သူပုန်ကိုကယ်တင်၍ နတ်ကျင့်စဉ်အား ရယူခြင်း
Vol. 6 Ch. 76
လမင်းသည် ချိတ်ကောက်အသွင်သဏ္ဍာန်ဖြင့် အလင်းဖြာနေသည်။ ချန်ကျဲ့တို့မိသားစုသည် ညစာစားပြီးကြ၍ ချန်ကျဲ့သည် စောစီးစွာပင် ဆေးရည်စိမ်နေခဲ့သည်။
သို့သော် ချန်ကျဲ့ အရေပြားသန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်ပြီးချိန်မှ စတင်၍ အရေပြားသန့်စင်ဆေးရည်၏ ဆေးအာနိသင်သည် သက်ရောက်မှုနှုန်း လျော့နည်းလာခဲ့သည်။
အချိန်အကြာကြီး ဆေးရည်စိမ်နေခဲ့သည့်တိုင် ကျင့်ကြံမှုအတွင်း သေးငယ်လှသည့် တိုးတက်မှုကိုသာ ခံစားရပေသည်။
ကြည့်ရတာ တိုးတက်ဖို့အတွက်ဆို ကျင့်ကြံဆင့်တစ်ခုစီမှာ ဆေးကိုလည်း ပြောင်းလဲညှိနှိုင်းဖို့ လိုအပ်ပုံပဲ။
အရေပြားသန့်စင်ခြင်းအဆင့်၊ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ဟူ၍ဖြစ်ရာ နောက်တစ်ဆင့်သည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ဖြစ်ပေလိမ့်မည်။
၎င်းအဆင့်များတွင် အရေပြားနှင့် အသွေးအသားတို့ကို သန်မာစေခြင်း ပါဝင်နေသော်ငြား ကျင့်စဉ်မှာ မတူညီပေ။ ဤအဆင့်တွင် ဘိုးဘေးကြီးလက်သီးသိုင်းသည် ချန်ကျဲ့အတွက် အကျိုးပြုနိုင်သည့် အကန့်အသတ်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ချန်ကျဲ့သည် မိမိမှာ သိုင်းပညာ၏မျက်နှာကြက်ကို ထိစပ်တော့မည့်အလား၊ ပို၍တိုးတက်လိုပါက ရေစီးဆင်းခြင်းကျင့်စဉ်ကို လိုအပ်မည့်အလား ထင်မှတ်ရသည်။
ထိုသို့တွေးတောလျက် ချန်ကျဲ့သည် ရေချိုးကန်ထဲမှ ထွက်လာ၍ ကောင်းကင်ရှိ လကို မော့ကြည့်လိုက်သည်။ အချိန်မှာ ညအချိန်၁၀နာရီခန့် ရှိလောက်ချေပြီ။
ချန်ကျဲ့ အခန်းထဲသို့ပြန်ဝင်၍ ခန္ဓာကိုယ်ကို ခြောက်အောင်သုတ်သည်။ အဝတ်အစားမဝတ်ရသေးမီ၌ အတွင်းခန်းတံခါးပွင့်လာသည်ကို ခံစားမိလိုက်သည်။ ထို့နောက် နွေးထွေးသည့်တည်ရှိမှုလေးသည် အသံမပေးပါဘဲ သူ့ကို နောက်ကျောမှ ပွေ့ဖက်လာလေသည်။
သူ၏နောက်ကျောကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထား၏။
ချန်ကျဲ့သည် နောက်ကျောပြင်ထက်မှ နူးညံ့မှုလေးကို ခံစားလျက် မေးလိုက်သည်။
“မင်း ဆုံးဖြတ်ပြီးပြီလား”
“အင်း!”
နောက်ဘက်မှ အသံလေးဖြင့် တုံ့ပြန်လာသည်။ ချန်ကျဲ့သည်လည်း စိတ်နှလုံးအေးချမ်းသွားခဲ့ကာ နောက်လှည့်၍ ထိုအမျိုးသမီးလေးကို သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
ရှက်သွေးဖြာနေသော အမျိုးသမီးလေးသည် အမျိုးသား၏မျက်နှာနှင့် နီးကပ်စေရန် ခြေဖျားထောက်ထား၏။
အနည်းငယ် ဟန်ကျပန်ကျမဖြစ်လှသော်ငြား သူ၏ချစ်ခြင်းမေတ္တာများသည်တော့ ပြည့်လျှံနေပေသည်။
မကြာမီတွင် အမျိုးသမီးလေး၏ခန္ဓာကိုယ်သည် အရိုးမရှိသည့်အလား ပျော့ခွေလာခဲ့သည်။ ထိုစဉ် ချန်ကျဲ့သည် အမျိုးသမီးလေး၏ ရှက်သွေးဖြာနေသော မျက်နှာလေးကို ငုံ့ကိုင်းကြည့်နေသည်။
ထို့နောက် အမျိုးသမီးလေးအား အိပ်ရာထက်သို့ ပွေ့ချီသွားသည်…ထိုသို့တွေးတောရင်းဖြင့်ပင် ချန်ကျဲ့သည် ရေချိုးကန်ထဲမှထွက်လာ၍ ကောင်းကင်ရှိ လကို လှမ်းမျှော်ကြည့်လိုက်သည်။ ညအချိန်၁၀နာရီခန့်ဟု ခန့်မှန်းရပေသည်။
ချန်ကျဲ့ အခန်းထဲသို့ပြန်သွား၍ ခန္ဓာကိုယ်ကို ရေခြောက်အောင်သုတ်သည်။ အဝတ်အစား ပြန်မဝတ်ရသေးမီတွင် အတွင်းခန်း၏
လရောင်ဖျော့ဖျော့အောက်၌ ချစ်သူနှစ်ဦး၏ အခန်းမျက်နှာကြက်သည် ရွှန်းစိုနေခဲ့သည်။ အမျိုးသမီးလေး၏ ပါးပြင်နှစ်ဖက်သည် အနီရောင်ယှက်သန်းနေလျက် ချွေးစက်လေးများသည် ခေါင်းအုံးထက်တွင် ပုတီးစေ့များသဖွယ် စီခြယ်နေသည်။
အဆုံးမဲ့သော နှစ်လိုဖွယ်ဆွဲဆောင်မှုသည် နူးညံ့သိမ်မွေ့စွာသော နာခံမှုဖြင့် ကြိုဆိုခံရလျက်၊ ကျောက်စိမ်းတောင်ထိပ်ဖျားတွင် ညှို့ယူဖမ်းစားနိုင်မှုသည် သူမ၏ချစ်စဖွယ်ဟန်ပန်လေးအတွင်း၌ ကိန်းအောင်းနေပေသည်။
လှိုင်းထနေသော ရေဂယက်သည် တစ်စက်တည်း၌ ကြည်လင်လျက်၊ လှံသည် ယောင်္ကျားတို့၏ တက်ကြွသောအားအင်ဖြင့် အကြိမ်တစ်ရာ လည်ပတ်လေသည်။
စိတ်အားထက်သန်မှုများသည် ဤအရပ်၌ လွတ်မြောက်ခဲ့ပြီး၊ အခြားသော အရပ်များ၌ တမ်းတခြင်းသော မျက်ရည်စက်များ စီးဆင်းခဲ့လေသည်။
နွေးထွေးသော အဖြူရောင် လက်ကိုင်ပုဝါလေးထက်ဝယ် အနီရောင်ဆေးစက်တစ်စက် စွဲထင်ခဲ့လေပြီ။ ယခုအချိန်မှစတင်၍ မိန်းကလေးတစ်ဦးမှသည် အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ချေပြီ။
…
စောင်ပုံထဲတွင် လဲလျောင်းနေသော အမျိုးသမီးလေး၏ မျက်လုံးထောင့်စွန်းတို့၌ မျက်ရည်စလေးများ စွန်းထင်နေသည်။ ချန်ကျဲ့ သူမကို ညင်သာစွာ တစ်ချက်နမ်းရှိုက်လိုက်သည်။
အမျိုးသမီးသည် လက်ကိုင်ပုဝါကို ရှုပ်ထွေးနေသောခံစားချက်ဖြင့် ကြည့်နေသည်။ ဤအချိန်မှစတင်၍ သူမ၏ဤဘဝသည် ဤအမျိုးသားထံပါးသို့ ချည်နှောင်ခဲ့ပြီးဖြစ်၍ နောက်ပြန်လှည့်ရာလမ်း မရှိတော့ချေ။
ထိုအမျိုးသားမှ သူမကို ကောင်းကောင်းဆက်ဆံပေးလျှင် ဘဝသည် ပန်းပေါင်းရာချီပွင့်လန်းသော နွေဦးရာသီ၏ ရှုမျှော်ခင်းလေးကဲ့သို့ ကြည်နူးနှစ်သက်ဖွယ်ကောင်းလိမ့်မည်။
အကယ်၍ ထိုအမျိုးသားသည် သူမအပေါ် မကောင်းခဲ့လျှင် ဘဝသည် ခက်ခဲကြမ်းတမ်းသော ဆောင်းရာသီကဲ့သို့ ခါးသီးမှုတို့အား ကိုယ်တိုင်ခံစားရသူမှအပ တစ်ပါးသူ မသိမြင်နိုင် ဖြစ်ရပေလိမ့်မည်။
ထိုသို့အတွေးဖြင့် စူးယွင်ကျင်းသည် ချန်ကျဲ့၏လက်ကို ဆွဲကိုင်လိုက်သည်။ သို့သော် နက်နက်ရှိုင်းရှိုင်း တောက်လောင်နေသည့် မီးလျံကဲ့သို့ နာကျင်မှုကိုသာ နှိုးဆွလိုက်မိလေသည်။
ငါ့ကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်လိုက်တော့မလိုမျိုး သူက ဘာလို့ ဒီလောက်တောင် ခံ့ညားနေရတာလဲ။
စူးယွင်ကျင်းသည် သူမ၏ခင်ပွန်းဖြစ်သူအား စေ့စေ့ကြည့်လျက် “ယောက်ျား”ဟု ခေါ်လိုက်သည်။
“ဟင်?”
ချန်ကျဲ့ သူမကို ကြည့်နေသည်။
“ရှင် ကျွန်မကို ကောင်းကောင်းဆက်ဆံရမယ်နော်။ အခု ကျွန်မမှာ ရှင်ကလွဲပြီး တခြားဘာမှမရှိတော့ဘူး…”
ချန်ကျဲ့ သူမ၏မျက်လုံးထောင့်လေးများမှ မျက်ရည်စတို့ကို သုတ်ပေးလိုက်သည်။ ဤစိတ်ဓာတ်ခိုင်မာသော အမျိုးသမီးလေးသည် နာကျင်နေသည်မှာ သိသာလှပေသည်။ သို့တိုင် သူမသည် မျက်ရည်စများနှင့် သူ့ကို စေ့စေ့ရင်ဆိုင်ကြည့်လျက် အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုနေသေးပေသည်။
ဒီလိုမိန်းကလေးမျိုးကို ဘယ်လိုများ နက်နက်ရှိုင်းရှိုင်း မချစ်မိဘဲ နေနိုင်ပါ့မလဲ။
“အမ်း ကိုယ်မင်းကို ကောင်းကောင်းဆက်ဆံမှာပါ”
ချန်ကျဲ့ သူမကို စိတ်ချလက်ချဖြစ်စေလိုက်သည်။
ထိုအခါမှသာ အမျိုးသမီးလေးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
ဒီနေ့ညသည် သူမအတွက် မမေ့နိုင်သည့် ညတစ်ည ဖြစ်ပေလိမ့်မည်။ ဒီညတွင် သူမ၏ အဖိုးအတန်ဆုံးသောအရာကို ဤအမျိုးသားအား ပေးအပ်ခဲ့ပေသည်။
ချန်ကျဲ့သည်လည်း ပင်ပန်းနေသောကြောင့် အိပ်ရာထက်တွင် လဲလျောင်းလျက် အိပ်ပျော်သွားခဲ့သည်။
ချန်ကျဲ့သည် နားစည်ထဲတွင် မြည်လာခဲ့သော စနစ်၏အချက်ပေးသံကြောင့် အိပ်ရာနိုးလာခဲ့သည်။
[ဒီနေ့အတွက် သတင်းအချက်အလက်များကို မြှင့်တင်ပြီးပါပြီ (အဆင့် ၁)]
[၁၊ သင်ဒီနေ့ သင်္ဘောခေါင်းဆောင်ကြီးနဲ့ တွေ့ဆုံခဲ့ပြီး ရရှိခဲ့တဲ့ အချက်အလက်ဖြစ်ပါတယ်။ သင်္ဘောခေါင်းဆောင်ကြီးက သူ့အနေနဲ့ တစ်ချိန်ချိန်မှာ ဝူကျုံးရဲ့နေရာကို အစားထိုးပြီး ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ဦးစီးမှူးဖြစ်လာနိုင်ဖို့ အမြဲ ရည်မှန်းချက်ထားရှိနေခဲ့ပါတယ်]
[၂၊ သင်ဒီနေ့ တံငါသည်ကျန်းစန်းကို တွေ့ခဲ့ပြီး ရရှိခဲ့တဲ့ အချက်အလက်ဖြစ်ပါတယ်။ တံငါသည်ကျန်းစန်းက တစ်ခါက အောက်ပိုင်းမြစ်ဝမှာ ခန္ဓာကိုယ်ထိုးဖောက်ခံထားရတဲ့
ငါးကြင်းတစ်ကောင်ကို ဖမ်းမိခဲ့ဖူးပါတယ်။ အဲဒါက နွားဦးချိုငါးရဲ့ လက်ချက်ဖြစ်မယ်လို့ မှန်းဆထားပါတယ်]
[၃၊ သင်ဒီနေ့ စူးယွင်ကျင်းနဲ့ ချစ်ရည်လူးခဲ့ပါတယ်။ အမျိုးသမီးဟာ သင့်ကို အရိုးထိတိုင် ချစ်မြတ်နိုးပြီး၊ သင့်အတွက် ရှင်သန်လို့ သင့်အတွက် သေဆုံးဖို့ ဆန္ဒရှိပါတယ်…]
[၄၊ သင်ဒီနေ့ အစောင့်အရှောက်ကြီး၁၃ဦးကို မြင်တွေ့ခဲ့ပြီး ရရှိခဲ့တဲ့ အချက်အလက်ဖြစ်ပါတယ်။ သူတို့က နီမန့်ဇစ်ရဲ့တည်နေရာကို အတည်ပြုနိုင်ခဲ့ပြီး သူပုန်ကို သတ်ဖြတ်ဖို့ရာ ကောင်းကင်နှင့်ကမ္ဘာမြေကွန်ရက်ကို ပြင်ဆင်ထားခဲ့ပြီးပါပြီ]
[၅၊ သင်ဒီနေ့ နီမန့်ဇစ်အကြောင်း ကြားခဲ့ရပြီး ရရှိခဲ့တဲ့အချက်အလက်ဖြစ်ပါတယ်။ နီမန့်ဇစ်က အပြင်းအထန်ဒဏ်ရာရခဲ့ပြီး အနောက်ဘက်တောင်တန်း ဝံပုလွေချောက်အနီးမှာ သတိလစ်မေ့မျောနေပါတယ်]
ချန်ကျဲ့သည် အိပ်မောကျနေသည့် စူးယွင်ကျင်းကို ပွေ့ဖက်လျက် အိပ်ရာထဲတွင် လှဲနေခဲ့သည်။
သူ၏မျက်လုံးများသည် သိသိသာသာ တောက်ပနေ၏။
သတင်းအချက်အလက်များထဲတွင် မျှော်လင့်အစောင့်စားရဆုံးသော အချက်အလက်တစ်ခုလည်း ပါဝင်နေခဲ့သည်။
ဟုတ်ပါသည်။ နံပါတ်၅အချက်ဖြစ်ပါ၏။
နီမန့်ဇစ်က ဒဏ်ရာအပြင်းအထန်ရပြီး သတိလစ်နေတယ်ပေါ့လေ။ ဒါက ငါ့အတွက် အခွင့်အရေးပဲ မဟုတ်လား။
မနေ့က အချက်အလက်အရဆို နီမန့်ဇစ်က ကျေးဇူးတရားနဲ့ ရန်ငြိုးကို ခွဲခြားသိတတ်တဲ့သူပဲ။ ငါသူ့ကို ကယ်ပေးလိုက်ရင် ငါလိုချင်နေတဲ့ ကျင့်စဉ်တစ်ခုခုများ ရနိုင်မလား။
ပြီးတော့ နီမန့်ဇစ် ဒဏ်ရာရနေတဲ့နေရာ ဝံပုလွေချောက်ကိုလည်း ငါအရမ်းရင်းနှီးကျွမ်းဝင်မှုရှိတယ်။
ဝံပုလွေချောက်ကို ရတနာချောက်လို့ နာမည်ပြန်ပေးမယ်ဆိုလည်း ငြင်းဆန်လို့တော့ မရပေဘူး။ ငါအကျိုးအမြတ်ရခဲ့တဲ့ အများစုက အဲဒီနေရာနဲ့ ဆက်စပ်နေတာဆိုတော့လေ။
သမားတော်ပိုင်ကို ကယ်တင်တာကနေ စလို့ မျက်လုံးနီရွှေကြက်၊ အခု နီမန့်ဇစ်အထိ အဲဒီနေရာပဲရယ်။
ချန်ကျဲ့သည် ထိုဝံပုလွေချောက်မှာ ဤကမ္ဘာတွင် ရှိနေသင့်သောနေရာမဟုတ်နိုင်ဟု သံသယဝင်မိသည်။ ကြီးလေးလှစွာသော ကံကြမ္မာဖြင့် ဖုံးလွှမ်းခံထားရသည့် ကောင်းကင်ဘုံ၏အမွေခံနှင့် သက်ဆိုင်သည်ဟုပင် ထင်မှတ်မိပေသည်။
ချန်ကျဲ့ ထိုသို့တွေးတောရင်းဖြင့် ထရပ်လိုက်သည်။
ချန်ကျဲ့သည် တိတ်တဆိတ် ထရပ်လိုခြင်းဖြစ်သည်။ သို့သော် သူ၏လက်မောင်းနှစ်ဖက်ထဲရှိ ဇနီးလေးကို ထိတ်လန့်သွားစေခဲ့သည်။
သူမသည် ချန်ကျဲ့ကို စိတ်ရှုပ်ထွေးစွာဖြင့် မျက်လုံးဖွင့်ကြည့်လာသည်။
“ယောက်ျား ရှင်ဘာလုပ်မလို့လဲ”
ချန်ကျဲ့သည် သူမကို စိတ်အေးသက်သာစေရန် ပခုံးလေးကို ဖွဖွပုတ်ပေးခဲ့သည်။
“ယောက်ျားမှာ အရေးတကြီး လုပ်စရာလေးရှိလို့ပါ။ ကိုယ့်အချစ်လေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ဆက်အိပ်နော်။ ကိုယ် မနက်စောစော ပြန်လာခဲ့မယ်”
စူးယွင်ကျင်းသည် ဘာမျှမပြောပေ။
သူတို့နှစ်ဦးသည် ခုနကလေးကမှ အလွန်တရာ ပူးကပ်နေခဲ့ကြပြီး အခုတော့ သူမ၏ယောက်ျားသည် အပြင်ထွက်သွားရဦးပေမည်။ စူးယွင်ကျင်း အနည်းငယ် စိတ်မကောင်းဖြစ်မိသည်မှာ မလွဲဧကန်ပင်။
သို့သော် ချန်ကျဲ့သည် မိသားစုအတွက် အရမ်းကြိုးစားနေသည်ကို သူမ သိသည်။
ချန်ကျဲ့ အဆင်ပြေနေသ၍ သူတို့၏အိမ်လေးသည်လည်း အဆင်ပြေသည်ပင်။
“အမ်း ယောက်ျား ဂရုစိုက်သွားနော်”
ချန်ကျဲ့သည် သူ၏စဉ်းစားတွေးခေါ်တတ်သော၊ ပူပန်တတ်သော ဇနီးလေးကို ကြည့်၍ သူမ၏နဖူးလေးကို နမ်းလိုက်သည်။
ချန်ကျဲ့ အဝတ်အစားများ ဝတ်ဆင်လိုက်သည်။ စူးယွင်ကျင်းသည် နာကျင်နေသော်ငြား အိပ်ရာမှ ထလာ၍ ချန်ကျဲ့၏အဝတ်အစားများ သပ်သပ်ရပ်ရပ်ရှိစေရန် ကူညီပေးသည်။ ချန်ကျဲ့သည် သူမကို လှဲနေရန် ပြောခဲ့သည်။ သူမသည် ခေါင်းညိတ်သော်ငြား ချန်ကျဲ့ ထွက်သွားသည်အထိ စောင့်ကြည့်နေခဲ့သည်။