← Chapters

ပေါင်းစပ်ခြင်း

Vol. 167 Ch. 2377

ပေါင်းစပ်ခြင်း

Vol. 167 Ch. 2377

တိုက်ပွဲနေရာတွင် ဝမ်မြန်၏အကြည့်သည် ကု့ချင်းတီးခတ်နေသော ရီဖူရှင်းထံသို့ ရောက်လာ၏။ သူက ပြောသည် “ကောင်းကင်တေးသွားက တကယ်ပဲ အံ့ဩဖို့ကောင်းတယ်။ ဒါပေမဲ့ ချိုးဖျက်မရနိုင်တာတော့ မဟုတ်ဘူး။ ဒီနေရာရဲ့လေဟာနယ်ကို လုံးဝ ချိပ်ပိတ်နိုင်ရင် ကု့ချင်းအသံက ဘာအကျိုးသက်ရောက်မှု ရှိနိုင်ဦးမှာလဲ”

သူက ပြောသည်တွင် နတ်အလင်းများ သူ့ထံမှ ပေါက်ကွဲထွက်လာကာ စူးရှသော မျက်လုံးများဖြင့် ရှေ့ကို ကြည့်သည်။ ချက်ချင်းပင် နတ်တံတိုင်းများသည် မြန်ဆန်စွာ ကြီးထွားလာကြ၏။ ၎င်းတို့သည် သန်မာခြင်းနှင့် ပျော့ပျောင်းခြင်း ဂုဏ်သတ္တိများကို ပိုင်ဆိုင်ပြီး ဒေါင်လိုက် အဆက်မပြတ် မြင့်တက်လာခဲ့သည်။

လူအုပ်က ခေါင်းမော့ကာ နတ်တံတိုင်းများကို ကြည့်သည်။ အတွင်းတွင် အလင်းတန်းများသည် အချင်းချင်း ဆက်နွယ်နေကြကာ ရီဖူရှင်းထံသို့ ဦးတည်ရွေ့လျားကြ၏။ ထို့အပြင် ရီဖူရှင်းနောက်တွင်လည်း နတ်တံတိုင်းများ ပေါ်လာသည်။

မကြာခင် သူတို့သုံးယောက်မှာ တံတိုင်းများအတွင်းသို့ ရောက်သွားပြီး ချိပ်ပိတ်ခံရရန် အနည်းငယ်သာ လိုတော့သည်။ ကု့ချင်းသံသည်ပင် ထိန်းချုပ်ခံရ၏။

ကောင်းကင်ဒေသမှ တန်ခိုးရှင်များသည် တိုက်ပွဲကို ငြိမ်သက်စွာ ကြည့်နေကြသည်။ ဝမ်မြန်ကား ထျန်းယန်မြို့၏ဆက်ခံသူ ဖြစ်သည်။ ထို့ကြောင့် သူ၏စွမ်းအားနှင့်ပတ်သက်၍ သံသယဖြစ်စရာ မလို။ ဝမ်မြန်၏ချိပ်ပိတ်ခြင်းအား ချိုးဖျက်ရန် သူ့အတွက် အလွန်ခက်ခဲပေလိမ့်မည်။

ထိပ်သီးရန်ဟောင်များအားလုံးသည် သူတို့၏ကိုယ်ပိုင်သီးသန့်စက်ကွင်းအား ဖန်တီးနိုင်ကာ ၎င်းအတွင်း၌ သူတို့သည် အရှင်သခင် ဖြစ်သည်။

သို့သော်လည်း ရီဖူရှင်းကား အနည်းငယ်မျှပင် စိတ်လှုပ်ရှားဟန်မပြဘဲ ကု့ချင်းကို ငြိမ်သက်စွာ တီးခတ်နေသည်။ သူက မလှုပ်ရှားသလို ဘေးတွင်ရပ်နေသော ဟွာဂျီယူသည်လည်း မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ချေ။ ရှေ့မှ ယူချင်းသည်ကား နတ်ဆိုးစွမ်းအားများကို ထုတ်ဖော်ကာ သူ့ရှေ့မှ မြင်ကွင်းအား စူးရဲစွာ ကြည့်သည်။

မကြာခင် ခြောက်မျက်နှာတံတိုင်းများသည် လုံးဝ ပိတ်ဆို့သွားတော့သည်။ နတ်တံတိုင်းများသည် အတွင်းမှ လူများအားလုံးကို ပိတ်ထားကာ နတ်အလင်းများသည် စိမ့်ထွက်နိုင်ခြင်း မရှိအောင် ခိုင်မာလှချေသည်။

“ပိတ်စမ်း…” ဝမ်မြန်၏ပါးစက်မှ ပြောလျှင် နတ်တံတိုင်းများသည် အချင်းချင်း လုံးဝ ပိတ်ဆို့သွားကြတော့သည်။

ဤချိတ်ပိတ်ခြင်း၌ မဟာလမ်းစဉ်စွမ်းအားများသည်ပင် ဖြတ်ကျော်နိုင်ခြင်း မရှိပေ။ မှော်ဂီတသံစဉ်မှာလည်း ကု့ချင်းသံစဉ်များအား ထုတ်လွှတ်နိုင်ခြင်း ရှိတော့မည် မဟုတ်ပေ။

ချိပ်ပိတ်ခြင်းပြီးဆုံးလျှင် သူတို့အားလုံးက တေးသွား၏အသံကို နားစွင့်ကြသည်။ ဝမ်မြန်ကား ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်ကျန်ခဲ့သော အသံများကို စိတ်ထဲ မထားပေ။ မကြာခင် ထိုအသံများမှာလည်း ပျောက်ကွယ်သွားတော့မည်ဟု တွေးထင်ထားသည်။

တခြားတန်ခိုးရှင်သုံးဦးက တခြားနေရာများမှ ကြည့်နေကြသည်။ ဝမ်မြန်က ရီဖူရှင်းတို့အား အမှန်တကယ် ချိပ်ပိတ်နိုင်သည်ဆိုပါက ရီဖူရှင်း၏ကု့ချင်းမှာ အသုံးမဝင်တော့ပေ။ ထို့အပြင် သူတို့က ချပ်ပိတ်ထားသော စက်ကွင်းအတွင်းမှ လူများအား အလွယ်တကူ အနိုင်ရနိုင်သည်။

သူတို့က ခေါင်းမော့ကာ လေထဲကို ကြည့်ကြသည်။ ထိုစဉ် တေးသံလှိုင်းများသည် သူတို့၏နားစည်ထဲကို တဖန် ဝင်လာကြ၏။ ချက်ချင်းပင် ပူဆွေးဝမ်းနည်းခြင်းသည် တဖန် နှလုံးသားထဲ၌ လှိုက်စားလာခဲ့၏။

‘အောက်မေ့ခြင်းတေးသွား’သည် ပိုမို၍ အားကောင်းလာခဲ့ပြီး ကောင်းကင်တခွင်လုံးမှာ ဂီတတေးသွားများ စိမ့်ဝင်ပျံ့နှံ့နေခဲ့သည်။

“ဟမ်…” ဝမ်မြန်သည်လည်း ခံစားမိသည်။ သူက တံတိုင်းများကို ဖြတ်သန်းကာ ကြည့်လိုက်သည်။ ရီဖူရှင်းကား အတွင်းထဲ၌ ငြိမ်သက်စွာ တီးခတ်နေဆဲဖြစ်ည်။ သူသည် ထိုတံတိုင်းစက်ကွင်း၏လွှမ်းမိုးမှုကို လျစ်လျူရှုထားနိုင်ဟန်ရကာ မူလကတည်းက သူ၏တေးသွားမှာ တားဆီးမရနိုင်ကြောင်း သိထားဟန်ရ၏။

ဝမ်မြန်၏အမူအရာ ပျက်ယွင်းသွားသည်။ သူက အဖြေကို ချက်ချင်း နားလည်လိုက်သည်။

“ဘာဖြစ်နေတာလဲ…” ကောင်းကင်ဒေသမှ ရန်ဟောင်များက နားမလည်ကြပေ။ ဝမ်မြန်ကား ရီဖူရှင်းထက် တန်ခိုးအဆင့်မြင့်မားသော်လည်း သူ၏ချိပ်ပိတ်ခြင်းသည် ရီဖူရှင်း၏အသံလှိုင်းများအား မရပ်တန့်နိုင်ပေ။

နတ်ဘုရားကဒ်ဘေးအဆင့်များမှာ အဖြေကို သိနားလည်ကြ၏။ သူက ကောင်းကင်ကို သုန်မှုန်စွာ လှမ်းကြည့်ကြသည်။ ရီဖူရှင်းနှင့် ရှီးချီယောင်တို့တိုက်ပွဲ၌ သူတို့က တချို့အချက်များကို ရပ်မိခဲ့ကြ၏။ ယခု ဝမ်မြန်သည်လည်း တူညီသော ရလဒ်နှင့် တွေ့ကြုံခဲ့သည်။

၎င်းက မည်သည့်အရာကို ဆိုလိုသနည်း။

ဆိုလိုသည်က ဝမ်မြန်၏ကန့်သတ်နယ်သည် ရီဖူရှင်း၏ကန့်သတ်နယ်ကို မည်သည့်အခါကမှ ချိပ်ပိတ်ခဲ့ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် အရာတိုင်းမှာ ရီဖူရှင်း၏ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။

ရီဖူရှင်း၏ကန့်သတ်နယ်ဝင်ရိုးသည် ဝမ်မြန်ထက် ပိုမိုအားကောင်းသည်။

အားကောင်းလွန်းရကား ဝမ်မြန်နှင့် တခြားလူများသည် ရီဖူရှင်း သတ်မှတ်ထားသော ကန့်သတ်နယ်အတွင်း ရှိနေသည်ကို သတိမထားမိခဲ့ကြချေ။

ထို့ကြောင့် ဟွာဂျီယူ၏ခံစစ်ကို ချိုးဖျက်ရန်မှာ ပြင်းထန်သော ပေါက်ကွဲအားတစ်ခုကို လိုအပ်ပြီး ရီဖူရှင်းတီးခတ်နေသော တေးသွားအား တားဆီးရပေမည်။

ဝမ်မြန်က လက်ဆန့်တန်းလိုက်သည်။ ချက်ချင်းပင် မရေမတွက်နိုင်သော သင်္ကေတများသည် နတ်တံတိုင်းမှ ထွက်ပေါ်လာခဲ့ကြပြီး ထက်ရှသော လှံသွားများအဖြစ် ပြောင်းလဲသွား၏။ ၎င်းလှံများသည် တံတိုင်းများမှ ဖန်ဆင်းထားခြင်းဖြစ်ရာ ဖျက်ဆီးမရနိုင်ပေ။ မရေမတွက်နိုင်သော လှံသွားများသည် ရီဖူရှင်းအား ဦးတည်ထားကြ၏။

“သတ်…” ဝမ်မြန်၏အသံ ထွက်ပေါ်လာသည်။ ဤတွင် လှံသွားများသည် ရီဖူရှင်းထံသို့ လျှပ်စီးတန်းများအလား တိုးဝင်လာကြသည်။ ၎င်းတို့သည် မြန်ဆန်လွန်းကာ အလင်းတန်းများအသွင်ဖြင့်သာ မြင်ရ၏။

ဟမ့်…

ဟွာဂျီယူ၏အကြည့်သည် အနီးတဝိုက်အား ဖြတ်သန်းသွား၏။ စက္ကန့်ပိုင်းအတွင်း မရေမတွက်နိုင်သော ပုံရိပ်များသည် သူမထံမှ ကွဲထွက်သွားကြကာ ထိုနေရာတစ်ခုလုံးမှာလည်း လုံးဝ ရပ်တန့်သွားကြ၏။ သူမ၏ကြီးမားသော စိတ်စွမ်းအားသည် ထိုနေရာမှ အရာခပ်သိမ်းကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။

လှံသွားများမှာလည်း အနည်းငယ်မျှပင် ရွေ့လျားနိုင်ခြင်း မရှိကြပေ။ ကြည့်ရသည်မှာ ထိုနေရာတစ်ခုလုံးသည် ဟွာဂျီယူ၏ထိန်းချုပ်မှုအောက်တွင် ရှိသည်။

ဝမ်မြန်၏လက်ဝါးသည် ရှေ့ကို လှမ်းရိုက်ထုတ်လိုက်သည်တွင် အလွန်အားကောင်းသော အလင်းလှိုင်းတစ်ခုသည် တံတိုင်းအား သွားရောက်ထိရိုက်၏။ ချက်ချင်းပင် သင်္ကေတများသည် အဆက်မပြတ် လည်ပတ်သွားကာ ပိုမိုများပြားသော လှံချွန်များ ထွက်ပေါ်လာသည်။

ဝုန်း…

နတ်အလင်းများ ရိုက်ခတ်သွားကာ အားကောင်းသော စွမ်းအားများသည် ပေါက်ကွဲထွက်လာပြီး ရီဖူရှင်းနှင့် ဟွာဂျီယူထံသို့ ဦးတည်သွားကြသည်။

“ဂျီယူ… ငါ့ကို ကူဦး…” ရီဖူရှင်း၏အသံသည် ဟွာဂျီယူ၏ခေါင်းထဲကို ရောက်လာသည်။ ထို့နောက် သံစဉ်သင်္ကေတများသည် သူမ၏စိတ်နယ်ပယ်ထဲကို တိုးဝင်လာကြ၏။ ဟွာဂျီယူက ရီဖူရှင်း၏သဘောကို နားလည်သည်။ သူမကလည်း ၎င်းသင်္ကေတများကို ဝင်ခွင့်ပေးလိုက်၏။

ထိုအခိုက်တွင် သူတို့၏စိတ်စွမ်းအားများသည် အချင်းချင်း ပေါင်းစပ်သွားသလို ခံစားလိုက်ရသည်။

ထူးဆန်းသော အလင်းများ သူတို့နှစ်ဦးကို လွှမ်းခြုံထား၏။ ဟွာဂျီယူ၏ကျင့်ကြံနည်းစနစ်သည် နဂိုကတည်းက သီးသန့်ပုံစံမျိုးဖြစ်ကာ သူမအတွက် ရီဖူရှင်းကို ထောက်ပံ့ကူညီရာတွင် ပိုမိုလွယ်ကူသည်။ နှစ်ဦးသား အချင်းချင်း တည်ရှိမှုအားလုံးကို ခံစားမိရကာ သူတို့မှာ တစ်ဦး၏စွမ်းအားကို တစ်ဦး အသုံးပြုနိုင်စွမ်းပင် ရှိလာသည်။

ထိုသို့သော ခံစားချက်ကား ထူးဆန်းလွန်းသည်။ ဟွာဂျီယူသာ ဆန္ဒရှိပါက သူမသည် ကောင်းကင်တေးသွားကိုပင် တီးခတ်နိုင်၏။ သူတို့၏စိတ်မှာ အချင်းချင်း ပေါင်းစပ်ဖလှယ်ထားသည်။

All Chapters