒေါ် ကျေးဇူးပြုပြီး ကျွန်တော့်ကို ရယ်မနေပါနဲ့ဦးနော်”

“ဒီကလေးကတော့ မင်းလက်ထဲမှာ ငွေနည်းနည်းရှိပြီဆိုလည်း မင်းမိန်းမနဲ့ သူ့ညီမလေးအတွက် စားကောင်းသောက်ဖွယ်တွေနဲ့ အဝတ်အစားအသစ်တွေ ဝယ်ပေးမှပေါ့။ ဘာလို့ ပိုက်ဆံကို ဒီလိုဖြုန်းတီးလိုက်ရတာလဲ။ မင်းဦးလေးက ဒီလိုမျိုးတွေ မလိုအပ်ပါဘူး။ ပြန်ယူသွား ပြန်ယူသွား! မင်းတကယ် သူ့ကို ကျေးဇူးတင်ချင်တယ်ဆိုရင် ဈေးနည်းတဲ့ အချိုပွဲနည်းနည်းလောက် ဝယ်ပေးရင်ရပြီ။ အခုအချိန်မှာ မင်းတို့မိသားစုလည်း ခက်ခဲနေတာလေ”

“အဒေါ်၊ ကျွန်တော် အဒေါ်ပြောတာကို လက်ခံပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော့်ရဲ့ ကျေးဇူးတင်မှုကိုဖော်ပြတဲ့ လက်ဆောင်သေးသေးလေးပါပဲ။ အဒေါ် ကျွန်တော့်ကို ပြန်ယူသွားခိုင်းမယ်ဆိုရင် ကျွန်တော် ဘယ်လိုလုပ်ပြီး ဦးလေးနဲ့အဒေါ်တို့ကို ရှေ့လျှောက် ဒုက္ခများစေရဲပါတော့မလဲ”

“ဒါက… ကောင်းပြီ၊ ဒီတစ်ခေါက်ပဲနော် ဟုတ်ပြီလား။ နောက်တစ်ခါ ဒီလိုမျိုး ပိုက်ဆံထပ်မဖြုန်းနဲ့တော့!”

“ဟုတ် ကျွန်တော်သိပါပြီ ‌အဒေါ်”

ချန်ကျဲ့ ပိုင်သခင်မကို စိတ်ချလက်‌ချ‌ဖြစ်စေလိုက်သည်။

မည်သို့ပင်ဖြစ်စေ လက်ဆောင်ရရှိပြီးနောက်၌ သခင်မပိုင်၏စိတ်အခြေအနေ အများကြီးကောင်းမွန်သွားသည်မှာ သိသာလှပါ၏။

ထိုစဉ် ချန်ကျဲ့ မေးလိုက်သည်။

“ဦးလေးကျုံး ဘယ်ရောက်နေလဲဗျ”

“ဧည့်သည်တွေနဲ့ စကားပြောနေတယ်”

“တံခါးနားက သူတွေလား”

ချန်ကျဲ့ အရိပ်အယောင်ပြ ပြောဆိုသည်။

သခင်မပိုင်မှ ပြန်ပြောသည်။

“ဟုတ်တယ်။ အဲဒါကြောင့် ငါတို့ အသံတိုးတိုးနေရအောင်”

“သူတို့က ဘယ်သူတွေလဲဟင်”

ချန်ကျဲ့ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“အဲဒီလူကြီးမင်းတွေအားလုံးက အရေးကြီးပုဂ္ဂိုလ်ကြီးတွေပဲ”

သခင်မပိုင်မှ တီးတိုးပြောသည်။

“ဟွမ်ကျိုးစီရင်စုကနေ ဆင်းလာတဲ့ အရာရှိနှစ်ယောက်ရယ်၊ ကျန်တဲ့သုံးယောက်ကတော့ ငါတို့စီရင်စုရဲ့ အစောင့်အရှောက်ကြီး ၁၃ဦးထဲက အရေးကြီးပုဂ္ဂိုလ်ကြီးတွေပဲ”

“အစောင့်အရှောက်ကြီး ၁၃ဦးလား”

ချန်ကျဲ့ ၎င်းကို တစ်ကြိမ်ထက်မက ကြားဖူး၏။

သခင်မပိုင်မှ ပြောသည်။

“သူတို့က စွမ်းအင်ပြောင်းလဲခြင်းအဆင့် သခင်ကြီး၁၃ယောက်ပဲ။ ငါသူတို့အကြောင်းကို ဟုန်အာ ခဏတိုင်းပြောတာ ကြားဖူးတယ်။ အဲဒီအစောင့်အရှောက်ကြီးတွေကို အဆင့်လိုက်စီတန်းပေးတဲ့ ကာရန်ကဗျာရှိတယ်”

“ဘယ်လိုကဗျာလဲဗျ”

“အဲ ငါစဉ်းစားကြည့်ဦးမယ်။ တောင်ပိုင်းက ပါးထျန်း၊ မြောက်ပိုင်းက လောင်လျို့နဲ့ အစောင့်အရှောက်ကြီး ၁၃ဦးဟာ ပြိုင်ဘက်ကင်းလေတယ်။ သူဖုန်းစား၊ ရဲမက်၊ ဆီကုန်သည်၊ တစ္ဆေလက်၊ စာပေပညာရှင်၊ လျန်ဟုန်၊ ပန်းပဲဆရာ၊ ငါးဖမ်းသမား၊ မျက်ကန်း၊ ရှေ့ဖြစ်ဟောဆရာ၊ လင်းယုန်၊ ကျားနဲ့ ကျားသစ်!”

ချန်ကျဲ့ စိတ်ထဲမှ မှတ်ထားလိုက်သည်။

ချန်ကျဲ့သည် ထိုအစောင့်အရှောက်ကြီး၁၃ဦး၏ ဂုဏ်သတင်းတို့ကို ကြားသိနေခဲ့သည်မှာ ကြာမြင့်‌ခဲ့ပြီးဖြစ်သည်။ ယနေ့ နောက်ဆုံးတွင်တော့ ထိုအစောင့်အရှောက်များမှာ အဘယ်သူများဖြစ်ကြောင်းကို သိရှိနိုင်ခဲ့လေပြီ။

သခင်မပိုင်မှ ဆက်ပြောသည်။

“ဒီနေ့ရောက်နေတဲ့သုံးယောက်က အဲဒီအစောင့်အရှောက်ကြီး ၁၃ဦးထဲကလေ”

“ဟုန်အာရဲ့ဆရာ အစောင့်အရှောက်ကြီး၁၃ဦးထဲက ကာကွယ်ရေးဦးစီးချုပ် (ရဲမက်) ကျန်းလီယဲ့၊ အကြီးအကဲကျန်း”

“ငါတို့ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ကျားဖြူခန်းမအရှင်သခင် ငါးဖမ်းသမား ဖန်းရှစ်ကျုံး”

“ချောင်ကုန်သည်အဖွဲ့ ရွေ့ကျင်းခန်းမအရှင်သခင် တစ္ဆေလက် ကုချင်းဖုန်းတို့ပဲ”

ထိုစကားတို့ကို နားထောင်ပြီးနောက် ချန်ကျဲ့ အတော်လေး အံ့ဩသွားခဲ့သည်။ ဤမျှအရေးပါသောပုဂ္ဂိုလ်ကြီးများသည် ရွာငယ်လေးဖြစ်သော ရှန်းထောင်ရွာလေးတွင် စုဝေးကြလိမ့်မည်ဟု ချန်ကျဲ့ မျှော်လင့်မထားခဲ့ပေ။

၎င်းမှာ တွေးမိသည်နှင့် မထိန်းချုပ်နိုင်စွာ စိတ်လှုပ်ရှားစေပေသည်။

“‌အဒေါ် အဲဒီလိုပုဂ္ဂိုလ်ကြီးတွေက ဒီရှန်းထောင်ရွာမှာ ဘာလုပ်နေကြတာလဲဗျ”

ချန်ကျဲ့ စူးစမ်းကြည့်သည်။

သခင်မပိုင်မှ ပြန်ပြောသည်။

“ကြည့်ရတာတော့ သူပုန်တစ်ယောက်ကို လာဖမ်းကြပုံပဲ”

“နီမန့်ဇစ်လား”

“အင်း မန့်ဇစ်တော့ မန့်ဇစ်ပဲ”

ထိုအခါ ချန်ကျဲ့ နားလည်သွားခဲ့သည်။

တကယ့်ကိုပဲ ဒါက ဝူဟုန် သူ့ဆရာကျန်းလီယဲ့ကို နီမန့်ဇစ်အကြောင်း အကြောင်းကြားလိုက်တာရဲ့ နောက်ဆက်တွဲတုံ့ပြန်မှုဖြစ်နေတာပဲ။ ဒါပေမဲ့ ဒီရောက်လာကြတဲ့ပုဂ္ဂိုလ်ကြီးတွေက အရမ်းခမ်းနားကြီးကျယ်လွန်းမနေဘူးလား– စီရင်စုရဲ့ အစောင့်အရှောက်ကြီး ၁၃ဦးထဲက စွမ်းအင်ပြောင်းလဲခြင်းအဆင့် သခင်ကြီး၃ယောက်အပြင် အထက်ကနေ အရာရှိနှစ်ယောက်ပါ စေလွှတ်လိုက်သေးတယ်။

အဲဒီအရာရှိတွေကလည်း အတော်လေး အင်အားကြီးလောက်တယ်။ အဲဒီတော့ နီမန့်ဇစ်ကို ဖမ်းဆီးဖို့အတွက် စွမ်းအင်ပြောင်းလဲခြင်းအဆင့် သခင်ကြီး၅ယောက် ရောက်လာခဲ့တာဖြစ်နိုင်တယ်လို့ ဆိုလိုနေတာပဲ။

နီမန့်ဇစ်က ဘယ်လိုပြစ်မှုတွေကို ကျူးလွန်ခဲ့လို့ ဒီလောက်များတဲ့ သခင်ကြီးတွေက သူ့ကိုဖမ်းဆီးချင်နေရတာလဲ။

ဒီတုံ့ပြန်မှုအဆင့်က နည်းနည်းလွန်ကဲလွန်းနေတာ မဟုတ်ဘူးလား။

ချန်ကျဲ့ တွေးတောနေစဉ် အခန်းထဲမှ လှုပ်လှုပ်ရှားရှားအသံများကို ကြားလိုက်ရသည်။ ၎င်းအသံများနှင့်အတူ ဝူကျုံး၏စကားသံကိုလည်း ကြားလိုက်ရ၏။

“အကြီးအကဲတို့ကို ပို့ဆောင်ပါတယ်…”

ထို့နောက် အတွင်းခန်းထဲမှ လူတစ်စုထွက်လာသည်။

ရှေ့ဆုံးမှ လူနှစ်ဦးသည် အမည်းရောင် အရာရှိဝတ်ရုံနှင့် ခါးထက်တွင် ငွေရောင်ခါးပတ်တို့ကို ဝတ်ဆင်ထားကြသည်။ သူတို့၏နောက်ဘက်မှ အနီရောင်နှင့် အနက်ရောင် ဖမ်းဆီးရေးအရာရှိဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်လူကြီးသည် ပင်ကိုဗီဇအရ ဩဇာအရှိန်အဝါကို ထုတ်လွှတ်နေပေသည်။ ထိုပုဂ္ဂိုလ်မှာ အစောင့်အရှောက်ကြီး ၁၃ဦးထဲမှ အကြီးအကဲကျန်းလီယဲ့ ဖြစ်တန်ရာ၏။

သူတို့၏နောက်မှ ထွက်လာသူသည် မှုန်မှိုင်းသည့်မျက်နှာသွင်ပြင်ဖြင့် သတ်ဖြတ်လိုခြင်းအငွေ့အသက်အချို့ လွှမ်းခြုံနေသည်။ ထိုလူနောက်တွင် မျက်နှာကိုညိုမဲစွဲအောင် ရိုက်နှက်ခံထားရသော ယွီပင်းမှ ကပ်လျက်လိုက်ပါသည်။ ယွီပင်းသည် အိမ်မှ မထွက်ခွာမီတွင် မျက်နှာကို ဂွမ်းစဖြင့် ဖုံးအုပ်လာခဲ့သည်။

၎င်းဂွမ်းစကို ဖယ်ရှားလိုက်သည်နှင့် မေးခွန်းထုတ်ခံရလောက်ပေသည်။

ထိုယွီပင်းရှေ့မှ ထွက်လာသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားသည် အစောင့်အရှောက်ကြီး ၁၃ဦးထဲမှ တစ္ဆေလက်ကုချင်းဖုန်း ဖြစ်ဟန်ရ၏။

နောက်ဆုံး၌ သမားတော်ပိုင်ကို တွဲကူပေးထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားသည် အခန်းထဲမှ ထွက်လာခဲ့ရင် အပြုံးဖြင့် စကားဆိုနေသည်။

“သမားတော်ပိုင် ကျွန်တော်တို့ကို လိုက်ပို့ပေးဖို့ မလိုပါဘူးဗျာ…”

သမားတော်ပိုင်မှ ပြန်လည်တုံ့ပြန်သည်။

“ရှစ်ကျုံး ငါ့ကို မတားစမ်းပါနဲ့။ မင်းရောက်လာတာကို ငါအရမ်းဝမ်းသာနေတာလေ၊ သေချာပေါက် လိုက်ပို့ရမှာပေါ့…”

စကားပြောဆိုရင်းဖြင့် သူတို့အားလုံး အပြင်သို့ရောက်လာခဲ့လေပြီ။

လူအုပ်စုသည် အဆင့်မြင့်မြင်းများပေါ်သို့ ခုန်တက်သွားကြ၏။ ဝူဟုန်သည် မျက်ခုံးတို့ အနည်းငယ်တွန့်ချိုးနေသော ဝူကျုံးနှင့် စကားအပြန်အလှန် ပြောနေသည်။ သို့သော် ဝူကျုံးသည် နောက်ဆုံးတွင်တော့ ခေါင်းညိတ်၏။ ထို့နောက် ဝူဟုန်သည် ဆရာဖြစ်သူနှင့်အတူ ထွက်သွားခဲ့သည်။

လူအုပ်စုကို ပို့ဆောင်နှုတ်ဆက်ပြီးနောက်

ဝူကျုံး အိမ်ဘက်သို့ ပြန်လှည့်လာရာ ချန်ကျဲ့ကို မြင်သွားခဲ့သည်။ ဝူကျုံး ပြုံးလိုက်သည်။

“ကျိုစစ် ရောက်နေတာပဲ”

All Chapters